သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ေခ်ာင္းဦးၿမိဳ႕နယ္ တိုက္ခိုက္မႈေတြအတြင္း ေနအိမ္အခ်ိဳ႕ မီးေလာင္ပ်က္စီး


စစ္ကိုင္းတိုင္း က ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲေတြျဖစ္ပြားၿပီး ေနအိမ္ေတြမီးရႈိ႕ခံခဲ့ရပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုရဲမြန္ က ေျပာျပပါမယ္။

ေခ်ာင္းဦးၿမိဳ႕နယ္ တိုက္ခိုက္မႈေတြအတြင္း ေနအိမ္အခ်ိဳ႕ မီးေလာင္ပ်က္စီး

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲေတြျဖစ္ပြားၿပီး ေနအိမ္ေတြမီးရႈိ႕ခံခဲ့ရပါတယ္။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ဘက္မွာလည္း စစ္ေဘးေရွာင္တာ တလေက်ာ္ၾကာျမင့္လာၿပီျဖစ္လို႔ ဒုကၡသည္ေတြ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုရဲမြန္ က ေျပာျပပါမယ္။

စစ္ေကာင္စီက မၾကာခဏ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္ ေ႐ႊေလွေက်း႐ြာအနီးမွာ ေမလ ၁၃ ရက္ ေသာၾကာေန႔ မနက္အေစာပိုင္းကစလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲေတြျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ေတြဟာ ေက်း႐ြာထဲကို ဝင္ေရာက္ၿပီး မီးရႈိ႕တာေတြ ျပဳလုပ္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ကာကြယ္ေရးတပ္ဖြဲ႕တာဝန္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“ကံႀကီးကုန္း႐ြာကို ေရာက္ေနတဲ့စစ္ေၾကာင္းက ၁၁ ရက္ေန႔ကတည္းကေရာက္ေနတာ။ အဲ့ဒါ ဒီေန႔မနက္ ၅ နာရီေလာက္မွာ ပ်ဴ႐ြာကေန ေ႐ႊေလွ႐ြာ ပ်ဴေတြမီးရႈိ႕ထားတဲ့႐ြာကို လာၿပီး လက္နက္ႀကီးနဲ႔ ပစ္ဝင္တယ္။ ကြၽန္ေတာ္တို႔ ဒီဘက္က Local ေတြက ဆြဲမိုင္းနဲ႔လုပ္တယ္။ ေနာက္ပိုင္း သူတို႔အင္အားမ်ားတဲ့အခါ ေနာက္ဆုတ္ေပးလိုက္တယ္။ ေနာက္ပိုင္းသူတို႔ အဲ့႐ြာထဲမွာ ေမႊေနတယ္။ ေမႊေနေတာ့ ၃ နာရီ ၃၅ ေလာက္မွာ မီး ၃ ေနရာရႈိ႕သြားတယ္။”

မီးေလာင္တဲ့အိမ္ အေရအတြက္ကိုေတာ့ အတိအက်မသိရေသးပါဘူး။ ေ႐ႊေလွာ္ေက်း႐ြာဟာ အခုတႀကိမ္ မိးရႈိ႕ခံရတာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္တုန္းက ေနအိမ္ ၇၆ အိမ္ ေလာင္ကြၽမ္းခဲ့ပါတယ္။ ေ႐ႊေလွေက်း႐ြာေဒသခံေတြဟာ စစ္ေကာင္စီတပ္ေတြ မၾကာခဏ နယ္ေျမရွင္းလင္းတာေတြ လုပ္တဲ့အတြက္ မတ္လ လယ္ေလာက္ကစၿပီး ေဘးလြတ္ရာေနရာေတြမွာ ေ႐ႊ႕ေျပာင္းေနထိုင္ေနရပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဒါက စစ္ကိုင္းတိုင္းက တိုက္ပြဲအေျခအေနပါ။ မေကြးတိုင္းထဲက ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ ဧၿပီ ၇ ရက္ကစလို႔ ဧၿပီလကုန္ထိ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ခဲ့ပါတယ္။ နယ္ေျမရွင္းလင္းမႈေတြအတြင္း ေက်း႐ြာ ၂၀ က ေနအိမ္ (၁) ေထာင္နီးပါး မီးရႈိ႕ခံခဲ့ရၿပီး လူဦးေရ ၂ ေသာင္းနီးပါးဟာ ေဘးလြတ္ရာ ေတာေတာင္ေတြထဲ ေနထိုင္ေနရတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

စစ္ေဘးေရွာင္ေနရတာ အခ်ိန္ၾကာျမင့္လာၿပီး ေဆးဝါးရိကၡာ သယ္ယူရာမွာလည္း ပိတ္ပင္ထားတာာေတြ ရွိတဲ့အတြက္ အခက္အခဲျဖစ္ေနတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ရိကၡာကားေတြ ဆန္တို႔ဆီတို႔ ပါလာရင္ စစ္တပ္နဲ႔ ေပါင္းတဲ့ ပ်ဴေစာထီးဆိုတဲ့အဖြဲ႕ေတြေပါ့။ ဂိတ္ေတြမွာေလ ျပည္သူေတြဘက္ကို ကုန္သြယ္စီးဆင္းမႈလုံးဝမရွိေအာင္ ဂိတ္ေတြမွာ အကုန္ခ်ၿပီးေပါ့ ကြၽန္ေတာ္တို႔ ေပါက္ၿမိဳ႕နယ္ဘက္ကို သြားတဲ့ ဂိတ္ေတြအကုန္ေတာင့္ခံေနတာဆိုေတာ့ ေဆးဝါးဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ လုံး၀ ျပတ္သြားၿပီ။ အာဟာရျပတ္တယ္။ သက္ႀကီး႐ြယ္အိုေတြ ေဆးဝါးမလုံေလာက္ေတာ့ အာဟာရျပတ္တယ္။ ေျပာရရင္ ခႏၵာကိုယ္ထဲမွာရွိတဲ့အားေတြကို ေဆးဝါးနဲ႔ ထိန္းခ်ဳပ္တာ မရွိေတာ့ အသက္ႀကီးတဲ့သူေတြက အားျပတ္ေသတာာရွိတယ္။”

ေပါက္ၿမိဳ႕နယ္ မုံ႐ြာ ပုသိမ္လမ္းမေပၚမွာ ဧၿပီ ၇ ရက္က စစ္ေကာင္စီတပ္က လက္နက္ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ပစၥည္းေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက သိမ္းဆည္းလိုက္ၿပီးတဲ့ေနာက္ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ၿပီး တေက်ာ့ျပန္ တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

..........................................................

ချောင်းဦးမြို့နယ် တိုက်ခိုက်မှုတွေအတွင်း နေအိမ်အချို့ မီးလောင်ပျက်စီး

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့ခံခဲ့ရပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်ဘက်မှာလည်း စစ်ဘေးရှောင်တာ တလကျော်ကြာမြင့်လာပြီဖြစ်လို့ ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုရဲမွန် က ပြောပြပါမယ်။

စစ်ကောင်စီက မကြာခဏ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအနီးမှာ မေလ ၁၃ ရက် သောကြာနေ့ မနက်အစောပိုင်းကစလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကျေးရွာထဲကို ဝင်ရောက်ပြီး မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ကံကြီးကုန်းရွာကို ရောက်နေတဲ့စစ်ကြောင်းက ၁၁ ရက်နေ့ကတည်းကရောက်နေတာ။ အဲ့ဒါ ဒီနေ့မနက် ၅ နာရီလောက်မှာ ပျူရွာကနေ ရွှေလှေရွာ ပျူတွေမီးရှို့ထားတဲ့ရွာကို လာပြီး လက်နက်ကြီးနဲ့ ပစ်ဝင်တယ်။ ကျွန်တော်တို့ ဒီဘက်က Local တွေက ဆွဲမိုင်းနဲ့လုပ်တယ်။ နောက်ပိုင်း သူတို့အင်အားများတဲ့အခါ နောက်ဆုတ်ပေးလိုက်တယ်။ နောက်ပိုင်းသူတို့ အဲ့ရွာထဲမှာ မွှေနေတယ်။ မွှေနေတော့ ၃ နာရီ ၃၅ လောက်မှာ မီး ၃ နေရာရှို့သွားတယ်။”

မီးလောင်တဲ့အိမ် အရေအတွက်ကိုတော့ အတိအကျမသိရသေးပါဘူး။ ရွှေလှော်ကျေးရွာဟာ အခုတကြိမ် မိးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းက နေအိမ် ၇၆ အိမ် လောင်ကျွမ်းခဲ့ပါတယ်။ ရွှေလှေကျေးရွာဒေသခံတွေဟာ စစ်ကောင်စီတပ်တွေ မကြာခဏ နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အတွက် မတ်လ လယ်လောက်ကစပြီး ဘေးလွတ်ရာနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါက စစ်ကိုင်းတိုင်းက တိုက်ပွဲအခြေအနေပါ။ မကွေးတိုင်းထဲက ပေါက်မြို့နယ် တောင်ပိုင်းမှာ ဧပြီ ၇ ရက်ကစလို့ ဧပြီလကုန်ထိ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုတွေအတွင်း ကျေးရွာ ၂၀ က နေအိမ် (၁) ထောင်နီးပါး မီးရှို့ခံခဲ့ရပြီး လူဦးရေ ၂ သောင်းနီးပါးဟာ ဘေးလွတ်ရာ တောတောင်တွေထဲ နေထိုင်နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်နေရတာ အချိန်ကြာမြင့်လာပြီး ဆေးဝါးရိက္ခာ သယ်ယူရာမှာလည်း ပိတ်ပင်ထားတာာတွေ ရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“ရိက္ခာကားတွေ ဆန်တို့ဆီတို့ ပါလာရင် စစ်တပ်နဲ့ ပေါင်းတဲ့ ပျူစောထီးဆိုတဲ့အဖွဲ့တွေပေါ့။ ဂိတ်တွေမှာလေ ပြည်သူတွေဘက်ကို ကုန်သွယ်စီးဆင်းမှုလုံးဝမရှိအောင် ဂိတ်တွေမှာ အကုန်ချပြီးပေါ့ ကျွန်တော်တို့ ပေါက်မြို့နယ်ဘက်ကို သွားတဲ့ ဂိတ်တွေအကုန်တောင့်ခံနေတာဆိုတော့ ဆေးဝါးဆိုရင် ကျွန်တော်တို့ဆီမှာ လုံး၀ ပြတ်သွားပြီ။ အာဟာရပြတ်တယ်။ သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တော့ အာဟာရပြတ်တယ်။ ပြောရရင် ခန္ဒာကိုယ်ထဲမှာရှိတဲ့အားတွေကို ဆေးဝါးနဲ့ ထိန်းချုပ်တာ မရှိတော့ အသက်ကြီးတဲ့သူတွေက အားပြတ်သေတာာရှိတယ်။”

ပေါက်မြို့နယ် မုံရွာ ပုသိမ်လမ်းမပေါ်မှာ ဧပြီ ၇ ရက်က စစ်ကောင်စီတပ်က လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းလိုက်ပြီးတဲ့နောက် စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်ပြီး တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

XS
SM
MD
LG