သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခုခံတြန္းလွန္ေရးႏွင့္ ႏိုင္ငံတကာပံ့ပိုးမႈ အလားအလာ


အၾကမ္းဖက္မႈတုိက္ဖ်က္ေရး ဗ်ဴဟာခ်မွတ္ရာမွာ ျမန္မာႏြယ္ဖြား အေမရိကန္အမ်ဳိးသမီး ဒု-ဗိုလ္မႉးႀကီးရဲ႕ အခန္းက႑

စစ္အာဏာသိမ္းမႈကို ခုခံတြန္းလွန္ေနတဲ့ လႈပ္႐ွားမႈဟာ ၂၀၂၂ ခုႏွစ္အတြင္း ပိုမိထိေရာက္ တိုးတက္လာခဲ့ၿပီး ၂၀၂၃ မွာ ပိုမိုအ႐ွိန္ရလာႏိုင္ပါတယ္။ ႏိုင္ငံတကာပံ့ပိုးမႈေတြလဲ ႐ွိခဲ့တယ္လို႔ ျမန္မာ့အေရးသုံးသပ္သူ အေမရိကန္ပါေမာကၡ မီမီဝင္းဘတ္(ထ္) (Miemie Winn Byrd) က ဆိုပါတယ္။ ၂၀၂၃ မွာေကာ စစ္ေကာင္စီကို တြန္းလွန္ဖယ္႐ွားေရးအတြက္ ႏိုင္ငံတကာအေနနဲ႔ လက္နက္ပစၥည္းအကူအညီေတြ ေပးလာႏိုင္တဲ့ အေျခအေန ႐ွိပါသလား။ ပါေမာကၡမီမီဝင္းဘတ္(ထ္) နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပါေမာကၡမီမီဝင္းဘတ္(ထ္) ခင္မ်ား … ကုန္ဆံုးခဲ့တဲ့ ၂၀၂၂ ျမန္မာႏုိင္ငံျပည္တြင္းအေျခအေန၊ ျပည္ပအကူအညီမပါေသးဘဲနဲ႔ ျပည္တြင္းအေျခအေနကို အၾကမ္းဖ်ဥ္းသံုးသပ္ေပးပါ။ စစ္ေကာင္စီက ပိုၿပီးေတာ့ တုိင္းျပည္ကို ထိန္းခ်ဳပ္ႏိုင္မယ့္အလားအလာ ရိွေနသလား။ သို႔တည္းမဟုတ္ ေတာ္လွန္ေရးအင္အားစုေတြ၊ စစ္ေကာင္စီကို တြန္းလွန္္ေနတဲ့ အင္အားစုေတြကမ်ား ပိုၿပီးေတာ့ အင္အားသာလာသလား။ ဘယ္လိုသံုးသပ္မိပါသလဲ။

ေျဖ ။ ။ က်မမေျပာခင္၊ က်မ disclaimer - ရွင္းလင္းေျပာဆိုခ်က္ေလး နည္းနည္းလုပ္ရမယ္။ က်မ အခုေျပာသြားမယ့္၊ သံုးသပ္သြားမယ့္ အခ်က္အလက္ေတြက က်မ ပုဂၢိဳလ္တဦးတေယာက္၊ ပညာရွင္တေယာက္အေနနဲ႔ လုပ္တာပါ။ ဘယ္သူ႔ကိုမွ၊ ဘယ္အဖြဲ႔ကိုမွ ကိုယ္စားျပဳၿပီးလုပ္တာ မဟုတ္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ အခုနေမးသြားတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီးေတာ့ (၂) ႏွစ္ကာလမွာ ေတာ္လွန္ေရးဘက္က ေတာ္ေတာ္ေအာင္ျမင္သြားတဲ့ဟာကို တကမၻာလံုးကလည္း ေတာ္ေတာ္အံ့ၾသတယ္။ အခုန ဦးေက်ာ္ဇံသာ ေျပာသြားသလိုမ်ဳိး ျပည္ပက အကူအညီမရိွဘဲနဲ႔ လုပ္တယ္လို႔ေတာ့ အဲဒီလိုမ်ဳိး ေျပာလို႔မရဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပည္ပက ဖိအားေတြေပးထားတဲ့ဥစၥာ sanction - စီးပြားေရးပိတ္္ဆို႔မႈေတြက စစ္တပ္အတြက္ကို သူတုိ႔ရဲ ႔ logistics - ေထာက္ပံ့ေရးေတြ၊ legitimacy - တရားဝင္မႈေတြကို ျဖတ္ေတာက္ထားတာဆုိေတာ့ အဲဒီဟာကလည္း စစ္တပ္က စိတ္ဓါတ္က်တာေတြကို အမ်ားႀကီးအေထာက္အကူ လုပ္ထားတဲ့ဟာဆုိေတာ့ - ယူကရိန္းနဲ႔ ယွဥ္လိုက္တယ္ဆိုရင္ေတာ့ လက္နက္ပစၥည္းေတြ ျပည္ပကေန မပံ့ပိုးေပးဘူး။ ဒါေပမဲ့ က်မ အၿမဲတမ္းေျပာတယ္။ စစ္တိုက္တယ္ဆိုတာ ေသနတ္ပစ္ေတာ့မွ စစ္တိုက္တာ မဟုတ္ဘူး။ က်မတို႔ကိုယ္၌ စစ္တိုက္တဲ့အခါမွာ logistics - ေထာက္ပံ့ေရးေတြကို ဘယ္လုိျဖတ္ေတာက္ရမလဲဆိုတာကို အၿမဲတမ္းစဥ္းစားခဲ့တယ္။ အဲဒါက အေရးႀကီးဆံုး။ ဆုိပါေတာ့ သူတုိ႔ convoy - ယာဥ္တန္းႀကီးေတြ သြားလာတဲ့အခါမွာ၊ အဲဒီေထာက္ပံ့ေရးယာဥ္တန္္းႀကီးေတြကို မသြားလာႏုိင္ေအာင္ ျဖတ္ေတာက္တဲ့ဟာ၊ ေရွ ႔တန္းကို မေရာက္ႏုိင္္ေအာင္ ျဖတ္ေတာက္တဲ့ဟာက ေထာက္ပံ့ေရးကို ျဖတ္ေတာက္တာ မဟုတ္လား။ ၂၀၂၂ မွာ ေတာ္ေတာ္ေအာင္ျမင္တယ္လို႔ ေျပာရမယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ စစ္တပ္က ေျမျပင္မွာတုိက္တဲ့အခါမွာ လံုးဝမေအာင္ျမင္ေတာ့ဘူး။ အဲဒါေၾကာင့္ ေလယာဥ္ပ်ံေတြ အားကိုးၿပီးေတာ့ လုပ္ေနၾကတာ။ ဒါေပမဲ့ က်မ အၿမဲတမ္းေျပာတယ္။ ေလယာဥ္ပ်ံနဲ႔ တိုက္တယ္ဆိုတာ အရမ္းေစ်းႀကီးတယ္။

ေမး ။ ။ တကယ့္လက္ေတြ႔မွာ Tactical Assistance - ဗ်ဴဟာေျမာက္တဲ့ အကူအညီေတြေပးဖို႔ ဘာအခက္အခဲ ရိွေနသလဲဆိုတာလဲ စဥ္းစားစရာျဖစ္မယ္ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာျပည္သူေတြက ခံေနရတဲ့ဒုကၡကလည္း ေတာ္ေတာ္ၾကာျမွင့္လာၿပီဆုိေတာ့ ဘာေၾကာင့္ ျပည္ပအကူအညီေတြက ေနွာင့္ေႏွးေနရသလဲဆိုတာကို ေျပာပါအံုး။

ေျဖ ။ ။ ျပည္ပကူညီတာထက္ အထဲဘက္မွာ အမ်ားႀကီး ပိုၿပီးေတာ့ လုပ္လို႔ရတယ္။ strategy - ဗ်ဴဟာ။ က်မ အၿမဲတမ္းေျပာတယ္ - စစ္တိုက္တဲ့အခါမွာ ဗ်ဴဟာေကာင္းလို႔ရိွရင္ ေသနတ္ေတာင္ မလုိဘူး။ ဗ်ဴဟာေကာင္းဖို႔အတြက္က intelligent - ေထာက္လွမ္းေရးေကာင္းဖို႔ လုိတယ္။ ေထာက္လွမ္းေရး ေကာင္းလာေလေလ ကိုယ့္အတြက္ ဗ်ဴဟာက ေကာင္းလာေလ။ ေနာက္ၿပီးေတာ့ အထဲမွာရိွတဲ့ လူအင္အားကို စီစစ္ၿပီး၊ ကိုယ့္မွာရိွတဲ့ talent အရည္အေသြးေတြ၊ အင္အားေတြ၊ အတတ္ပညာ၊ အသိပညာေတြကို - human resources - လူ႔အရင္းအျမစ္ေတြကို အသံုးခ်ၿပီး ပူးေပါင္းေဆာင္ရြက္ေရး အရမ္းအေရးႀကီးတယ္။ ပူးေပါင္းေဆာင္ရြက္ေတာ့မွ အင္အားဆုိတာ ထြက္လာတယ္။

ေမး ။ ။ အဲဒါက ေတာ္လွန္ေရးအင္အားစုေတြဘက္က လိုအပ္ခ်က္ကို ေထာက္ျပတာ။ အဲဒါေကာင္းပါတယ္။ က်ေနာ္ အဓိက သိခ်င္တာက၊ လူေတြသိခ်င္ေနတာက ျပည္ပရဲ ႔ အကူအညီ materially ပစၥည္းအေထာက္အပံ့ေတြ ဘာေၾကာင့္ မကူညီႏုိင္တာလဲ။ အထူးသျဖင့္ လူေတြေျပာၾကတယ္။ ေလယာဥ္နဲ႔လာၿပီး ဗံုးက်ဲတယ္ - air attack လုပ္တယ္။ အဲဒါကိုပစ္ဖို႔ ေလယာဥ္ပစ္လက္နက္ anti-aircraft weapon ေတြ လိုခ်င္ၾကတယ္။ အဲဒီလိုရေအာင္ ဘာလုပ္ရမလဲဆိုတာကို သိပ္ေျပာေနၾကတယ္။ အဲဒီလိုမ်ဳိးေတြ ျဖစ္လာႏုိင္ပါသလား။ အဲဒီလိုေပးဖို႔ ဘာေၾကာင့္မ်ား ေႏွာင့္ေႏွးေနရသလဲ။

ေျဖ ။ ။ ျပည္ပက သံုးသပ္လိုက္တဲ့အခါမွာ သူတုိ႔သိတယ္။ Air attack, Air Strike - ေလယာဥ္နဲ႔ တုိက္ခိုက္မႈေတြကို နည္းမ်ဳိးစံုနဲ႔ ျပန္ၿပီးေတာ့ တံု႔ျပန္လို႔ရတယ္။ Artillery လက္နက္ႀကီးေတြနဲ႔ တံု႔ျပန္လို႔ရတယ္။ ေနာက္တခုကေတာ့ on the ground - ေျမျပင္ကေန ေလယာဥ္ပ်ံမပ်ံႏုိင္ေအာင္ ဘယ္လိုနည္းနဲ႔ ဘယ္လိုလုပ္ရမလဲ။ အဲဒီဥစၥာက ပိုၿပီးေတာ့လည္း cheaper ေစ်းနည္းပါတယ္။ အဲဒီဥစၥာက အခုရိွေနတဲ့ ေတာ္လွန္ေရးရဲ ႔ လက္ထဲမွာ ကိုယ့္ရဲ ႔ထိန္းခ်ဳပ္မႈ control ေအာက္မွာ ရိွတယ္။ ဆိုေတာ့ အဲဒီဟာအတြက္ လုပ္ဖို႔အတြက္က intelligent ေထာက္လွမ္းေရး ေကာင္းေကာင္းလိုတယ္။ ပူးေပါင္းေဆာင္ရြက္မႈ လိုအပ္တယ္။ ေလယာဥ္ပ်ံတစီး အေပၚတက္ႏုိင္ဖုိ႔က အမ်ားႀကီးလိုအပ္တယ္။ ဆီလိုအပ္တယ္။ ေျပးလမ္း run-a-way လိုအပ္တယ္။ ေလယာဥ္မွဴး pilot လိုအပ္တယ္။ ေနာက္ၿပီးေတာ့ ေျမျပင္ေထာက္ပံ့ေရးအင္အား ground crew, စက္ျပင္အဖြဲ႔ maintenance crew လိုအပ္တယ္ဆုိေတာ့ အဲဒီဥစၥာေတြအားလံုးကို တေနရာရာမွာ ေႏွာက္ယွက္ဟန္႔တား disrupt လုပ္လို႔ရတယ္။ ဗ်ဴဟာဆြဲတဲ့အခါမွာ က်မတုိ႔က အၿမဲတမ္း ကိုယ့္ရဲ ႔အားသာခ်က္၊ အားနည္းခ်က္ေတြ ျပန္တြက္ရတယ္။ ဗ်ဴဟာဆြဲတဲ့အခါမွာ ကိုယ့္မွာမရိွတဲ့ အားနည္းခ်က္နဲ႔ တြဲၿပီးေတာ့ လုပ္လိုက္လို႔ရိွရင္ ဒီဗ်ဴဟာက မေအာင္ျမင္တဲ့ဗ်ဴဟာ ျဖစ္လာတယ္။ ကိုယ့္မွာ ဘာရိွလဲ။ ကိုယ့္ရဲ ႔အားသာခ်က္ေတြက ဘာေတြလဲ။ ရိွတဲ့ဥစၥာကို ဘယ္လိုအသံုးခ်ၿပီးေတာ့ ဘယ္လိုလုပ္ရမလဲဆိုတာ အဲဒါ ဗ်ဴဟာပဲ။ မျဖစ္ႏုိင္တဲ့အရာ၊ မရႏုိင္တဲ့အရာေတြ၊ အရမ္းခက္ခဲတဲ့ဥစၥာေတြကို အရမ္းသြားေတြးၿပီးေတာ့ အဲဒီလိုမ်ဳိး လုပ္လိုက္မယ္ဆိုရင္ ဒီဗ်ဴဟာက တကယ္လက္ေတြ႔မျဖစ္ႏုိင္တဲ့အရာ ျဖစ္လာတယ္ မဟုတ္လား။

ေမး ။ ။ တကယ္ေတာ့ အဲဒါ မျဖစ္ႏုိင္ဘူးေပါ့။ ျပည္ပကေန air defense ေလေၾကာင္းရန္ကာကြယ္ေရး အကူအညီေတြရဖို႔အတြက္ သိပ္အလားအလာ မရိွဘူးဆိုတဲ့ သေဘာလား။

ေျဖ ။ ။ ဒီဥစၥာက က်မေျပာတာက အားလံုး ျဖစ္လည္းျဖစ္လာႏိုင္တယ္။ မျဖစ္ရင္လည္း မျဖစ္ႏုိင္ဘူး။ ေနာက္ၿပီးေတာ့ ျပည္ပက ၾကည့္ေနတာက Unity of Command တစုတစည္း၊ စည္းလံုးညီညႊတ္မႈ ရိွလာဆိုတာကို ၾကည့္တယ္။ အကယ္၍ တစုတစည္းတည္း ဖြဲ႔စည္းမႈ ရိွလာတယ္ဆိုရင္ ျဖစ္ရင္ျဖစ္ႏိုင္တယ္။ မျဖစ္ႏိုင္ဘူးလို႔လည္း လံုးဝေျပာလို႔မရဘူး။

ေမး ။ ။ တေလာတုန္းက ၾသစေၾတးလ်က ပါေမာကၡတေယာက္ သံုးသပ္တဲ့ေဆာင္းပါးတပုဒ္ကို ေတြ႔ပါတယ္။ သူက ျပည္ပႏုိင္ငံေတြအေနနဲ႔ ေရရွည္စစ္ပြဲ ျမန္မာျပည္မွာ ျဖစ္သြားမယ္။ သူတုိ႔လက္နက္ေတြ ေပးလိုက္လုိ႔ စစ္ပြဲသာ အဓြန္႔ရွည္သြားမယ္။ တခါတည္း မၿပီျပတ္သြားႏိုင္ဘူးဆိုရင္ သူတုိ႔ အဲဒါမ်ဳိး မကူညီခ်င္ဘူး။ သို႔ေသာ္လဲပဲ သူတုိ႔ကူညီလုိက္လို႔ ၿပီျပတ္သြားမယ္ဆိုရင္ေတာ့ တမ်ဳိးတမည္ သူတုိ႔ေပၚလစီကို ျပန္ၿပီးသံုးသပ္လာမယ္လို႔ … အဲဒီေဆာင္းပါးကို မီမီ ဖတ္မိလားမသိဘူး။ အဲဒီသံုးသပ္ခ်က္ကို ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ က်မေတာ့ အဲဒီေဆာင္းပါးကို မဖတ္လိုက္ရဘူး။ မေတြ႔လိုက္ရဘူး။ ဒါေပမဲ့ ေတာ္လွန္ေရး ဒီႏွစ္မွာ က်မတို႔ tipping point ေျပာင္းလဲႏိုင္တဲ့ အေျခအေန။ ၿပီဆံုးတဲ့ဟာကို နည္းနည္းေတာ့ ေျပာရခက္တယ္။ ဒါေပမဲ့ အေျပာင္းအလဲေရာက္မယ့္ အေျခအေနအတြက္က က်မ အခုနက ေျပာသြားတဲ့ unity of command နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့ အင္အားကို ရေအာင္လုပ္မယ္၊ လုပ္ႏုိင္တယ္ ဆိုလို႔ရိွရင္ ဒီဥစၥာက ေျပာင္းလဲႏုိုင္တဲ့ အေျခအေနကိုေရာက္ဖုိ႔ ေသခ်ာတယ္။ အဲဒါကို က်မ ေျပာေနတာ။

ေမး ။ ။ ဆိုေတာ့ ေနာက္တခုက တခ်ဳိ ႔ က်ေနာ္ စိုးရိမ္တာက .. ႀကံဖန္ၿပီးေတာ့ စိုးရိမ္တာလို႔ တခ်ဳိ ႔ေျပာေကာင္းေျပာမလား မသိဘူး။ စစ္ေရးမွာ false hope မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္၊ ေမွ်ာ္လင့္ခ်က္အမွားေၾကာင့္ လူေတြ မနစ္နာဘဲနဲ႔ ကိုယ့္ဘက္က နစ္နာတာေတြလည္း ရိွမယ္လို႔ ထင္ပါတယ္။ အဲဒါကို တပ္မေတာ္အရာရိွတေယာက္အေနနဲ႔ မီမီ ပိုသိမွာေပါ့။ ဆိုေတာ့ အခုတုိက္ပြဲမွာလည္း တခါတခါၾကေတာ့ ဘယ္လုိပဲ ေန႔ခ်င္းညခ်င္းပဲ ပြဲျပတ္သြားမယ္။ စစ္ေကာင္စီ ျပဳတ္ေတာ့မယ္၊ ဘာညာဆိုတဲ့ ပံုစံနဲ႔အမ်ဳိးမ်ဳိး ေျပာေနၾကတာေတြလည္းရိွေတာ့ အဲဒီဟာက ခိုင္မာယံုၾကည္ေလာက္တဲ့ အခ်က္အလက္ေတြ ဟုတ္ပါရဲ ႔လား။ အဲဒီလို false hope ေတြ ေပးတာေကာ ေတာ္လွန္ေရးဘက္က မနစ္နာႏုိင္ဘူးလားဆိုတာကိုလည္း သံုးသပ္ေပးပါ။

ေျဖ ။ ။ အခုအခ်ိန္မွာ trend လက္ရိွအေျပာင္းအလဲကို ၾကည့္လို႔ရတယ္။ က်မကေတာ့ အနာဂတ္အတြက္ ဘယ္လိုျဖစ္လာမလဲဆိုတာကို ေျပာရတာ နည္းနည္းခက္တယ္။ ဒါေပမဲ့ trend လက္ရိွအေျပာင္းအလဲကို ဘာျဖစ္သြားလဲ၊ ဘာျဖစ္ေနသလဲဆိုတာကို analyze သံုးသပ္ၿပီးေတာ့ နည္းနည္းေလးေတာ့ predict ခန္႔မွန္းလို႔ရတယ္။ အေရွ ႔ကိုသြားၿပီးေတာ့ နည္းနည္းခန္႔မွန္းၾကည့္လို႔ရတယ္။ အခုဆိုရင္ စစ္တပ္ထဲမွာ ေတာ္ေတာ္စိတ္ဓါတ္ေတြ က်ၿပီးေတာ့၊ တခ်ဳိ ႔ေတြ အမ်ားႀကီး အင္တာဗ်ဴးေတြ လုပ္လိုက္တဲ့အခါမွာ သူတုိ႔ေျပာတယ္ - ဆယ္ေယာက္ထဲက ခုႏွစ္ေယာက္က စစ္တပ္ထဲမွာ မေနခ်င္ေတာ့ဘူး။ မလုပ္ခ်င္ဘူး။ အဲဒီလိုမ်ဳိး ျဖစ္ေနတဲ့ စစ္တပ္က ဘယ္လိုမွ စစ္ႏုိင္ေအာင္ မတိုက္ႏိုင္ေတာ့ဘူးဆိုေတာ့ စစ္တပ္က ၿပိဳကြဲေနၿပီ။ ဒါေပမဲ့ tipping point ေျပာင္းလဲႏုိင္တဲ့ အေျခအေန၊ အဆင့္ကို ေရာက္ဖို႔အတြက္က ေတာ္လွန္ေရးဘက္၊ ျပည္သူလူထုရဲ ႔ လက္ထဲမွာ ရိွတယ္။ ေတာ္လွန္ေရးအဖြဲ႔ေတြ၊ ျပည္သူလူထုေတြက အားလံုးစည္းလံုးညီညႊတ္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကမယ္ဆိုရင္ ေျပာင္းလဲႏိုင္တဲ့ အေျခအေန (အဆင့္) ကို ေရာက္ရိွလိမ့္မယ္။ ျပည္သူလူထုကို ပူးေပါင္းေဆာင္ရြက္ဖို႔ေျပာတာကလည္း သူတုိ႔လုပ္ႏုိင္သမွ်လုပ္ဖုိ႔။ သူတုိ႔အျပင္ထြက္ၿပီးေတာ့ လက္နက္ကိုင္ၿပီးေတာ့ လုပ္စရာမလုိဘူး။ သူတုိ႔က စစ္တပ္ကို လံုးဝလက္မခံဘဲနဲ႔ သူတုိ႔နည္း သူတုိ႔ဟန္နဲ႔ ပုန္ကန္ေနတဲ့ဥစၥာက ေတာ္လွန္ေရးပဲ။ က်မကို တေန႔က လူတေယာက္ေျပာတယ္။ သူတုိ႔အိမ္ငွားဖုိ႔ လုိက္ရွာတယ္။ အရမ္းႀကိဳက္တဲ့ အိမ္ေလးသြားေတြ႔တယ္။ အိမ္ပြဲစားတေယာက္က မယူနဲ႔ အဲဒီအိမ္က စစ္တပ္ဘက္ကို ေထာက္ခံတဲ့လူေတြအိမ္လို႔ ေျပာတယ္။ သူတုိ႔က အျပင္ထြက္ပုန္ကန္ေနတာ မဟုတ္ဘူး။ အဲဒီလိုမ်ဳိး လူတုိင္းလူတုိင္းက နည္းနည္းဆီ ဒီလိုမ်ဳိး လုပ္သြားတယ္ဆိုရင္ အေျပာင္းအလဲျဖစ္မယ့္အဆင့္ကို ေရာက္ဖုိ႔က ျဖစ္ႏုိင္တယ္။ ေနာက္ၿပီးေတာ့ အခုနေျပာသလိုပဲ စုစုစည္းစည္း ပူးေပါင္းေဆာင္ရြက္ျခင္း ရိွလာလုိ႔ရိွရင္ tipping point ေရာက္ဖို႔က ေသခ်ာတယ္။

ေမး ။ ။ Field of command - စုစည္းတဲ့အင္အား၊ တနည္းအားျဖင့္ ေတာ္လွန္္ေရးအင္အားစုေတြဘက္က အေလးသာလာတယ္ဆိုရင္ေကာ ျပည္ပက ပိုၿပီးေတာ့ တိုးတက္ခိုင္မာလာေအာင္ ကူညီပံ့ပိုးလာႏိုင္မယ္ ထင္ပါသလား။ အကူအညီေတြ ပိုမ်ားလာမလား။

ေျဖ ။ ။ အဲဒါ ျဖစ္ႏုိင္တယ္။ အၿမဲတမ္းပဲ လူေတြက wining team အႏုိင္ရေနတဲ့အုပ္စုကို လူေတြက ေထာက္ခံ support လုပ္ခ်င္တယ္။ တကမၻာလံုးက အခုအခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ား နည္းမ်ဳိးစံုနဲ႔ ပံ့ပိုးေပးေနတာ ရိွတယ္။ ေသနတ္ေပးလို႔မွ ပံ့ပိုးေပးတာဆိုတာကို က်မ လံုးဝလက္မခံဘူး။ အခု ေရွ ႔တန္းမွာ လုပ္ေနတဲ့ ေတာ္လွန္ေရးရဲေဘာ္ေတြက သူတုိ႔ရဲ ႔ သတိၱနဲ႔ ရဲရင့္မႈက အရမ္းပဲခ်ီးက်ဴးဖို႔ေကာင္းတယ္။ သူတုိ႔လုပ္ေနတဲ့ဟာေတြက ကမၻာေက်ာ္တယ္။ သူတုိ႔မွာ tactically နည္းဗ်ဴဟာအရ on the ground ေျမျပင္မွာ ကိုယ့္ဒူးကိုယ္ခၽြန္ၿပီးေတာ့ ေတာ္ေတာ္လုပ္ႏုိင္တဲ့ဥစၥာက ေလးစားစရာေကာင္းတယ္၊ ခ်ီးက်ဴးစရာေကာင္းတယ္လုိ႔ ေျပာလို႔ရတယ္။

=== Unicode ====
စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ လှုပ်ရှားမှုဟာ ၂၀၂၂ ခုနှစ်အတွင်း ပိုမိထိရောက် တိုးတက်လာခဲ့ပြီး ၂၀၂၃ မှာ ပိုမိုအရှိန်ရလာနိုင်ပါတယ်။ နိုင်ငံတကာပံ့ပိုးမှုတွေလဲ ရှိခဲ့တယ်လို့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန်ပါမောက္ခ မီမီဝင်းဘတ်(ထ်) (Miemie Winn Byrd) က ဆိုပါတယ်။ ၂၀၂၃ မှာကော စစ်ကောင်စီကို တွန်းလှန်ဖယ်ရှားရေးအတွက် နိုင်ငံတကာအနေနဲ့ လက်နက်ပစ္စည်းအကူအညီတွေ ပေးလာနိုင်တဲ့ အခြေအနေ ရှိပါသလား။ ပါမောက္ခမီမီဝင်းဘတ်(ထ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပါမောက္ခမီမီဝင်းဘတ်(ထ်) ခင်များ … ကုန်ဆုံးခဲ့တဲ့ ၂၀၂၂ မြန်မာနိုင်ငံပြည်တွင်းအခြေအနေ၊ ပြည်ပအကူအညီမပါသေးဘဲနဲ့ ပြည်တွင်းအခြေအနေကို အကြမ်းဖျဉ်းသုံးသပ်ပေးပါ။ စစ်ကောင်စီက ပိုပြီးတော့ တိုင်းပြည်ကို ထိန်းချုပ်နိုင်မယ့်အလားအလာ ရှိနေသလား။ သို့တည်းမဟုတ် တော်လှန်ရေးအင်အားစုတွေ၊ စစ်ကောင်စီကို တွန်းလှန်နေတဲ့ အင်အားစုတွေကများ ပိုပြီးတော့ အင်အားသာလာသလား။ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျမမပြောခင်၊ ကျမ disclaimer - ရှင်းလင်းပြောဆိုချက်လေး နည်းနည်းလုပ်ရမယ်။ ကျမ အခုပြောသွားမယ့်၊ သုံးသပ်သွားမယ့် အချက်အလက်တွေက ကျမ ပုဂ္ဂိုလ်တဦးတယောက်၊ ပညာရှင်တယောက်အနေနဲ့ လုပ်တာပါ။ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီးလုပ်တာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ အခုနမေးသွားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ (၂) နှစ်ကာလမှာ တော်လှန်ရေးဘက်က တော်တော်အောင်မြင်သွားတဲ့ဟာကို တကမ္ဘာလုံးကလည်း တော်တော်အံ့သြတယ်။ အခုန ဦးကျော်ဇံသာ ပြောသွားသလိုမျိုး ပြည်ပက အကူအညီမရှိဘဲနဲ့ လုပ်တယ်လို့တော့ အဲဒီလိုမျိုး ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပက ဖိအားတွေပေးထားတဲ့ဥစ္စာ sanction - စီးပွားရေးပိတ်ဆို့မှုတွေက စစ်တပ်အတွက်ကို သူတို့ရဲ့ logistics - ထောက်ပံ့ရေးတွေ၊ legitimacy - တရားဝင်မှုတွေကို ဖြတ်တောက်ထားတာဆိုတော့ အဲဒီဟာကလည်း စစ်တပ်က စိတ်ဓါတ်ကျတာတွေကို အများကြီးအထောက်အကူ လုပ်ထားတဲ့ဟာဆိုတော့ - ယူကရိန်းနဲ့ ယှဉ်လိုက်တယ်ဆိုရင်တော့ လက်နက်ပစ္စည်းတွေ ပြည်ပကနေ မပံ့ပိုးပေးဘူး။ ဒါပေမဲ့ ကျမ အမြဲတမ်းပြောတယ်။ စစ်တိုက်တယ်ဆိုတာ သေနတ်ပစ်တော့မှ စစ်တိုက်တာ မဟုတ်ဘူး။ ကျမတို့ကိုယ်၌ စစ်တိုက်တဲ့အခါမှာ logistics - ထောက်ပံ့ရေးတွေကို ဘယ်လိုဖြတ်တောက်ရမလဲဆိုတာကို အမြဲတမ်းစဉ်းစားခဲ့တယ်။ အဲဒါက အရေးကြီးဆုံး။ ဆိုပါတော့ သူတို့ convoy - ယာဉ်တန်းကြီးတွေ သွားလာတဲ့အခါမှာ၊ အဲဒီထောက်ပံ့ရေးယာဉ်တန်းကြီးတွေကို မသွားလာနိုင်အောင် ဖြတ်တောက်တဲ့ဟာ၊ ရှေ့တန်းကို မရောက်နိုင်အောင် ဖြတ်တောက်တဲ့ဟာက ထောက်ပံ့ရေးကို ဖြတ်တောက်တာ မဟုတ်လား။ ၂၀၂၂ မှာ တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က မြေပြင်မှာတိုက်တဲ့အခါမှာ လုံးဝမအောင်မြင်တော့ဘူး။ အဲဒါကြောင့် လေယာဉ်ပျံတွေ အားကိုးပြီးတော့ လုပ်နေကြတာ။ ဒါပေမဲ့ ကျမ အမြဲတမ်းပြောတယ်။ လေယာဉ်ပျံနဲ့ တိုက်တယ်ဆိုတာ အရမ်းဈေးကြီးတယ်။

မေး ။ ။ တကယ့်လက်တွေ့မှာ Tactical Assistance - ဗျူဟာမြောက်တဲ့ အကူအညီတွေပေးဖို့ ဘာအခက်အခဲ ရှိနေသလဲဆိုတာလဲ စဉ်းစားစရာဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေက ခံနေရတဲ့ဒုက္ခကလည်း တော်တော်ကြာမြှင့်လာပြီဆိုတော့ ဘာကြောင့် ပြည်ပအကူအညီတွေက နှောင့်နှေးနေရသလဲဆိုတာကို ပြောပါအုံး။

ဖြေ ။ ။ ပြည်ပကူညီတာထက် အထဲဘက်မှာ အများကြီး ပိုပြီးတော့ လုပ်လို့ရတယ်။ strategy - ဗျူဟာ။ ကျမ အမြဲတမ်းပြောတယ် - စစ်တိုက်တဲ့အခါမှာ ဗျူဟာကောင်းလို့ရှိရင် သေနတ်တောင် မလိုဘူး။ ဗျူဟာကောင်းဖို့အတွက်က intelligent - ထောက်လှမ်းရေးကောင်းဖို့ လိုတယ်။ ထောက်လှမ်းရေး ကောင်းလာလေလေ ကိုယ့်အတွက် ဗျူဟာက ကောင်းလာလေ။ နောက်ပြီးတော့ အထဲမှာရှိတဲ့ လူအင်အားကို စီစစ်ပြီး၊ ကိုယ့်မှာရှိတဲ့ talent အရည်အသွေးတွေ၊ အင်အားတွေ၊ အတတ်ပညာ၊ အသိပညာတွေကို - human resources - လူ့အရင်းအမြစ်တွေကို အသုံးချပြီး ပူးပေါင်းဆောင်ရွက်ရေး အရမ်းအရေးကြီးတယ်။ ပူးပေါင်းဆောင်ရွက်တော့မှ အင်အားဆိုတာ ထွက်လာတယ်။

မေး ။ ။ အဲဒါက တော်လှန်ရေးအင်အားစုတွေဘက်က လိုအပ်ချက်ကို ထောက်ပြတာ။ အဲဒါကောင်းပါတယ်။ ကျနော် အဓိက သိချင်တာက၊ လူတွေသိချင်နေတာက ပြည်ပရဲ့ အကူအညီ materially ပစ္စည်းအထောက်အပံ့တွေ ဘာကြောင့် မကူညီနိုင်တာလဲ။ အထူးသဖြင့် လူတွေပြောကြတယ်။ လေယာဉ်နဲ့လာပြီး ဗုံးကျဲတယ် - air attack လုပ်တယ်။ အဲဒါကိုပစ်ဖို့ လေယာဉ်ပစ်လက်နက် anti-aircraft weapon တွေ လိုချင်ကြတယ်။ အဲဒီလိုရအောင် ဘာလုပ်ရမလဲဆိုတာကို သိပ်ပြောနေကြတယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာနိုင်ပါသလား။ အဲဒီလိုပေးဖို့ ဘာကြောင့်များ နှောင့်နှေးနေရသလဲ။

ဖြေ ။ ။ ပြည်ပက သုံးသပ်လိုက်တဲ့အခါမှာ သူတို့သိတယ်။ Air attack, Air Strike - လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကို နည်းမျိုးစုံနဲ့ ပြန်ပြီးတော့ တုံ့ပြန်လို့ရတယ်။ Artillery လက်နက်ကြီးတွေနဲ့ တုံ့ပြန်လို့ရတယ်။ နောက်တခုကတော့ on the ground - မြေပြင်ကနေ လေယာဉ်ပျံမပျံနိုင်အောင် ဘယ်လိုနည်းနဲ့ ဘယ်လိုလုပ်ရမလဲ။ အဲဒီဥစ္စာက ပိုပြီးတော့လည်း cheaper ဈေးနည်းပါတယ်။ အဲဒီဥစ္စာက အခုရှိနေတဲ့ တော်လှန်ရေးရဲ့ လက်ထဲမှာ ကိုယ့်ရဲ့ထိန်းချုပ်မှု control အောက်မှာ ရှိတယ်။ ဆိုတော့ အဲဒီဟာအတွက် လုပ်ဖို့အတွက်က intelligent ထောက်လှမ်းရေး ကောင်းကောင်းလိုတယ်။ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်။ လေယာဉ်ပျံတစီး အပေါ်တက်နိုင်ဖို့က အများကြီးလိုအပ်တယ်။ ဆီလိုအပ်တယ်။ ပြေးလမ်း run-a-way လိုအပ်တယ်။ လေယာဉ်မှူး pilot လိုအပ်တယ်။ နောက်ပြီးတော့ မြေပြင်ထောက်ပံ့ရေးအင်အား ground crew, စက်ပြင်အဖွဲ့ maintenance crew လိုအပ်တယ်ဆိုတော့ အဲဒီဥစ္စာတွေအားလုံးကို တနေရာရာမှာ နှောက်ယှက်ဟန့်တား disrupt လုပ်လို့ရတယ်။ ဗျူဟာဆွဲတဲ့အခါမှာ ကျမတို့က အမြဲတမ်း ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေ ပြန်တွက်ရတယ်။ ဗျူဟာဆွဲတဲ့အခါမှာ ကိုယ့်မှာမရှိတဲ့ အားနည်းချက်နဲ့ တွဲပြီးတော့ လုပ်လိုက်လို့ရှိရင် ဒီဗျူဟာက မအောင်မြင်တဲ့ဗျူဟာ ဖြစ်လာတယ်။ ကိုယ့်မှာ ဘာရှိလဲ။ ကိုယ့်ရဲ့အားသာချက်တွေက ဘာတွေလဲ။ ရှိတဲ့ဥစ္စာကို ဘယ်လိုအသုံးချပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒါ ဗျူဟာပဲ။ မဖြစ်နိုင်တဲ့အရာ၊ မရနိုင်တဲ့အရာတွေ၊ အရမ်းခက်ခဲတဲ့ဥစ္စာတွေကို အရမ်းသွားတွေးပြီးတော့ အဲဒီလိုမျိုး လုပ်လိုက်မယ်ဆိုရင် ဒီဗျူဟာက တကယ်လက်တွေ့မဖြစ်နိုင်တဲ့အရာ ဖြစ်လာတယ် မဟုတ်လား။

မေး ။ ။ တကယ်တော့ အဲဒါ မဖြစ်နိုင်ဘူးပေါ့။ ပြည်ပကနေ air defense လေကြောင်းရန်ကာကွယ်ရေး အကူအညီတွေရဖို့အတွက် သိပ်အလားအလာ မရှိဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ ဒီဥစ္စာက ကျမပြောတာက အားလုံး ဖြစ်လည်းဖြစ်လာနိုင်တယ်။ မဖြစ်ရင်လည်း မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ပြည်ပက ကြည့်နေတာက Unity of Command တစုတစည်း၊ စည်းလုံးညီညွှတ်မှု ရှိလာဆိုတာကို ကြည့်တယ်။ အကယ်၍ တစုတစည်းတည်း ဖွဲ့စည်းမှု ရှိလာတယ်ဆိုရင် ဖြစ်ရင်ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးလို့လည်း လုံးဝပြောလို့မရဘူး။

မေး ။ ။ တလောတုန်းက သြစတြေးလျက ပါမောက္ခတယောက် သုံးသပ်တဲ့ဆောင်းပါးတပုဒ်ကို တွေ့ပါတယ်။ သူက ပြည်ပနိုင်ငံတွေအနေနဲ့ ရေရှည်စစ်ပွဲ မြန်မာပြည်မှာ ဖြစ်သွားမယ်။ သူတို့လက်နက်တွေ ပေးလိုက်လို့ စစ်ပွဲသာ အဓွန့်ရှည်သွားမယ်။ တခါတည်း မပြီပြတ်သွားနိုင်ဘူးဆိုရင် သူတို့ အဲဒါမျိုး မကူညီချင်ဘူး။ သို့သော်လဲပဲ သူတို့ကူညီလိုက်လို့ ပြီပြတ်သွားမယ်ဆိုရင်တော့ တမျိုးတမည် သူတို့ပေါ်လစီကို ပြန်ပြီးသုံးသပ်လာမယ်လို့ … အဲဒီဆောင်းပါးကို မီမီ ဖတ်မိလားမသိဘူး။ အဲဒီသုံးသပ်ချက်ကို ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ကျမတော့ အဲဒီဆောင်းပါးကို မဖတ်လိုက်ရဘူး။ မတွေ့လိုက်ရဘူး။ ဒါပေမဲ့ တော်လှန်ရေး ဒီနှစ်မှာ ကျမတို့ tipping point ပြောင်းလဲနိုင်တဲ့ အခြေအနေ။ ပြီဆုံးတဲ့ဟာကို နည်းနည်းတော့ ပြောရခက်တယ်။ ဒါပေမဲ့ အပြောင်းအလဲရောက်မယ့် အခြေအနေအတွက်က ကျမ အခုနက ပြောသွားတဲ့ unity of command နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အင်အားကို ရအောင်လုပ်မယ်၊ လုပ်နိုင်တယ် ဆိုလို့ရှိရင် ဒီဥစ္စာက ပြောင်းလဲနိုုင်တဲ့ အခြေအနေကိုရောက်ဖို့ သေချာတယ်။ အဲဒါကို ကျမ ပြောနေတာ။

မေး ။ ။ ဆိုတော့ နောက်တခုက တချို့ ကျနော် စိုးရိမ်တာက .. ကြံဖန်ပြီးတော့ စိုးရိမ်တာလို့ တချို့ပြောကောင်းပြောမလား မသိဘူး။ စစ်ရေးမှာ false hope မဖြစ်နိုင်တဲ့ မျှော်လင့်ချက်၊ မျှော်လင့်ချက်အမှားကြောင့် လူတွေ မနစ်နာဘဲနဲ့ ကိုယ့်ဘက်က နစ်နာတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ အဲဒါကို တပ်မတော်အရာရှိတယောက်အနေနဲ့ မီမီ ပိုသိမှာပေါ့။ ဆိုတော့ အခုတိုက်ပွဲမှာလည်း တခါတခါကြတော့ ဘယ်လိုပဲ နေ့ချင်းညချင်းပဲ ပွဲပြတ်သွားမယ်။ စစ်ကောင်စီ ပြုတ်တော့မယ်၊ ဘာညာဆိုတဲ့ ပုံစံနဲ့အမျိုးမျိုး ပြောနေကြတာတွေလည်းရှိတော့ အဲဒီဟာက ခိုင်မာယုံကြည်လောက်တဲ့ အချက်အလက်တွေ ဟုတ်ပါရဲ့လား။ အဲဒီလို false hope တွေ ပေးတာကော တော်လှန်ရေးဘက်က မနစ်နာနိုင်ဘူးလားဆိုတာကိုလည်း သုံးသပ်ပေးပါ။

ဖြေ ။ ။ အခုအချိန်မှာ trend လက်ရှိအပြောင်းအလဲကို ကြည့်လို့ရတယ်။ ကျမကတော့ အနာဂတ်အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာကို ပြောရတာ နည်းနည်းခက်တယ်။ ဒါပေမဲ့ trend လက်ရှိအပြောင်းအလဲကို ဘာဖြစ်သွားလဲ၊ ဘာဖြစ်နေသလဲဆိုတာကို analyze သုံးသပ်ပြီးတော့ နည်းနည်းလေးတော့ predict ခန့်မှန်းလို့ရတယ်။ အရှေ့ကိုသွားပြီးတော့ နည်းနည်းခန့်မှန်းကြည့်လို့ရတယ်။ အခုဆိုရင် စစ်တပ်ထဲမှာ တော်တော်စိတ်ဓါတ်တွေ ကျပြီးတော့၊ တချို့တွေ အများကြီး အင်တာဗျူးတွေ လုပ်လိုက်တဲ့အခါမှာ သူတို့ပြောတယ် - ဆယ်ယောက်ထဲက ခုနှစ်ယောက်က စစ်တပ်ထဲမှာ မနေချင်တော့ဘူး။ မလုပ်ချင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတဲ့ စစ်တပ်က ဘယ်လိုမှ စစ်နိုင်အောင် မတိုက်နိုင်တော့ဘူးဆိုတော့ စစ်တပ်က ပြိုကွဲနေပြီ။ ဒါပေမဲ့ tipping point ပြောင်းလဲနိုင်တဲ့ အခြေအနေ၊ အဆင့်ကို ရောက်ဖို့အတွက်က တော်လှန်ရေးဘက်၊ ပြည်သူလူထုရဲ့ လက်ထဲမှာ ရှိတယ်။ တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူလူထုတွေက အားလုံးစည်းလုံးညီညွှတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ပြောင်းလဲနိုင်တဲ့ အခြေအနေ (အဆင့်) ကို ရောက်ရှိလိမ့်မယ်။ ပြည်သူလူထုကို ပူးပေါင်းဆောင်ရွက်ဖို့ပြောတာကလည်း သူတို့လုပ်နိုင်သမျှလုပ်ဖို့။ သူတို့အပြင်ထွက်ပြီးတော့ လက်နက်ကိုင်ပြီးတော့ လုပ်စရာမလိုဘူး။ သူတို့က စစ်တပ်ကို လုံးဝလက်မခံဘဲနဲ့ သူတို့နည်း သူတို့ဟန်နဲ့ ပုန်ကန်နေတဲ့ဥစ္စာက တော်လှန်ရေးပဲ။ ကျမကို တနေ့က လူတယောက်ပြောတယ်။ သူတို့အိမ်ငှားဖို့ လိုက်ရှာတယ်။ အရမ်းကြိုက်တဲ့ အိမ်လေးသွားတွေ့တယ်။ အိမ်ပွဲစားတယောက်က မယူနဲ့ အဲဒီအိမ်က စစ်တပ်ဘက်ကို ထောက်ခံတဲ့လူတွေအိမ်လို့ ပြောတယ်။ သူတို့က အပြင်ထွက်ပုန်ကန်နေတာ မဟုတ်ဘူး။ အဲဒီလိုမျိုး လူတိုင်းလူတိုင်းက နည်းနည်းဆီ ဒီလိုမျိုး လုပ်သွားတယ်ဆိုရင် အပြောင်းအလဲဖြစ်မယ့်အဆင့်ကို ရောက်ဖို့က ဖြစ်နိုင်တယ်။ နောက်ပြီးတော့ အခုနပြောသလိုပဲ စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်ခြင်း ရှိလာလို့ရှိရင် tipping point ရောက်ဖို့က သေချာတယ်။

မေး ။ ။ Field of command - စုစည်းတဲ့အင်အား၊ တနည်းအားဖြင့် တော်လှန်ရေးအင်အားစုတွေဘက်က အလေးသာလာတယ်ဆိုရင်ကော ပြည်ပက ပိုပြီးတော့ တိုးတက်ခိုင်မာလာအောင် ကူညီပံ့ပိုးလာနိုင်မယ် ထင်ပါသလား။ အကူအညီတွေ ပိုများလာမလား။

ဖြေ ။ ။ အဲဒါ ဖြစ်နိုင်တယ်။ အမြဲတမ်းပဲ လူတွေက wining team အနိုင်ရနေတဲ့အုပ်စုကို လူတွေက ထောက်ခံ support လုပ်ချင်တယ်။ တကမ္ဘာလုံးက အခုအချိန်မှာ တော်တော်များများ နည်းမျိုးစုံနဲ့ ပံ့ပိုးပေးနေတာ ရှိတယ်။ သေနတ်ပေးလို့မှ ပံ့ပိုးပေးတာဆိုတာကို ကျမ လုံးဝလက်မခံဘူး။ အခု ရှေ့တန်းမှာ လုပ်နေတဲ့ တော်လှန်ရေးရဲဘော်တွေက သူတို့ရဲ့ သတ္တိနဲ့ ရဲရင့်မှုက အရမ်းပဲချီးကျူးဖို့ကောင်းတယ်။ သူတို့လုပ်နေတဲ့ဟာတွေက ကမ္ဘာကျော်တယ်။ သူတို့မှာ tactically နည်းဗျူဟာအရ on the ground မြေပြင်မှာ ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ တော်တော်လုပ်နိုင်တဲ့ဥစ္စာက လေးစားစရာကောင်းတယ်၊ ချီးကျူးစရာကောင်းတယ်လို့ ပြောလို့ရတယ်။

XS
SM
MD
LG