သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရးဒဏ္ ေျမာင္ နဲ႔ မင္းကင္းက ေက်းရြာေတြ အထိနာ


မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ရဲ႕ နယ္ေျမရွင္းလင္းမႈအတြင္း ေက်း႐ြာေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္းခဲ့ ( Photo : CJ )

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေနၿပီး ေက်းရြာ ၁၀ ရြာေက်ာ္က ေနအိမ္ေတာ္ေတာ္မ်ားမ်ား မီးရိႈ႕ခံရတယ္လို႔ ေဒသခံေတြ ကေျပာပါတယ္။ မင္းကင္းနယ္မွာလည္း ေလေၾကာင္းပစ္ခတ္မႈေတြေၾကာင့္ အရပ္သား ၂ ဦးေသဆံုးခဲ့ပါတယ္။

Zawgyi/ Unicode

နယ္ေျမရွင္းလင္းေရးဒဏ္ ေျမာင္ နဲ႔ မင္းကင္းက ေက်းရြာေတြ အထိနာ

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာ ေတြလုပ္ေနၿပီး ေက်းရြာ ၁၀ ရြာေက်ာ္က ေနအိမ္ေတာ္ေတာ္မ်ားမ်ား မီးရိႈ႕ခံရတယ္လို႔ ေဒသခံေတြ ကေျပာပါတယ္။ မင္းကင္းနယ္ထဲမွာဆိုရင္လည္း စစ္ေကာင္စီရဲ႕ ေလေၾကာင္းပစ္ခတ္မႈေတြေၾကာင့္ အရပ္သား ၂ ဦးေသဆံုးခဲ့ၿပီးေဒသခံေတြဟာ ေနရပ္မျပန္ႏိုင္ဘဲျဖစ္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကုိ နန္းေလာင္၀္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီက ေမ ၁၈ ရက္ကစလို႔ နယ္ေျမရွင္းလင္းတာေတြလုပ္ေနတာပါ။ ေမ ၁၈ ရက္ကေန ေမ ၂၃ ရက္အထိ နယ္ေျမရွင္းလင္းမႈ ေတြအတြင္း ေက်းရြာ ၁၄ ရြာနီးပါးက ေနအိမ္ ၃၀၀ ေက်ာ္ ၄၀၀ နီးပါး မီးရိႈ႕ခံခဲ့ရပါတယ္။ တိုက္ပြဲျဖစ္ပြား တာမရွိဘဲ စစ္ေကာင္စီက ေက်းရြာေတြကို မီးရိႈ႕ေနတာလို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ကြ်န္ေတာ္တို႔ ၁၈ ရက္ေန႔က ၀င္လာတဲ့ရြာက ပန္းညိဳကိုရိႈ႕တယ္။ ညေနခင္း ေညာင္းကား တားကိုရိႈ႕တယ္။ ေနာက္တေန႔ မနက္ခင္း ရြာပုလဲကိုမီးရိႈ႕တယ္။ ညေနခင္း ေပါက္ေခ်ာင္း ကိုမီးရိႈ႕တယ္။ ေက်းရြာ ၁၄ ရြာခန္႔ ေနအိမ္က ၃၅၀ နဲ႔ ၄၀၀ ၾကားမွာ မီးရိႈ႕ခံရတယ္။ ထိေတြ႕တိုက္ပြဲ ေတြက မျဖစ္ခဲ့ဘူး ဒီေန႔အထိ။ ဒီေန႔က ေပါက္ေခ်ာင္းကိုမီးရိႈ႕တယ္။ ေဒသခံေတြကေတာ့ ကိုယ့္ရြာကို ၀င္ေတာ့မယ္ဆိုရင္ စစ္ေဘးေရွာင္အေနနဲ႔ေရွာင္တိမ္းရတာေပါ့။ ေရွာင္တိမ္းၿပီး ရြာတရြာကို ၀င္ရင္ သူတို႔ထြက္သြားတာနဲ႔ ရြာမွာရွိတဲ့ ျပည္သူေတြက ျပန္၀င္လာၿပီး မီးေတြၿငိမ္းသတ္ရတာေပါ့။”

မီးရိႈ႕ခံရမႈအတြင္း မင္းတန္းေက်းရြာက ေနအိမ္ ၂၀၀ ေက်ာ္မီးေလာင္ဆံုးရံႈးခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြဟာ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနရသလို စစ္ေကာင္စီတပ္ေတြဟာ နယ္ေျမရွင္းလင္းေရးေတြ ဆက္လုပ္ေနပါတယ္။ ဒါက ေျမာင္ၿမိဳ႕နယ္ထဲက အေျခအေနပါ။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ထဲက တဲႀကီးေက်းရြာကို ေမ ၂၁ ရက္က စစ္ေကာင္စီက ေလေၾကာင္း ကေန ပစ္ခတ္တိုက္ခတ္ခဲ့ၿပီး ေက်းရြာသား ၂ ဦး ေသဆံုးခဲ့ပါတယ္။ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕စခန္းေတြ ရွိႏိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္ လာေရာက္ပစ္ခတ္တာ ျဖစ္တယ္လို႔ ေဒသခံ ေတြကေျပာပါတယ္။

စစ္ေကာင္စီရဲ႕ ေလေၾကာင္းပစ္ခတ္တာေၾကာင့္ ေဒသခံအမ်ားအျပားဟာ ေက်းရြာေတြကိုစြန္႔ခါြၿပီး ေဘးလြတ္ရာ တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“တဲႀကီးဆိုတဲ့ရြာကို တိုက္ေလယာဥ္ ၂ စီး ဟယ္လီေကာ္ပတာ ၅ စီးနဲ႔ တိုက္တယ္ဗ်။ အဲ့ဒီမွာ စခန္းတခုရွိတယ္ သတင္းရထားလို႔ လာပစ္တာလို႔ေျပာတယ္။ KIA ေတြနဲ႔ အဆက္အသြယ္ရွိတယ္။ တျခားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြာက္ၿပီးမွ လုပ္ကိုင္ေနတယ္ အဲ့လိုၾကားလို႔ လာပစ္တာတဲ့ အမွန္တကယ္ၾကေတာ့ မဟုတ္ဘူး ျပည္သူေတြပဲရွိတာ ျဖစ္ေနတယ္။ ျပည္သူထဲက ၂ ေယာက္ေသ သြားတယ္။ ေဒသခံေတြကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာာေပါ့ ေတာထဲမွာေနၾကရတယ္။”

မင္းကင္းနယ္ထဲကို စစ္ေကာင္စီက မၾကာခဏဆိုသလို ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမ ရွင္းလင္းတာေတြ ျပဳလုပ္ပါတယ္။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ေဒသခံကာ ကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြ ျဖစ္ပြားေလ့ရွိပါတယ္။ ေလေၾကာင္းကေန ပစ္ခတ္တာ ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

#

နယ်မြေရှင်းလင်းရေးဒဏ် မြောင် နဲ့ မင်းကင်းက ကျေးရွာတွေ အထိနာ

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာ တွေလုပ်နေပြီး ကျေးရွာ ၁၀ ရွာကျော်က နေအိမ်တော်တော်များများ မီးရှို့ခံရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ မင်းကင်းနယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီးဒေသခံတွေဟာ နေရပ်မပြန်နိုင်ဘဲဖြစ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို နန်းလောင်ဝ် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက မေ ၁၈ ရက်ကစလို့ နယ်မြေရှင်းလင်းတာတွေလုပ်နေတာပါ။ မေ ၁၈ ရက်ကနေ မေ ၂၃ ရက်အထိ နယ်မြေရှင်းလင်းမှု တွေအတွင်း ကျေးရွာ ၁၄ ရွာနီးပါးက နေအိမ် ၃၀၀ ကျော် ၄၀၀ နီးပါး မီးရှို့ခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွား တာမရှိဘဲ စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့နေတာလို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ၁၈ ရက်နေ့က ဝင်လာတဲ့ရွာက ပန်းညိုကိုရှို့တယ်။ ညနေခင်း ညောင်းကား တားကိုရှို့တယ်။ နောက်တနေ့ မနက်ခင်း ရွာပုလဲကိုမီးရှို့တယ်။ ညနေခင်း ပေါက်ချောင်း ကိုမီးရှို့တယ်။ ကျေးရွာ ၁၄ ရွာခန့် နေအိမ်က ၃၅၀ နဲ့ ၄၀၀ ကြားမှာ မီးရှို့ခံရတယ်။ ထိတွေ့တိုက်ပွဲ တွေက မဖြစ်ခဲ့ဘူး ဒီနေ့အထိ။ ဒီနေ့က ပေါက်ချောင်းကိုမီးရှို့တယ်။ ဒေသခံတွေကတော့ ကိုယ့်ရွာကို ဝင်တော့မယ်ဆိုရင် စစ်ဘေးရှောင်အနေနဲ့ရှောင်တိမ်းရတာပေါ့။ ရှောင်တိမ်းပြီး ရွာတရွာကို ဝင်ရင် သူတို့ထွက်သွားတာနဲ့ ရွာမှာရှိတဲ့ ပြည်သူတွေက ပြန်ဝင်လာပြီး မီးတွေငြိမ်းသတ်ရတာပေါ့။”

မီးရှို့ခံရမှုအတွင်း မင်းတန်းကျေးရွာက နေအိမ် ၂၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာတော့ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရသလို စစ်ကောင်စီတပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ ဒါက မြောင်မြို့နယ်ထဲက အခြေအနေပါ။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက တဲကြီးကျေးရွာကို မေ ၂၁ ရက်က စစ်ကောင်စီက လေကြောင်း ကနေ ပစ်ခတ်တိုက်ခတ်ခဲ့ပြီး ကျေးရွာသား ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံအများအပြားဟာ ကျေးရွာတွေကိုစွန့်ခါွပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“တဲကြီးဆိုတဲ့ရွာကို တိုက်လေယာဉ် ၂ စီး ဟယ်လီကော်ပတာ ၅ စီးနဲ့ တိုက်တယ်ဗျ။ အဲ့ဒီမှာ စခန်းတခုရှိတယ် သတင်းရထားလို့ လာပစ်တာလို့ပြောတယ်။ KIA တွေနဲ့ အဆက်အသွယ်ရှိတယ်။ တခြားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွာက်ပြီးမှ လုပ်ကိုင်နေတယ် အဲ့လိုကြားလို့ လာပစ်တာတဲ့ အမှန်တကယ်ကြတော့ မဟုတ်ဘူး ပြည်သူတွေပဲရှိတာ ဖြစ်နေတယ်။ ပြည်သူထဲက ၂ ယောက်သေ သွားတယ်။ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတာာပေါ့ တောထဲမှာနေကြရတယ်။”

မင်းကင်းနယ်ထဲကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေ ရှင်းလင်းတာတွေ ပြုလုပ်ပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ လေကြောင်းကနေ ပစ်ခတ်တာ တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

XS
SM
MD
LG