သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲဆက္ေနတဲ႔ ေညာင္ေလးပင္က စစ္ေရွာင္ေတြ ရိကၡာလိုအပ္


ေညာင္ေလးပင္ ျမဳိ႕

[[ ZAWGYI / UNICODE ]]

တိုက္ပြဲဆက္ေနတဲ႔ ေညာင္ေလးပင္က စစ္ေရွာင္ေတြ ရိကၡာလိုအပ္

ကရင္အမ်ိဳးသား အစည္းအ႐ုံး ေညာင္ေလးပင္ခ႐ုိင္အတြင္းမွာ တိုက္ပြဲနဲ႔ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ဇြန္လလယ္ေလာက္က ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ တိုက္ပြဲေၾကာင့္ လက္ရွိေဒသခံ ၁၆,၀၀၀ ေလာက္ ထြက္ေျပးတိမ္းေရွာင္ရတယ္လို႔ ဆိုပါတယ္။ ကေလးသူငယ္အေတာ္မ်ားမ်ားက ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ငုက္ဖ်ားေရာဂါ ျဖစ္ေနၾကသလို စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာ အလြန္အမင္း လိုအပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို နန္းေလာင္ ေျပာျပပါမယ္။


ကရင္အမ်ိဳးသားအစည္းအ႐ုံး ေညာင္ေလးပင္ခ႐ုိင္ ေက်ာက္ႀကီးၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြ အင္းအားတိုးခ်ဲ႔ထားသလို တိုက္ပြဲေတြ ေန႔စဥ္တိုးပြားလ်က္ရွိေနၿပီး တိုက္ပြဲေၾကာင့္ ေဒသခံေတြ ရြာလံုကြ်တ္ တိမ္းေရွာင္ေနရတာလို႔ ေညာင္ေလးပင္ခ႐ုိင္ ေဒသခံကရင္အရပ္ဖက္လူမႈေရးရာအဖြဲ႔က ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း ထုတ္ျပန္ထားပါတယ္။

ဇူလိုင္လ ၁ ရက္ မနက္ပိုင္းမွာလည္း ေက်ာက္ႀကီးၿမိဳ႕နယ္ စစ္လဲေက်းရြာအနီးတဝိုက္မွာ ပစ္ခတ္သံေတြ ၾကားရတယ္လို႔ ညာင္ေလးပင္ခရိုင္ ကရင္လူမႈေရးရာအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ ေက်ာက္ႀကီးၿမိဳ႕နယ္ထဲက ဒီအင္းနက္ေက်းရြာစသျဖင့္ အဲ့ဒီအနီးအနားတဝိုက္ရွိတဲ့ ေက်းရြာေပါင္း ၂၀ ထဲမွာေတာ့ ခဏခဏ(တိုက္ပြဲ)ျဖစ္ေလ့ရွိတယ္ေပါ့ေနာ္။ ရွိတယ္ သို႔ေသာ္ အခုေတာ့ အင္းနက္ ေက်ာက္ႀကီးၿမိဳ႕နယ္နယ္မွာေတာ့ အမ်ားဆံုးျဖစ္တယ္ေပါ့ဟုတ္။ "

ၿပီးခဲ့တဲ့ ဇြန္ ၂၅ ရက္ေန႔မွာ ေက်ာက္ႀကီးၿမိဳ႕နယ္ အင္းနက္ေက်းရြာအုပ္စုကို စစ္ေကာက္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ အင္းနက္ေက်းရြာက အရပ္သားျပည္သူ ၅ ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့တယ္လို႔ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ဗဟိုက ဇြန္ ၂၅ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

ဇြန္ ၂၅ ရက္ မနက္ပိုင္းက ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္နဲ႔ စစ္ေကာင္စီတပ္အၾကား ငျဗက္အင္းေက်းရြာနဲ႔ အင္းနက္ေက်းရြာၾကားမွာ ထိပ္တိုက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ဗိုက္ႀကီးအဆင့္ရွိသူတဦး အပါအဝင္ ၁၄ ဦးေသဆံုးခဲ့ၿပီး ညေနပိုင္းေလာက္မွာ မုန္းၿမိဳ႕နယ္ ေနာင္ကုန္းေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ဇြန္ ၂၆ ရက္မွာေတာ့ ေက်ာက္ႀကီးၿမိဳ႕နယ္ နရြဲပင္ေက်းရြာနဲ႔ ေညာင္ကုန္းေက်းရြာၾကားမွာ ထိပ္တိုက္ တိုက္ပြဲျဖစ္ခဲ့ကာ စစ္ေကာင္စီဘက္က ၃ဦး ေသဆံုးခဲ့တယ္လို႔ ဇြန္လ ၂၇ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

ဒါအျပင္ ဇြန္ ၂၇ ရက္ေန႔မွာ အင္းနက္ေက်းရြာမွာ တိုက္ပြဲျဖစ္ခဲ့ၿပီး ဇြန္ ၂၈ ရက္ေန႔မွာ လဝဲဗ်င္းေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ ႏွစ္ရက္အတြင္း တိုက္ပြဲ ၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဖက္က ၈ဦးေသဆံုးခဲ့ေၾကာင္း ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ဗဟိုက ဇြန္ ၂၉ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ တို္က္ပြဲျဖစ္ၿပီးေနာက္ပိုင္း စစ္ေကာင္စီက ေက်းရြာေတြကို လက္နက္ႀကီးန႔ဲ အဆက္မျပတ္ ပစ္ခတ္ေနတာလို႔ ဆိုပါတယ္။ ဒီေသဆံုးမႈေတြနဲ႔ ပတ္သက္ၿပီး ဗီြအုိေအက သီးျခားအတည္ျပဳလို႔ မရေသးပါဘူး။ စစ္ေကာင္စီဖက္ကလည္း တစံုတရာထုတ္ျပန္တာ မေတြ႕ရွိေသးပါဘူး။

ေက်ာက္ႀကီးၿမိဳ႕နယ္ဘက္မွာ ေန႔စဥ္လိုလို တိုက္ပြဲျဖစ္ေနၿပီး ေက်းရြာေတြနဲ႔ မနီးမေဝးမွာ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ရြာလံုးကြ်တ္ထြက္ေျပးရတာလို႔ ညာင္ေလးပင္ခရိုင္ ကရင္လူမႈေရးရာအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“တိုက္ပြဲေတြက တစ္ရက္ၿပီး တစ္ရက္ ပိုၿပီးေတာ့ ေက်းရြာေတြနဲ႔ မနီးမေဝး မလွမ္းမကမ္းမွာျဖစ္တယ္။ ၿပီးေတာ့လည္း ေက်းရြာထဲကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ လက္နက္ႀကီးေတြ ပစ္တာ၊ ဇြန္လတစ္ဝက္ေလာက္မွာ ကတည္းက စၿပီးေတာ့ တခ်ဳိ႕လူေတြကေတာ့ နီးစပ္ရာေတြေတာ့ ေဘးကင္ရာကိုေတာ့ ထြက္ေျပးေနရတာေပါ့ေနာ္။ ေနာက္ပိုင္းက်ေတာ့ လံုးဝမေနလို႔မရဘူးဆို ရြာလံုးကြ်တ္ထြက္ေျပးရတယ္၊ အခုလို ပံုစံမ်ဳိးေတြေပါ့ဟုတ္။”

တိုက္ပြဲေၾကာင့္ စစ္ေျပးေရွာင္ေတြ တစ္ရက္ထက္ တစ္ရက္ အေရအတြက္ျမင့္တက္ေနၿပီး လက္ရွိမွာ စစ္ေျပးေရွာင္ ၁၆,၀၀၀ ေလာက္ရွိေနၿပီး ကေလးသူငယ္အေတာ္မ်ားမ်ားက ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ငုက္ဖ်ားေရာဂါ ျဖစ္ေနၾကတယ္လို႔ ဆိုတယ္။

“၁၀,၀၀၀ နဲ႔ ၅,၀၀၀ ဝန္းက်င္၊ ေျခာက္ေသာင္ဝန္းက်င္းေလာက္ရွိတယ္ဟုတ္။ က်န္းမာေရးကေတာ့ ကေလးသူငယ္ေတြအတြက္က အမ်ားအခု ေသြးလြန္တုပ္ေကြးေတြျဖစ္တယ္ေပါ့ေနာ္၊ ငုက္ဖ်ားေတြလည္းရွိတယ္။ သက္ႀကီးရြယ္အို လူႀကီးေရာဂါေတြလည္းရွိတာေပါ့ေနာ္။ အဲ့ဒီအခက္အခဲေတြေတာ့ ရင္ဆိုင္ေနရတယ္ဟုတ္။ အဲ့ဒီတုပ္ေကြးက ကေလးအမ်ားစုထဲမွာ ၁၀၀ ဆိုရင္ ၄၀ ရာခိုင္ႏႈန္းေလာက္ကေတာ့ ရွိတယ္ဟုတ္။ အဓိက စားနပ္ရိကၡာေတာ့ လိုအပ္တာေပါ့ေနာ္။ လတ္တေလာရွိေနတဲ့ အေျခအေနက ႐ုိး႐ုိးသာမာန္ျဖစ္ေနတဲ့ အေျခအေနႀကံဳေတြ႕ရတာမွ မဟုတ္တာ၊ စစ္ပြဲေၾကာင့္ စစ္ေဘးေရွာင္ေနတဲ့ ဘဝေတာ့ သိတဲ့အတိုင္းပဲေလးေနာ္။ အေရးႀကီးတာ အဓိကစားနပ္ရိကၡာရ ဆန္ ဆီ ဆား အဲ့ဒါေတာ့ လံုေလာက္မႈမရွိဘူး။ ဒါေပမယ့္ တတ္ႏိုင္လူမႈအဖြဲ႔အစည္းကေန လူသားျခင္းစာနာမႈအပိုင္းကေတာ့ အတတ္ႏိုင္ဆံုးေတာ့ လုပ္တာပဲ အားနည္းခ်က္ေတာ့ လိုအပ္ခ်က္ေတြေတာ့ ရွိတာေပါ့။”

စစ္ေျပးဒုကၡသည္ေတြဟာ ေတာေတာင္ေတြထဲမွာ ယာယီထဲထိုးၿပီးျဖစ္သလို ေနထိုင္ေနၾကရတာပါ။ စစ္ေရွာင္ေတြအတြက္ ေနရာထိုင္းခင္ အမိုးအကာ ေဆးဝါနဲ႔ စားနပ္ရိကၡာေတြ လိုအပ္ေနၾကပါတယ္။

စစ္ေျပးေရွာင္ျပည္သူေတြအတြက္ ေဒသခံကရင္လူမႈေရးရာအဖြဲ႔က ကူညီေပးေနတာရွိေပမယ့္ လိုအပ္ခ်က္ရွိေနဆဲျဖစ္တာမို႔ တတ္ႏုိင္တဲ့ လူမႈအဖြဲ႔အစည္းက ကူညီေပးဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

တိုက်ပွဲဆက်နေတဲ့ ညောင်လေးပင်က စစ်ရှောင်တွေ ရိက္ခာလိုအပ်

ကရင်အမျိုးသား အစည်းအရုံး ညောင်လေးပင်ခရိုင်အတွင်းမှာ တိုက်ပွဲနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇွန်လလယ်လောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲကြောင့် လက်ရှိဒေသခံ ၁၆,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဆိုပါတယ်။ ကလေးသူငယ်အတော်များများက သွေးလွန်တုပ်ကွေးရောဂါနဲ့ ငုက်ဖျားရောဂါ ဖြစ်နေကြသလို စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အလွန်အမင်း လိုအပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို နန်းလောင် ပြောပြပါမယ်။


ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေ အင်းအားတိုးချဲ့ထားသလို တိုက်ပွဲတွေ နေ့စဉ်တိုးပွားလျက်ရှိနေပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ရွာလုံကျွတ် တိမ်းရှောင်နေရတာလို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁ ရက် မနက်ပိုင်းမှာလည်း ကျောက်ကြီးမြို့နယ် စစ်လဲကျေးရွာအနီးတဝိုက်မှာ ပစ်ခတ်သံတွေ ကြားရတယ်လို့ ညာင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ကျောက်ကြီးမြို့နယ်ထဲက ဒီအင်းနက်ကျေးရွာစသဖြင့် အဲ့ဒီအနီးအနားတဝိုက်ရှိတဲ့ ကျေးရွာပေါင်း ၂၀ ထဲမှာတော့ ခဏခဏ(တိုက်ပွဲ)ဖြစ်လေ့ရှိတယ်ပေါ့နော်။ ရှိတယ် သို့သော် အခုတော့ အင်းနက် ကျောက်ကြီးမြို့နယ်နယ်မှာတော့ အများဆုံးဖြစ်တယ်ပေါ့ဟုတ်။ "

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စုကို စစ်ကောက်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အင်းနက်ကျေးရွာက အရပ်သားပြည်သူ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၅ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်အကြား ငဗြက်အင်းကျေးရွာနဲ့ အင်းနက်ကျေးရွာကြားမှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုက်ကြီးအဆင့်ရှိသူတဦး အပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး ညနေပိုင်းလောက်မှာ မုန်းမြို့နယ် နောင်ကုန်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ဇွန် ၂၆ ရက်မှာတော့ ကျောက်ကြီးမြို့နယ် နရွဲပင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကြားမှာ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က ၃ဦး သေဆုံးခဲ့တယ်လို့ ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဇွန် ၂၇ ရက်နေ့မှာ အင်းနက်ကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဇွန် ၂၈ ရက်နေ့မှာ လဝဲဗျင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၈ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇွန် ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလို့ ဆိုပါတယ်။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီဖက်ကလည်း တစုံတရာထုတ်ပြန်တာ မတွေ့ရှိသေးပါဘူး။

ကျောက်ကြီးမြို့နယ်ဘက်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး ကျေးရွာတွေနဲ့ မနီးမဝေးမှာ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးရတာလို့ ညာင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲတွေက တစ်ရက်ပြီး တစ်ရက် ပိုပြီးတော့ ကျေးရွာတွေနဲ့ မနီးမဝေး မလှမ်းမကမ်းမှာဖြစ်တယ်။ ပြီးတော့လည်း ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ ပစ်တာ၊ ဇွန်လတစ်ဝက်လောက်မှာ ကတည်းက စပြီးတော့ တချို့လူတွေကတော့ နီးစပ်ရာတွေတော့ ဘေးကင်ရာကိုတော့ ထွက်ပြေးနေရတာပေါ့နော်။ နောက်ပိုင်းကျတော့ လုံးဝမနေလို့မရဘူးဆို ရွာလုံးကျွတ်ထွက်ပြေးရတယ်၊ အခုလို ပုံစံမျိုးတွေပေါ့ဟုတ်။”

တိုက်ပွဲကြောင့် စစ်ပြေးရှောင်တွေ တစ်ရက်ထက် တစ်ရက် အရေအတွက်မြင့်တက်နေပြီး လက်ရှိမှာ စစ်ပြေးရှောင် ၁၆,၀၀၀ လောက်ရှိနေပြီး ကလေးသူငယ်အတော်များများက သွေးလွန်တုပ်ကွေးရောဂါနဲ့ ငုက်ဖျားရောဂါ ဖြစ်နေကြတယ်လို့ ဆိုတယ်။

“၁၀,၀၀၀ နဲ့ ၅,၀၀၀ ဝန်းကျင်၊ ခြောက်သောင်ဝန်းကျင်းလောက်ရှိတယ်ဟုတ်။ ကျန်းမာရေးကတော့ ကလေးသူငယ်တွေအတွက်က အများအခု သွေးလွန်တုပ်ကွေးတွေဖြစ်တယ်ပေါ့နော်၊ ငုက်ဖျားတွေလည်းရှိတယ်။ သက်ကြီးရွယ်အို လူကြီးရောဂါတွေလည်းရှိတာပေါ့နော်။ အဲ့ဒီအခက်အခဲတွေတော့ ရင်ဆိုင်နေရတယ်ဟုတ်။ အဲ့ဒီတုပ်ကွေးက ကလေးအများစုထဲမှာ ၁၀၀ ဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ကတော့ ရှိတယ်ဟုတ်။ အဓိက စားနပ်ရိက္ခာတော့ လိုအပ်တာပေါ့နော်။ လတ်တလောရှိနေတဲ့ အခြေအနေက ရိုးရိုးသာမာန်ဖြစ်နေတဲ့ အခြေအနေကြုံတွေ့ရတာမှ မဟုတ်တာ၊ စစ်ပွဲကြောင့် စစ်ဘေးရှောင်နေတဲ့ ဘဝတော့ သိတဲ့အတိုင်းပဲလေးနော်။ အရေးကြီးတာ အဓိကစားနပ်ရိက္ခာရ ဆန် ဆီ ဆား အဲ့ဒါတော့ လုံလောက်မှုမရှိဘူး။ ဒါပေမယ့် တတ်နိုင်လူမှုအဖွဲ့အစည်းကနေ လူသားခြင်းစာနာမှုအပိုင်းကတော့ အတတ်နိုင်ဆုံးတော့ လုပ်တာပဲ အားနည်းချက်တော့ လိုအပ်ချက်တွေတော့ ရှိတာပေါ့။”

စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ယာယီထဲထိုးပြီးဖြစ်သလို နေထိုင်နေကြရတာပါ။ စစ်ရှောင်တွေအတွက် နေရာထိုင်းခင် အမိုးအကာ ဆေးဝါနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေကြပါတယ်။

စစ်ပြေးရှောင်ပြည်သူတွေအတွက် ဒေသခံကရင်လူမှုရေးရာအဖွဲ့က ကူညီပေးနေတာရှိပေမယ့် လိုအပ်ချက်ရှိနေဆဲဖြစ်တာမို့ တတ်နိုင်တဲ့ လူမှုအဖွဲ့အစည်းက ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG