သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ နဲ႔ PDF တိုက္ပြဲေၾကာင့္ မင္းကင္းေဒသခံတို႔ ဒုကၡေရာက္


စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္တဝိုက္ အေျခေနတင္းမာ

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ေတြ ၂ ရက္ဆက္ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာ စစ္ေဘးဒုကၡသည္ေတြဟာ စားနပ္ရိကၡာ အခက္အခဲေတြလည္း ရွိေနပါတယ္။

Zawgyi/Unicode

စစ္ေကာင္စီ နဲ႔ PDF တိုက္ပြဲေၾကာင့္ မင္းကင္းေဒသခံတို႔ ဒုကၡေရာက္

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ေတြ ၂ ရက္ဆက္ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာ စစ္ေဘးဒုကၡသည္ေတြဟာ စားနပ္ရိကၡာ အခက္အခဲေတြလည္း ရွိေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ တိုက္ပြဲနဲ႔ဒုကၡသည္အေျခအေနကို -ကိုေဇာ္မိုးေက်ာ္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ကူလဲေက်း႐ြာနဲ႔ ေအာက္စသာ ေက်း႐ြာအနီးမွာ ေမလ ၇ ရက္နဲ႔ ၈ ရက္တို႔မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္လာလို႔ တိုက္ပြဲေတြျဖစ္တာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ေျပာပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕က တာဝန္ရွိသူ တဦးကအခုလိုေျပာပါတယ္။

“တင္ဘက္ ၊ ကူလဲရယ္ ေအာက္စသာ ေက်း႐ြာရယ္က ပ်ဴေစာထီးေတြေပါင္းၿပီး အင္အား ၅၀ ခန႔္ စစ္ေၾကာင္း တေၾကာင္း တက္လာတယ္။ အဲ့အတြက္ သတင္းရလို႔ ကြၽန္ေတာ္တို႔ အသင့္ေနရာ ယူထားတဲ့အခ်ိန္မွာ ႏွစ္ဖက္ ထိေတြ႕မႈျဖစ္တယ္။ ျဖစ္ၿပီး အထိနာၿပီး ဒီေကာင္ေတြျပန္ေခါက္သြားတယ္။ ပစ္ခတ္မႈက ၃ နာရီနီးပါးေလာက္ထိ ထိေတြ႕မႈျဖစ္တယ္။ ဒီေကာင္ေတြက ကြၽန္ေတာ္တို႔ နယ္ေျမစိုးမိုးမႈရယထားတယ္လို႔ ယူဆရတဲ့ေနရာေတြကို ျပန္လည္ရခ်င္တာရယ္ ေနာက္တခ်က္က အဲ့ဘက္က ကားလမ္းျဖစ္တဲ့အတြက္ ဗ်ဴဟာေျမာက္ေနရာျဖစ္ေနတယ္။ အဓိကသြားလာ ျဖတ္သန္းရမယ့္ ေနရာျဖစ္ေနေတာ့ အဲ့ေနရာကို ျပန္ရခ်င္လို႔ လို႔ပဲ ကြၽန္ေတာ္တို႔ကထင္တယ္။”

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ေသဆုံးတာေတြရွိတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဘက္က ေျပာၿပီး ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးသလို ေသဆုံးတာေတြနဲ႔ ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။

ေမလ ၉ ရက္ ေန႔မွာေတာ့ တိုက္ပြဲေတြ မရွိဘဲ စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းတာေတြ ဆက္လက္လုပ္ေဆာင္လာရင္ မင္းကင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

တိုက္ပြဲေၾကာင့္ ေဒသခံေက်း႐ြာသားေတြဟာလည္း ေတာေတာင္ေတြထဲ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ စစ္ေကာင္စီက မင္းကင္းၿမိဳ႕နယ္ထဲ အစားအေသာက္ေဆးဝါး သယ္ယူခြင့္ေတြပိတ္ထားၿပီး ေတာေတာင္ထဲေတြမွာ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြမွာ အခက္အခဲေတြရွိေနတာပါ။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေတာေတာင္ေတြထဲ ေရွာင္ပုန္းေနၾကရတယ္။ ရိကၡာလမ္းေၾကာင္းက သူတို႔ ျဖတ္ ၄ ျဖတ္ စီမံကိန္းနဲ႔ လုပ္တာ ျဖစ္တဲ့အတြက္ ရိကၡာလမ္းေၾကာင္းက ဘယ္လိုမွ မလြယ္ကူဘူး။ အစားအေသာက္က တပိုင္တႏိုင္ သယ္ထားတဲ့ဟာေလး ခူးခပ္ၿပီးမွ ညသယ္ေန႔သယ္ သယ္ၿပီးမွ အဲ့လိုမ်ိဳးပဲ ဖြက္သိမ္းထားတဲ့ဟာေလးေတြ တိတ္တိတ္သြားယူစား အဲ့လိုပဲ ေနေနၾကရတယ္။ ေျပးလႊားၿပီး ပုန္းေရွာင္ေနရတဲ့သူေတြက ေတာင္သူေတြျဖစ္ေတာ့ ေတာထဲေတာင္ထဲမွာ ပုံးေတြအိတ္ေတြနဲ႔ျမႇဳပ္ၿပီးေတာ့ စုထားတာေတြ ေဖာ္စားၾကရတာေပါ့။”

မင္းကင္းၿမိဳ႕နယ္ထဲမွာ အခု၂၀၂၂ ဇန္နဝါရီကစလို႔ ေက်း႐ြာ ၆ ႐ြာထက္မနည္း ႐ြာလုံးကြၽတ္နီးပါး မီးရႈိ႕ခံခဲ့ရၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြက ေတာေတာင္ေတြထဲမွာ တိမ္းေရွာင္ေနရပါတယ္။ စစ္ကိုင္းတိုင္းထဲမွာ စစ္ကိုင္း ေ႐ႊဘို မုံ႐ြာ ကေလး စတဲ့ ၿမိဳ႕ႀကီး ၄ ၿမိဳ႕ကလြဲၿပီး က်န္ၿမိဳ႕နယ္ေတြကို အင္တာနက္ေတြ ျဖတ္ေတာက္ထားတာ ၂ လ ေက်ာ္ရွိလာေနၿပီျဖစ္ပါတယ္။

တခ်ိဳ႕ေနရာေတြမွာ မိုဘိုင္းဖုန္းေခၚဆိုဆက္သြယ္မႈကို ျမန္ႏႈန္းနိမ့္ 2G ဝန္ေဆာင္မႈကိုသာ ေပးထားၿပီး စစ္ေကာင္စီ တပ္ေတြ နယ္ေျမရွင္းလင္းတာလုပ္လာတဲ့အခ်ိန္မွာ ဖုန္းေခၚဆိုမႈေတြကို ျဖတ္ေတာက္ပစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

###

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကောင်စီ နဲ့ PDF တိုက်ပွဲကြောင့် မင်းကင်းဒေသခံတို့ ဒုက္ခရောက်

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မင်းကင်းမြို့နယ်ထဲက ကျေးရွာ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ တိုက်ပွဲနဲ့ဒုက္ခသည်အခြေအနေကို -ကိုဇော်မိုးကျော် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်ထဲက ကူလဲကျေးရွာနဲ့ အောက်စသာ ကျေးရွာအနီးမှာ မေလ ၇ ရက်နဲ့ ၈ ရက်တို့မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်လာလို့ တိုက်ပွဲတွေဖြစ်တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တဦးကအခုလိုပြောပါတယ်။

“တင်ဘက် ၊ ကူလဲရယ် အောက်စသာ ကျေးရွာရယ်က ပျူစောထီးတွေပေါင်းပြီး အင်အား ၅၀ ခန့် စစ်ကြောင်း တကြောင်း တက်လာတယ်။ အဲ့အတွက် သတင်းရလို့ ကျွန်တော်တို့ အသင့်နေရာ ယူထားတဲ့အချိန်မှာ နှစ်ဖက် ထိတွေ့မှုဖြစ်တယ်။ ဖြစ်ပြီး အထိနာပြီး ဒီကောင်တွေပြန်ခေါက်သွားတယ်။ ပစ်ခတ်မှုက ၃ နာရီနီးပါးလောက်ထိ ထိတွေ့မှုဖြစ်တယ်။ ဒီကောင်တွေက ကျွန်တော်တို့ နယ်မြေစိုးမိုးမှုရယထားတယ်လို့ ယူဆရတဲ့နေရာတွေကို ပြန်လည်ရချင်တာရယ် နောက်တချက်က အဲ့ဘက်က ကားလမ်းဖြစ်တဲ့အတွက် ဗျူဟာမြောက်နေရာဖြစ်နေတယ်။ အဓိကသွားလာ ဖြတ်သန်းရမယ့် နေရာဖြစ်နေတော့ အဲ့နေရာကို ပြန်ရချင်လို့ လို့ပဲ ကျွန်တော်တို့ကထင်တယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပြီး ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို သေဆုံးတာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

မေလ ၉ ရက် နေ့မှာတော့ တိုက်ပွဲတွေ မရှိဘဲ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းတာတွေ ဆက်လက်လုပ်ဆောင်လာရင် မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

တိုက်ပွဲကြောင့် ဒေသခံကျေးရွာသားတွေဟာလည်း တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီက မင်းကင်းမြို့နယ်ထဲ အစားအသောက်ဆေးဝါး သယ်ယူခွင့်တွေပိတ်ထားပြီး တောတောင်ထဲတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ အခက်အခဲတွေရှိနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“တောတောင်တွေထဲ ရှောင်ပုန်းနေကြရတယ်။ ရိက္ခာလမ်းကြောင်းက သူတို့ ဖြတ် ၄ ဖြတ် စီမံကိန်းနဲ့ လုပ်တာ ဖြစ်တဲ့အတွက် ရိက္ခာလမ်းကြောင်းက ဘယ်လိုမှ မလွယ်ကူဘူး။ အစားအသောက်က တပိုင်တနိုင် သယ်ထားတဲ့ဟာလေး ခူးခပ်ပြီးမှ ညသယ်နေ့သယ် သယ်ပြီးမှ အဲ့လိုမျိုးပဲ ဖွက်သိမ်းထားတဲ့ဟာလေးတွေ တိတ်တိတ်သွားယူစား အဲ့လိုပဲ နေနေကြရတယ်။ ပြေးလွှားပြီး ပုန်းရှောင်နေရတဲ့သူတွေက တောင်သူတွေဖြစ်တော့ တောထဲတောင်ထဲမှာ ပုံးတွေအိတ်တွေနဲ့မြှုပ်ပြီးတော့ စုထားတာတွေ ဖော်စားကြရတာပေါ့။”

မင်းကင်းမြို့နယ်ထဲမှာ အခု၂၀၂၂ ဇန်နဝါရီကစလို့ ကျေးရွာ ၆ ရွာထက်မနည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေက တောတောင်တွေထဲမှာ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကိုင်း ရွှေဘို မုံရွာ ကလေး စတဲ့ မြို့ကြီး ၄ မြို့ကလွဲပြီး ကျန်မြို့နယ်တွေကို အင်တာနက်တွေ ဖြတ်တောက်ထားတာ ၂ လ ကျော်ရှိလာနေပြီဖြစ်ပါတယ်။

တချို့နေရာတွေမှာ မိုဘိုင်းဖုန်းခေါ်ဆိုဆက်သွယ်မှုကို မြန်နှုန်းနိမ့် 2G ဝန်ဆောင်မှုကိုသာ ပေးထားပြီး စစ်ကောင်စီ တပ်တွေ နယ်မြေရှင်းလင်းတာလုပ်လာတဲ့အချိန်မှာ ဖုန်းခေါ်ဆိုမှုတွေကို ဖြတ်တောက်ပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG