သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုမြို့နယ် တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုရှိ


စစ်ကိုင်းတိုင်း က ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ
စစ်ကိုင်းတိုင်း က ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ သေဆုံးတာတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ တိုက်ပွဲအခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။

ရွှေဘိုမြို့နယ် တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုရှိ

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ သေဆုံးတာတွေ ရှိနေပါတယ်။ ထောင်နဲ့ချီတဲ့နေအိမ်တွေမီးရှို့ခံရပြီး ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ တိုက်ပွဲအခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာ ၊ ဘိုတဲကုန်း ကျေးရွာ မှာ မေလ ၂ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် အရပ်သားတွေ ၁၂ ဦးခန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေ သေဆုံးတာတွေနဲ့ ပတ်သက်လို့ ဒေသခံတဦးက

“မနေ့ကညနေ ၂ နာရီကျော် ၃ နာရီဝန်းကျင်လောက်မှာပေါ့။ ညောင်ပင်သာ ၊ ဘိုတဲကုန်းဘက်ကနေ အပစ်ခံရတာ။ ကြားရတာက ပြည်သူက ၁၂ ယောက်ဝန်းကျင် ၁၀ ယောက်ကျော်သေတယ်လို့ကြားတယ်။ ပြည်သူတွေလည်းပါတယ်။PDF တော်လှန်ရေးသမားတွေလည်း ဖြစ်နိုင်တယ်။ သေချာတော့မသိဘူး။ ကျွန်တော်တို့က မဝင်ရဲတော့ မဝင်ရဘူး။ ရွာသားတွေတော့ အပြင်မှာပဲထွက်နေ ရွာကို ပြန်ဝင်မရဘူး။ လေးဘက်လေးတန်ဝိုင်းပြီး စစ်ကြောင်းထိုးနေတာပေါ့။”

ဇန်နဝါရီလထဲကစလို့ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း ရွှေဘိုမြို့နဲ့ ခင်ဦးမြို့က ကျေးရွာပေါင်း ၂၀ နီးပါး မီးရှို့ခံခဲ့ရပါတယ်။

လက်ရှိ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေမှာ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

“ရွှေဘိုမြို့နယ်ထဲမှာ မီးရှို့ခံရတာက ၄/၅/၁၀ ရွာလောက်ရှိတယ်။ ခင်ဦးမြို့နယ် စာရင်းက ၅ ရွာရှိတယ်။ စစ်ဘေးရှောင်လူဦးရေက ၃ ထောင်ကျော် ၄ ထောင်လောက်ရှိတယ်။ အခက်အခဲက ပထမဆုံး စဖြစ်တဲ့ အချိန်အခါပေါ့။ စပြီး စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးပြီး စစ်ကောင်စီဘက်က မီးနဲ့ရှို့တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ မီးနဲ့ရှို့တယ်။ အဲ့တော့ ပြည်သူတွေက မနေရဲတော့ ထွက်ပြေးကြတယ်။ ရွာအနီးတွေမှာ တဲလေးတွေ ထိုးနေရတယ်။ အခက်အခဲရှိတယ်ဆိုတာက လှူဒါန်းတဲ့ လူသားချင်း စာနာတဲ့ ပြည်သူတွေက သွားပြီးလှူတဲ့အခါဆိုရင် စားရတာပေါ့။ လှူဒါန်းမှုမရှိရင် ပါလာတဲ့ရွှေငွေလေးတွေ ရောင်းချပြီး စားနေရတဲ့ဟာတွေလည်းရှိတယ်။”

ရွှေဘိုမြို့နဲ့ ခင်ဦးမြို့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ရွှေဘိုမြို့နယ်ထဲမှာဆိုရင် ဧပြီ လလယ်လောက်ကစလို့ နယ်မြေရှင်းလင်းတာတွေ ပိုမိုလုပ်ဆောင်လာပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

.....................................................................


{{Unicode}}









XS
SM
MD
LG