သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္နဲ႔ ကနီၿမိဳ႕နယ္တြင္း ေဒသခံေသာင္းခ်ီ ေဘးလြတ္ရာ ထြက္ေျပးေနရ


ေမလ(၁၅)ရက္ေန႔က စစ္​ေကာင္စီတပ္ မီးရႈိ႕သြားတဲ့ ယင္းမာပင္နယ္တြင္း- ႐ြာသာေက်း႐ြာနဲ႔ ေႏွာ႐ိုးေက်း႐ြာ မီးေလာင္ျပင္ ျမင္ကြင္း။ (Courtesy Photo)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ေႏွာ႐ုိး၊ ရြာသာေက်းရြာေတြဘက္ ေမလ ၁၅ ရက္ မနက္အေစာပိုင္းက စစ္ေကာင္စီတပ္ေတြ ပစ္ခတ္ဝင္လာၿပီး ေနအိမ္ေတြ မီး႐ိႈ႕ဖ်က္ဆီးသြားသလို ကနီၿမိဳ႕နယ္မွာလည္း တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ဗီြအိုေအကို ေျပာပါတယ္။ ရဟန္းသံဃာပါမက်န္ ရြာလံုးကၽြတ္ အသက္လု ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့ ေဒသခံ ေသာင္းနဲ႔ခ်ီ ရွိေနတယ္လို႔လည္း ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကုိ မသိဂီထိုက္ တင္ျပေပးထားပါတယ္။

ယင္းမာပင္ၿမိဳ႕နယ္ ေႏွာ႐ုိးေက်းရြာ၊ ရြာသာေက်းရြာေတြဘက္ ေမလ ၁၅ ရက္ မနက္အေစာပိုင္းေလာက္က စစ္ေကာင္စီတပ္ေတြ ပစ္ခတ္ဝင္လာၿပီး ေနအိမ္တခ်ဳိ႕ မီး႐ိႈ႕ဖ်က္ဆီးသြားတယ္လို႔ ရြာသာရြာခံတဦးက ဗီြအိုေအကို ေျပာပါတယ္။ မနက္အေစာပိုင္းမွာ ရြာသာေက်းရြာန႔ဲ တမိုင္အကြာအေဝးေလာက္မွာ စစ္ေကာင္စီယာဥ္တန္းေတြ မိုင္းဆြဲတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြ လက္နက္ႀကီး လက္နက္ငယ္နဲ႔ ရြာထဲ ပစ္ခတ္ဝင္လာလို႔ ရဟန္းသံဃာပါမက်န္ ေဒသခံျပည္သူေတြ ရြာလံုးကၽြတ္ အသက္လု ထြက္ေျပးေနရတာလို႔ ရြာသာေဒသခံက ေျပာပါတယ္။

“မနက္ ၄ နာရီကတည္းက သူတို႔ လက္နက္ႀကီးနဲ႔ ယင္းမာပင္ကေနၿပီးေတာ့ေလ ကားေတြက သူတို႔ ေကာင္းဆင့္၊ ေႏွာ႐ုိးေရာက္မွ ပစ္ခတ္ၿပီးေတာ့ ဝင္လာတာဗ်။ အားလံုး ရြာလံုးကၽြတ္ေျပးရတာပါဗ်၊ သံဃာေတာ္ပါမက်န္ ေျပးရတာပါဗ်။ (စစ္ေကာင္စီက) က်ေနာ္တို႔ရြာကို အေရွ႕ျပန္တဲ့အခါ က်ေနာ္တို႔ရြာကို ေကာင္းဆင့္၊ ေႏွာ႐ုိးနားကပ္ၿပီးေတာ့ အခုလို မိုင္းဆြဲတိုက္ခိုက္တာလည္း ရွိတယ္ဗ်။ ရွိေတာ့က် အဲ့ဒါေၾကာင့္မုိ႔ က်ေနာ္အထင္ကေတာ့ အဲ့ဒါေၾကာင့္ သူတို႔ကားေတြ ရပ္ၿပီးေတာ့ က်ေနာ္တို႔ရြာကို ဝင္ၿပီး တရစပ္ ပစ္ၿပီးခတ္ၿပီးေတာ့ သူတို႔က အားလံုး ပတ္ခ်ာလည္ မီး႐ိႈ႕တာပါဗ်။ အိမ္ေျခကေတာ့ ၁၀ လံုးအထက္ ၁၅ လံုးအနည္းဆံုးေတာ့ ေလာင္ေလာက္တယ္ဗ်။”

ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ တာဝန္ရွိသူ ကိုခန္႔ကေတာ့ သူတို႔အဖြဲ႔ဟာ ပုလဲနယ္ကေန ျပန္လာတဲ့ စစ္ေကာင္စီယာဥ္တန္းေတြကို ယင္းမာပင္ၿမိဳ႕အေရွ႕ျခမ္း ေကာင္းဆင့္ေက်းရြာနားမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့တာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“ယင္းမာပင္ၿမိဳ႕ရဲ႕ အေရွ႕ဘက္ ေကာင္းဆင့္ရဲ႕ လမ္းမွာေပါ့၊ ငါးကန္ေလးေတြရွိတယ္၊ အဲ့ငါးကန္နားေလးမွာ က်ေနာ္တို႔ ဒီ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ရဲ႕ ပေဒသာမိုင္းနဲ႔ က်ေနာ္တို႔ တိုက္ခုိက္တယ္၊ မိုင္းဆြဲလိုက္တာေပါ့ေနာ္ အဲ့ဒီယာဥ္တန္းကို။ အဲ့ဒီမွာကေတာ့ သူတို႔ ဒီ ရန္သူ႔စစ္ေကာင္စီဘက္က ကားတစီး မီးေလာင္သြားၿပီးေတာ့ လံုးဝကို ပ်က္စီးသြားတယ္ေပါ့။ အဲ့ဒီမွာလည္း သူတို႔ရဲ႕တပ္ဖြဲ႔ဝင္ေတြ ေသဆံုးတာရွိတယ္။ ထိခိုက္ဒဏ္ရာရတာရွိတယ္။”

စစ္ေကာင္စီတပ္ေတြဟာ မိုင္းဆြဲတိုက္ခိုက္ခံရၿပီး အထိအခိုက္ မ်ားခဲ့တာေၾကာင့္ ေႏွာ႐ုိးေက်းရြာနဲ႔ ရြာသာေက်းရြာဘက္ကို ပစ္ခတ္ဝင္လာၿပီး ေနအိမ္တခ်ဳိ႕ကို မီးတင္႐ိႈ႕သြားတာလို႔ ဆိုပါတယ္။

ေမလ(၁၅)ရက္ေန႔က စစ္​ေကာင္စီတပ္ မီးရႈိ႕သြားတဲ့ ယင္းမာပင္နယ္တြင္း- ႐ြာသာေက်း႐ြာနဲ႔ ေႏွာ႐ိုးေက်း႐ြာ မီးေလာင္ျပင္ ျမင္ကြင္း။ ( Photo: Courtesy)
ေမလ(၁၅)ရက္ေန႔က စစ္​ေကာင္စီတပ္ မီးရႈိ႕သြားတဲ့ ယင္းမာပင္နယ္တြင္း- ႐ြာသာေက်း႐ြာနဲ႔ ေႏွာ႐ိုးေက်း႐ြာ မီးေလာင္ျပင္ ျမင္ကြင္း။ ( Photo: Courtesy)

အခုရက္ပိုင္း စစ္္ကုိင္းတိုင္းထဲက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက တရြာဝင္ တရြာထြက္ နယ္ေျမရွင္းလင္းေရး လုပ္ေနတာမို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြန႔ဲ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနပါတယ္။

ေမလ ၁၅ ရက္ေန႔ မနက္ပိုင္းမွာပဲ ကနီၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း ေခ်ာင္းမေက်းရြာတဝို္က္မွာ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား တုိက္ပြဲျဖစ္ပြားေနတယ္လို႔ ကနီၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ကိုထြန္းထြန္းဦးက ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေခ်ာင္းမအေနာက္ရြာ၊ ေခ်ာင္းမအေရွ႕ရြာ အပါအဝင္ ေက်းရြာ ၆ ရြာထက္မနည္း ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာကို ထြက္ေျပးေနၾကတာလို႔ ကိုထြန္းထြန္းဦးက ေျပာပါတယ္။

“ေျပးေနရတဲ့ ေက်းရြာကေတာ့ ၅ ရြာ၊ ၆ ရြာေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ ဦးေရကေတာ့ တေသာင္းနီးပါးေလာက္ ရွိမယ္ဗ်။ တိုက္ပြဲအေျခအေနေၾကာင့္ ေျပးရတာပါဗ်။ ေခ်ာင္းမအေရွ႕တို႔ ေခ်ာင္းမအေနာက္၊ ေနာက္ၿပီးေတာ့ ဇီးပင္၊ ေအာင္မဂၤလာတို႔ သင့္ဝင္တို႔ မင္းမတို႔ေပါ့ေနာ္ အဲ့နားက ရြာေတြေပါ့။”

ဒါ့အျပင္ ကနီၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းမွာပဲ ေမလ ၁၅ ရက္ ညေန ၃ နာရီေလာက္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ရဲ႕ ယာယီစခန္းတခု ဝင္စီးခံရတာလို႔ ေျပာပါတယ္။

“ညေန ၃ နာရီေလာက္ေပါ့ ဝင္စီးခံရပါတယ္။ စခန္းကေတာ့ စြန္႔ခြာထားတာၾကာပါၿပီ၊ သုံးေလးရက္ေလာက္ရွိပါၿပီ။ ယာယီစခန္းေပါ့၊ ယာယီစခန္းကို ဝင္စီးတယ္။ ဒါေပမဲ့ က်ေနာ္တို႔က မိုင္းေတြဆင္ထားခဲ့တယ္။ ကြဲပါတယ္၊ သူတို႔လည္း ထိပါတယ္။ ထိခိုက္ဒဏ္ရာရတာေတာ့ ေတာ္ေတာ္မ်ားတယ္ဗ်။ အေသအေပ်ာက္ေတြဘာေတြ မသိရဘူး။ သူတို႔ထမ္းသယ္တာေတြ သူတို႔ လမ္းသြားလမ္းလာေတြ တားတဲ့အခါမွာ ထိခိုက္ဒဏ္ရာ ရထားတဲ့ဟာေတြ ေဆးကုေနတာေတြလည္း အမ်ားႀကီးေတြ႔ရတယ္။”

စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းမႈတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာ နီးစပ္ရာ ေက်းရြာေတြနဲ႔ ေတာေတာင္ေတြထဲမွာ မိုးကာတဲထိုးၿပီး ျဖစ္သလို ေနထိုင္ စားေသာက္ေနၾကရတာပါ။

စစ္ေျပးဒုကၡသည္ေတြ အမ်ားစုဟာ အေျခအေနတည္ၿငိမ္ရင္ မိမိတို႔ေနရပ္ကို ျပန္လာၿပီး စစ္တပ္က ရြာေတြကို ဝင္လာရင္ ေတာေတာင္ေတြထဲ ျပန္လည္ပုန္းခိုၾကရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ အခုလို ခဏခဏ ေျပးလႊားေနရတဲ့ ဒုကၡသည္ေတြဟာ အခက္အခဲမ်ိဳးစံု ရင္ဆိုင္ေနၾကရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ယင်းမာပင်နဲ့ ကနီမြို့နယ်တွင်း ဒေသခံသောင်းချီ ဘေးလွတ်ရာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နှောရိုး၊ ရွာသာကျေးရွာတွေဘက် မေလ ၁၅ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်လာပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားသလို ကနီမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရဟန်းသံဃာပါမကျန် ရွာလုံးကျွတ် အသက်လု ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ သောင်းနဲ့ချီ ရှိနေတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို မသိဂီထိုက် တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာ၊ ရွာသာကျေးရွာတွေဘက် မေလ ၁၅ ရက် မနက်အစောပိုင်းလောက်က စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်လာပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသာရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မနက်အစောပိုင်းမှာ ရွာသာကျေးရွာနဲ့ တမိုင်အကွာအဝေးလောက်မှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ လက်နက်ကြီး လက်နက်ငယ်နဲ့ ရွာထဲ ပစ်ခတ်ဝင်လာလို့ ရဟန်းသံဃာပါမကျန် ဒေသခံပြည်သူတွေ ရွာလုံးကျွတ် အသက်လု ထွက်ပြေးနေရတာလို့ ရွာသာဒေသခံက ပြောပါတယ်။

“မနက် ၄ နာရီကတည်းက သူတို့ လက်နက်ကြီးနဲ့ ယင်းမာပင်ကနေပြီးတော့လေ ကားတွေက သူတို့ ကောင်းဆင့်၊ နှောရိုးရောက်မှ ပစ်ခတ်ပြီးတော့ ဝင်လာတာဗျ။ အားလုံး ရွာလုံးကျွတ်ပြေးရတာပါဗျ၊ သံဃာတော်ပါမကျန် ပြေးရတာပါဗျ။ (စစ်ကောင်စီက) ကျနော်တို့ရွာကို အရှေ့ပြန်တဲ့အခါ ကျနော်တို့ရွာကို ကောင်းဆင့်၊ နှောရိုးနားကပ်ပြီးတော့ အခုလို မိုင်းဆွဲတိုက်ခိုက်တာလည်း ရှိတယ်ဗျ။ ရှိတော့ကျ အဲ့ဒါကြောင့်မို့ ကျနော်အထင်ကတော့ အဲ့ဒါကြောင့် သူတို့ကားတွေ ရပ်ပြီးတော့ ကျနော်တို့ရွာကို ဝင်ပြီး တရစပ် ပစ်ပြီးခတ်ပြီးတော့ သူတို့က အားလုံး ပတ်ချာလည် မီးရှို့တာပါဗျ။ အိမ်ခြေကတော့ ၁၀ လုံးအထက် ၁၅ လုံးအနည်းဆုံးတော့ လောင်လောက်တယ်ဗျ။”

ေမလ(၁၅)ရက္ေန႔က စစ္​ေကာင္စီတပ္ မီးရႈိ႕သြားတဲ့ ႐ြာသာေက်း႐ြာနဲ႔ ေႏွာ႐ိုးေက်း႐ြာ ျမင္ကြင္း။
ေမလ(၁၅)ရက္ေန႔က စစ္​ေကာင္စီတပ္ မီးရႈိ႕သြားတဲ့ ႐ြာသာေက်း႐ြာနဲ႔ ေႏွာ႐ိုးေက်း႐ြာ ျမင္ကြင္း။

မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုခန့်ကတော့ သူတို့အဖွဲ့ဟာ ပုလဲနယ်ကနေ ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ယင်းမာပင်မြို့အရှေ့ခြမ်း ကောင်းဆင့်ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

“ယင်းမာပင်မြို့ရဲ့ အရှေ့ဘက် ကောင်းဆင့်ရဲ့ လမ်းမှာပေါ့၊ ငါးကန်လေးတွေရှိတယ်၊ အဲ့ငါးကန်နားလေးမှာ ကျနော်တို့ ဒီ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပဒေသာမိုင်းနဲ့ ကျနော်တို့ တိုက်ခိုက်တယ်၊ မိုင်းဆွဲလိုက်တာပေါ့နော် အဲ့ဒီယာဉ်တန်းကို။ အဲ့ဒီမှာကတော့ သူတို့ ဒီ ရန်သူ့စစ်ကောင်စီဘက်က ကားတစီး မီးလောင်သွားပြီးတော့ လုံးဝကို ပျက်စီးသွားတယ်ပေါ့။ အဲ့ဒီမှာလည်း သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာရှိတယ်။”

စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိအခိုက် များခဲ့တာကြောင့် နှောရိုးကျေးရွာနဲ့ ရွာသာကျေးရွာဘက်ကို ပစ်ခတ်ဝင်လာပြီး နေအိမ်တချို့ကို မီးတင်ရှို့သွားတာလို့ ဆိုပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေး လုပ်နေတာမို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ကနီမြို့နယ် အနောက်ဘက်ခြမ်း ချောင်းမကျေးရွာတဝိုက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းထွန်းဦးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ချောင်းမအနောက်ရွာ၊ ချောင်းမအရှေ့ရွာ အပါအဝင် ကျေးရွာ ၆ ရွာထက်မနည်း သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးနေကြတာလို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

“ပြေးနေရတဲ့ ကျေးရွာကတော့ ၅ ရွာ၊ ၆ ရွာလောက်ရှိတယ်။ နောက်ပြီးတော့ ဦးရေကတော့ တသောင်းနီးပါးလောက် ရှိမယ်ဗျ။ တိုက်ပွဲအခြေအနေကြောင့် ပြေးရတာပါဗျ။ ချောင်းမအရှေ့တို့ ချောင်းမအနောက်၊ နောက်ပြီးတော့ ဇီးပင်၊ အောင်မင်္ဂလာတို့ သင့်ဝင်တို့ မင်းမတို့ပေါ့နော် အဲ့နားက ရွာတွေပေါ့။”

ဒါ့အပြင် ကနီမြို့နယ် အနောက်ဘက်ခြမ်းမှာပဲ မေလ ၁၅ ရက် ညနေ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ယာယီစခန်းတခု ဝင်စီးခံရတာလို့ ပြောပါတယ်။

“ညနေ ၃ နာရီလောက်ပေါ့ ဝင်စီးခံရပါတယ်။ စခန်းကတော့ စွန့်ခွာထားတာကြာပါပြီ၊ သုံးလေးရက်လောက်ရှိပါပြီ။ ယာယီစခန်းပေါ့၊ ယာယီစခန်းကို ဝင်စီးတယ်။ ဒါပေမဲ့ ကျနော်တို့က မိုင်းတွေဆင်ထားခဲ့တယ်။ ကွဲပါတယ်၊ သူတို့လည်း ထိပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့ တော်တော်များတယ်ဗျ။ အသေအပျောက်တွေဘာတွေ မသိရဘူး။ သူတို့ထမ်းသယ်တာတွေ သူတို့ လမ်းသွားလမ်းလာတွေ တားတဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရထားတဲ့ဟာတွေ ဆေးကုနေတာတွေလည်း အများကြီးတွေ့ရတယ်။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင် စားသောက်နေကြရတာပါ။

စစ်ပြေးဒုက္ခသည်တွေ အများစုဟာ အခြေအနေတည်ငြိမ်ရင် မိမိတို့နေရပ်ကို ပြန်လာပြီး စစ်တပ်က ရွာတွေကို ဝင်လာရင် တောတောင်တွေထဲ ပြန်လည်ပုန်းခိုကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ခဏခဏ ပြေးလွှားနေရတဲ့ ဒုက္ခသည်တွေဟာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG