သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာ အဖမ္းခံရတဲ႔ အေထာက္အထားမဲ႔ ျမန္မာ တပတ္အတြင္း ၅၀၀


photo-ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာမတ္လ (၅)ရက္ေန့က ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား( Royal Thai Army)

ထို္င္းျမန္မာနယ္စပ္၊ ထိုင္းမေလးနယ္စပ္ စတဲ့ ထုိင္းနိုင္ငံရဲ႕ ျပည္နယ္ (၇) ခုေလာက္မွာ မတ္လ ၁ ရက္ေန့က မတ္လ ၇ ရက္ေန့ အထိ တပတ္အတြင္း လူကုန္ကူးသူေတြေခၚလာတဲ့ ျမန္မာႏိုင္ငံသား (၅၀၀) ေလာက္အစုအေ၀းနဲ့ ဖမ္းမိပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ လူကုန္ကူးမူနဲ့ကုိဗစ္ကပ္ေရာဂါကူးစက္မူေတြမ်ားလာတဲ့အတြက္ ထုိ္င္းျပည္တဲေရး၀န္ႀကီး ဌာနက ျပည္နယ္အုပ္ခ်ဳပ္ေရမွဴးေတြကိုလံုျခံုေရးအရ ပုိမုိေစာင့္ႀကည့္စစ္ေဆးဖို႔ ညြန္ၾကား ခ်က္ထုတ္ျပန္ ထားခ်ိန္မွာပဲ ထုိင္းျမန္မာနယ္စပ္ျပည္နယ္ေတြမွာတပတ္အတြင္းျမန္မာႏိုင္ငံသား (၅၀၀) ၀န္းက်င္ ဖမ္းဆီးခံရေႀကာင္း ျမန္မာျပည္သားမ်ား အေရးပူးတဲြလွဳပ္ရွားမႈ ေကာ္မတီ ဥကၠဌ ဦးမုိးႀကိဳးကအခုလိုေျပာပါတယ္။

"ထုိင္းျမန္မာနယ္စပ္၀င္ေပါက္အသီးသီးကေန ေန့စဥ္ဆိုသလိုပဲ အလုပ္အကုိင္ရွာေဖြဖို့လာႀကတဲ့ ျမန္မာေတြအေတာ္မ်ားမ်ား တရားမ၀င္ခိုး၀င္တယ္။ ၂၀၂၂ခုႏွစ္မတ္လ ၁ ရက္ေန့ကေန ၇ ရက္ေန့ထိ ခုနစ္ရက္အတြင္းမွာျမန္မာ (၅၀၀) ၀န္းက်င္ေလာက္အတိအက်ေျပာရရင္ ၄၉၆ ေယာက္ ဖမ္းမိတဲ့အေႀကာင္းထုိင္းလံုျခံုေရးအဖဲြ့ေတြကသတင္းထုတ္ျပန္ထားပါတယ္။"

ထုိင္းျမန္မာနယ္စပ္ေတြမွာေတာ့ အစုလိုက္အျပံုလိုက္အဖမ္းခံရသလို ထုိင္းမေလးနယ္စပ္မွာလည္း လူကုန္ကူးသူေတြ စြန္ပစ္ထားခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြ အဖမ္းခံရတာေတြလည္းရွိေနတာပါ။ ထိုင္းျမန္မာနယ္စပ္ ရေနာင္းဘက္မွာေတာ့- တည္ခိုခန္းတခုမွာ တည္းခို္ေနတဲ့ျမန္မာႏိုင္ငံသားေတြဖမ္းဆီးခံရေတြရွိပါတယ္။ ျပည္နယ္ (၃) ခုေလာက္မွာေတာ့အစုအေ၀းနဲ့ဖမ္းဆီးခံရတယ္္လုိ့လည္း ဦးမုိးႀကိဳးကေျပာပါတယ္။

"အမ်ားဆံုး၀င္ေရာက္တာကေတာ့ကမ္ခ်နဘူရီျပည္နယ္ ဒုတိယအမ်ားဆံုးကေတာ့ ပရာက်ြန္ခီရီကန္ျပည္နယ္၊ တတိယအမ်ားဆံုးက တာ့ခ္ျပည္နယ္ထဲကျဖစ္ပါတယ္။ခ်င္းမိုင္ျပည္နယ္ခ်င္းရိုင္ျပည္နယ္ ရေနာင္းျပည္နယ္ထဲမွာလည္း၀င္ရာက္တာရွိတယ္ နယ္စပ္မွာမဟုတ္ပဲ ထုိင္းႏိုင္ငံအတြင္းပုိင္းဘန္ေကာက္အနီးကနကြန္စ၀မ္ဆိုတဲ့ေနရာမွာလည္း ပစ္ကပ္ကား ၂စီးနဲ့လူ၄၄ေယာက္ဖမ္းမိရိွတယ္ ထုိင္းမေလးနယ္စပ္ဆံုခလာျပည္နယ္ထဲမွာ လည္းလူ၄၀ေလာက္ဖမ္းမိတာလည္းရွိတယ္။"

အခုဆိုရင္ ၂၀၂၂ခုႏွစ္ႏွစ္စကစျပိး ဇန္န၀ါ၇ီလနဲ့ေဖေဖၚ၀ါရီလ ၂လထဲမွာေတာင္ျမန္မာႏို္င္ငံသား တေသာင္၀န္းက်င္ေလာက္ဖမ္းဆီးခံထားရပါတယ္။ ဖမ္းဆီးခံရသူေတြဟာျမန္မာႏို္င္ငံမွာႏိုင္ငံေရးမတည္ျငိမ္မူ့ စီးပြားေရးခက္ခဲမႈ ေတြေႀကာင့္အလုပ္အကုိင္ရွာေဖြဖို့အတြက္ လူကုန္ကူးသူေတြနဲ့ လာႀကရင္းနဲ့ဖမ္းဆိီးခံရတာျဖစ္ပါတယ္။
===========================

ထိုင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာ တပတ်အတွင်း ၅၀၀

ထိုင်းမြန်မာနယ်စပ်၊ ထိုင်းမလေးနယ်စပ် စတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်နယ် (၇) ခုလောက်မှာ မတ်လ ၁ ရက်နေ့က မတ်လ ၇ ရက်နေ့ အထိ တပတ်အတွင်း လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား (၅၀၀) လောက်အစုအဝေးနဲ့ ဖမ်းမိပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမူနဲ့ကိုဗစ်ကပ်ရောဂါကူးစက်မူတွေများလာတဲ့အတွက် ထိုင်းပြည်တဲရေးဝန်ကြီး ဌာနက ပြည်နယ်အုပ်ချုပ်ရေမှူးတွေကိုလုံခြုံရေးအရ ပိုမိုစောင့်ကြည့်စစ်ဆေးဖို့ ညွန်ကြား ချက်ထုတ်ပြန် ထားချိန်မှာပဲ ထိုင်းမြန်မာနယ်စပ်ပြည်နယ်တွေမှာတပတ်အတွင်းမြန်မာနိုင်ငံသား (၅၀၀) ဝန်းကျင် ဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းမြန်မာနယ်စပ်ဝင်ပေါက်အသီးသီးကနေ နေ့စဉ်ဆိုသလိုပဲ အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေအတော်များများ တရားမဝင်ခိုးဝင်တယ်။ ၂၀၂၂ခုနှစ်မတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့ထိ ခုနစ်ရက်အတွင်းမှာမြန်မာ (၅၀၀) ဝန်းကျင်လောက်အတိအကျပြောရရင် ၄၉၆ ယောက် ဖမ်းမိတဲ့အကြောင်းထိုင်းလုံခြုံရေးအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။"

ထိုင်းမြန်မာနယ်စပ်တွေမှာတော့ အစုလိုက်အပြုံလိုက်အဖမ်းခံရသလို ထိုင်းမလေးနယ်စပ်မှာလည်း လူကုန်ကူးသူတွေ စွန်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရတာတွေလည်းရှိနေတာပါ။ ထိုင်းမြန်မာနယ်စပ် ရနောင်းဘက်မှာတော့- တည်ခိုခန်းတခုမှာ တည်းခိုနေတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတွေရှိပါတယ်။ ပြည်နယ် (၃) ခုလောက်မှာတော့အစုအဝေးနဲ့ဖမ်းဆီးခံရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

"အများဆုံးဝင်ရောက်တာကတော့ကမ်ချနဘူရီပြည်နယ် ဒုတိယအများဆုံးကတော့ ပရာကျွန်ခီရီကန်ပြည်နယ်၊ တတိယအများဆုံးက တာ့ခ်ပြည်နယ်ထဲကဖြစ်ပါတယ်။ချင်းမိုင်ပြည်နယ်ချင်းရိုင်ပြည်နယ် ရနောင်းပြည်နယ်ထဲမှာလည်းဝင်ရာက်တာရှိတယ် နယ်စပ်မှာမဟုတ်ပဲ ထိုင်းနိုင်ငံအတွင်းပိုင်းဘန်ကောက်အနီးကနကွန်စဝမ်ဆိုတဲ့နေရာမှာလည်း ပစ်ကပ်ကား ၂စီးနဲ့လူ၄၄ယောက်ဖမ်းမိရှိတယ် ထိုင်းမလေးနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ လည်းလူ၄၀လောက်ဖမ်းမိတာလည်းရှိတယ်။"

အခုဆိုရင် ၂၀၂၂ခုနှစ်နှစ်စကစပြိး ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလ ၂လထဲမှာတောင်မြန်မာနိုင်ငံသား တသောင်ဝန်းကျင်လောက်ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူ့ စီးပွားရေးခက်ခဲမှု တွေကြောင့်အလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးသူတွေနဲ့ လာကြရင်းနဲ့ဖမ်းဆီးခံရတာဖြစ်ပါတယ်။

XS
SM
MD
LG