သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျပို့မယ့် မူးယစ်ဆေး ဒေါ်လာ သန်း ၃၀ နီးပါးဖိုး ထိုင်းမှာဖမ်းမိ


သြစတြေးလျကိုပို့မယ့် amphetamine ဆေးတွေ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိပုံ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၁)
သြစတြေးလျကိုပို့မယ့် amphetamine ဆေးတွေ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိပုံ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၁)

[[Zawgyi/Unicode]]

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါးရှိမယ့် မက်သ်အမ်ဖက်တမင်း မူးယစ်ဆေး ၁၉၃ ကီလိုဂရမ်ကျော်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ဩစတေးလျနိုင်ငံကိုပို့ဖို့ ပြင်ဆင်ထားတဲ့ ဒီမူးယစ်ဆေးတွေကို တအိတ်ကို အလေးချိန် ၁၀ ကီလိုဂရမ်ကျော်ရှိတဲ့ လက်ဝှေ့ထိုးလေ့ကျင့်တဲ့ အိတ် ၁၅ လုံးထဲမှာ ဖွက်ထည့်ထားတာကို ရှာဖွေ ဖမ်းဆီးမိခဲ့တာပါ။

ထိုင်းလုပ် လက်ဝှေ့ထိုးလေ့ကျင့်တဲ့ ကိရိယာတွေကသြစတြေးလျမှာ ဝယ်လိုအား သိပ်မရှိတာကြောင့် အာဏာပိုင်တွေက သံသယရှိခဲ့ပြီး ဒီအိတ်တွေကို ထိုင်းအကောက်ခွန်ဌာနက စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ သြစတေးလျနဲ့ ထိုင်းတာဝန်ရှိသူတွေက ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးတွေကို ဘယ်အချိန်မှာ ဖမ်းဆီးသိမ်းဆည်းရမိခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။

အခုလို မူးယစ်ဆေးတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ ထိုင်းနဲ့ သြစတြေးလျ အာဏာပိုင်တွေအကြား ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

ထိုင်း၊ လာအိုနဲ့ မြန်မာ သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသက မက်သ်အမ်ဖက်တမင်းထုတ်လုပ်မှု လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သိသိသာသာမြင့်တက်လာနေတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








===========

XS
SM
MD
LG