သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္မွာ ေလယာဥ္ပ်ံသန္းမႈ ကန္႔သတ္ဖို႔ ထိုင္းလူ႔အခြင့္အေရးအဖဲြ႕ေတာင္းဆို


ျမန္မာစစ္တပ္ ဂ်က္တိုက္ေလယာဥ္ ထိုင္းနယ္စပ္မွာ ထိုးစစ္ဆင္

ထိုင္းႏိုင္ငံနဲ႔ နယ္စပ္အနီး တိုက္ပြဲေတြအတြင္း ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ႀကဳံရၿပီးေနာက္ နယ္စပ္ေဒသမွာ ေလယာဥ္ပ်ံသန္းမႈေတြ ကန႔္သတ္ဖို႔ ထိုင္းလူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕တခုက ေတာင္းဆိုလိုက္ပါတယ္။

Zawgyi/Unicode

ျမန္မာနယ္စပ္မွာ ေလယာဥ္ပ်ံသန္းမႈ ကန္႔သတ္ဖို႔ ထိုင္းလူ႔အခြင့္အေရးအဖဲြ႕ေတာင္းဆို

ထိုင္းႏိုင္ငံနဲ႔ နယ္စပ္အနီး တိုက္ပြဲေတြအတြင္း ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ႀကဳံရၿပီးေနာက္ နယ္စပ္ေဒသမွာ ေလယာဥ္ပ်ံသန္းမႈေတြ ကန႔္သတ္ဖို႔ ထိုင္းလူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕တခုက ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာနဲ႔ နယ္စပ္မွာ ေလယာဥ္မပ်ံသန္းရဇုံအျဖစ္ သတ္မွတ္ဖို႔ ဒီမိုကေရစီေရး လႈပ္ရွားမႈအဖြဲ႕ Campaign for Popular Democracy (CPD) အတြင္းေရးမႉးခ်ဳပ္ Metha Matkhao က စေနေန႔မွာပဲ ထိုင္းအစိုးရကို တိုက္တြန္းလိုက္တာပါ။

စစ္ရာဇဝတ္မႈေတြကို ထိုင္းအစိုးရက အားေပးတာေတြ မလုပ္ဖို႔နဲ႔ ျမန္မာစစ္တပ္က ထိုင္းႏိုင္ငံ အခ်ဳပ္အျခာအာဏာကို ထိပါးတာမ်ိဳးကိုလည္း လက္မခံဖို႔ Facebook လူမႈကြန္ရက္မွာ ေျပာဆိုထားပါတယ္။

ကရင္ျပည္နယ္မွာရွိတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) တပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းအဖြဲ႕ေတြကို ထိုးစစ္ဆင္ေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ ေသာၾကာေန႔က ေလေၾကာင္း တိုက္ခိုက္ရာမွာ အရပ္သားတခ်ိဳ႕ ေသေက်ထိခိုက္ခဲ့ရာက အခုလို ေတာင္းဆိုမႈ ထြက္ေပၚလာတာပါ။

ေသာၾကာေန႔ညက စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္က ဒုကၡသည္ေတြ ခိုလႈံရာေနရာကို ထိမွန္ခဲ့ၿပီး အနည္းဆုံး ၂ ဦးေသဆုံး၊ ၃ ဦး ျပင္းထန္ဒဏ္ရာ ရခဲ့ေၾကာင္း ေဒသခံေတြက ေျပာဆိုခဲ့ၾကသလို တခ်ိဳ႕ထိုင္းသတင္းေတြမွာေတာ့ ေသဆုံးသူ ၃ ဦးအထိ ရွိတယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။

ျမဝတီခ႐ိုင္ထဲက စစ္ေကာင္စီတပ္ေတြ အေျခစိုက္ထားတဲ့ ဥကရစ္ထစခန္းကို KNU နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြ ထိုးစစ္ဆင္ခဲ့ရာက မၾကာေသးခင္ရက္ေတြကစ တိုက္ပြဲေတြ ျပင္းထန္လာခဲ့ၿပီး စစ္တပ္က ေလေၾကာင္းကပါ အရွိန္ျမႇင့္တိုက္ခိုက္လာတာပါ။ ၾကာသပေတးေန႔ကလည္း ျမန္မာေလတပ္က တိုက္ေလယာဥ္ ထိုင္းေလပိုင္နက္ထဲ ဝင္ေရာက္ပ်ံသန္းခဲ့ၿပီး ျမန္မာနယ္စပ္က လက္နက္ကိုင္ အင္အားစုေတြကို တိုက္ခိုက္ခဲ့ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ခ်န္အိုခ်ာ ကေတာ့ ေလပိုင္နက္က်ဳးေက်ာ္မႈအတြက္ ျမန္မာဖက္က ေတာင္းပန္ခဲ့ေၾကာင္းနဲ႔ သူ႔အေနနဲ႔ အေလးအနက္ကိစၥအျဖစ္ သေဘာမထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

မြန်မာနယ်စပ်မှာ လေယာဉ်ပျံသန်းမှု ကန့်သတ်ဖို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တောင်းဆို

ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံရပြီးနောက် နယ်စပ်ဒေသမှာ လေယာဉ်ပျံသန်းမှုတွေ ကန့်သတ်ဖို့ ထိုင်းလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ နယ်စပ်မှာ လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ Campaign for Popular Democracy (CPD) အတွင်းရေးမှူးချုပ် Metha Matkhao က စနေနေ့မှာပဲ ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာပါ။

စစ်ရာဇဝတ်မှုတွေကို ထိုင်းအစိုးရက အားပေးတာတွေ မလုပ်ဖို့နဲ့ မြန်မာစစ်တပ်က ထိုင်းနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးတာမျိုးကိုလည်း လက်မခံဖို့ Facebook လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သောကြာနေ့က လေကြောင်း တိုက်ခိုက်ရာမှာ အရပ်သားတချို့ သေကျေထိခိုက်ခဲ့ရာက အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာပါ။

သောကြာနေ့ညက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကရင်ပြည်နယ် မြဝတီမြို့နယ်က ဒုက္ခသည်တွေ ခိုလှုံရာနေရာကို ထိမှန်ခဲ့ပြီး အနည်းဆုံး ၂ ဦးသေဆုံး၊ ၃ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေက ပြောဆိုခဲ့ကြသလို တချို့ထိုင်းသတင်းတွေမှာတော့ သေဆုံးသူ ၃ ဦးအထိ ရှိတယ်လို့လည်း ဖော်ပြနေကြပါတယ်။

မြဝတီခရိုင်ထဲက စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ ဥကရစ်ထစခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ရာက မကြာသေးခင်ရက်တွေကစ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး စစ်တပ်က လေကြောင်းကပါ အရှိန်မြှင့်တိုက်ခိုက်လာတာပါ။ ကြာသပတေးနေ့ကလည်း မြန်မာလေတပ်က တိုက်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့ပြီး မြန်မာနယ်စပ်က လက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကတော့ လေပိုင်နက်ကျုးကျော်မှုအတွက် မြန်မာဖက်က တောင်းပန်ခဲ့ကြောင်းနဲ့ သူ့အနေနဲ့ အလေးအနက်ကိစ္စအဖြစ် သဘောမထားကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG