သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မသကၤာသူ မူးယစ္ေမွာင္ခို ၈ ဦး ထိုင္းတပ္ဖဲြ႔ အေသပစ္ခတ္ဖမ္းဆီး


မူးယစ္ေမွာင္ခုိသမားေတြကို ပစ္ခတ္ဖမ္းဆီးခဲ့တဲ့ ထုိင္းနယ္ျခားေစာင့္တပ္ဖြဲ႔ဝင္မ်ား။ (ဧၿပီ ၃၀၊ ၂၀၂၂။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္၊ မယ့္ဖာလြမ္ေဒသမွာ စေနေန႔ အေစာပိုင္းက ျမန္မာႏိုင္ငံဘက္က ဝင္ေရာက္လာတယ္လို႔ ယူဆရတဲ့ မသကၤာသူ မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြနဲ႔ ထုိင္းနယ္ျခားေစာင့္တပ္ေတြ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။ ပစ္ခတ္မႈမွာ မူးယစ္ေမွာင္ခိုသမား ၈ ဦး ေသဆုံးခဲ့ၿပီး ကာလတန္ဖိုး ထိုင္းဘတ္ေငြ သန္းတေထာင္နီးပါး တန္ဖိုးရွိတဲ့ စိတ္ႂကြဆးျပား ၄ သန္းခဲြကိုလည္း ဖမ္းမိတယ္လို့ ထုိင္းအာဏာပိုင္ေတြ သတင္းထုတ္ျပန္ခဲ့တာပါ။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို့ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ မယ့္ဖာလြမ္ေဒသမွာ ဧျပီလ ၃၀ ရက္ေန့ မနက္ ၂ နာရီေက်ာ္အခ်ိန္ေလာက္က ထုိင္းနယ္ျခားေစာင့္တပ္ေတြနဲ့ မူးယစ္ေမွာင္ခိုသမားေတြ ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။

မယ့္ဖာလြမ္ တုံေမာင္ေက်းရြာအနီးမွာ ကင္းလွည့္ေနတဲ့ ထိုင္းနယ္ျခားေစာင့္တပ္ရင္း အမွတ္ ၃ က တပ္ဖြဲ႔ဝင္ေတြဟာ ျမန္မာနိုင္ငံဘက္ကေန ဝင္လာတဲ့ မူးယစ္ေမွာင္ခိုသမားေတြနဲ့ ၁၀ မိနစ္အၾကာ ႏွစ္ဖက္တိုက္ပြဲေတြ ျဖစ္ေနခ်ိန္ ထိုင္းတပ္ဘက္က စစ္ကူတပ္ဖဲြ႔ေတြ ထပ္ေရာက္လာျပီး မူးယစ္ေမွာင္ခုိသမားေတြကို ပိတ္ဆို႔ပစ္ခတ္ရာမွာ မူးယစ္ေဆးဝါး သယ္ေဆာင္လာတဲ့ လက္နက္ကိုင္ ၈ ဦးကို အေသဖမ္းမိခဲ့ျပီး တခ်ိဳ႕ကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။

တိုက္ပဲြျဖစ္ျပီးတဲ့ေနာက္ မူးယစ္ေမွာင္ခိုသမားေတြ သယ္ေဆာင္လာတဲ့ အိတ္ေတြ သိမ္းဆည္းမိျပီး အဲဒီထဲမွာ စိတ္ႂကြေဆးျပား အလုံုးေရ ၄ သန္းခဲြ ဖမ္းမိခဲ့တယ္လို့ ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။

အခင္းျဖစ္ပြားတဲ့ေနရာကို အမတ္ ၃ ေဒသ ဗိုလ္မွဴးႀကီး Suthikhet Srininthin နဲ႔ အဖြဲ႔ဝင္ေတြ လာေရာက္စစ္ေဆးၿပီး သတင္းေထာက္ေတြကို ထိုင္းဘာသာနဲ့ အခုလို ေျပာသြားပါတယ္။

“က်ေနာ္တို႔အေနနဲ႔ လံုၿခံုေရးအင္အားအျပည့္နဲ့ ေစာင့္ၾကည့္ေနတာပါ။ အခုကာလမွာ မူးယစ္ေမွာင္ခိုဂိုဏ္းေတြက ထုိင္းႏိုင္ငံထဲကုိ ဆက္တိုက္ဝင္ေရာက္ေနတာေၾကာင့္ ထုိင္းနယ္ျခားေစာင့္တပ္ေတြက ေန့ညမျပတ္ ေစာင့္ၾကည့္ ကင္းလွည့္ေနတုန္း အခုလို မူးယစ္ေမွာင္ခိုသမားေတြနဲ့ ထိပ္တိုက္ေတြ႔ခဲ့ျပီး တိုက္ပဲြျဖစ္ခဲ့တာ။” လို့ ဆုိပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ ဧျပီလအတြင္း ထိုင္းေျမာက္ပိုင္း ေရႊႀတိဂံေဒသကေန ဝင္ေရာက္လာတဲ့ စိတ္ႂကြေဆးျပား ၁၅ သန္းေက်ာ္ကို ဖမ္းဆီးမိခဲ့ပါတယ္။ ဒီလထဲမွာပဲ ထုိင္း-ျမန္မာနယ္စပ္ မယ့္ဖာလြမ္ေဒသမွာ မူးယစ္ေမွာင္ခိုဂိုဏ္းေတြနဲ့ ထုိင္းနယ္ျခားေစာင့္တပ္တို့ ၃ ႀကိမ္ ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။ ဒီတႀကိမ္မွာေတာ့ မူးယစ္ေမွာင္ခိုသမား အမ်ားအျပားကို အေသပစ္ခတ္ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မသင်္ကာသူ မူးယစ်မှောင်ခို ၈ ဦး ထိုင်းတပ်ဖွဲ့ အသေပစ်ခတ်ဖမ်းဆီး

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလွမ်ဒေသမှာ စနေနေ့ အစောပိုင်းက မြန်မာနိုင်ငံဘက်က ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ မသင်္ကာသူ မူးယစ်ဆေးဝါး မှောင်ခိုသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုမှာ မူးယစ်မှောင်ခိုသမား ၈ ဦး သေဆုံးခဲ့ပြီး ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်းတထောင်နီးပါး တန်ဖိုးရှိတဲ့ စိတ်ကြွဆးပြား ၄ သန်းခွဲကိုလည်း ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ့်ဖာလွမ်ဒေသမှာ ဧပြီလ ၃၀ ရက်နေ့ မနက် ၂ နာရီကျော်အချိန်လောက်က ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ မူးယစ်မှောင်ခိုသမားတွေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

မယ့်ဖာလွမ် တုံမောင်ကျေးရွာအနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ရင်း အမှတ် ၃ က တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံဘက်ကနေ ဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ၁၀ မိနစ်အကြာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန် ထိုင်းတပ်ဘက်က စစ်ကူတပ်ဖွဲ့တွေ ထပ်ရောက်လာပြီး မူးယစ်မှောင်ခိုသမားတွေကို ပိတ်ဆို့ပစ်ခတ်ရာမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လက်နက်ကိုင် ၈ ဦးကို အသေဖမ်းမိခဲ့ပြီး တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် မူးယစ်မှောင်ခိုသမားတွေ သယ်ဆောင်လာတဲ့ အိတ်တွေ သိမ်းဆည်းမိပြီး အဲဒီထဲမှာ စိတ်ကြွဆေးပြား အလုံးရေ ၄ သန်းခွဲ ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို အမတ် ၃ ဒေသ ဗိုလ်မှူးကြီး Suthikhet Srininthin နဲ့ အဖွဲ့ဝင်တွေ လာရောက်စစ်ဆေးပြီး သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“ကျနော်တို့အနေနဲ့ လုံခြုံရေးအင်အားအပြည့်နဲ့ စောင့်ကြည့်နေတာပါ။ အခုကာလမှာ မူးယစ်မှောင်ခိုဂိုဏ်းတွေက ထိုင်းနိုင်ငံထဲကို ဆက်တိုက်ဝင်ရောက်နေတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်တွေက နေ့ညမပြတ် စောင့်ကြည့် ကင်းလှည့်နေတုန်း အခုလို မူးယစ်မှောင်ခိုသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တာ။” လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ဧပြီလအတွင်း ထိုင်းမြောက်ပိုင်း ရွှေတြိဂံဒေသကနေ ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြား ၁၅ သန်းကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဒီလထဲမှာပဲ ထိုင်း-မြန်မာနယ်စပ် မယ့်ဖာလွမ်ဒေသမှာ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ၃ ကြိမ် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ မူးယစ်မှောင်ခိုသမား အများအပြားကို အသေပစ်ခတ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG