ဝေါ်လေကားလမ်းအနီး စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်
{{Zawgyi/Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင် - ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့ ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ၊ PDF ပြည်သူကာကွယ်ရေးတပ်တို့ပူပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းတို့ဟာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး သြဂုတ်လ၂ရက်နေ့ကတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။
ကရင်ပြည်နယ် မြဝတီခရိုင် - ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့ ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ၊ PDF ပြည်သူကာကွယ်ရေးတပ်တို့ ပူပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းတို့ဟာ ဇူလိုင် ၇ ရက်နေ့ကစပြီး နေ့စဉ် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး သြဂုတ်လ၂ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေ လုပ်ခဲ့တယ်လို့ ကော်ပရာစစ်ကြောင်း ကပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကို ကပြောပါတယ် ။
"စစ်ကောင်စီက မြဝတီဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့ ဆိုတဲ့ဒေသ အဲဒီနေရာက လျှိုမြှောင်တွေ တောင်ကုန်းတွေကနေ နေ့စဉ်ရက်ဆက်ဆိုသလို ကျူးကျော်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ သူတို့အကြိမ်ကြိမ်တက်တယ်။ သူတို့က အကျအဆုံးများစွာနဲ့ ဆုတ်ခွါသွားရတာရှိပါတယ်။ ဒီနေ့ညနေ၄နာရီ လောက်မှာတော့ မှော်ဘီလေတပ်စခန်းက YAK 130 အမောင်းသင် တိုက်ခိုက်ရေး လေယာဉ်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်ပွားတဲ ဆက်စပ်နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မူလုပ်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မူတွေကြောင့် ကျနော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးတွေ တော့မရှိပါဘူးခင်ဗျ"
စစ်ကောင်စီဘက်ကတော့ မြဝတီ ၊ ဝေါ်လေ လမ်မပေါ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး ။သြဂုတ်လ ၁ရက်နေ့တုန်းကလည်း မနက် ၉ နာရီအချိန်ကနေ ညအချိန်ထိ စစ်ကောင်စီတပ်တွေနဲ့ ကော်ပရာစစ်ကြောင်းတို့ဟာ နှစ်ဖက်ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ သြဂုတ်လ၂ရက်နေ့မှာလည်း မနက်ပိုင်းကစပြီး မြေပြင်မှာ ထိတွေ့ပစ်ခတ်တဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။
စစ်ကောင်စီဘက်က တပ်မ (၄၄) နည်းဗျူဟာ (၄၄၁) လက်အောက်ခံတပ်များ၊ လက်ရုံးတပ်ဖွဲ့များနဲ့ KNLA /PDF ပူပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းတို့ဟာ ညအထိ တိုက်ပွဲ ဖြစ်ပွားနေတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေဖြစ်တဲ့ မြဝတီခရိုင်နဲ့ ကော့ကရိပ်မြိုနယ်ထဲမှာတော့ နှစ်ဖက် တိုက်ပွဲတွေနေ့စဉ် ဖြစ်နေပြီး စစ်ကောင်စီတပ်တွေဘက်က မြေပြင်အနေအထားမှာ ထိခိုက်ကျဆုံးမူတွေ လက်နက်ခဲ့ယမ်းတွေကို စွန့်ခွါထွက်ပြေးတာတွေ စစ်ကောင်စီတပ်သားတွေ CDM လုပ်တာတွေ လက်နက်ချတာတွေ မကြာခနဖြစ်နေတဲ့အတွက် စစ်ကောင်စီတပ်တွေက လေကြောင်း တိုက်ခိုက်မူတွေ လက်နက်ကြီးနဲ့ ပစ်ကူတာတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့တွေကဆိုပါတယ် ။ အင်္ဂါနေ့က တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်အထိအခိုက် အကျအဆုံး သတင်းကိုတော့ မရရှိသေးပါဘူး။ ကော်ဘရာစစ်ကြောင်းဖက်ကတော့ ထိခိုက်ဒဏ်ရာရသူ၂ဦးသာရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
................................................
{{Zawgyi/Unicode}}