သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း ကနီနဲ႔ ပုလဲၿမိဳ႕နယ္ေတြမွာ တိုက္ပဲြေတြျပင္းထန္


စစ္ကိုင္းတိုင္း က ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္နဲ႔ပုလဲၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ရဟတ္ယာဥ္နဲ႔ ေလေၾကာင္းကေန ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကေျပာပါတယ္။

Zawgyi

စစ္ကိုင္းတိုင္း ကနီနဲ႔ ပုလဲၿမိဳ႕နယ္ေတြမွာ တိုက္ပဲြေတြျပင္းထန္

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္နဲ႔ပုလဲၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ရဟတ္ယာဥ္နဲ႔ ေလေၾကာင္းကေန ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း....။

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ အလယ္ကြၽန္းေက်း႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ေမ ၁၀ ရက္ မနက္ပိုင္းမွာ ဝင္ေရာက္ တိုက္ခိုက္ခဲ့တာပါ။ အဲ့ဒီေနာက္မွာ ႏွစ္ ဖက္အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္နဲ႔ လာေရာက္ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က မနက္ကတည္းက တိုက္ပြဲေတြစျဖစ္တာ။ ကနီၿမိဳ႕နယ္ အလယ္ကြၽန္းေက်း႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီနဲ႔ ကြၽန္ေတာ္တို႔ တိုက္ပြဲျဖစ္တာပါ။ တိုက္ပြဲျပင္းထန္တာက ေလယာဥ္နဲ႔ပါ လာပစ္တာ။ အလယ္ကြၽန္းက ကနီၿမိဳ႕နယ္မွာ တနယ္လုံးမွာ အလယ္ကြၽန္း႐ြာက ပ်ဴ႐ြာျဖစ္ေနတယ္။ ၿပီးေတာ့ စစ္တပ္က အဲ့မွာပဲ အထိုင္ခ်ေနတယ္။ အဲ့ဒါနဲ႔ကြၽန္ေတာ္တို႔ စခန္းသိမ္းတိုက္ပြဲဝင္ဆင္ႏႊဲတာ။ ကြၽန္ေတာ္တို႔ ႐ြာတဝက္ဝင္ႏိုင္တဲ့အခ်ိန္မွာ ေလယာဥ္နဲ႔လာပစ္လို႔ အေနာက္ဆုတ္ခြါခဲ့ရတယ္။ “

တိုက္ပြဲျဖစ္ပြားတဲ့ အလယ္ကြၽန္းေက်း႐ြာကို ကနီၿမိဳ႕ေပၚကေန လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ စစ္ေကာင္စီတပ္ေတြဟာ အလယ္ကြၽန္းေက်း႐ြာမွာ ဆက္လက္တပ္စြဲေနတယ္လို႔ဆိုပါတယ္။ တိုက္ပြဲေၾကာင့္ အနီးနားက ေက်း႐ြာသားေတြဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတယ္လို႔ သိရပါတယ္။

တဆက္တည္းမွာပဲ ပုလဲၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာလည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ တပ္ေတြ တိုက္ပြဲေတြရွိေနပါတယ္။ ကနီၿမိဳ႕ အလယ္ကြၽန္းေက်း႐ြာကို ပစ္ခတ္ၿပီး ျပန္လာတဲ့ ရဟတ္ယာဥ္ဟာ ပုလဲၿမိဳ႕က တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေနရာေတြကိုလည္း ေလေၾကာင္းကေန ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာါပတယ္။

“တိုက္ပြဲက ပ်ဴေတြနဲ႔ ျပည္သူေတြနဲ႔ တိုက္ပြဲနည္းနည္းျဖစ္တယ္။ တိုက္ပြဲျဖစ္ေတာ့ သူတို႔ဘက္က ရဟတ္ယာဥ္နဲ႔တရစပ္လာပစ္တာပဲ။ ဇီးျဖဴကုန္း ၊ မင္းတိုင္ပင္ဘက္ျခမ္းရယ္ သရက္ဖက္ျခမ္းရယ္ ေခ်ာင္းဦးဖက္ျခမ္းရယ္ေပါ့ အဲ့ဘက္ေတြမွာ ပစ္တာ။ မီးေလာင္ျပင္ ေႏွာ႐ိုးဘက္ျခမ္းရယ္။ ၂ ႀကိမ္လာပစ္တယ္။ ေန႔လည္ေၾကာက ၁ နာရီေက်ာ္ေက်ာ္ေလာက္က တႀကိမ္ အခုၿပီးခဲ့တဲ့ နာရီဝက္ေလာက္က တႀကိမ္ လာထုတယ္ဗ်။”

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ စစ္ကိုင္းတိုင္းေဒသႀကီးထဲက ကနီၿမိဳ႕နယ္နဲ႔ ပုလဲၿမိဳ႕နယ္တို႔အတြင္းမွာ မၾကာခဏဆိုသလို စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ ရွင္းလင္းရတဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ပါတယ္။

တိုက္ပြဲေၾကာင့္ ေဒသခံေတြဟာ ေတာေတာင္ေတြထဲ ထြက္ေျပး ရသလို ထြက္ေျပး ပုန္းေရွာင္ရင္ ေတာထဲမွာ ေႁမြကိုက္ၿပီး ေသဆုံးသူေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပုလဲၿမိဳ႕နယ္ထဲမွာ ေက်း႐ြာ ၁၀ ႐ြာထက္ မနည္း မီးရႈိ႕ခံရၿပီး ေနအိမ္ ေထာင္နဲ႔ခ်ီမီးေလာင္ကြၽမ္းၿပီးေတာ့ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြဟာ အိုးမဲ့အိမ္မဲ့ျဖစ္ေနရပါတယ္။ စစ္ေကာင္စီက မိုဘိုင္းအင္တာနက္ အသုံးျပဳမႈ ျဖတ္ေတာက္ထားတာလည္း ၂ လေက်ာ္ရွိလာေနၿပီျဖစ္သလို ရိကၡာသယ္ယူမႈကိုလည္း တင္းၾကပ္ထားတဲ့အတြက္ ေဒသခံေတြမွာ အခက္အခဲေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

#

စစ်ကိုင်းတိုင်း ကနီနဲ့ ပုလဲမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နဲ့ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း....။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မေ ၁၀ ရက် မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီနောက်မှာ နှစ် ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က မနက်ကတည်းက တိုက်ပွဲတွေစဖြစ်တာ။ ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲပြင်းထန်တာက လေယာဉ်နဲ့ပါ လာပစ်တာ။ အလယ်ကျွန်းက ကနီမြို့နယ်မှာ တနယ်လုံးမှာ အလယ်ကျွန်းရွာက ပျူရွာဖြစ်နေတယ်။ ပြီးတော့ စစ်တပ်က အဲ့မှာပဲ အထိုင်ချနေတယ်။ အဲ့ဒါနဲ့ကျွန်တော်တို့ စခန်းသိမ်းတိုက်ပွဲဝင်ဆင်နွှဲတာ။ ကျွန်တော်တို့ ရွာတဝက်ဝင်နိုင်တဲ့အချိန်မှာ လေယာဉ်နဲ့လာပစ်လို့ အနောက်ဆုတ်ခွါခဲ့ရတယ်။ “

တိုက်ပွဲဖြစ်ပွားတဲ့ အလယ်ကျွန်းကျေးရွာကို ကနီမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ အလယ်ကျွန်းကျေးရွာမှာ ဆက်လက်တပ်စွဲနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲကြောင့် အနီးနားက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲတွေရှိနေပါတယ်။ ကနီမြို့ အလယ်ကျွန်းကျေးရွာကို ပစ်ခတ်ပြီး ပြန်လာတဲ့ ရဟတ်ယာဉ်ဟာ ပုလဲမြို့က တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောါပတယ်။

“တိုက်ပွဲက ပျူတွေနဲ့ ပြည်သူတွေနဲ့ တိုက်ပွဲနည်းနည်းဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က ရဟတ်ယာဉ်နဲ့တရစပ်လာပစ်တာပဲ။ ဇီးဖြူကုန်း ၊ မင်းတိုင်ပင်ဘက်ခြမ်းရယ် သရက်ဖက်ခြမ်းရယ် ချောင်းဦးဖက်ခြမ်းရယ်ပေါ့ အဲ့ဘက်တွေမှာ ပစ်တာ။ မီးလောင်ပြင် နှောရိုးဘက်ခြမ်းရယ်။ ၂ ကြိမ်လာပစ်တယ်။ နေ့လည်ကြောက ၁ နာရီကျော်ကျော်လောက်က တကြိမ် အခုပြီးခဲ့တဲ့ နာရီဝက်လောက်က တကြိမ် လာထုတယ်ဗျ။”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကနီမြို့နယ်နဲ့ ပုလဲမြို့နယ်တို့အတွင်းမှာ မကြာခဏဆိုသလို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် ရှင်းလင်းရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲ ထွက်ပြေး ရသလို ထွက်ပြေး ပုန်းရှောင်ရင် တောထဲမှာ မြွေကိုက်ပြီး သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ ကျေးရွာ ၁၀ ရွာထက် မနည်း မီးရှို့ခံရပြီး နေအိမ် ထောင်နဲ့ချီမီးလောင်ကျွမ်းပြီးတော့ သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရပါတယ်။ စစ်ကောင်စီက မိုဘိုင်းအင်တာနက် အသုံးပြုမှု ဖြတ်တောက်ထားတာလည်း ၂ လကျော်ရှိလာနေပြီဖြစ်သလို ရိက္ခာသယ်ယူမှုကိုလည်း တင်းကြပ်ထားတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေရှိနေပါတယ်။

XS
SM
MD
LG