သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္သူ ျမန္မာ ၃၀၀ ခန္႔ ဖမ္းဆီးခံရ


ဓာတ္ပံု - ထိုင္းႏုိင္ငံ ကမ္ခ်နဘူရီနဲ႔ ပရာကြ်တ္ခီရီကန္ ျပည္နယ္ထဲမွာ မတ္လ (၂၀)ရက္ေန႔က ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား( Royal Thai Army)

(Zawgyi/ Unicode)

ထို္င္း - ျမန္မာ နယ္စပ္ ျပည္နယ္ ၄ ခုမွာ မတ္လ ၁၈ ရက္ေန႔ကေန မတ္လ ၂၂ ရက္ေန႔ အထိ ၅ ရက္အတြင္း လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေလာက္ ဖမ္းဆီးမိခဲ့ပါတယ္။ ထိုင္းႏိုင္ငံထဲကို ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္ေရာက္လာသူေတြ ဆက္တုိက္ ၀င္ေရာက္ေနတဲ့ သတင္းကို ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ လူကုန္ကူးမူနဲ႔ ကုိဗစ္ကပ္ေရာဂါ ကူးစက္မူေတြ မ်ားလာတဲ့အတြက္ ထုိ္င္း ျပည္ထဲေရး ၀န္ႀကီးဌာနက ျပည္နယ္ အုပ္ခ်ဳပ္ေရမွဴးေတြကို လံုၿခံဳေရးအရ ပုိမုိေစာင့္ၾကည့္စစ္ေဆးဖို႔ ေဖေဖၚ၀ါရီလ ၂၀ ရက္ေန႔တုန္းက ညႊန္ၾကားခ်က္ ထုတ္ျပန္ထားၿပီးတဲ့ေနာက္ အေထာက္အထားမဲ့ ၀င္လာတဲ့ ျမန္မာႏိုင္ငံသားေတြ အစုအေ၀းနဲ႔ ဖမ္းဆီးခံေနရပါတယ္။ ထုိင္း ျမန္မာနယ္စပ္ ျပည္နယ္ ၄ ခုျဖစ္တ့ဲ ကန္ခ်နဘူရီ၊ ပရာကၽြတ္ခီရီကန္၊ ခ်င္းမိုင္၊ ခ်င္းရိုင္ ျပည္နယ္ေတြမွာ ၅ ရက္အတြင္းျမန္မာႏိုင္ငံသား ၃၀၀ ၀န္းက်င္ အဖမ္းဆီးခံရေႀကာင္း ျမန္မာျပည္သားမ်ား အေရး ပူးတဲြလွဳပ္ရွားမႈ ေကာ္မတီရဲ ့ဥကၠဌ ဦးမုိးႀကိဳးကအခုလိုေျပာပါတယ္။

“ ဖမ္းမိတာကေတာ့ ခ်င္းမိုင္၊ ခ်င္းရိုင္ဘက္မွာ ၈၄ ေယာက္ေလာက္ဖမ္းမိတယ္။ မတ္လ ၁၉ ရက္နဲ႔ ၂၀ ရက္ေန႔မွာေတာ့ ပရာကြ်တ္ခီရီကန္နဲ႔ ကန္ခ်နဘူရီ ျပည္နယ္ထဲမွာေတာ့ စုစုေပါင္း ၁၈၅ ေယာက္ဖမ္းမိတယ္။ အဲဒီမွာ လမ္းျပ ပဲြစား ၃ ဦး ၊ ေမာ္ေတာ္ယာဥ္ ၃စီးနဲ႔ အတူ ဖမ္းမိတယ္။ လမ္းျပကေတာ့ ထုိင္းႏိုင္ငံသားေတြပါ။ မတ္လ ၂၁ နဲ႔ ၂၂ ရက္ေန႔ ၂ ရက္မွာေတာ့ ကမ္ခ်နဘူရီျပည္နယ္ထဲက ေနရာ၂ ေနရာမွာေတာ့ စုစုေပါင္း ၆၃ ဦး ဖမ္းမိတယ္။ လမ္းျပ ကူညီတဲ႔ ထုိင္းႏိုင္ငံသား ပဲြစား ၆ ဦးလည္း ဖမ္းမိတယ္။ တဆက္တည္းမွာပဲ မတ္လ ၂၂ ရက္ေန႔မွာ ခ်င္းမိုင္ျပည္နယ္ မဲဆုိင္ဘက္မွာေတာ့ ျမန္မာ ၂၃ ဦး ဖမ္းမိတယ္။ အားလံုး ေပါင္းလိုက္ရင္ ခ်င္းမိုင္၊ ခ်င္းရိုင္၊ ပရာကၽြတ္ခီရီကန္၊ ကန္ခ်နဘူရီ ျပည္နယ္ေတြမွာ မတ္လ ၁၈ ကေန ၂၂ ထိ ဖမ္းမိတာက အားလံုးေပါင္း ၂၇၁ေ ယာက္ ဖမ္းမိတယ္။ လမ္းျပလူပဲြစား ၉ ဦးနဲ႔ ကား ၃ စီးဖမ္းမိပါတယ္။”

မတ္လဆန္း ကေန မတ္လ ၂၂ ရက္အတြင္း ျမန္မာႏိုင္ငံသား ၁,၃၀၀ ေက်ာ္နဲ႔ လူေမွာင္ခုိ ပဲြစား ၃၀ ေလာက္ ဖမ္းမိတယ္လို႔လည္း ဦးမုိးႀကိဳးက ေျပာပါတယ္။

“ မတ္လ အတြင္းမွာေတာ့ ျမန္မာႏို္င္ငံသား ၁,၃၁၄ ေယာက္နဲ႔ လူေမွာင္ခုိပဲြစား၂၉ ေယာက္ ဖမ္းမိပါတယ္။”
အခုဆိုရင္ ၂၀၂၂ ခုႏွစ္ ႏွစ္စက စၿပီး ဇန္န၀ါရီလနဲ႔ ေဖေဖၚ၀ါရီလ ၂ လထဲမွာတင္ ျမန္မာႏို္င္ငံသား ၁၀,၀၀၀ ၀န္းက်င္ေလာက္ ဖမ္းဆီးခံထားရပါတယ္။ ၂၀၂၁ ခုႏွစ္အတြင္း ထိုင္းႏုိင္ငံထဲ အေထာက္အထားမဲ့ ၀င္လာတဲ့ ႏိုင္ငံျခားသား ၆၀,၀၀၀ ေက်ာ္ဖမ္းဆီးခံရၿပီး ဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

အဖမ္းအဆီးေတြ မ်ားေနေပမဲ႔ လူကုန္ကူးသူေတြ ေခၚလာတ့ဲ ျမန္မာႏို္င္ငံသားေတြ အစုလိုက္ အၿပံဳလိုက္ ႐ွိေနဆဲမို႔ ကုိဗစ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔နဲ႔ ထိုင္းႏိုင္ငံတြင္း လူကုန္ကူးမႈေတြကို ထိထိေရာက္ေရာက္ အေရးယူ ေဆာင္ရြက္ႏုိင္ဖို႔ ျပည္နယ္အသီးသီးက အုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း ထုိင္း ျပည္ထဲေရး ၀န္ႀကီးဌာနက ညြန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ မြန်မာ ၃၀၀ ခန့် ဖမ်းဆီးခံရ

ထိုင်း - မြန်မာ နယ်စပ် ပြည်နယ် ၄ ခုမှာ မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ အထိ ၅ ရက်အတွင်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက် ဖမ်းဆီးမိခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေ ဆက်တိုက် ဝင်ရောက်နေတဲ့ သတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမူနဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေ များလာတဲ့အတွက် ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်နယ် အုပ်ချုပ်ရေမှူးတွေကို လုံခြုံရေးအရ ပိုမိုစောင့်ကြည့်စစ်ဆေးဖို့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တုန်းက ညွှန်ကြားချက် ထုတ်ပြန်ထားပြီးတဲ့နောက် အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုအဝေးနဲ့ ဖမ်းဆီးခံနေရပါတယ်။

ထိုင်း မြန်မာနယ်စပ် ပြည်နယ် ၄ ခုဖြစ်တဲ့ ကန်ချနဘူရီ၊ ပရာကျွတ်ခီရီကန်၊ ချင်းမိုင်၊ ချင်းရိုင် ပြည်နယ်တွေမှာ ၅ ရက်အတွင်းမြန်မာနိုင်ငံသား ၃၀၀ ဝန်းကျင် အဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ ဖမ်းမိတာကတော့ ချင်းမိုင်၊ ချင်းရိုင်ဘက်မှာ ၈၄ ယောက်လောက်ဖမ်းမိတယ်။ မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာတော့ ပရာကျွတ်ခီရီကန်နဲ့ ကန်ချနဘူရီ ပြည်နယ်ထဲမှာတော့ စုစုပေါင်း ၁၈၅ ယောက်ဖမ်းမိတယ်။ အဲဒီမှာ လမ်းပြ ပွဲစား ၃ ဦး ၊ မော်တော်ယာဉ် ၃စီးနဲ့ အတူ ဖမ်းမိတယ်။ လမ်းပြကတော့ ထိုင်းနိုင်ငံသားတွေပါ။ မတ်လ ၂၁ နဲ့ ၂၂ ရက်နေ့ ၂ ရက်မှာတော့ ကမ်ချနဘူရီပြည်နယ်ထဲက နေရာ၂ နေရာမှာတော့ စုစုပေါင်း ၆၃ ဦး ဖမ်းမိတယ်။ လမ်းပြ ကူညီတဲ့ ထိုင်းနိုင်ငံသား ပွဲစား ၆ ဦးလည်း ဖမ်းမိတယ်။ တဆက်တည်းမှာပဲ မတ်လ ၂၂ ရက်နေ့မှာ ချင်းမိုင်ပြည်နယ် မဲဆိုင်ဘက်မှာတော့ မြန်မာ ၂၃ ဦး ဖမ်းမိတယ်။ အားလုံး ပေါင်းလိုက်ရင် ချင်းမိုင်၊ ချင်းရိုင်၊ ပရာကျွတ်ခီရီကန်၊ ကန်ချနဘူရီ ပြည်နယ်တွေမှာ မတ်လ ၁၈ ကနေ ၂၂ ထိ ဖမ်းမိတာက အားလုံးပေါင်း ၂၇၁ေ ယာက် ဖမ်းမိတယ်။ လမ်းပြလူပွဲစား ၉ ဦးနဲ့ ကား ၃ စီးဖမ်းမိပါတယ်။”

မတ်လဆန်း ကနေ မတ်လ ၂၂ ရက်အတွင်း မြန်မာနိုင်ငံသား ၁,၃၀၀ ကျော်နဲ့ လူမှောင်ခို ပွဲစား ၃၀ လောက် ဖမ်းမိတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

“ မတ်လ အတွင်းမှာတော့ မြန်မာနိုင်ငံသား ၁,၃၁၄ ယောက်နဲ့ လူမှောင်ခိုပွဲစား ၂၉ ယောက် ဖမ်းမိပါတယ်။”

အခုဆိုရင် ၂၀၂၂ ခုနှစ် နှစ်စက စပြီး ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလ ၂ လထဲမှာတင် မြန်မာနိုင်ငံသား ၁၀,၀၀၀ ဝန်းကျင်လောက် ဖမ်းဆီးခံထားရပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ဝင်လာတဲ့ နိုင်ငံခြားသား ၆၀,၀၀၀ ကျော်ဖမ်းဆီးခံရပြီး ဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

အဖမ်းအဆီးတွေ များနေပေမဲ့ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ရှိနေဆဲမို့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG