သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား ဒုက္ခသည်တွေ အခြေချနေထိုင်ခွင့်ရရေး ကုလသတိပေး


မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)
မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)

(Zawgyi/ Unicode)
မြန်မာနိုင်ငံက ဒုက္ခသည်တွေ အပါအဝင် ကမ ္ဘာတလွှား ဒုက္ခသည် ၂ သန်းကျော်ကို လာမယ့် ၂၀၂၃ ခုနှစ်မှာ တတိယ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ အခြေချနိုင်ရေး လိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည် ၁ ဒသမ ၄၇ သန်း ရှိခဲ့တဲ့ အခု နှစ်ထက် ၃၆ ရာခိုင်နှုန်း တိုးလာတာလည်း ဖြစ်ပါတယ်။ ဒုက္ခသည် ၇၇၈,၀၀၀ ရှိနေတဲ့ ဆီးရီးယားက အများဆုံး လိုအပ်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ ပြောခွင့်ရ Shabia Mantoo က အင်္ဂါနေ့ ဂျီနီဗာ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အခြေချပေးဖို့ လိုအပ်နေတဲ့ ဒုက္ခသည်တွေထဲမှာ အာဖဂန်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ တောင်ဆူဒန်နဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ ၁၁၄,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံ တို့ ဖြစ်ပါတယ်လို့ သူမက ပြောခဲ့ပါတယ်။ စစ်ပွဲ၊ အကြမ်းဖက်မှု၊ ပဋိပက္ခ ဒါမှမဟုတ်လည်း ဖိနှိပ်ချုပ်ချယ်မှု၊ နိုင်ငံတကာ အကာအကွယ် လိုအပ်ချက်တွေကြောင့် ကမ ္ဘာတလွှား ထွက်ပြေးရတဲ့ ဒုက္ခသည် ၂၇ သန်းကျော် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ အရေအတွက် တိုးလာရာမှာ ၁.၂ သန်းလောက် ရှိမယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒုက္ခသည်တွေ ဆန္ဒ အလျောက် နိုင်ငံရင်းကို ပြန်လည် အခြေချခွင့် အလားအလာ မရှိသလို ငြိမ်းချမ်းမှု မရှိတာတွေကြောင့် တတိယ နိုင်ငံတွေမှာ အခြေချဖို့ လိုအပ်ချက်တွေလည်း ပိုပြီး များလာမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ UNHCR ပြောခွင့်ရက သတိပေးပါတယ်။ နိုင်ငံတွေ အနေနဲ့ ဒုက္ခသည် အခြေချခွင့်ကို နှစ်နဲ့ချီ ပေးအပ်ဖို့လည်း UNHCR က ပန်ကြားထားပါတယ်။

မြန်မာနဲ့ ကမ္ဘာတလွှား ဒုက္ခသည်တွေ အခြေချနေထိုင်ခွင့်ရရေး ကုလသတိပေး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG