သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကသာၿမိဳ႕နယ္တြင္း ေလေၾကာင္းတိုက္ခိုက္မႈ လူ ၇ ဦးထက္မနည္းေသဆုံး


စစ္ေကာင္စီတပ္ ေလေၾကာင္းကတုိက္ခုိက္ခံရတဲ့ ကသာခ႐ိုင္ (ဓာတ္ပံု-MIMU)

စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ မိုးတားေလးေက်း႐ြာမွာ စစ္ေကာင္စီတပ္က ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ လူ ၇ ဦးထက္မနည္း ေသဆုံးၿပီး၊ အေတာ္မ်ားမ်ား ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ မိုးတားေလးေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ABSDF၊ PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲ ျပင္းထန္ေနၿပီး၊ ဒီကေန႔ ေန႔ခင္းပိုင္းမွာလည္း စစ္ေကာင္စီတပ္က ေလေၾကာင္းတိုက္ခိုက္မႈေတြ ထပ္လုပ္ပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ကခ်င္ျပည္နယ္နဲ႔နယ္စပ္ေဒသျဖစ္တဲ့ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္အထက္ပိုင္း မိုးတားေလး႐ြာအနီးမွာ ဒီလ ၁၈ရက္ေန႔ မနက္ပိုင္းကတည္းက အခုအခ်ိန္အထိ စစ္ေကာင္စီတပ္နဲ႔ ABSDF၊ PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့တာပါ။

၁၈ရက္ေန႔ ညေနပိုင္းမွာ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္ ၃ စင္းနဲ႔ ဗုံးႀကဲ တိုက္ခိုက္ရာမွာ မိုးတားေလး ေက်း႐ြာ အတြင္း က်ေရာက္ေပါက္ကြဲၿပီး လူ ၇ ေယာက္ေသဆုံးေၾကာင္း မိုးတားေလး႐ြာသားတစ္ဦးက ေျပာပါတယ္။

“ ၇ေယာက္ေသတာ မေန႔က။ ေယာက္်ားေလးက ၁ေယာက္။ မိန္းကေလး ၆ေယာက္တဲ့။ အားလုံးေပါင္း ၇ေယာက္။ ”

မိုးတားေလး႐ြာ ေစတီရပ္က အလႈအိမ္မွာ က်ေရာက္ေပါက္ကြဲတာေၾကာင့္ ေသဆုံးတာ ျဖစ္ေၾကာင္း နဲ႔ အနည္းဆုံးေနအိမ္ ၆ လုံးေလာက္လည္း မီးေလာင္ပ်က္ဆီးခဲ့သလို ႐ြာသူ၊႐ြာသားအားလုံး နီးပါး ေနအိမ္ေတြကို စြန႔္ခြာတိမ္းေရွာင္ေနရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ယေန႔ ၁၉ရက္ေန႔ ေန႔ခင္းပိုင္းမွာလည္း မိုးတာေလး႐ြာအနီးမွာ တိုက္ပြဲဆက္လက္ျဖစ္ပြားေနသလို တိုက္ပြဲျဖစ္ပြားရာေနရာဘက္မွာ ေလေၾကာင္းတိုက္ခိုက္တာေတြ ရွိေနေၾကာင္း မိုးတားေလး ေက်း႐ြာအနီးက ေဒသခံတစ္ဦးက ေျပာပါတယ္။

“ အခုတင္မွာတစ္စီး တိုက္ပြဲျဖစ္ေနတဲ့ တည့္တည့္ကို ႀကဲခ်သြားၿပီ။ အခုေလးတင္။ ႏွစ္ပတ္ရွိၿပီ အခုေလးတင္ ဝဲတာ။ အခုလည္း ႀကဲသြားျပန္ၿပီ ဟိုမွာ။ မီးခိုးတန္းေတာင္ က်ေနာ္တို႔ ဆီက ျမင္ေနရတယ္။ တိုက္ပြဲျဖစ္တာ ၃ရက္ေလာက္ရွိသြားၿပီ။ အဲဒီေနရာမွာ။ ”

ဒီဗုံးႀကဲမႈဟာ ေန႔ခင္း ၁၂နာရီခြဲေလာက္က ျဖစ္ပါတယ္။ ညေန ၃နာရီ ည၁၅မိနစ္ေလာက္ မွာလည္း ေနာက္တစ္ႀကိမ္ ထပ္မံဗုံးႀကဲတာရွိေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးက VOA ကို ေျပာပါတယ္။

“ အခုႀကဲေနျပန္ၿပီဗ်ာ။ အခုတင္ေလးမွ ၃နာရီ ၁၅။ တစ္လုံးခ်တာ။ ၂စင္းၿပိဳင္လာတာ။ ေဟာ ခ်ျပန္ၿပီ တစ္လုံး ခုႀကဲေနတာ ႏွစ္လုံးရွိသြားၿပီ။”

ဒီတိုက္ပြဲမွာ ပါဝင္ တိုက္ခိုက္ေနတဲ့ ၿမိဳ႕လွ PDF အဖြဲ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ ၁၈ ရက္ေန႔က မနက္ ၇ နာရီက ညေန ၅ နာရီအထိ တိုက္ပြဲျဖစ္ပြားခဲ့သလို ဒီကေန႔ ၁၉ ရက္ေန႔မနက္ပိုင္းမွာလည္း တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနေၾကာင္း ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ကသာၿမိဳ႕နယ္ မိုးတားေလး႐ြာဘက္မွာ တိုက္ပြဲ ျဖစ္ပြားတာနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

စစ္ကိုင္းတိုင္းအတြင္း ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြျဖစ္ေနရာမွာ၊ ေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္က ေလေၾကာင္း တိုက္ခိုက္မႈေတြ ပိုမ်ားလာပါတယ္။ ေလေၾကာင္းသုံးတိုက္ခိုက္တာေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈေတြ တိုးလာသလို၊ အိုးအိမ္စြန႔္ခြာေျပးရတဲ့ ဒုကၡသည္ေတြအေရအတြက္လည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကသာမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု လူ ၇ ဦးထက်မနည်းသေဆုံး


စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးပြီး၊ အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မိုးတားလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ABSDF၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး၊ ဒီကနေ့ နေ့ခင်းပိုင်းမှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ကချင်ပြည်နယ်နဲ့နယ်စပ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အထက်ပိုင်း မိုးတားလေးရွာအနီးမှာ ဒီလ ၁၈ရက်နေ့ မနက်ပိုင်းကတည်းက အခုအချိန်အထိ စစ်ကောင်စီတပ်နဲ့ ABSDF၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။

၁၈ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ မိုးတားလေး ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး လူ ၇ ယောက်သေဆုံးကြောင်း မိုးတားလေးရွာသားတစ်ဦးက ပြောပါတယ်။

“ ၇ယောက်သေတာ မနေ့က။ ယောက်ျားလေးက ၁ယောက်။ မိန်းကလေး ၆ယောက်တဲ့။ အားလုံးပေါင်း ၇ယောက်။ ”

မိုးတားလေးရွာ စေတီရပ်က အလှုအိမ်မှာ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးတာ ဖြစ်ကြောင်း နဲ့ အနည်းဆုံးနေအိမ် ၆ လုံးလောက်လည်း မီးလောင်ပျက်ဆီးခဲ့သလို ရွာသူ၊ရွာသားအားလုံး နီးပါး နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ယနေ့ ၁၉ရက်နေ့ နေ့ခင်းပိုင်းမှာလည်း မိုးတာလေးရွာအနီးမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်ပွားရာနေရာဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေကြောင်း မိုးတားလေး ကျေးရွာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုတင်မှာတစ်စီး တိုက်ပွဲဖြစ်နေတဲ့ တည့်တည့်ကို ကြဲချသွားပြီ။ အခုလေးတင်။ နှစ်ပတ်ရှိပြီ အခုလေးတင် ဝဲတာ။ အခုလည်း ကြဲသွားပြန်ပြီ ဟိုမှာ။ မီးခိုးတန်းတောင် ကျနော်တို့ ဆီက မြင်နေရတယ်။ တိုက်ပွဲဖြစ်တာ ၃ရက်လောက်ရှိသွားပြီ။ အဲဒီနေရာမှာ။ ”

ဒီဗုံးကြဲမှုဟာ နေ့ခင်း ၁၂နာရီခွဲလောက်က ဖြစ်ပါတယ်။ ညနေ ၃နာရီ ည၁၅မိနစ်လောက် မှာလည်း နောက်တစ်ကြိမ် ထပ်မံဗုံးကြဲတာရှိကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက VOA ကို ပြောပါတယ်။

“ အခုကြဲနေပြန်ပြီဗျာ။ အခုတင်လေးမှ ၃နာရီ ၁၅။ တစ်လုံးချတာ။ ၂စင်းပြိုင်လာတာ။ ဟော ချပြန်ပြီ တစ်လုံး ခုကြဲနေတာ နှစ်လုံးရှိသွားပြီ။”

ဒီတိုက်ပွဲမှာ ပါဝင် တိုက်ခိုက်နေတဲ့ မြို့လှ PDF အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ၁၈ ရက်နေ့က မနက် ၇ နာရီက ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီကနေ့ ၁၉ ရက်နေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ကသာမြို့နယ် မိုးတားလေးရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေရာမှာ၊ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာပါတယ်။ လေကြောင်းသုံးတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာသလို၊ အိုးအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည်တွေအရေအတွက်လည်း တိုးလာနေပါတယ်။

XS
SM
MD
LG