စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္နဲ႔ ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကို စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရးတပ္ေတြ ဝင္ေရာက္ မီးရွိဳ႕ ဖ်က္စီးခဲ့တာေၾကာင့္ ကြၽန္းလွၿမိဳ႕နယ္ထဲက ေက်း႐ြာ ၁၀ ေက်ာ္နဲ႔ ကန႔္ဘလူၿမိဳ႕နယ္ထဲက ေက်း႐ြာ ၈ ႐ြာေလာက္ ေဘးလြတ္ရာ ေျပးေရွာင္ေနၾကရပါတယ္။ စစ္တပ္နယ္ေျမရွင္းမႈအတြင္း ေနအိမ္ စုစုေပါင္း ၂၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။
ဇန္နဝါရီ ၃၀ ရက္ေန႔ မနက္ ၆ နာရီခြဲဝန္းက်င္ေလာက္က ကြၽန္းလွၿမိဳ႕နယ္ ေတာင္ယာဆိပ္အုပ္စုထဲက ေက်း႐ြာ ၄ ႐ြာကို စစ္တပ္နဲ႔ ပ်ဴေစာထီးအဖြဲ႕ဝင္ အင္အား ၁၀၀ ေက်ာ္ေလာက္က နယ္ေျမရွင္းလင္းေရး ဝင္ေရာက္လာၿပီး ေနအိမ္ေတြကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေတာင္ယာဆိပ္အုပ္စုမွာ သရက္ေတာ၊ ေအာင္ရန္ကင္း၊ ျမင္သာဦးနဲ႔ ေတာင္ယာဆိပ္ ေက်း႐ြာေတြပါတဲ့ ေလး႐ြာအုပ္စုျဖစ္ၿပီး အိမ္ေျခ ၂၀၀ ေက်ာ္ရွိတဲ့ ေက်း႐ြာ အုပ္စုျဖစ္ပါတယ္။ စစ္တပ္ရဲ႕ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ေက်း႐ြာအုပ္စုအတြင္းက ေနအိမ္ ၁၂၈ လုံးနဲ႔ စပါးတိုက္ ၃၁ လုံး မီးေလာင္ခဲ့တယ္လို႔ ေဒသခံတစ္ဦးက ခုလိုေျပာပါတယ္။ အင္ငုတ္တိုေက်း႐ြာ မီးရႈိ႕ခံရၿပီးေနာက္ ေဒသခံေတြက စစ္ေဘးေရွာင္တဲေတြ ေဆာက္ၿပီး ေနၾကတဲ့ ေနရာကိုလည္း စစ္ေၾကာင္း ဝင္လာၿပီး စစ္ေဘးေရွာင္တဲေတြကိုပါ မီးရႈိ႕သြားတာျဖစ္တယ္လို႔ ကၽြန္းလွေဒသခံတစ္ဦးက ေျပာပါတယ္။
"ေတာင္ယာဆိပ္အုပ္စုမွာကေတာ့ အိမ္အလုံးေရက ၁၂၈ လုံး၊ စပါးတိုက္ စပါးက်ီေပါ့ အဲ့ဒါက ၃၁ လုံးပါသြားတယ္။ ေနာက္ထပ္က ပလူသာ႐ြာထိပ္က ေညာင္ခါးရွည္ဆိုတဲ့ လယ္ေတာတိုက္ေပါ့ဗ်ာ။ အဲ့ဒီမွာ အင္ငုတ္တိုက ႐ြာမရွိတဲ့ခါက်ေတာ့ ႐ြာကို မီးရႈိ႕ထားတဲ့ခါက်ေတာ့ စစ္ေဘးေရွာင္တဲေတြရွိတယ္အဲ့မွာ အဲ့စစ္ေဘးေရွာင္တဲေတြကို ဝင္ၿပီးေတာ့မွ ေတာင္ယာဆိပ္ကေန အထြက္ ေန႔လယ္ ၂ နာရီ ဝန္းက်င္ေလာက္မွာေပါ့ အဲ့နားက တဲေတြအကုန္ကို မီးရႈိ႕ထားခဲ့တယ္။"
ေတာင္ယာဆိပ္ေက်း႐ြာအုပ္စုအတြင္းကို စစ္ေၾကာင္းထိုးဝင္ေရာက္ မီးရႈိ႕တဲ့အတြက္ အဲ့ဒီအနီးဝန္းက်င္က ေက်း႐ြာ ၁၂ ႐ြာထက္မနည္းက ေဒသခံ တစ္ေသာင္းေက်ာ္ေလာက္ စစ္ေဘးေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ႕ စစ္ေၾကာင္းျပန္ထြက္သြားၿပီးခ်ိန္ တခ်ိဳ႕ ေက်း႐ြာေတြက ႐ြာထဲကို ျပန္ဝင္ႏိုင္ၾကေပမယ့္ စစ္တပ္စခန္း ဒါမွမဟုတ္ ပ်ဴေစာထီး႐ြာေတြနဲ႔ နီးတဲ့ ေက်း႐ြာေတြကေတာ့ ႐ြာကို ျပန္မဝင္ႏိုင္ဘဲ ေတာထဲမွာပဲ ပုန္းေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ဇန္နဝါရီ ၃၁ ရက္ေန႔ ေန႔လယ္ေလာက္မွာ ကန႔္ဘလူခ႐ိုင္ ထန္းကုန္းတိုက္နယ္အတြင္းက ေညာင္ဇင္ႀကီးေက်း႐ြာကို စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးပူးေပါင္းတပ္ေတြက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ဝင္ေရာက္ၿပီး ေက်း႐ြာအတြင္းက ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တယ္လို႔ ကန္႔ဘလူ ေဒသခံတေယာက္က ခုလိုေျပာျပပါတယ္။
"အေနာက္ေညာင္ဇင္နဲ႔ အေရွ႕ေညာင္ဇင္ဆိုၿပီးေတာ့ ၂ ခုရွိတာေပါ့ေနာ။ အေနာက္ေညာင္ဇင္က ပ်ဴ႐ြာ၊ အဲ့မွာ တပင္႐ြာ၊ သင္ေပါင္းက်င္း႐ြာ၊ အေနာက္ေညာင္ဇင္႐ြာ အဲ့ဒါေတြကို အင္အား ၃၀၀ ေလာက္ ျဖန႔္ဝင္တယ္။ ျဖန္ဝင္ၿပီးေတာ့ အေရွ႕ေညာင္ဇင္႐ြာကို သူတို႔ေန႔လယ္ပိုင္းႀကီး ဝင္ၿပီး မီးရႈိ႕တာေပါ့ေနာ။ အေရွ႕ေညာင္ဇင္႐ြာက ေတာ္လွန္ေရးလုပ္တဲ့ ႐ြာလည္းမဟုတ္ဘူး သူတို႔ဟာသူတို႔ ေအးေအးေနတဲ့ ႐ြာေပါ့ေနာ္။ အဲ့ဒါကို သူတို႔ အိမ္ ၃ လုံးမီးရႈိ႕သြားတယ္။ (ေဒသခံေတြ႐ြာထဲကိုျပန္မဝင္ႏိုင္ေသးတဲ့ ေက်း႐ြာေတြ) ေနာက္မဝင္ႏိုင္ေသးတဲ့ ႐ြာေတြက ဘိုတဲကုန္း သူတို႔ကေတာ့ အဲ့နားမွာ(ပ်ဴ႐ြာ)ကပ္ေနတဲ့ ႐ြာေတြဆိုေတာ့၊ အေရွ႕ေညာင္ဇင္၊ ေနာက္ မင္းကုန္း၊ ဒါေတြကေတာ့ သူတို႔နဲ ကပ္တဲ့ခါက်ေတာ့ ျပန္မဝင္ရဲၾကေသးဘူးေပါ့ေနာ။"
ပ်ဴေစာထီးေက်း႐ြာေတြျဖစ္တဲ့ သင္ေပါင္းက်င္းနဲ႔ ေညာင္ဇင္ေလးေက်း႐ြာကေန ထြက္လာတဲ့ စစ္ေၾကာင္းက ထန္းကုန္းတိုက္နယ္အတြင္းက ေက်း႐ြာေတြကို ဝင္ေရာက္ မီးရႈိ႕ေနတာေၾကာင့္ ေညာင္ဇင္ႀကီး၊ မဲသည္၊ အင္းလယ္ႀကီး၊ ေပလည္၊ ထိန္ေတာ၊ ကိုင္း႐ိုး၊ မင္းကုန္း၊ ဘိုကုန္း စတဲ့ ေက်း႐ြာေပါင္း ၈ ႐ြာထက္မနည္း ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ စစ္ေၾကာ္ငးေတြ ျပန္ထြက္သြားခ်ိန္မွာ တခ်ိဳ႕ေတြက ေက်း႐ြာေတြကို ျပန္ဝင္ၾကတာရွိေပမယ့္ အမ်ားစုကေတာ့ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ေဆာင္းရာသီကာလမို႔ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနၾကရသူေနမွာ အေႏြးထည္နဲ႔ ျခံဳေစာင္ေတြလည္း လိုအပ္ေနၾကပါတယ္။ ဒါ့အျပင္ ေဆးဝါးအကူအညီလည္း လိုအပ္ေနၾကပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေျပးဒုကၡသည္အေရအတြက္ တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။
[Unicode]
စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကန့်ဘလူ ရွာ ၂၀၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတပ်တွေ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့တာကြောင့် ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၁၀ ကျော်နဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၈ ရွာလောက် ဘေးလွတ်ရာ ပြေးရှောင်နေကြရပါတယ်။ စစ်တပ်နယ်မြေရှင်းမှုအတွင်း နေအိမ် စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။
ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်လောက်က ကျွန်းလှမြို့နယ် တောင်ယာဆိပ်အုပ်စုထဲက ကျေးရွာ ၄ ရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်က နယ်မြေရှင်းလင်းရေး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ယာဆိပ်အုပ်စုမှာ သရက်တော၊ အောင်ရန်ကင်း၊ မြင်သာဦးနဲ့ တောင်ယာဆိပ် ကျေးရွာတွေပါတဲ့ လေးရွာအုပ်စုဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာ အုပ်စုဖြစ်ပါတယ်။ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအုပ်စုအတွင်းက နေအိမ် ၁၂၈ လုံးနဲ့ စပါးတိုက် ၃၁ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ အင်ငုတ်တိုကျေးရွာ မီးရှို့ခံရပြီးနောက် ဒေသခံတွေက စစ်ဘေးရှောင်တဲတွေ ဆောက်ပြီး နေကြတဲ့ နေရာကိုလည်း စစ်ကြောင်း ဝင်လာပြီး စစ်ဘေးရှောင်တဲတွေကိုပါ မီးရှို့သွားတာဖြစ်တယ်လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။
"တောင်ယာဆိပ်အုပ်စုမှာကတော့ အိမ်အလုံးရေက ၁၂၈ လုံး၊ စပါးတိုက် စပါးကျီပေါ့ အဲ့ဒါက ၃၁ လုံးပါသွားတယ်။ နောက်ထပ်က ပလူသာရွာထိပ်က ညောင်ခါးရှည်ဆိုတဲ့ လယ်တောတိုက်ပေါ့ဗျာ။ အဲ့ဒီမှာ အင်ငုတ်တိုက ရွာမရှိတဲ့ခါကျတော့ ရွာကို မီးရှို့ထားတဲ့ခါကျတော့ စစ်ဘေးရှောင်တဲတွေရှိတယ်အဲ့မှာ အဲ့စစ်ဘေးရှောင်တဲတွေကို ဝင်ပြီးတော့မှ တောင်ယာဆိပ်ကနေ အထွက် နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာပေါ့ အဲ့နားက တဲတွေအကုန်ကို မီးရှို့ထားခဲ့တယ်။"
တောင်ယာဆိပ်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးဝင်ရောက် မီးရှို့တဲ့အတွက် အဲ့ဒီအနီးဝန်းကျင်က ကျေးရွာ ၁၂ ရွာထက်မနည်းက ဒေသခံ တစ်သောင်းကျော်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းပြန်ထွက်သွားပြီးချိန် တချို့ ကျေးရွာတွေက ရွာထဲကို ပြန်ဝင်နိုင်ကြပေမယ့် စစ်တပ်စခန်း ဒါမှမဟုတ် ပျူစောထီးရွာတွေနဲ့ နီးတဲ့ ကျေးရွာတွေကတော့ ရွာကို ပြန်မဝင်နိုင်ဘဲ တောထဲမှာပဲ ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်လောက်မှာ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းက ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ကန့်ဘလူ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။
"အနောက်ညောင်ဇင်နဲ့ အရှေ့ညောင်ဇင်ဆိုပြီးတော့ ၂ ခုရှိတာပေါ့နော။ အနောက်ညောင်ဇင်က ပျူရွာ၊ အဲ့မှာ တပင်ရွာ၊ သင်ပေါင်းကျင်းရွာ၊ အနောက်ညောင်ဇင်ရွာ အဲ့ဒါတွေကို အင်အား ၃၀၀ လောက် ဖြန့်ဝင်တယ်။ ဖြန်ဝင်ပြီးတော့ အရှေ့ညောင်ဇင်ရွာကို သူတို့နေ့လယ်ပိုင်းကြီး ဝင်ပြီး မီးရှို့တာပေါ့နော။ အရှေ့ညောင်ဇင်ရွာက တော်လှန်ရေးလုပ်တဲ့ ရွာလည်းမဟုတ်ဘူး သူတို့ဟာသူတို့ အေးအေးနေတဲ့ ရွာပေါ့နော်။ အဲ့ဒါကို သူတို့ အိမ် ၃ လုံးမီးရှို့သွားတယ်။ (ဒေသခံတွေရွာထဲကိုပြန်မဝင်နိုင်သေးတဲ့ ကျေးရွာတွေ) နောက်မဝင်နိုင်သေးတဲ့ ရွာတွေက ဘိုတဲကုန်း သူတို့ကတော့ အဲ့နားမှာ(ပျူရွာ)ကပ်နေတဲ့ ရွာတွေဆိုတော့၊ အရှေ့ညောင်ဇင်၊ နောက် မင်းကုန်း၊ ဒါတွေကတော့ သူတို့နဲ ကပ်တဲ့ခါကျတော့ ပြန်မဝင်ရဲကြသေးဘူးပေါ့နော။"
ပျူစောထီးကျေးရွာတွေဖြစ်တဲ့ သင်ပေါင်းကျင်းနဲ့ ညောင်ဇင်လေးကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက် မီးရှို့နေတာကြောင့် ညောင်ဇင်ကြီး၊ မဲသည်၊ အင်းလယ်ကြီး၊ ပေလည်၊ ထိန်တော၊ ကိုင်းရိုး၊ မင်းကုန်း၊ ဘိုကုန်း စတဲ့ ကျေးရွာပေါင်း ၈ ရွာထက်မနည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကြော်ငးတွေ ပြန်ထွက်သွားချိန်မှာ တချို့တွေက ကျေးရွာတွေကို ပြန်ဝင်ကြတာရှိပေမယ့် အများစုကတော့ တောထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆောင်းရာသီကာလမို့ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရသူနေမှာ အနွေးထည်နဲ့ ခြုံစောင်တွေလည်း လိုအပ်နေကြပါတယ်။ ဒါ့အပြင် ဆေးဝါးအကူအညီလည်း လိုအပ်နေကြပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။