(Zawgyi / Unicode)
ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ေသာင္ရင္းျမစ္အနီးမွာ ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြက မသကၤာဖြယ္ ကားတစီးကို ရပ္တန႔္စစ္ေဆးခဲ့ရာမွာ လူကုန္ကူးသူေတြက တာလပတ္မိုးကာစမ်ားနဲ႔ အုပ္ၿပီး ေခၚလာတဲ့ ျမန္မာႏိုင္ငံသား ၁၄ ဦးကို ဧၿပီလ ၂ ရက္ေန႔က ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။
ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ အမွတ္ ၁ ခ်စ္ၾကည္ေရးတံတားအနီးက ျမန္မာႏိုင္ငံသားေတြ ကူးလာတတ္တဲ့ ေလွဆိပ္ေတြနဲ႔ အနီးတဝိုက္ကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႔ေတြ အပါအဝင္ အဖြဲ႔စုံက စစ္ေဆးမႈေတြ လုပ္ခဲ့ရာမွာ ဧၿပီလ ၂ ရက္ေန႔ မနက္အေစာႀကီးမွာေတာ့ တာလပတ္မိုးကာစေတြ အုပ္ၿပီး ျမန္မာႏိုင္ငံသားေတြကို ဖြက္ၿပီး လူေမွာင္ခိုသယ္ေဆာင္လာတဲ့ ကားတစီးကို စစ္ေဆးရင္း ဖမ္းဆီးခဲ့တာပါ။ ကားေပၚမွာပါလာတဲ့ ျမန္မာႏိုင္ငံသား ၁၄ ဦး ဖမ္းမိခဲ့ေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠ႒ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။
“ဒီေန႔ ၂၀၂၂ ခုႏွစ္ ဧၿပီလ ၂ ရက္ေန႔ မနက္အေစာပိုင္း ၅ နာရီေက်ာ္ေလာက္မွာ မဲေဆာက္ၿမိဳ႕ ေသာင္ရင္းျမစ္ကမ္းနားမွာ မသကၤာဖြယ္ ပစ္ကပ္ကားတစီးေပၚမွာ တရားမဝင္ ျမန္မာ ၁၄ ေယာက္ ဖမ္းမိတယ္။ ျမန္မာေတြတင္လာတဲ့ ကားကို လုံၿခဳံေရးအဖြဲ႔က စစ္ေဆးတဲ့အခါမွာ တရားမဝင္ ျမန္မာ ၁၄ ေယာက္ကို ေတြ႔ၿပီး ဖမ္းလိုက္တယ္။ သူတို႔ကို ကိုယ္ပူခ်ိန္စစ္တာ၊ ကိုဗစ္ကပ္ေရာဂါကို စစ္တာေတာ့ က်န္းမာေရးနဲ႔ ပတ္သက္လို႔ မသကၤာစရာ အေျခအေနေတြ ဘာမွမေတြ႔ရဘူး။”
ကားေပၚမွာ မိုးကာစေတြနဲ႔ ဖုံးကြယ္ၿပီး လိုက္ပါလာတဲ့ ျမန္မာႏိုင္ငံသားေတြဟာ စမြတ္ပရာကန္ျပည္နယ္အထိ သြားၿပီး ပန္းရံအလုပ္ လုပ္ကိုင္ဖို႔အတြက္ လူပြဲစားေတြကို ဘတ္ေငြ ၂၂,၀၀၀ ထိ ေပးခဲ့ၾကရတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ မတ္လထဲမွာေတာ့ ျမန္မာႏိုင္ငံသား ၁,၆၀၀ ေလာက္နဲ႔ လူကုန္ကူးတဲ့ လူပြဲစား ၁၈ ေယာက္ေလာက္ ဖမ္းမိခဲ့ေၾကာင္းကိုလည္း ဦးမိုးႀကိဳးက ေျပာပါတယ္။
“၂၀၂၂ ခုႏွစ္ မတ္လထဲမွာ ၁,၆၀၀ ေလာက္ ဖမ္းခံရတယ္။ ပြဲစားစုစုေပါင္း ၁၈ ေယာက္ ဖမ္းမိတယ္။ မတ္လထဲမွာ လူပြဲစား လူေမွာင္ခုိ ဖမ္းမိတာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီလထဲမွာေတာ့ ျမန္မာ ၄,၀၀၀ ေက်ာ္ အဖမ္းခံရတယ္။ ေဖေဖာ္ဝါရီလထဲမွာေတာ့ ၅,၀၀၀ ေက်ာ္ ဖမ္းခံရတယ္။ ၂ လေပါင္းေတာ့ ၁၀,၀၀၀ ေလာက္ ဖမ္းခံရတယ္။”
၂၀၂၁ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံထဲ အေထာက္အထားမဲ့ ဝင္လာတဲ့ ႏိုင္ငံျခားသား ၆၀,၀၀၀ ေက်ာ္ ဖမ္းဆီးခံရၿပီး ဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆုံး ျဖစ္ပါတယ္။ အဖမ္းအဆီးေတြ မ်ားေနေပမယ့္ လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသားေတြ အစုလိုက္ အၿပဳံလိုက္ ရွိေနဆဲမို႔ ကိုဗစ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔နဲ႔ ထိုင္းႏိုင္ငံတြင္း လူကုန္ကူးမႈေတြကို ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ႏုိင္ဖို႔ ျပည္နယ္အသီးသီးက အုပ္ခ်ဳပ္ေရးမႉးေတြကိုလည္း ထိုင္းျပည္ထဲေရး ဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။
------------------------
(Unicode)
မဲဆောက် သောင်ရင်းမြစ်အနီး အထောက်အထားမဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်အနီးမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မသင်္ကာဖွယ် ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ လူကုန်ကူးသူတွေက တာလပတ်မိုးကာစများနဲ့ အုပ်ပြီး ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဧပြီလ ၂ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးက မြန်မာနိုင်ငံသားတွေ ကူးလာတတ်တဲ့ လှေဆိပ်တွေနဲ့ အနီးတဝိုက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် အဖွဲ့စုံက စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ဧပြီလ ၂ ရက်နေ့ မနက်အစောကြီးမှာတော့ တာလပတ်မိုးကာစတွေ အုပ်ပြီး မြန်မာနိုင်ငံသားတွေကို ဖွက်ပြီး လူမှောင်ခိုသယ်ဆောင်လာတဲ့ ကားတစီးကို စစ်ဆေးရင်း ဖမ်းဆီးခဲ့တာပါ။ ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းမိခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“ဒီနေ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ မနက်အစောပိုင်း ၅ နာရီကျော်လောက်မှာ မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်းနားမှာ မသင်္ကာဖွယ် ပစ်ကပ်ကားတစီးပေါ်မှာ တရားမဝင် မြန်မာ ၁၄ ယောက် ဖမ်းမိတယ်။ မြန်မာတွေတင်လာတဲ့ ကားကို လုံခြုံရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ တရားမဝင် မြန်မာ ၁၄ ယောက်ကို တွေ့ပြီး ဖမ်းလိုက်တယ်။ သူတို့ကို ကိုယ်ပူချိန်စစ်တာ၊ ကိုဗစ်ကပ်ရောဂါကို စစ်တာတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မသင်္ကာစရာ အခြေအနေတွေ ဘာမှမတွေ့ရဘူး။”
ကားပေါ်မှာ မိုးကာစတွေနဲ့ ဖုံးကွယ်ပြီး လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ စမွတ်ပရာကန်ပြည်နယ်အထိ သွားပြီး ပန်းရံအလုပ် လုပ်ကိုင်ဖို့အတွက် လူပွဲစားတွေကို ဘတ်ငွေ ၂၂,၀၀၀ ထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာတော့ မြန်မာနိုင်ငံသား ၁,၆၀၀ လောက်နဲ့ လူကုန်ကူးတဲ့ လူပွဲစား ၁၈ ယောက်လောက် ဖမ်းမိခဲ့ကြောင်းကိုလည်း ဦးမိုးကြိုးက ပြောပါတယ်။
“၂၀၂၂ ခုနှစ် မတ်လထဲမှာ ၁,၆၀၀ လောက် ဖမ်းခံရတယ်။ ပွဲစားစုစုပေါင်း ၁၈ ယောက် ဖမ်းမိတယ်။ မတ်လထဲမှာ လူပွဲစား လူမှောင်ခို ဖမ်းမိတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာတော့ မြန်မာ ၄,၀၀၀ ကျော် အဖမ်းခံရတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ၅,၀၀၀ ကျော် ဖမ်းခံရတယ်။ ၂ လပေါင်းတော့ ၁၀,၀၀၀ လောက် ဖမ်းခံရတယ်။”
၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ဝင်လာတဲ့ နိုင်ငံခြားသား ၆၀,၀၀၀ ကျော် ဖမ်းဆီးခံရပြီး ဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံး ဖြစ်ပါတယ်။ အဖမ်းအဆီးတွေ များနေပေမယ့် လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ရှိနေဆဲမို့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။