[[ ZAWGYI / UNICODE ]]
ထိုင္းေလပိုင္နက္ထဲ ျမန္မာတိုက္ေလယာဥ္ ၀င္ေရာက္
ကရင္ျပည္နယ္အတြင္းတုိက္ပဲြေတြမွာပါ၀င္တုိက္ခုိက္ေနတဲ့ ျမန္မာဘက္က ဂ်က္တုိက္ ေလယဥ္တစင္းဟာ ၾကာသပေတးေန႔မနက္က ထုိင္းႏုိင္ငံေလပုိင္နက္အတြင္းက်ဴး ေက်ာ္၀င္ေရာက္ခဲ့တဲ့အတြက္ထုိင္းဘက္ကသတိေပးခဲ့ရတယ္လုိ႔ ထုိင္းတာ၀န္ရွိသူ ေတြကေျပာဆုိပါတယ္။
ထုိင္းေလတပ္ေရဒါမွာ ျမန္မာဘက္ကေန တုိက္ေလယဥ္တစင္း ထုိင္းႏုိင္ငံတပ္ခရုိင္ အတြင္း၀င္ေရာက္လာတဲ့အတြက္ ထုိင္းေလတပ္က F16 တုိက္ေလယဥ္ ၂ စင္းကုိ အသင့္ျပင္ထားခဲ့ရေၾကာင္း ထုိင္းေလတပ္က ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။
တုိက္ေလယဥ္ဟာထုိင္းနယ္စပ္ေက်းရြာစာသင္ေက်ာင္းေပၚကျဖတ္ပ်ံသန္းခဲ့တဲ့အတြက္ ေက်ာင္းသားေတြကုိလည္းေရႊ႔ေျပာင္းခဲ့ရပါတယ္။
“တုိက္ေလယဥ္ပ်ံသန္းသြားသလုိ၊ျမန္မာႏုိင္ငံဘက္မွာလည္းတုိက္ပဲြေတြျဖစ္ေနတဲ့အတြက္ မိဘေတြအေနနဲ႔ခေလးေတြလာေခၚၿပီး၊ ေဘးလြတ္ရာကုိသြားၾကဖုိ႔”ေက်ာင္းဆရာက သတိေပးေၾကျငာသြားတာပါ။
ေနာင္မွာ အခုလုိေလပုိင္နက္က်ဴးလြန္မႈမ်ိဳးမျဖစ္ ေအာင္ကာကြယ္တားဆီးဖုိ႔ သက္ဆုိင္ ရာျမန္မာတာ၀န္ရွိသူေတြနဲ႔ဆက္သြယ္ၿပီး ေဆြးေႏြးလုပ္ေဆာင္ဖုိ႔ ရန္ကုန္မွာရွိတဲ့ ထုိင္း ေလတပ္စစ္သံမႈးကုိညႊန္ၾကားထား တယ္လုိ႔လည္းထုိင္းေလတပ္ကေျပာဆုိပါတယ္။ ဗုဒၶဟူးေန႔ တုိက္ပဲြေၾကာင့္ထုိင္းႏုိင္ငံဘက္ကုိက်ည္တခ်ိဳ႔က်ခဲ့တယ္လုိ႔လည္းဆုိပါတယ္။
ထုိင္းျမန္မာနယ္စပ္အနီးကရင္ျပည္နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြအၾကားတုိက္ပဲြေတြျဖစ္ပြားေနၿပီး၊ အရပ္သားေတြအုိးအိပ္စြန္႔ခြါထြက္ ေျပးရတာေတြရွိပါတယ္။ ျမန္မာႏုိင္ငံမွာ ပဋိပကၡေတြေၾကာင့္ အုိးအိပ္စြန္႔ခြါထြက္ေျပးရ သူ ၁ သန္းေက်ာ္ရွိသြားၿပီးလုိ႔ကုလသမဂၢေျပာဆုိထားပါတယ္။
===============
{{ UNICODE }}
ထိုင်းလေပိုင်နက်ထဲ မြန်မာတိုက်လေယာဉ် ဝင်ရောက်
ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်နေတဲ့ မြန်မာဘက်က ဂျက်တိုက် လေယဉ်တစင်းဟာ ကြာသပတေးနေ့မနက်က ထိုင်းနိုင်ငံလေပိုင်နက်အတွင်းကျူး ကျော်ဝင်ရောက်ခဲ့တဲ့အတွက်ထိုင်းဘက်ကသတိပေးခဲ့ရတယ်လို့ ထိုင်းတာဝန်ရှိသူ တွေကပြောဆိုပါတယ်။
ထိုင်းလေတပ်ရေဒါမှာ မြန်မာဘက်ကနေ တိုက်လေယဉ်တစင်း ထိုင်းနိုင်ငံတပ်ခရိုင် အတွင်းဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ်က F16 တိုက်လေယဉ် ၂ စင်းကို အသင့်ပြင်ထားခဲ့ရကြောင်း ထိုင်းလေတပ်က ကြေငြာချက်ထုတ်ပြန်ပါတယ်။
တိုက်လေယဉ်ဟာထိုင်းနယ်စပ်ကျေးရွာစာသင်ကျောင်းပေါ်ကဖြတ်ပျံသန်းခဲ့တဲ့အတွက် ကျောင်းသားတွေကိုလည်းရွှေ့ပြောင်းခဲ့ရပါတယ်။
“တိုက်လေယဉ်ပျံသန်းသွားသလို၊မြန်မာနိုင်ငံဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတဲ့အတွက် မိဘတွေအနေနဲ့ခလေးတွေလာခေါ်ပြီး၊ ဘေးလွတ်ရာကိုသွားကြဖို့”ကျောင်းဆရာက သတိပေးကြေငြာသွားတာပါ။
နောင်မှာ အခုလိုလေပိုင်နက်ကျူးလွန်မှုမျိုးမဖြစ် အောင်ကာကွယ်တားဆီးဖို့ သက်ဆိုင် ရာမြန်မာတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး ဆွေးနွေးလုပ်ဆောင်ဖို့ ရန်ကုန်မှာရှိတဲ့ ထိုင်း လေတပ်စစ်သံမှုးကိုညွှန်ကြားထား တယ်လို့လည်းထိုင်းလေတပ်ကပြောဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ တိုက်ပွဲကြောင့်ထိုင်းနိုင်ငံဘက်ကိုကျည်တချို့ကျခဲ့တယ်လို့လည်းဆိုပါတယ်။
ထိုင်းမြန်မာနယ်စပ်အနီးကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး၊ အရပ်သားတွေအိုးအိပ်စွန့်ခွါထွက် ပြေးရတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် အိုးအိပ်စွန့်ခွါထွက်ပြေးရ သူ ၁ သန်းကျော်ရှိသွားပြီးလို့ကုလသမဂ္ဂပြောဆိုထားပါတယ်။