သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ ပြင်ဆင်


မဲဆောက်-မြဝတီ ကုန်သွယ်မှုဇုန် အချင်းအချင်း ကုန်ပစ္စည်းများ တင်ပို့နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)
မဲဆောက်-မြဝတီ ကုန်သွယ်မှုဇုန် အချင်းအချင်း ကုန်ပစ္စည်းများ တင်ပို့နေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ကိုဗစ်အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ၂ ခုစလုံးကို မကြာခင် အပြည့်အဝ ပြန်ဖွင့်နိုင်ဖို့ Tak ခရိုင်က ကုန်လှောင်ရုံနဲ့ ဈေးဆိုင်တွေကို အာဏာပိုင်တွေ တနင်္ဂနွေနေ့မှာ သန့်ရှင်းရေး စလုပ်ခဲ့ကြပါတယ်။

ထိုင်းဘက်ခြမ်း Rim Moei ကျေးရွာက မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားထိပ်နဲ့ Ban Wang Takian Tai ကျေးရွာ ပိုင်နက်မှာရှိတဲ့ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ်က ဈေးဆိုင်တန်းတွေကို သန့်ရှင်းရေး လုပ်ခဲ့ကြတာပါ။ အဲဒီ ကျေးရွာနှစ်ခုစလုံး Tak ခရိုင်ထဲမှာ ရှိပါတယ်။

ခုလို နယ်စပ်ဂိတ် ပြန်ဖွင့်နိုင်ဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းနယ်စပ်ဂိတ် တာဝန်ရှိသူတွေက ပြောပြီး မြဝတီ နယ်စပ်ရေးရာ ကော်မတီဆီက တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် ဒီနယ်စပ်ဂိတ် နှစ်ခုစလုံးကို ၂၀၂၀ မတ်လ ၂၃ ရက်ကတည်းက ပိတ်ထားခဲ့တာပါ။ ပိတ်ထားတာ ကြာပြီဖြစ်တဲ့အတွက် ငှက်ချေးတွေ၊ သစ်ရွက် သစ်ကိုင်းခြောက်တွေ ပြည့်နေလို့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားထိပ်က ဆိုင်တန်းကို သန့်ရှင်းရေးလုပ်ရတာ အတော်ပင်ပန်းတယ်လို့ အလုပ်သမားတွေက ညည်းတွားကြပါတယ်။

အခုလို နယ်စပ်ပြန်ဖွင့်မယ့် အရိပ်လက္ခဏာတွေကြောင့် ကိုဗစ်နဲ့အတူ ၂ နှစ်ကျော် ပိတ်ထားရတဲ့ သူတို့စီးပွားရေးလုပ်ငန်းတွေ ပြန်ကောင်းလာတော့မယ်လို့ နယ်စပ်ဂိတ်နားနေ ဆိုင်ပိုင်ရှင်တွေက မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






XS
SM
MD
LG