သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းမူးယစ္ရာဇာ ျမန္မာရဲတပ္ဖဲြ႕ ဖမ္းဆီးျပန္ပို႔ 


Drug Traffickers' arrest in Thai-Burma border (ယခင္မွတ္တမ္းဓါတ္ပုံ)

မူးယစ္ေဆး၀ါးေမွာင္ခုိမွုနဲ႔ ထုိင္းႏုိင္ငံက အလုိရွိေနတဲ့ Thawatchai Aomchompoo ကုိ ျမန္မာရဲတပ္ဖဲြ႔က ေသာၾကာေန႔ မွာ ထုိင္းတာ၀န္ရွိသူေတြထံကုိ လဲႊေျပာင္းေပးလုိက္ပါတယ္။ ျမန္မာႏုိင္ငံမွာ ပုန္းေအာင္းခဲ့တာလို႔ ထုိင္းရဲတပ္ဖဲြ႔ကုိ ကိုးကားၿပီး ထိုင္းႏိုင္ငံထုတ္ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့တာပါ။

ထိုင္းမူးယစ္ရာဇာ ျမန္မာရဲတပ္ဖဲြ႕ ဖမ္းဆီးျပန္ပို႔

{{Zawgyi/Unicode}}
မူးယစ္ေဆး၀ါးေမွာင္ခုိမွုနဲ႔ ထုိင္းႏုိင္ငံက အလုိရွိေနတဲ့ Thawatchai Aomchompoo ကုိ ျမန္မာရဲတပ္ဖဲြ႔က ေသာၾကာေန႔ မွာ ထုိင္းတာ၀န္ရွိသူေတြထံကုိ လဲႊေျပာင္းေပးလုိက္ပါတယ္။ ဘန္လုိင္ေခၚ သ၀ပ္ခ်ိဳင္းဟာ ထုိင္းႏုိင္ငံဘက္မွာ မူးယစ္ေဆး၀ါးေရာင္းမွုနဲ႔ အျခားရာဇ၀တ္မွုေတြကုိ က်ဴးလြန္ၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕မွာ ပုန္းေအာင္းေနခဲ့တာျဖစ္တယ္လုိ႔ ထုိင္းရဲတပ္ဖဲြ႔ကုိ ကိုးကားၿပီး ထိုင္းႏိုင္ငံထုတ္ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့တာပါ။

သူဟာ ထုိင္းႏုိင္ငံမွာ မူးယစ္ေဆး၀ါးနဲ႔ ေငြေၾကးခ၀ါခ်မွု အဓိကစဲြခ်က္ႏွစ္ခုနဲ႔ တရားစဲြဆုိခံရသူျဖစ္တယ္လုိ႔ တာခ်ီလိတ္ နဲ႔ မယ္ဆုိင္နယ္စပ္ဂိတ္္မွာ လက္လဲြယူခဲ့တဲ့ ထုိင္းရဲတပ္ဖဲြ႔ အရာရွိ ရဲဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆရာရြတ္ Sarayut Sanguanphokhai ကေျပာဆုိခဲ့ပါတယ္။

သ၀ပ္ခ်ိဳင္းဟာ ျမန္မာႏုိင္ငံဘက္ တာခ်ီလိပ္မွာ ပုန္းေအာင္းေနရင္၊ မူးယစ္ေဆး၀ါးေရာင္းဝယ္မွုကုိ ဆက္လက္လုပ္ေဆာင္ေနခဲ့တယ္လုိ့ ထုိင္း မူးရစ္ေဆး၀ါးႏွိမ္နင္းမွုဌာန NSB က ေျပာဆုိပါတယ္။

သူဟာ ထုိင္းႏုိင္ငံရဲ႔ မူးယစ္ေဆး၀ါးဂုိဏ္းေတြ အေတာ္မ်ာမ်ားရဲ႔ ေနာက္ကြယ္က အေရးပါတဲ့ မူးယစ္ေဆးေမွာင္ခိုရာဇာ တဦးျဖစ္ၿပီး၊ မူးယစ္ေဆး၀ါးေတြကုိ တတိယႏုိင္ငံ မတင္ပုိ႔မီ၊ ျမန္မာႏုိင္ငံဘက္ကေန ထုိင္းႏုိင္ငံအတြင္းကုိ တင္သြင္းဖုိ႔ ကိစၥေတြကုိလည္း လုပ္ေဆာင္ေနသူ ျဖစ္တယ္လုိ့ ထုိင္းရဲတပ္ဖဲြ႔က ေျပာပါတယ္။

မူးယစ္ရာဇာ သ၀ပ္ခ်ိဳင္းဟာ ၂၀၂၀ ခုႏွစ္တုန္းက ပထမတႀကိမ္ ျမန္မာႏုိင္ငံဘက္မွာ အဖမ္းခံခဲ့ရၿပီး၊ ထုိင္းႏုိင္ငံဘက္ကုိ ျပန္လည္လဲြေျပာင္းေပးအပ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ထုိင္းအခ်ဳပ္ခန္းအတြင္း ၁၄ ရက္ပဲ ေနထုိင္ခဲ့ရၿပီး၊ ျပန္လည္ထြက္ေျပးလြတ္ေျမာက္ကာ ျမန္မာႏုိင္ငံဘက္ကုိ ျပန္လာခဲ့တာျဖစ္ပါတယ္။

သူဟာ ၂၀၁၇ ခုႏွစ္က တာခ်ီလိတ္မွာ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖါက္ကားသူအျဖစ္ သတ္မွတ္ခံထားရၿပီး၊ ထုိင္းႏုိင္ငံကေန ျမန္မာႏုိင္ငံကုိ ထြက္မေျပးမီ၊ ထုိင္းႏုိင္ငံဘက္က ကာရာအုိေက ဆုိင္တဆုိင္က အလုပ္သမားတဦး သတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္ခဲ့တဲ့ အမ်ိဳးသမီး ၃ ဦးကုိ ကူညီခဲ့သူလည္း ျဖစ္တယ္လုိ့ ထုိင္းရဲတပ္ဖဲြ႔ ဒုရဲဗုိလ္ခ်ဳပ္ႀကီး ဆာရာရြတ္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ထိုင်းမူးယစ်ရာဇာ မြန်မာရဲတပ်ဖွဲ့ ဖမ်းဆီးပြန်ပို့

{{Zawgyi/Unicode}}
မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ Thawatchai Aomchompoo ကို မြန်မာရဲတပ်ဖွဲ့က သောကြာနေ့ မှာ ထိုင်းတာဝန်ရှိသူတွေထံကို လွဲှပြောင်းပေးလိုက်ပါတယ်။ ဘန်လိုင်ခေါ် သဝပ်ချိုင်းဟာ ထိုင်းနိုင်ငံဘက်မှာ မူးယစ်ဆေးဝါးရောင်းမှုနဲ့ အခြားရာဇဝတ်မှုတွေကို ကျူးလွန်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ပုန်းအောင်းနေခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

သူဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု အဓိကစွဲချက်နှစ်ခုနဲ့ တရားစွဲဆိုခံရသူဖြစ်တယ်လို့ တာချီလိတ် နဲ့ မယ်ဆိုင်နယ်စပ်ဂိတ်မှာ လက်လွဲယူခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ အရာရှိ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆရာရွတ် Sarayut Sanguanphokhai ကပြောဆိုခဲ့ပါတယ်။

သဝပ်ချိုင်းဟာ မြန်မာနိုင်ငံဘက် တာချီလိပ်မှာ ပုန်းအောင်းနေရင်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ ထိုင်း မူးရစ်ဆေးဝါးနှိမ်နင်းမှုဌာန NSB က ပြောဆိုပါတယ်။

သူဟာ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေ အတော်မျာများရဲ့ နောက်ကွယ်က အရေးပါတဲ့ မူးယစ်ဆေးမှောင်ခိုရာဇာ တဦးဖြစ်ပြီး၊ မူးယစ်ဆေးဝါးတွေကို တတိယနိုင်ငံ မတင်ပို့မီ၊ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို တင်သွင်းဖို့ ကိစ္စတွေကိုလည်း လုပ်ဆောင်နေသူ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ရာဇာ သဝပ်ချိုင်းဟာ ၂၀၂၀ ခုနှစ်တုန်းက ပထမတကြိမ် မြန်မာနိုင်ငံဘက်မှာ အဖမ်းခံခဲ့ရပြီး၊ ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွဲပြောင်းပေးအပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ထိုင်းအချုပ်ခန်းအတွင်း ၁၄ ရက်ပဲ နေထိုင်ခဲ့ရပြီး၊ ပြန်လည်ထွက်ပြေးလွတ်မြောက်ကာ မြန်မာနိုင်ငံဘက်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်က တာချီလိတ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူအဖြစ် သတ်မှတ်ခံထားရပြီး၊ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်မပြေးမီ၊ ထိုင်းနိုင်ငံဘက်က ကာရာအိုကေ ဆိုင်တဆိုင်က အလုပ်သမားတဦး သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို ကူညီခဲ့သူလည်း ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုရဲဗိုလ်ချုပ်ကြီး ဆာရာရွတ်ကပြောပါတယ်။

XS
SM
MD
LG