သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္က တိမ္းေရွာင္လာသူေတြ မီဇိုရမ္မွာ အေထာက္အထားလက္မွတ္ထုတ္ေပး


မီဇိုရမ္ေရာက္ ျမန္မာ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ID လုပ္ေနၾကစဥ္ ( Photo: Zalen News )

တိုက္ပြဲေတြရွိတဲ့ ခ်င္းျပည္နယ္နဲ႕စစ္ကိုင္းတိုင္းထဲက အိႏၵိယႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ မီဇိုရမ္ျပည္နယ္က ဒုကၡသည္ အသိမွတ္ျပဳကတ္ (ID) ထုတ္ေပးတာ အကုန္လုံးနီးပါးရရွိၿပီးလို႕ ဒုကၡသည္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုဥာဏ္၀င္းေအာင္ ကေျပာျပေပးမွာပါ။

ျမန္မာနိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း နိုင္ငံတဝန္း စစ္အာဏာရွင္စနစ္ဆန႔္က်င္မွုေတြရွိလာတဲ့အေပၚ စစ္တပ္က အၾကမ္းဖက္ပစ္ခတ္ၿဖိဳးခြင္းခဲ့လို႕စစ္ကိုင္းတိုင္းနဲ႕ ခ်င္းျပည္နယ္ကေဒသခံေတြဟာ ေဘးလြတ္ရာေဒသေတြမွာနဲ႕ အိမ္နီးခ်င္း အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကပါတယ္။

မီဇိုရမ္ျပည္နယ္ေရာက္ စစ္ေဘးေရွာင္ေတြကို ျပည္နယ္အစိုးရကေန ဒုကၡသည္ အသိမွတ္ျပဳကတ္(ID) ထုတ္ေပးတာ အကုန္လုံးနီးပါးရွိေနၿပီးလို႕ ျပည္နယ္အစိုးရရဲ႕စာရင္းကို ကိုးကားၿပီး မီဇိုရမ္ေရာက္ ခုိႏွဳမ္းသုန္သတင္းဌာနအယ္ဒီတာ ဆလိုင္းေရာဘတ္ကေျပာပါတယ္။

“ အဓိကကေတာ့ မီဇိုရမ္မွာေရာက္ေနတဲ့ျမန္မာစစ္ေဘးေရွာင္ျပည္သူေတြေပါ့ေနာ္။ သူတို႕အတြက္ အစိုးရကေန ဒုကၡသည္ အသိမွတ္ျပဳကတ္ျပားေပါ့ေနာ္။ အဲတာကို သူတို႕က ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလကတည္းကေနစၿပီးေတာ့ကာ ထုတ္ေပးေနတာေပါ့ေနာ္။ သူတို႕ဆက္တိုက္ထုတ္ေပးေနတာ အခုဆိုရင္ အစိုးရရဲ႕ေျပာၾကားခ်က္အရေတာ့ စစ္ေဘးေရွာင္ျပည္သူအားလုံးရဲ႕ လူဦးေရရဲ႕ ၉၉ ရာခိုင္ႏွဳန္း ေက်ာ္ကို သူတို႕ထုတ္ေပးၿပီးသြားၿပီေပါ့ေနာ္။ သူတို႕အခုလဲ ဆက္လက္ထုတ္ေပးေနတယ္ေပါ့ေနာ္။ ”

မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ စစ္ေဘးေရွာင္ျပည္သူေတြကို စနစ္တက်စာရင္းျပဳစုနိုင္ဖို႕ မီဇိုရမ္အ စိုးရကေန ျပည္နယ္အဆင့္၊ ခရိုင္အဆင့္၊ ေက်းရြာအဆင့္အထိ ေကာ္မတီအသီးသီးဖြဲ႕စည္းၿပီးေတာ့ ဒီႏွစ္ ေဖေဖာ္ ဝါရီလ က စလို႕ စစ္ေဘးလြတ္ရာ ထြက္ေျပးလာသူေတြအတြက္ ID ကဒ္ထုတ္ေပးေရးကို အေကာင္ထည္ေဖာ္ေဆာင္ရြက္ခဲ့တာပါ။

မီဇိုရမ္ျပည္ထဲေရးဝန္ႀကီး ဦးေဆာင္မွုနဲ႕ဖြဲ႕စည္းထားေသာ High-Level Committee on Myanmar refugee’s အဖြဲ႕ ဇြန္လ စာရင္းမွတ္တမ္းအရ မီဇိုရမ္ျပည္နယ္မွာ ျမန္မာဒုကၡသည္ ၂၉,၉၀၀ေက်ာ္ရွိတဲ့အနက္ ၂၉,၇၀၀ေက်ာ္ကို အဆိုပါ ID ကတ္ျပားေတြကို ထုတ္ေပးထားၿပီးျဖစ္လို႕ ရာခိုင္ႏွုန္းအားျဖင့္ ၉၉.၂၈ ရွိတယ္လို႕လဲ ေဒသထုတ္ The Aizawl Post သတင္းစာကေန ေဖာ္ျပခဲ့ပါတယ္။

မီဇိုရမ္ျပည္နယ္အစိုးရအေနနဲ႕ ျပည္နယ္တြင္းေရာက္ေနတဲ့ စစ္ေဘးေရွာင္အေရအတြက္စာရင္းသိရွိဖို႕နဲ႕ဒုကၡသည္ အသိမွတ္ျပဳကဒ္(ID)ရွိျခင္းအားျဖင့္တစုံတရာအက်ိဳးရွိမယ္လို႕ ဆလိုင္းေရာဘတ္ကေျပာပါတယ္။

“ မီဇိုရမ္အစိုးရက ဒုကၡသည္ အသိမွတ္ျပဳကတ္ျပားလုပ္တာက သူ႕နိုင္ငံမွာ သူ႕ျပည္နယ္ထဲမွာ ျမန္မာစစ္ေဘးေရွာင္ေတြ ဘယ္ေလာက္အထိဝင္လာသလဲ။ ဘယ္ေလာက္အထိဝင္လာၾကသလဲဆိုတာ စာရင္းအတိအက်ရရွိခ်င္တဲ့အတြက္ေၾကာင့္မို႕လို႕ သူျပဳစုတာျဖစ္တယ္။ တဖက္မွာေတာ့ ဒီဒုကၡသည္ ေတြအေနနဲ႕ အဲဒီကတ္ရရင္ေတာ့ မီဇိုရမ္ျပည္နယ္ထဲမွာ တကယ္လို႕သူ ဒုကၡၾကံဳေတြ႕တဲ့အခါမွာျဖစ္ျဖစ္၊ ၿပီးေတာ့ခရီးသြားခ်င္တဲ့အခါမွာဘဲျဖစ္ျဖစ္ အဲဒီကတ္ကိုအသုံးျပဳၿပီးေတာ့ သြားလာလို႕ရတယ္။ သူ႕အတြက္ပိုၿပီးေတာ့လုံျခံဳမွဳရွိမွာေပါ့ေနာ္။”

လက္ရွိမီဇိုရမ္ျပည္နယ္ေရာက္စစ္ေရွာင္ေတြကို ျပည္နယ္အစိုးရကေန ကူညီေစာင့္ေရွာက္ေပးေနတယ္လို႕ မီဇိုရမ္ NGO United for Democratic Myanmar တြဲဖက္အတြင္းေရးမွူး ကိုရစ္ခ်တ္က ေျပာပါတယ္။

“ မီဇိုရမ္အစိုးရမွာက အဲဒီစစ္ေဘးေရွာင္ေတြအတြက္ သီးသန္႕ခ်မွတ္ထားတဲ့ေငြေၾကးေရးေတာ့မရွိဘူး ဘတ္ဂ်က္မရွိဘူး။ သူကဗဟိုအစိုးရကို စစ္ေဘးေရွာင္ ေတြအတြက္ဆိုၿပီးမွ ပိုက္ဆံေတာင္းထားတာရွိတယ္။ အရင္တေခါက္ကေတာ့သူက သိန္း တေထာင္ေလာက္ေတာင္းတယ္။ ပထမတေခါက္က သူကသိန္းသုံးရာေတာ့ ဗဟိုအစိုးရကခ်ေပးတယ္။ အဲဒီသိန္းသုံးရာ ခ်ေပး လာတဲ့ဟာကို သူကျပည္နယ္တိုင္းမွာရွိတဲ့သူက DC (District Commissioner) ေတြကိုအကုန္လုံးခြဲေဝလိုက္တာ။ DC ကေနတဆင့္ အဲဒီစစ္ေဘးေရွာင္ေတြ လိုအပ္ေနတဲ့ေနရာမွာ သူကျပန္ၿပီးေတာ့မွ ကူညီေဆာင္ရြက္ေပးေနတဲ့ဟာေလးေတြေတာ့ရွိတယ္။ က်န္တဲ့ သိန္း(၇၀၀)လဲ မၾကာခင္ရမွာဘဲလို႕သူတို႕ေမွ်ာ္လင့္တာေပါ့ေနာ္။”

High-Level Committee on Myanmar refugee အဖြဲ႕ရဲ႕စာရင္းမွတ္တမ္းအရ အခုလက္ရွိ မီဇိုရမ္ျပည္နယ္ ခရိုင္ ၆ ခုမွာ စစ္ေဘးေရွာင္စခန္း(၁၄၉) ခုရွိ ၿပီးေတာ့ စခန္းေနစစ္ေဘးေရွာင္ဦးေရ( ၁၁၈၀၀) ေက်ာ္ရွိၿပီး စခန္းျပင္ပမွာ ေနထိုင္ၾကသူ ၁၈၁၀၀ ေက်ာ္ရွိတယ္လို႕ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ခ်င္းလူ႕အခြင့္အဖဖြဲ႕ရဲ႕မွတ္တမ္းအရ ဒီထက္ပိုမ်ားတယ္လို႕ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ဒုတိယအမွဳေဆာင္ဒါရိုက္တာ Za Uk ling ကေျပာပါတယ္။

“ စစ္ေဘးတိမ္းေရွာင္ေနတဲ့အေျခအေနမွာ ကြ်န္ေတာ္တို႕စာရင္းအရ ဒီခ်င္းျပည္နယ္အတြင္းမွာ IDPက(၇၀၀၀၀)နီးပါး ေလာက္ရွိတယ္။ ခ်င္းျပည္နယ္ျပင္ပ အဓိကအားျဖင္ ဒီမီဇိုရမ္ထဲကို ဒီဒုကၡသည္ ေတြအေနနဲ႕ေရာက္လာတဲ့သူေတြ (၅၀၀၀၀) ေက်ာ္ရွိေနၿပီး။ စစ္ေကာင္စီအာဏာသိမ္းၿပီးကတည္းက တသိန္းေက်ာ္ ကြ်န္ေတာ္တို႕ခ်င္းျပည္သူလူထုေတြက ေနရပ္ေတြကို စြန္႕ခြါၿပီးေတာ့ သူတို႕စစ္ေဘးေရွာင္အေနနဲ႕ေနခဲ့တယ္။ ”

ျမန္မာနိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ (၁) ရက္ေန႔က စစ္တပ္အာဏာသိမ္းမွုအၿပီး ျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ ဖလမ္း မတူပီ ထန္တလန္နဲ႔ စစ္ကိုင္းတိုင္းကေလး ၿမိဳ႕နယ္က ေဒသခံေတြကေန မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ ေနၾကသူေတြ ရွိေနဆဲျဖစ္ပါတယ္။ မီဇိုရမ္ျပည္နယ္အစိုးရအပါဝင္ အစိုးရမဟုတ္ တဲ့ (NGO) အဖြဲ႕အစည္းေတြ ဘာသာေရးအသင္းအဖြဲ႕အစည္းေတြကေန ေရာက္ရွိလာတဲ့ ျမန္မာနိုင္ငံဘက္က ဒုကၡသည္ေတြကို အတတ္နိုင္ဆုံး ကူညီေဆာင္ရြက္ေပး ေနတယ္လို႔ ေဒသတြင္း လူမႈအဖြဲ႕အစည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာပြည်က တိမ်းရှောင်လာသူတွေ မီဇိုရမ်မှာ အထောက်အထားလက်မှတ်ထုတ်ပေး

တိုက်ပွဲတွေရှိတဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းထဲက အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် မီဇိုရမ်ပြည်နယ်က ဒုက္ခသည် အသိမှတ်ပြုကတ် (ID) ထုတ်ပေးတာ အကုန်လုံးနီးပါးရရှိပြီးလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ကပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုတွေရှိလာတဲ့အပေါ် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုးခွင်းခဲ့လို့စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေမှာနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရကနေ ဒုက္ခသည် အသိမှတ်ပြုကတ်(ID) ထုတ်ပေးတာ အကုန်လုံးနီးပါးရှိနေပြီးလို့ ပြည်နယ်အစိုးရရဲ့စာရင်းကို ကိုးကားပြီး မီဇိုရမ်ရောက် ခိုနှုမ်းသုန်သတင်းဌာနအယ်ဒီတာ ဆလိုင်းရောဘတ်ကပြောပါတယ်။

“ အဓိကကတော့ မီဇိုရမ်မှာရောက်နေတဲ့မြန်မာစစ်ဘေးရှောင်ပြည်သူတွေပေါ့နော်။ သူတို့အတွက် အစိုးရကနေ ဒုက္ခသည် အသိမှတ်ပြုကတ်ပြားပေါ့နော်။ အဲတာကို သူတို့က ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကနေစပြီးတော့ကာ ထုတ်ပေးနေတာပေါ့နော်။ သူတို့ဆက်တိုက်ထုတ်ပေးနေတာ အခုဆိုရင် အစိုးရရဲ့ပြောကြားချက်အရတော့ စစ်ဘေးရှောင်ပြည်သူအားလုံးရဲ့ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်း ကျော်ကို သူတို့ထုတ်ပေးပြီးသွားပြီပေါ့နော်။ သူတို့အခုလဲ ဆက်လက်ထုတ်ပေးနေတယ်ပေါ့နော်။ ”

မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စနစ်တကျစာရင်းပြုစုနိုင်ဖို့ မီဇိုရမ်အ စိုးရကနေ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ ကျေးရွာအဆင့်အထိ ကော်မတီအသီးသီးဖွဲ့စည်းပြီးတော့ ဒီနှစ် ဖေဖော် ဝါရီလ က စလို့ စစ်ဘေးလွတ်ရာ ထွက်ပြေးလာသူတွေအတွက် ID ကဒ်ထုတ်ပေးရေးကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုနဲ့ဖွဲ့စည်းထားသော High-Level Committee on Myanmar refugee’s အဖွဲ့ ဇွန်လ စာရင်းမှတ်တမ်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၂၉,၉၀၀ကျော်ရှိတဲ့အနက် ၂၉,၇၀၀ကျော်ကို အဆိုပါ ID ကတ်ပြားတွေကို ထုတ်ပေးထားပြီးဖြစ်လို့ ရာခိုင်နှုန်းအားဖြင့် ၉၉.၂၈ ရှိတယ်လို့လဲ ဒေသထုတ် The Aizawl Post သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်းရောက်နေတဲ့ စစ်ဘေးရှောင်အရေအတွက်စာရင်းသိရှိဖို့နဲ့ဒုက္ခသည် အသိမှတ်ပြုကဒ်(ID)ရှိခြင်းအားဖြင့်တစုံတရာအကျိုးရှိမယ်လို့ ဆလိုင်းရောဘတ်ကပြောပါတယ်။

“ မီဇိုရမ်အစိုးရက ဒုက္ခသည် အသိမှတ်ပြုကတ်ပြားလုပ်တာက သူ့နိုင်ငံမှာ သူ့ပြည်နယ်ထဲမှာ မြန်မာစစ်ဘေးရှောင်တွေ ဘယ်လောက်အထိဝင်လာသလဲ။ ဘယ်လောက်အထိဝင်လာကြသလဲဆိုတာ စာရင်းအတိအကျရရှိချင်တဲ့အတွက်ကြောင့်မို့လို့ သူပြုစုတာဖြစ်တယ်။ တဖက်မှာတော့ ဒီဒုက္ခသည် တွေအနေနဲ့ အဲဒီကတ်ရရင်တော့ မီဇိုရမ်ပြည်နယ်ထဲမှာ တကယ်လို့သူ ဒုက္ခကြုံတွေ့တဲ့အခါမှာဖြစ်ဖြစ်၊ ပြီးတော့ခရီးသွားချင်တဲ့အခါမှာဘဲဖြစ်ဖြစ် အဲဒီကတ်ကိုအသုံးပြုပြီးတော့ သွားလာလို့ရတယ်။ သူ့အတွက်ပိုပြီးတော့လုံခြုံမှုရှိမှာပေါ့နော်။”

လက်ရှိမီဇိုရမ်ပြည်နယ်ရောက်စစ်ရှောင်တွေကို ပြည်နယ်အစိုးရကနေ ကူညီစောင့်ရှောက်ပေးနေတယ်လို့ မီဇိုရမ် NGO United for Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ်က ပြောပါတယ်။

“ မီဇိုရမ်အစိုးရမှာက အဲဒီစစ်ဘေးရှောင်တွေအတွက် သီးသန့်ချမှတ်ထားတဲ့ငွေကြေးရေးတော့မရှိဘူး ဘတ်ဂျက်မရှိဘူး။ သူကဗဟိုအစိုးရကို စစ်ဘေးရှောင် တွေအတွက်ဆိုပြီးမှ ပိုက်ဆံတောင်းထားတာရှိတယ်။ အရင်တခေါက်ကတော့သူက သိန်း တထောင်လောက်တောင်းတယ်။ ပထမတခေါက်က သူကသိန်းသုံးရာတော့ ဗဟိုအစိုးရကချပေးတယ်။ အဲဒီသိန်းသုံးရာ ချပေး လာတဲ့ဟာကို သူကပြည်နယ်တိုင်းမှာရှိတဲ့သူက DC (District Commissioner) တွေကိုအကုန်လုံးခွဲဝေလိုက်တာ။ DC ကနေတဆင့် အဲဒီစစ်ဘေးရှောင်တွေ လိုအပ်နေတဲ့နေရာမှာ သူကပြန်ပြီးတော့မှ ကူညီဆောင်ရွက်ပေးနေတဲ့ဟာလေးတွေတော့ရှိတယ်။ ကျန်တဲ့ သိန်း(၇၀၀)လဲ မကြာခင်ရမှာဘဲလို့သူတို့မျှော်လင့်တာပေါ့နော်။”

High-Level Committee on Myanmar refugee အဖွဲ့ရဲ့စာရင်းမှတ်တမ်းအရ အခုလက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင် ၆ ခုမှာ စစ်ဘေးရှောင်စခန်း(၁၄၉) ခုရှိ ပြီးတော့ စခန်းနေစစ်ဘေးရှောင်ဦးရေ( ၁၁၈၀၀) ကျော်ရှိပြီး စခန်းပြင်ပမှာ နေထိုင်ကြသူ ၁၈၁၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ချင်းလူ့အခွင့်အဖဖွဲ့ရဲ့မှတ်တမ်းအရ ဒီထက်ပိုများတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ဒုတိယအမှုဆောင်ဒါရိုက်တာ Za Uk ling ကပြောပါတယ်။

“ စစ်ဘေးတိမ်းရှောင်နေတဲ့အခြေအနေမှာ ကျွန်တော်တို့စာရင်းအရ ဒီချင်းပြည်နယ်အတွင်းမှာ IDPက(၇၀၀၀၀)နီးပါး လောက်ရှိတယ်။ ချင်းပြည်နယ်ပြင်ပ အဓိကအားဖြင် ဒီမီဇိုရမ်ထဲကို ဒီဒုက္ခသည် တွေအနေနဲ့ရောက်လာတဲ့သူတွေ (၅၀၀၀၀) ကျော်ရှိနေပြီး။ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက တသိန်းကျော် ကျွန်တော်တို့ချင်းပြည်သူလူထုတွေက နေရပ်တွေကို စွန့်ခွါပြီးတော့ သူတို့စစ်ဘေးရှောင်အနေနဲ့နေခဲ့တယ်။ ”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုအပြီး ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ဖလမ်း မတူပီ ထန်တလန်နဲ့ စစ်ကိုင်းတိုင်းကလေး မြို့နယ်က ဒေသခံတွေကနေ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင် နေကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအပါဝင် အစိုးရမဟုတ် တဲ့ (NGO) အဖွဲ့အစည်းတွေ ဘာသာရေးအသင်းအဖွဲ့အစည်းတွေကနေ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး နေတယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG