(Zawgyi/ Unicode:)
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ(၁) ထိန္းခ်ဳပ္ရာ ဘီးလင္းၿမိဳ႕နယ္ထဲမွာ ၂ ပတ္အတြင္း ေက်း႐ြာေပါင္း ၁၁ ႐ြာက လူေပါင္း၂၀ ေက်ာ္ကို စစ္ေကာင္စီတပ္ေတြက လူသားဒိုင္းအျဖစ္အသုံးျပဳခဲ့တယ္လို႔ KNU က ထုတ္ျပန္ပါတယ္။ ကရင္လူအခြင့္ေရးအဖြဲ႕ KHRG ကလည္း တပ္မဟာ (၁) အပါအဝင္ KNU ထိန္းခ်ဳပ္ရာ တပ္မဟာ (၃) ခုထဲမွာ စစ္ေကာင္စီက လူသားဒိုင္းအျဖစ္ အသုံးျပဳတာေတြကို မွတ္တမ္းျပဳစုထားတယ္လို႔ ေျပာပါတယ္။ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ (၁) ထိမ္းခ်ဳပ္ရာ ဘီးလင္းၿမိဳ႕နယ္ထဲမွာ ဇြန္လ ၁၇ ရက္ေန႔ကေန ဇူလိုင္ ၁ ရက္ေန႔အထိ သီတင္း ၂ ပတ္အတြင္း ေက်း႐ြာေပါင္း ၁၁ ႐ြာက လူေပါင္း၂၀ ေက်ာ္ကို စစ္ေကာင္စီတပ္ေတြက လူသားဒိုင္းအျဖစ္ အသုံးျပဳခဲ့တယ္လို႔ KNU က ထုတ္ျပန္ပါတယ္။ (၅) တပ္မဟာ(၆) ေဒသေတြမွာလည္း စစ္ေကာင္စီက လူသားဒိုင္းအျဖစ္ အသုံးျပဳေနသလို လူအခြင့္ေရးခ်ိဳးေဖာက္မူေတြ ရွိေနတယ္လို႔ ကရင္လူ႔အခြင့္ေရးအဖြဲ႔ KHRG က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက VOA ကိုေျပာပါတယ္
((က်ေနာ္တို႔ရဲ႕ မွတ္တမ္းျပဳစုခ်က္အရကေတာ့ တပ္မဟာ (၅) မွာျဖစ္ခဲ့တယ္။ တပ္မဟာ (၆) မွာျဖစ္ခဲ့တယ္။ တပ္မဟာ (၁) မွာျဖစ္ခဲ့တယ္။ ေပၚတာဆြဲတာနဲ႔ အထူးသျဖင့္ လူသားဒိုင္းအျဖစ္အသုံးျပဳတာေတြေပါ့။ ဒါကေတာ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္တာလို႔ေျပာရမယ္။ (၁) အခ်က္အရေတာ့ ႐ြာသားေတြရဲ႕ အသက္ေဘးအႏၲရယ္ကို ၿခိမ္းေျခာက္ေနတယ္။ သူတို႔ရဲ႕ လုံၿခဳံမႈအခြင့္အေရးကို ခ်ိဳးေဖာက္ေနတယ္။ ေဒသခံခေတြရဲ႕ ေဘးကင္းလုံၿခဳံမႈအခြင့္အေရးေတြလည္းခ်ိဳးေဖာက္ေနတယ္။ ၿပီးလို႔ရွိရင္လုယက္မႈ၊ ဖမ္းဆီးမႈ၊ အတင္းအၾကပ္ ခိုင္းေစမႈေတြ ျဖစ္ပ်က္ေနတယ္။ လတ္တေလာမွာလည္း ျပင္းျပင္းထန္ထန္ ျဖစ္ေနတဲ့တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြကလည္း ရာေထာင္ခ်ီထြက္ေျပးတိမ္းေရွာင္ေနရတယ္။ လူသားခ်င္းစာနာတဲ့အကူအညီေတြလည္း လိုအပ္ေနဆဲပါပဲ။))
စစ္တပ္ရဲ႕ တပ္မ (၄၄) တပ္ရင္းက ေက်း႐ြာေပါင္း (၁၁) ႐ြာက လူ ၂၂ ဦးကို လူသားဒိုင္းအျဖစ္ အသုံးျပဳတာအျပင္ ေနအိမ္ေတြ ဖ်က္ဆီးတာ ႐ြာသားေတြရဲ ေငြေၾကးေတြယူေဆာင္သြားတာလည္းရွိတယ္လို႔ ေကအန္ယူတပ္မဟာ (၁) ကသတင္းထုတ္ျပန္ထားပါတယ္။
လူသားဒိုင္းအျဖစ္အသုံးျပဳခံရသူေတြထဲမွာ ေကာ္ဟဲေက်း႐ြာက အသက္ ၁၃ ႏွစ္အ႐ြယ္ ေက်ာင္းသား ၁ ဦး ပါဝင္သလို ဘီးလင္းၿမိဳနယ္ထဲကေက်း႐ြာေတြ ျဖစ္တဲ့ ေဒါဇံႀကီး၊ ေတာင္လြဲ၊ ႀကိဳးဝိုင္း၊ ေဘာေနာ္နီ၊ ျမစ္ႀကိဳး၊ မူးေဒး၊ ေလးေက့၊ ေမာ္တိုခီး၊ မင္းေစာ၊ ေကာ္ဟဲစတဲ့ ေက်း႐ြာေတြက ႐ြာသား ၂၀ေ က်ာ္ ပါဝင္တယ္လို႔ ေျပာပါတယ္။
ေကအန္ယူဘက္က အခုလိုသတင္းထုတ္ျပန္ခဲ့တာနဲပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တုန႔္ျပန္တာမရွိေသးပါဘူး။
လတ္တေလာမွာလည္း စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြပစ္ခတ္မူ႔ေလေၾကာင္းကေန တိုက္ခိုက္မႈေတြေၾကာင့္ ကရင္ျပည္နယ္အတြင္းက ျပည္တြင္းအိုးအိမ္မဲ့ဒုကၡသည္ေတြဟာ ေနထိုင္စားေသာက္ေရးအပါအဝင္ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ေျပာပါတယ္။
((ထြက္ေျပးသြားတဲ့ ျပည္တြင္း အိုးအိမ္မဲ့ဒုကၡသည္ေတြကလည္း စစ္တပ္အာဏာသိမ္းၿပီးတတည္းကဆိုရင္ ဒုကၡမ်ိဳးစုံနဲ႔ ႀကဳံေတြ႕ေနရတယ္။ အထူးသျဖင့္သူတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈေတြလည္းဆုံးရွံးေနရတယ္။ ေနာက္ထပ္လည္းလက္နက္ႀကီးေတြနဲ႔ပစ္ခတ္မႈေတြ၊ ေလေၾကာင္းကေန တိုက္ခိုက္မူေတြေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြ၊ ေသေၾကမူေတြ၊ ဒဏ္ရာရမူေတြႀကဳံေနရတယ္။ အိမ္ေတြ ေက်ာင္းေတြလည္း ထိခိုက္ပ်က္စီးတာေတြႀကဳံေနရတယ္၊ အာဏာသိမ္းၿပီးကတည္းအ ထူးသျဖင့္ လုံၿခဳံေရးနဲ႔ လူ႔အခြင့္ေရးေတြမရွိပဲ လုံးဝကိုပ်က္စီးသြားတယ္ေပါ့))
စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုကေန ၂၀၂၂ ခုႏွစ္ ထိတႏွစ္ေက်ာ္ၾကာကာလအတြင္း ကရင္ျပည္နယ္အတြင္းမွာ ျပည္တြင္းအိုးအိမ္မဲ့ ဒုကၡသည္ ၁ သိန္း ၇ ေသာင္းေလာက္ထိရွိၿပီး အခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ၾကပါဘူး။ KNU ထိမ္းခ်ဳပ္ရာ တပ္မဟာ (၆) နယ္ေျမျဖစ္တဲ့ ျမဝတီခ႐ိုင္ထဲမွာေတာ့ ၿပီးခဲ့တဲ့ ရက္အတြင္းက စစ္ေကာင္စီဘက္က ၆ ရက္ဆက္တိုက္ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မူေတြေၾကာင့္ အရပ္သားေတြ ေသဆုံးဒဏ္ရာခဲ့ၾကသလို စစ္ေဘးဒုကၡသည္ေတြဟာလည္း ထိုင္းႏိုင္ငံဘက္ကို ထြက္ေျပးခိုလံႈခဲ့ၾကရပါတယ္။
Unicode:
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်ရာ ဘီးလင်းမြို့နယ်ထဲမှာ ၂ ပတ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာက လူပေါင်း၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ကရင်လူအခွင့်ရေးအဖွဲ့ KHRG ကလည်း တပ်မဟာ (၁) အပါအဝင် KNU ထိန်းချုပ်ရာ တပ်မဟာ (၃) ခုထဲမှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကို မှတ်တမ်းပြုစုထားတယ်လို့ ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) ထိမ်းချုပ်ရာ ဘီးလင်းမြို့နယ်ထဲမှာ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ သီတင်း ၂ ပတ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာက လူပေါင်း၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ (၅) တပ်မဟာ(၆) ဒေသတွေမှာလည်း စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုနေသလို လူအခွင့်ရေးချိုးဖောက်မူတွေ ရှိနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက VOA ကိုပြောပါတယ်
((ကျနော်တို့ရဲ့ မှတ်တမ်းပြုစုချက်အရကတော့ တပ်မဟာ (၅) မှာဖြစ်ခဲ့တယ်။ တပ်မဟာ (၆) မှာဖြစ်ခဲ့တယ်။ တပ်မဟာ (၁) မှာဖြစ်ခဲ့တယ်။ ပေါ်တာဆွဲတာနဲ့ အထူးသဖြင့် လူသားဒိုင်းအဖြစ်အသုံးပြုတာတွေပေါ့။ ဒါကတော့ လူ့အခွင့်ရေးချိုးဖောက်တာလို့ပြောရမယ်။ (၁) အချက်အရတော့ ရွာသားတွေရဲ့ အသက်ဘေးအန္တရယ်ကို ခြိမ်းခြောက်နေတယ်။ သူတို့ရဲ့ လုံခြုံမှုအခွင့်အရေးကို ချိုးဖောက်နေတယ်။ ဒေသခံခတွေရဲ့ ဘေးကင်းလုံခြုံမှုအခွင့်အရေးတွေလည်းချိုးဖောက်နေတယ်။ ပြီးလို့ရှိရင်လုယက်မှု၊ ဖမ်းဆီးမှု၊ အတင်းအကြပ် ခိုင်းစေမှုတွေ ဖြစ်ပျက်နေတယ်။ လတ်တလောမှာလည်း ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေကလည်း ရာထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်။ လူသားချင်းစာနာတဲ့အကူအညီတွေလည်း လိုအပ်နေဆဲပါပဲ။))
စစ်တပ်ရဲ့ တပ်မ (၄၄) တပ်ရင်းက ကျေးရွာပေါင်း (၁၁) ရွာက လူ ၂၂ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုတာအပြင် နေအိမ်တွေ ဖျက်ဆီးတာ ရွာသားတွေရဲ ငွေကြေးတွေယူဆောင်သွားတာလည်းရှိတယ်လို့ ကေအန်ယူတပ်မဟာ (၁) ကသတင်းထုတ်ပြန်ထားပါတယ်။
လူသားဒိုင်းအဖြစ်အသုံးပြုခံရသူတွေထဲမှာ ကော်ဟဲကျေးရွာက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၁ ဦး ပါဝင်သလို ဘီးလင်းမြိုနယ်ထဲကကျေးရွာတွေ ဖြစ်တဲ့ ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား ၂၀ေ ကျာ် ပါဝင်တယ်လို့ ပြောပါတယ်။
ကေအန်ယူဘက်က အခုလိုသတင်းထုတ်ပြန်ခဲ့တာနဲပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တုန့်ပြန်တာမရှိသေးပါဘူး။
လတ်တလောမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပစ်ခတ်မူ့လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ်အတွင်းက ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်တွေဟာ နေထိုင်စားသောက်ရေးအပါအဝင် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။
((ထွက်ပြေးသွားတဲ့ ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွေကလည်း စစ်တပ်အာဏာသိမ်းပြီးတတည်းကဆိုရင် ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတယ်။ အထူးသဖြင့်သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေလည်းဆုံးရှံးနေရတယ်။ နောက်ထပ်လည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ၊ လေကြောင်းကနေ တိုက်ခိုက်မူတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ သေကြေမူတွေ၊ ဒဏ်ရာရမူတွေကြုံနေရတယ်။ အိမ်တွေ ကျောင်းတွေလည်း ထိခိုက်ပျက်စီးတာတွေကြုံနေရတယ်၊ အာဏာသိမ်းပြီးကတည်းအ ထူးသဖြင့် လုံခြုံရေးနဲ့ လူ့အခွင့်ရေးတွေမရှိပဲ လုံးဝကိုပျက်စီးသွားတယ်ပေါ့))
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုကနေ ၂၀၂၂ ခုနှစ် ထိတနှစ်ကျော်ကြာကာလအတွင်း ကရင်ပြည်နယ်အတွင်းမှာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ၁ သိန်း ၇ သောင်းလောက်ထိရှိပြီး အခုချိန်ထိ နေရပ်မပြန်နိုင်ကြပါဘူး။ KNU ထိမ်းချုပ်ရာ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ ရက်အတွင်းက စစ်ကောင်စီဘက်က ၆ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာခဲ့ကြသလို စစ်ဘေးဒုက္ခသည်တွေဟာလည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။