သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရးေၾကာင္႔ စစ္ကိုင္းတိုင္း စစ္ဘေးေရွာင္ဦးေရတိုး 


MYANMAR-POLITIC-MILITARY (မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီတပ္ေတြရဲ႕နယ္ေျမရွင္းလင္းမႈစစ္ေဆးေရးအတြက္ ဝက္လက္ၿမိဳ႕နယ္နဲ႔ ယင္းမာပင္ ၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးတာေတြ ဆက္လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္က သတင္းေပးပို႔ထားတာ ကိုခင္ေမာင္စိုးမင္း က ေျပာျပပါလိမ့္မယ္။

စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီတပ္ေတြရဲ႕နယ္ေျမရွင္းလင္းမႈစစ္ေဆးေရးအတြက္ ဝက္လက္ၿမိဳ႕နယ္နဲ႔ ယင္းမာပင္ ၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးတာေတြ ဆက္လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဝက္လက္ၿမိဳ႕နယ္ ပုလဲသြယ္ေက်း႐ြာအနီးက ျပည္သူ႔ကာကြယ္ေရးစခန္းတခုကိုလည္း စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္းသိမ္းယူခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္က သတင္းေပးပို႔ထားတာ ကိုခင္ေမာင္စိုးမင္း က ေျပာျပပါလိမ့္မယ္။

ဝက္လက္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက တ႐ြာဝင္တ႐ြာထြက္ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတာေၾကာင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ထိေတြ႕တိုက္ပြဲေတြ ရွိခဲ့ၾကသလို၊ ေက်း႐ြာေတြလည္း မီးရႈိ႕ခံရတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေမလ ၁၁ရက္ေန႔မွာ ေတာ့ စစ္ေကာင္စီတပ္ေတြဟာ နတ္ေတာင္နဂါးျပည္သူ႔ကာကြယ္ေရးအဖြဲ႕ရဲ႕ တပ္စခန္းတခုကို ဝင္ေရာက္စီးနင္းသိမ္းယူခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္အဖြဲ႕ဝင္တဦးက VOA ကို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ စခန္းကို လက္နက္ႀကီးေတြနဲ႔ ထုတယ္ဗ်ာ။ သူတို႔က အင္အားကလည္းမ်ားေတာ့ ေနာက္ကိုဆုတ္ၿပီးမွာ အေျခအေန အကဲခတ္တယ္ဗ်ာ။ ေစာေစာပိုင္းတုန္းကေတာ့ အင္အား ၄၀၊ ၅၀ ေလာက္ဆိုရင္ ပိုင္းမလို႔။ သူတို႔က ၂၀၀ ဝန္းက်င္ေလာက္ဆိုေတာ့ ကြၽန္ေတာ္တို႔က လြတ္ရာပဲ ကပ္ႏိုင္ေတာ့တယ္ဗ်။ သူတို႔က ကြၽန္ေတာ္တို႔ စခန္းနဲ႔ နီးရာတဲေတြမွန္သမွ်ကိုလည္း မီးရႈိ႕သြားတယ္ဗ်။ ကြၽန္ေတာ္တို႔ စခန္းကိုလည္း မီးရႈိ႕သြားတယ္။ ကြၽန္ေတာ္တို႔ နတ္ေတာင္စခန္းကေတာ့ ျပာက်သြားၿပီ။ ခုေတာ့ ကြၽန္ေတာ္တို႔ လိုက္ၿပီးေတာ့ ေထာက္တာက သူတို႔က ေမာင္းတပ္ေတာင္ဖက္က ေဂြးပင္ကုန္း႐ြာဖက္ကို ဝင္ဖို႔မ်ားတယ္ဗ်။ ခုညေနပိုင္း။”

ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ဆုတ္လာၿပီး မိုင္းနဲ႔ေဖာက္ခြဲတိုက္ခိုက္မႈေၾကာင့္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တခ်ိဳ႕ ထိခိုက္မႈရွိႏိုင္တယ္လို႔ နတ္ေတာင္နဂါးျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တစ္ဦးက VOA ကို ေျပာပါတယ္။

“သူတို႔က ၂၀၀ ဝန္းက်င္ေလာက္ရွိတယ္ဗ်၊ အင္အားက မမွ်ဘူး။ ကြၽန္ေတာ္တို႔က မိုင္းကေတာ့ ဆြဲတယ္။ ဒါေပမယ့္ သူတို႔မွာ ဂ်န္မာ ပါလားေတာ့ မသိဘူး။ မိုင္းကို တည့္ဆြဲတာ နည္းနည္းေဝးလို႔ မကြဲဘူးထင္လို႔ ဒ႐ုန္းနဲ႔ ကပ္ခြဲတာ အဲ့တာကိုလည္း ေပ ၁၀၀ ဝန္းက်င္ေလာက္ကို မကြဲဘူးဗ်။ ကြၽန္ေတာ္တို႔ တိုင္ပိုင္းနဲ႔ တံခါးေပါက္ဖြင့္ရင္ အကြဲဆိုၿပီးေတာ့ ဆင္ထားခဲ့တဲ့ဟာေတြကေတာ့ ကြဲတယ္ဗ်။ အထိအခိုက္ကေတာ့ ေသခ်ာေပါက္ တံခါးေပါက္ဖြင့္လို႔ အကြဲဆိုၿပီးလုပ္ထားခဲ့တဲ့ဟာ ကေတာ့ ေသခ်ာေပါက္ ထိမွာဗ်။”

ေနာက္ထပ္ေရာက္လာတဲ့ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေၾကာင့္ ဝက္လက္ၿမိဳ႕နယ္ထဲက ႐ြာ ၅ ႐ြာက လူဦးေရ ၄၀၀၀ နီးပါး ထပ္ၿပီး စစ္ေရွာင္ေနၾကရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“စစ္ေၾကာင္းက ၁ နာရီေလာက္ကို ဝင္လာတယ္။ ႐ြာထဲကို စစ္ေၾကာင္းက အင္အား ၁၅၀ ေလာက္ ထိုးထားတယ္ဗ်။ သူတို႔လာတာကို သတင္းပို႔ၾကေတာ့ လူႀကီးလူငယ္အကုန္လုံး အဘိုးႀကီးအိုေတြေရာ၊ ဒုကၡိတေတြေရာ အကုန္လုံး သယ္ထုတ္သြားလိုက္ပါတယ္။ ထုံးဘို၊ ပုလဲသြယ္၊ အဲ့ဒီဖက္က မက်ည္းသုံးပင္တို႔ အကုန္လုံး ျပာက်ၿပီး တလင္းေျပာင္ျဖစ္သြားၿပီ။ အဲ့ကေန စစ္ေၾကာင္းထိုးလာတဲ့ ဟာက ကြၽန္ေတာ္တို႔ ေ႐ႊက်င္၊ ေဂြးပင္ကုန္း၊ သဲကြၽန္း၊ ကံႀကီးေတာ၊ ငပိအိုး၊ အကုန္လုံး စစ္ေရွာင္ေနရတယ္။ ႐ြာမွာ တစ္ေယာက္မွ မရွိၾကေတာ့ပါဘူး။”

ဝက္လက္ၿမိဳ႕နယ္ထဲက စစ္ေရွာင္ေတြဟာ လက္ရွိ ရာသီဥတုဒဏ္ေၾကာင့္ ဝမ္းေရာဂါနဲ႔ ဖ်ားနာတာေတြ ရွိေနၾကတယ္လို႔ စစ္ေရွာင္ေတြက ေျပာပါတယ္။

“ဝမ္းေရာဂါတို႔ ဘာတို႔ေပါ့ဗ်ာ၊ ေနာက္ စားစရာ ေသာက္စရာ အကုန္လုံး ခက္ခဲေနၾကတယ္။ ဒီလို ႐ြာေပါင္းမ်ားစြာ စစ္ေရွာင္ေနၾကရေတာ့ အကုန္အတူတူပဲ ဒုကၡေတြ ေရာက္ေနၾကတာ။ ျဖစ္သလိုေပါ့ဗ်ာ၊ ခုကလည္း မိုးကလည္း ခုညလည္း ႐ြာအုံးမွာပဲ မေန႔ညကလည္း႐ြာတယ္။ အဲ့ဒါေတြ ဒုကၡေရာက္ေနပါတယ္။”

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက နဘူေတာေက်း႐ြာကိုလည္း အခုေမလ ၁၁ရက္ မနက္ ၁၁နာရီခြဲေလာက္က စစ္ေကာင္စီတပ္က ဝင္ေရာက္နယ္ေျမရွင္းလင္းတာေၾကာင့္ အိမ္တခ်ိဳ႕ မီးေလာင္သြားတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မနက္ခင္း ၁၁ နာရီခြဲေလာက္ျဖစ္တာေပါ့ေႏွာ္။ ေ႐ြေတာင္ဦးသီတဂူကေနၿပီးေတာ့ ေဂြးေခ်ာင္း႐ြာထဲကို လ်ပ္တျပတ္ဝင္တာေပါ့ေႏွာ္။ ေဂြးေခ်ာင္း႐ြာကေနမွ နဘူေတာ႐ြာကိုဝင္ၿပီးေတာ့ ႐ုတ္တရက္ပစ္ခတ္ၿပီးေတာ့ ႐ုတ္တရက္မီးရႈိ႕သြားတာေပါ့။ အိမ္ေျခ ၁၀ လုံးေလာက္ပါသြားတယ္။ အဲ့ဒီ အိမ္ေျခ ၁၀ လုံးပါသြားတဲ့ထဲမွာ အျပစ္မဲ့ ျပည္သူတစ္ေယာက္လဲ ပစ္သတ္ခံလိုက္ရတယ္ေပါ့။”

ဝက္လက္ၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕ အခုလို မီးရႈိ႕ဖ်က္ဆီးခံရတယ္ဆိုတဲ့သတင္းေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဖက္က တစုံတရာ ထုတ္ျပန္တာမရွိေသးပါဘူး။ ဒါေပမယ့္ စစ္ကိုင္းတိုင္းအတြင္း ေနရာတခ်ိဳ႕မွာ PDF ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြဟာ ေက်း႐ြာေတြထဲ အၾကမ္းဖက္လုပ္ရပ္ေတြေဆာင္႐ြက္တာေၾကာင့္ နယ္ေျမရွင္းလင္းမႈေတြလုပ္ေနတယ္ဆိုတာေတာ့ မၾကာမၾကာ ထုတ္ျပန္ပါတယ္။

လက္ရွိအားျဖင့္ ယင္းမာပင္ၿမိဳ႕နယ္ထဲ ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ စစ္ေရွာင္ေနၾကရတာဟာ ၂ လေက်ာ္ေလာက္ရွိေနပါၿပီ။ သူတို႔ရဲ႕ စားေသာက္ေရးနဲ႔ က်န္းမာေရးအတြက္ ခက္ခဲေနၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“နဂိုကတည္းက စစ္ေရွာင္ထားရတဲ့ ႐ြာကလူေတြ ၂လနဲ႔ ၁၉ ရက္ရွိၿပီ၊ တစ္ေယာက္မွ မျပန္ႏိုင္ေသးဘူး ႐ြာထဲကို။ ဘယ္ကမွလဲ အကူအညီမရပါဘူး။ ကိုယ့္အစီအစဥ္နဲ႔ကိုယ္သာ ေနၾကထိုင္ၾကရတာပါပဲ။ စစ္ေရွာင္ေတြကေတာ့ေလာေလာဆယ္ကေတာ့ စားဝတ္ေနေရး ပင္ပင္ပန္းပန္း ဆင္းဆင္းရဲရဲနဲ႔ ေတာထဲမွာပဲ ေနၾကရတာပါပဲ။ က်န္းမာေရးကလည္း မေကာင္းတဲ့သူကလည္း မေကာင္းၾကဘူးေပါ့ဗ်ာ။”

ျမန္မာႏိုင္ငံတြင္း ပဋိပကၡေတြေၾကာင့္ အိုးပစ္အိမ္ပစ္ စစ္ေျပးဒုကၡသည္ေတြအမ်ားအျပားရွိလာတာ ေၾကာင့္၊ အာဆီယံအသင္းအေနနဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြေပးဖို႔ ေဆာင္႐ြက္ေနရာမွာ ကနဦး သတ္မွတ္နယ္ေျမထဲမွာ စစ္ကိုင္းတိုင္းေဒသလည္းပါဝင္ပါတယ္။ ဒါေပမယ့္လည္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြအၾကား တိုက္ပြဲေတြ ရွိေနတာမို႔ ဘယ္လို ပုံစံမ်ိဳးနဲ႔ ထိထိေရာက္ေရာက္ကူညီႏိုင္မလဲဆိုတာေတာ့ ေရေရရာရာမရွိေသးပါဘူး။ စစ္ကိုင္းတိုင္းအတြင္း မုံ႐ြာ၊ စစ္ကိုင္း၊ ေ႐ြဘိုနဲ႔ ကေလးၿမိဳ႕ကလြဲလို႔ က်န္တဲ့ ၿမိဳ႕နယ္တိုင္းမွာ စစ္ေကာင္စီက အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားသလို ဖုန္းဆက္သြယ္ေရးေတြပါ ခက္ခဲေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................................

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့နယ်မြေရှင်းလင်းမှုစစ်ဆေးရေးအတွက် ဝက်လက်မြို့နယ်နဲ့ ယင်းမာပင် မြို့နယ်က ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ် ပုလဲသွယ်ကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးစခန်းတခုကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသိမ်းယူခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်းရန်ကုန်က သတင်းပေးပို့ထားတာ ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။

ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တရွာဝင်တရွာထွက် နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ကြသလို၊ ကျေးရွာတွေလည်း မီးရှို့ခံရတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၁ရက်နေ့မှာ တော့ စစ်ကောင်စီတပ်တွေဟာ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တပ်စခန်းတခုကို ဝင်ရောက်စီးနင်းသိမ်းယူခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ကျွန်တော်တို့ စခန်းကို လက်နက်ကြီးတွေနဲ့ ထုတယ်ဗျာ။ သူတို့က အင်အားကလည်းများတော့ နောက်ကိုဆုတ်ပြီးမှာ အခြေအနေ အကဲခတ်တယ်ဗျာ။ စောစောပိုင်းတုန်းကတော့ အင်အား ၄၀၊ ၅၀ လောက်ဆိုရင် ပိုင်းမလို့။ သူတို့က ၂၀၀ ဝန်းကျင်လောက်ဆိုတော့ ကျွန်တော်တို့က လွတ်ရာပဲ ကပ်နိုင်တော့တယ်ဗျ။ သူတို့က ကျွန်တော်တို့ စခန်းနဲ့ နီးရာတဲတွေမှန်သမျှကိုလည်း မီးရှို့သွားတယ်ဗျ။ ကျွန်တော်တို့ စခန်းကိုလည်း မီးရှို့သွားတယ်။ ကျွန်တော်တို့ နတ်တောင်စခန်းကတော့ ပြာကျသွားပြီ။ ခုတော့ ကျွန်တော်တို့ လိုက်ပြီးတော့ ထောက်တာက သူတို့က မောင်းတပ်တောင်ဖက်က ဂွေးပင်ကုန်းရွာဖက်ကို ဝင်ဖို့များတယ်ဗျ။ ခုညနေပိုင်း။”

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆုတ်လာပြီး မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်မှုရှိနိုင်တယ်လို့ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက VOA ကို ပြောပါတယ်။

“သူတို့က ၂၀၀ ဝန်းကျင်လောက်ရှိတယ်ဗျ၊ အင်အားက မမျှဘူး။ ကျွန်တော်တို့က မိုင်းကတော့ ဆွဲတယ်။ ဒါပေမယ့် သူတို့မှာ ဂျန်မာ ပါလားတော့ မသိဘူး။ မိုင်းကို တည့်ဆွဲတာ နည်းနည်းဝေးလို့ မကွဲဘူးထင်လို့ ဒရုန်းနဲ့ ကပ်ခွဲတာ အဲ့တာကိုလည်း ပေ ၁၀၀ ဝန်းကျင်လောက်ကို မကွဲဘူးဗျ။ ကျွန်တော်တို့ တိုင်ပိုင်းနဲ့ တံခါးပေါက်ဖွင့်ရင် အကွဲဆိုပြီးတော့ ဆင်ထားခဲ့တဲ့ဟာတွေကတော့ ကွဲတယ်ဗျ။ အထိအခိုက်ကတော့ သေချာပေါက် တံခါးပေါက်ဖွင့်လို့ အကွဲဆိုပြီးလုပ်ထားခဲ့တဲ့ဟာ ကတော့ သေချာပေါက် ထိမှာဗျ။”

နောက်ထပ်ရောက်လာတဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ်ထဲက ရွာ ၅ ရွာက လူဦးရေ ၄၀၀၀ နီးပါး ထပ်ပြီး စစ်ရှောင်နေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“စစ်ကြောင်းက ၁ နာရီလောက်ကို ဝင်လာတယ်။ ရွာထဲကို စစ်ကြောင်းက အင်အား ၁၅၀ လောက် ထိုးထားတယ်ဗျ။ သူတို့လာတာကို သတင်းပို့ကြတော့ လူကြီးလူငယ်အကုန်လုံး အဘိုးကြီးအိုတွေရော၊ ဒုက္ခိတတွေရော အကုန်လုံး သယ်ထုတ်သွားလိုက်ပါတယ်။ ထုံးဘို၊ ပုလဲသွယ်၊ အဲ့ဒီဖက်က မကျည်းသုံးပင်တို့ အကုန်လုံး ပြာကျပြီး တလင်းပြောင်ဖြစ်သွားပြီ။ အဲ့ကနေ စစ်ကြောင်းထိုးလာတဲ့ ဟာက ကျွန်တော်တို့ ရွှေကျင်၊ ဂွေးပင်ကုန်း၊ သဲကျွန်း၊ ကံကြီးတော၊ ငပိအိုး၊ အကုန်လုံး စစ်ရှောင်နေရတယ်။ ရွာမှာ တစ်ယောက်မှ မရှိကြတော့ပါဘူး။”

ဝက်လက်မြို့နယ်ထဲက စစ်ရှောင်တွေဟာ လက်ရှိ ရာသီဥတုဒဏ်ကြောင့် ဝမ်းရောဂါနဲ့ ဖျားနာတာတွေ ရှိနေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“ဝမ်းရောဂါတို့ ဘာတို့ပေါ့ဗျာ၊ နောက် စားစရာ သောက်စရာ အကုန်လုံး ခက်ခဲနေကြတယ်။ ဒီလို ရွာပေါင်းများစွာ စစ်ရှောင်နေကြရတော့ အကုန်အတူတူပဲ ဒုက္ခတွေ ရောက်နေကြတာ။ ဖြစ်သလိုပေါ့ဗျာ၊ ခုကလည်း မိုးကလည်း ခုညလည်း ရွာအုံးမှာပဲ မနေ့ညကလည်းရွာတယ်။ အဲ့ဒါတွေ ဒုက္ခရောက်နေပါတယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက နဘူတောကျေးရွာကိုလည်း အခုမေလ ၁၁ရက် မနက် ၁၁နာရီခွဲလောက်က စစ်ကောင်စီတပ်က ဝင်ရောက်နယ်မြေရှင်းလင်းတာကြောင့် အိမ်တချို့ မီးလောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက်ခင်း ၁၁ နာရီခွဲလောက်ဖြစ်တာပေါ့နှော်။ ရွေတောင်ဦးသီတဂူကနေပြီးတော့ ဂွေးချောင်းရွာထဲကို လျပ်တပြတ်ဝင်တာပေါ့နှော်။ ဂွေးချောင်းရွာကနေမှ နဘူတောရွာကိုဝင်ပြီးတော့ ရုတ်တရက်ပစ်ခတ်ပြီးတော့ ရုတ်တရက်မီးရှို့သွားတာပေါ့။ အိမ်ခြေ ၁၀ လုံးလောက်ပါသွားတယ်။ အဲ့ဒီ အိမ်ခြေ ၁၀ လုံးပါသွားတဲ့ထဲမှာ အပြစ်မဲ့ ပြည်သူတစ်ယောက်လဲ ပစ်သတ်ခံလိုက်ရတယ်ပေါ့။”

ဝက်လက်မြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့ အခုလို မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်း နေရာတချို့မှာ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ကျေးရွာတွေထဲ အကြမ်းဖက်လုပ်ရပ်တွေဆောင်ရွက်တာကြောင့် နယ်မြေရှင်းလင်းမှုတွေလုပ်နေတယ်ဆိုတာတော့ မကြာမကြာ ထုတ်ပြန်ပါတယ်။

လက်ရှိအားဖြင့် ယင်းမာပင်မြို့နယ်ထဲ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင်နေကြရတာဟာ ၂ လကျော်လောက်ရှိနေပါပြီ။ သူတို့ရဲ့ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ခက်ခဲနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နဂိုကတည်းက စစ်ရှောင်ထားရတဲ့ ရွာကလူတွေ ၂လနဲ့ ၁၉ ရက်ရှိပြီ၊ တစ်ယောက်မှ မပြန်နိုင်သေးဘူး ရွာထဲကို။ ဘယ်ကမှလဲ အကူအညီမရပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ နေကြထိုင်ကြရတာပါပဲ။ စစ်ရှောင်တွေကတော့လောလောဆယ်ကတော့ စားဝတ်နေရေး ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ တောထဲမှာပဲ နေကြရတာပါပဲ။ ကျန်းမာရေးကလည်း မကောင်းတဲ့သူကလည်း မကောင်းကြဘူးပေါ့ဗျာ။”

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိုးပစ်အိမ်ပစ် စစ်ပြေးဒုက္ခသည်တွေအများအပြားရှိလာတာ ကြောင့်၊ အာဆီယံအသင်းအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ဆောင်ရွက်နေရာမှာ ကနဦး သတ်မှတ်နယ်မြေထဲမှာ စစ်ကိုင်းတိုင်းဒေသလည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ရှိနေတာမို့ ဘယ်လို ပုံစံမျိုးနဲ့ ထိထိရောက်ရောက်ကူညီနိုင်မလဲဆိုတာတော့ ရေရေရာရာမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွေဘိုနဲ့ ကလေးမြို့ကလွဲလို့ ကျန်တဲ့ မြို့နယ်တိုင်းမှာ စစ်ကောင်စီက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးတွေပါ ခက်ခဲနေကြရပါတယ်။

XS
SM
MD
LG