သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ႀကီးၿမိဳ႕နယ္ တိုက္ပဲြေတြေၾကာင့္ ေဒသခံရြာသားေတြတိမ္းေရွာင္ 


Karen IDP in the forest (မွတ္တမ္းဓါတ္ပုံ)

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA နဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြ တိုက္ပဲြေတြ ျဖစ္ေနျပီး ဒီအတြက္ အနီးအနား က ေက်းရြာေပါင္း ၇ ရြာထက္မနည္းက ေဒသခံ ေထာင္နဲ႔ခ်ီျပီး ေတာေတာင္ေတြထဲ ထြက္ေျပးေနရတယ္လိုိ႔ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ေက်ာက္ႀကီးၿမိဳ႕နယ္ တိုက္ပဲြေတြေၾကာင့္ ေဒသခံရြာသားေတြတိမ္းေရွာင္

{{Zawgyi/Unicode}}
ပဲခူးတိုင္း၊ ေညာင္ေလးပင္ခရိုင္ ၊ ေက်ာက္ႀကိီးျမိဳနယ္ထဲ က ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ(၃)ထိန္းခ်ဳပ္ရာ နယ္ေျမ မွာ စစ္ေကာင္စီတပ္ေတြက ႀသဂုတ္လ ၈ရက္ေန႔ မနက္က ေလေႀကာင္းကေန တုိက္ခိုက္တာေတြလုပ္ခဲ့ေႀကာင္း၊ ဒါအျပင္ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA နဲ႔ တုိက္ပဲြေတြ ျဖစ္ေနျပီး ဒီအတြက္ အနီးအနား က ေက်းရြာေပါင္း ၇ ရြာထက္မနည္းက ေဒသခံေထာင္နဲ႔ခ်ီျပီး ေတာေတာင္ေတြထဲ ထြက္ေျပးေနရတယ္လိုိ႔ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ပဲခူးတိုင္း၊ ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးျမိဳနယ္ထဲမွာ ကရင္အမ်ိဳးသားအစည္းအရံုးKNU ထိမ္းခ်ဳပ္ရာနယ္ေျမအတြင္းမွာ စစ္ေကာင္စီတပ္တြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တို့ တုိက္ပဲြေတြဆက္တိုက္ျဖစ္ေနရာ ႀသဂုတ္လ ၈ရက္ေန႔ မနက္ကေတာ့ စစ္ေကာင္စီဘက္က ေလေႀကာင္းေန ဗံုးႀကဲတုိက္ခိုက္မူလုပ္ခဲ့တယ္လုိ႔ ေဒသခံတဦးက ေျပာျပပါတယ္။

" ႀသဂုတ္လ ၈ ရက္ေန႔ မနက္ကေတာ့ ေလာယာဥ္နွစ္စီးနဲ႔ လာေရာက္ပစ္ခတ္ပါတယ္။ လာေရာက္ပစ္ခတ္တဲ႔ ေနရာကေတာ့ ပဲေသာင္ေက်းရြာ စာသင္ေက်ာင္း အနီးတ၀ိုက္မွာ ၅ႀကိမ္လာပစ္တာပါ။ ေက်းရြာေတြက အမ်ားႀကီးပဲ အဲဒီနားတ၀ိုက္မွာ က်ေနာ္တုိ႔ ကရင္လူမ်ိဳးေတြပဲ အမ်ားဆံုးေနႀကတာပါ။ ပတ္၀န္းက်င္ရြာေတြအကုန္ေပါ့။ လိန္ပင္ေက်းရြာ၊ ပဲေသာင္ေက်းရြာတို႔၊ ေက်ာက္စရစ္ကုန္းေက်းရြာ ၊ အင္တိုင္းကုန္းေက်းရြာ တို႔ အဲဒီဘက္မွာက ေက်းရြာ ေလးငါးေျခာက္ရြာ ခုႏွစ္ရြာေလာက္ရွိတယ္ ။ အကုန္ေျပးရတာေပါ့ "

ေက်းရြာသားေတြ ေထာင္နဲ႔ခ်ီျပီး ထြက္ေျပးေနရတယ္လို႔လည္းေျပာပါတယ္ ။ ေလေႀကာင္းတုိက္ခိုက္မူလုပ္တဲ့ေန႔ကေတာ့ KNU တပ္ေတြနဲ႔ တိုက္ပဲြျဖစ္တာမရွိဘူး လုိ႔လည္းဆုိပါတယ္။ ဒီရက္ပုိင္းမွာေတာ႔ KNU နဲ႔ စစ္ေကာင္စီတပ္ေတြ မႀကာခန တုိက္ပဲြေတြျဖစ္ေနတာေတြေတာ့ ရွိတယ္လို႔ ဆုိပါတယ္။

" KNU နဲ့ အဲဒီေန႔ က တိုက္ပဲြမရွိဘူး ။ (၇)ရက္ေန့တုန္းကေတာ့ ညေန ၄နာရီေလာက္မွာ ဒိုးဒါးတာစုံရြာကေန ေက်ာက္စရစ္ေက်း႐ြာကို လာတဲ့ စစ္ေကာင္စီတပ္ေတြ၀င္လာျပီး KNU တပ္ရင္း(၉)နဲ႔ ေတာ့လိန္ပင္ေက်းရြာ နဲ႔ ပဲေသာင္ေက်းရြာႀကားမွာေတာ့ တုိက္ပဲြေတြျဖစ္ေနေတာေပါ့ ။ တပ္မဟာ(၃) တပ္ရင္း (၉)ဘက္ကိုေတာ့ မႀကာခန ပစ္တယ္ ။ တိုက္ပဲြမရွိလည္း ေလယာဥ္လာ၀ဲတယ္ပစ္တယ္ ။ အဲဒါေတြေတာ့ရွိတာေပါ့ "

ေက်ာက္ႀကီးျမိဳနယ္ထဲမွာ စစ္ေကာင္စီဘက္က ေလေႀကာင္းတိုက္ခိုက္မူ လုပ္ခဲ့တာနဲ႔ ပတ္သက္လို႔ေတာ့ KNU ဘက္ကသတင္းထုတ္ျပန္ခဲ့ေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

KNU ကေတာ့ ျပီးခဲ့တဲ့ ဇူလိုင္လ တိုက္ပဲြလခ်ဳပ္ စာရင္းထုတ္ျပန္ရာမွာေတာ့ တပ္မဟာ(၃)နယ္ေျမမွာ စစ္ေကာင္စီတပ္ေတြနဲ့ တုိက္ပဲြေပါင္း ၄၂ ႀကိမ္ျဖစ္ခဲ့ေႀကာင္း စစ္ေကာင္စီက ေလေႀကာင္းတုိက္ခိုက္မူ ၇ႀကိမ္လုပ္ခဲ့ေႀကာင္းသတင္းထုတ္ျပန္ထားပါတယ္။

ႀသဂုတ္လ ၇ ရက္ေန့ ကေတာ့ စစ္ေတာင္းျမစ္ အေနာက္ဖက္ကမ္းမွာရွိတဲ့ စစ္ေကာင္စီတပ္ေတြက လိန္ပင္ေက်းရြာကုိ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေႀကာင့္ လိန္ပင္ေက်းရြာက အသက္၂၁ႏွစ္အရြယ္ အမ်ိဳးသမီးတဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း ေဒသခံကေျပာပါတယ္။

" လိန္ပင္ေက်းရြာကိုေတာ့ ပစ္ေတာ့ အမ်ိဳးသမီးတေယာက္က လက္နက္ႀကီးထိခိုက္ဒဏ္ရာရသြားတယ္ "

ေက်ာက္ႀကီးျမိဳနယ္ထဲကို စစ္ေကာင္စီတပ္ေတြက ေမလကစျပီး ေနရာခ်ဲ့ထြင္တာေတြ လက္နက္ႀကီးနဲ့ပစ္ခတ္တာေတြ ေလေႀကာင္းကေန ဗံုးႀကဲတုိက္ခို္က္မူေတြေႀကာင့္ အခုဆိုရင္ ေက်းရြာေပါင္း ၃၀ေက်ာ္က ေဒသခံေတြဟာ ေတာေတာင္ေတြထဲ ထြက္ေျပးေနရျပီး စစ္ေဘးေရွာင္သူ ၁၆၀၀၀ ေက်ာ္ရွိတယ္လို့လည္း စစ္ေဘးေရွာင္ဒုကၡသည္ေတြကို အကူညီေပးေနသူေတြက ေျပာဆိုပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

........................................................................

ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေတိမ်းရှောင်

{{Zawgyi/Unicode}}
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြိုနယ်ထဲ က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃)ထိန်းချုပ်ရာ နယ်မြေ မှာ စစ်ကောင်စီတပ်တွေက သြဂုတ်လ ၈ရက်နေ့ မနက်က လေကြောင်းကနေ တိုက်ခိုက်တာတွေလုပ်ခဲ့ကြောင်း၊ ဒါအပြင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး ဒီအတွက် အနီးအနား က ကျေးရွာပေါင်း ၇ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီပြီး တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြိုနယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံးKNU ထိမ်းချုပ်ရာနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေရာ သြဂုတ်လ ၈ရက်နေ့ မနက်ကတော့ စစ်ကောင်စီဘက်က လေကြောင်းနေ ဗုံးကြဲတိုက်ခိုက်မူလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

" သြဂုတ်လ ၈ ရက်နေ့ မနက်ကတော့ လောယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ပါတယ်။ လာရောက်ပစ်ခတ်တဲ့ နေရာကတော့ ပဲသောင်ကျေးရွာ စာသင်ကျောင်း အနီးတဝိုက်မှာ ၅ကြိမ်လာပစ်တာပါ။ ကျေးရွာတွေက အများကြီးပဲ အဲဒီနားတဝိုက်မှာ ကျနော်တို့ ကရင်လူမျိုးတွေပဲ အများဆုံးနေကြတာပါ။ ပတ်ဝန်းကျင်ရွာတွေအကုန်ပေါ့။ လိန်ပင်ကျေးရွာ၊ ပဲသောင်ကျေးရွာတို့၊ ကျောက်စရစ်ကုန်းကျေးရွာ ၊ အင်တိုင်းကုန်းကျေးရွာ တို့ အဲဒီဘက်မှာက ကျေးရွာ လေးငါးခြောက်ရွာ ခုနှစ်ရွာလောက်ရှိတယ် ။ အကုန်ပြေးရတာပေါ့ "

ကျေးရွာသားတွေ ထောင်နဲ့ချီပြီး ထွက်ပြေးနေရတယ်လို့လည်းပြောပါတယ် ။ လေကြောင်းတိုက်ခိုက်မူလုပ်တဲ့နေ့ကတော့ KNU တပ်တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘူး လို့လည်းဆိုပါတယ်။ ဒီရက်ပိုင်းမှာတော့ KNU နဲ့ စစ်ကောင်စီတပ်တွေ မကြာခန တိုက်ပွဲတွေဖြစ်နေတာတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

" KNU နဲ့ အဲဒီနေ့ က တိုက်ပွဲမရှိဘူး ။ (၇)ရက်နေ့တုန်းကတော့ ညနေ ၄နာရီလောက်မှာ ဒိုးဒါးတာစုံရွာကနေ ကျောက်စရစ်ကျေးရွာကို လာတဲ့ စစ်ကောင်စီတပ်တွေဝင်လာပြီး KNU တပ်ရင်း(၉)နဲ့ တော့လိန်ပင်ကျေးရွာ နဲ့ ပဲသောင်ကျေးရွာကြားမှာတော့ တိုက်ပွဲတွေဖြစ်နေတောပေါ့ ။ တပ်မဟာ(၃) တပ်ရင်း (၉)ဘက်ကိုတော့ မကြာခန ပစ်တယ် ။ တိုက်ပွဲမရှိလည်း လေယာဉ်လာဝဲတယ်ပစ်တယ် ။ အဲဒါတွေတော့ရှိတာပေါ့ "

ကျောက်ကြီးမြိုနယ်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူ လုပ်ခဲ့တာနဲ့ ပတ်သက်လို့တော့ KNU ဘက်ကသတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

KNU ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ တိုက်ပွဲလချုပ် စာရင်းထုတ်ပြန်ရာမှာတော့ တပ်မဟာ(၃)နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၄၂ ကြိမ်ဖြစ်ခဲ့ကြောင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ ၇ကြိမ်လုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ ကတော့ စစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လိန်ပင်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လိန်ပင်ကျေးရွာက အသက်၂၁နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံကပြောပါတယ်။

" လိန်ပင်ကျေးရွာကိုတော့ ပစ်တော့ အမျိုးသမီးတယောက်က လက်နက်ကြီးထိခိုက်ဒဏ်ရာရသွားတယ် "

ကျောက်ကြီးမြိုနယ်ထဲကို စစ်ကောင်စီတပ်တွေက မေလကစပြီး နေရာချဲ့ထွင်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် အခုဆိုရင် ကျေးရွာပေါင်း ၃၀ကျော်က ဒေသခံတွေဟာ တောတောင်တွေထဲ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်သူ ၁၆၀၀၀ ကျော်ရှိတယ်လို့လည်း စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူညီပေးနေသူတွေက ပြောဆိုပါတယ် ။

XS
SM
MD
LG