စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ခဲ့ၿပီးေနာက္ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြ ခပ္စိပ္စိပ္လုပ္လာတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ညမထြက္ရအမိန႔္နဲ႔ လူစီတန္းလွည့္လည္မႈေတြ မလုပ္ဖို႔ သတိေပးထားျမစ္ထားေပမယ့္၊ အာဏာရွင္ဆန႔္က်င္ေရး လူထုသပိတ္ကလည္း ဆက္ၿပီးရွိေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က ေျပာျပမွာပါ။
စစ္ကိုင္းတိုင္းထဲ စစ္အုပ္ခ်ဳပ္ေရး Martial Law အာဏာ က်င့္သုံးဖို႔ ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ ၁၁ ခုထဲ ဆားလင္းႀကီးၿမိဳ႕နယ္လည္း ပါဝင္ပါတယ္။ အခုလို စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္ၿပီးတဲ့ေနာက္ ဆားလင္းႀကီးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈ ပိုမ်ားလာသလို၊ ပစ္ခတ္သံေတြကိုလည္း အရင္ထက္ပိုၿပီး ၾကားလာတယ္လို႔ အဲဒီနယ္ေျမမွာ ရွိေနတဲ့ S&C မီးေဘး၊ စစ္ေဘး၊ ပညာေရး ကူညီေစာင့္ေရွာက္ေရး အဖြဲ႕ တာဝန္ခံ ကိုစိုးမိုးေအာင္က ေျပာပါတယ္။
"အခု အေျခအေနက ေတာ္ေတာ္ဆိုးေနတာေပါ့ေနာ္။ မေန႔ကလည္း စစ္ေၾကာင္းေတြထိုးတယ္။ ဆားလင္းႀကီးက Martial Law ထုတ္လိုက္ေတာ့ ပိုဆိုးသြားတာေပါ့။ စစ္ေၾကာင္းက ဖိမယ့္ပုံစံမ်ိဳး ျဖစ္ေနတယ္။ မေန႔ညကလည္း ပစ္ၾကခတ္ၾကတာ ျဖစ္တယ္။ အေျခအေနကေတာ့ ဆိုးသြားဖို႔ရွိတယ္ဗ်၊ အခု အေနအထားနဲ႔ ဆိုရင္ေတာ့။ အခုဟာက စစ္ေၾကာင္းေတြက ခဏခဏထိုးေနေတာ့ ေဒသခံေတြမွာက ဆုံးရႈံးစရာက မရွိေတာ့ဘူးဗ်။ သူတို႔ အသက္ေတြပဲ က်န္ေတာ့တာေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔မွာ အိမ္လည္းမရွိေတာ့ဘူး၊ မီးရႈိ႕ခံၿပီးၾကၿပီ။ သူတို႔အသက္ မဆုံးရႈံးေအာင္လို႔ပဲ ျဖစ္သလို ကာကြယ္ေနရတာေပါ့။"
ဆားလင္းႀကီးၿမိဳ႕နယ္ထဲမွာ မီးရႈိ႕ခံလိုက္ရတဲ့ ေက်း႐ြာေပါင္း ၁၇ ႐ြာရွိၿပီး၊ အိမ္ေျခေပါင္းက ၈၀၀ ေက်ာ္အထိ ရွိေနတာပါ။ မီးေဘးသင့္႐ြာေတြမွာ ေဒသခံေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြ ရွိေပမယ့္ တခ်ိဳ႕႐ြာေတြကိုေတာ့ နယ္ေျမအေျခအေနေၾကာင့္ သြားေရာက္ကူညီဖို႔ ခက္ေနပါတယ္။ မီးေဘးသင့္သူေတြအတြက္ ေဆးဝါး၊ ေစာင္၊ ျခင္ေထာင္၊ အေႏြးထည္နဲ႔ စားေသာက္ကုန္ေတြကို ကူညီေပးေနၿပီး တဲအိမ္ျပန္ေဆာက္ ေပးတာေတြလည္း လုပ္ေဆာင္ေနတယ္လို႔ S&C တာဝန္ခံက ေျပာပါတယ္။
"အဓိကေတာ့ စားနပ္ရိကၡာ၊ ေနအိမ္ေတြလိုတယ္။ ေနအိမ္ကေတာ့ က်ေနာ္တို႔ကလည္း နယ္ေပါင္းစုံကို လိုက္ေဆာက္ေနရတာ ဆိုေတာ့ က်ေနာ္တို႔ တဖြဲ႕တည္းနဲ႔လည္း အကုန္လုံးလိုက္လုပ္ မေပးႏိုင္ဘူးေပါ့ေနာ္။ လိုက္လုပ္ မေပးႏိုင္ဘူးဆိုတာ ဘ႑ာေရးပိုင္းေပါ့ေနာ္။ က်ေနာ္တို႔လည္း အမ်ားႀကီး မတတ္ႏိုင္ေတာ့ ရွိတာေလးနဲ႔ပဲ သင့္တင့္ေလ်ာက္ပတ္ေအာင္ ပံ့ပိုးေပးေနတာေပါ့။ အဲဒီဘက္ဆိုရင္လည္း အိမ္ေဆာက္ မေပးႏိုင္ေပမယ့္ အခုေလာေလာဆယ္ေတာ့ စားေသာက္ကုန္ေတြေတာ့ ျဖန႔္ေဝေပးၿပီးၿပီ။ ဆားလင္းႀကီးထဲက ႐ြာ ၅ ႐ြာ၊ အိမ္ေထာင္စု ၂၄၄ စုကို ေထာက္ပံ့ေပးၿပီးၿပီေပါ့။"
႐ြာထဲကို စစ္ေၾကာင္းထိုးတာနဲ႔ အနီးတဝိုက္မွာ ပစ္ခတ္တာေတြ ရွိလာရင္လည္း ေျပးစရာေနရာ မရွိလို႔ ဘုန္းႀကီးေက်ာင္းနဲ႔ ေတာစပ္ေတြမွာ ေရွာင္ေနရသလို၊ အိမ္ျပန္ မေဆာက္ႏိုင္ေသးလို႔ စုၿပီး ျဖစ္သလိုေန ေနရတာလည္း ရွိေနတယ္လို႔ ေျပာပါတယ္။ စစ္အုပ္ခ်ဳပ္ေရး ထုတ္ထားတဲ့ၾကားမွာပဲ ယင္းမာပင္၊ ဆားလင္းႀကီးက ေက်း႐ြာေပါင္းစုံသပိတ္ ရက္ေပါင္း ၇၀၀ ျပည့္ကိုလည္း ဒီကေန႔မွာ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ လူထုသပိတ္ ဦးေဆာင္သူ ကိုလြမ္းသူက ေျပာပါတယ္။
"ေျမျပင္မွာကေတာ့ သူတို႔ Martial Law ထုတ္ထုတ္၊ မထုတ္ထုတ္ လူထုေတာ္လွန္ေရး အင္အားစုေတြကေတာ့ ဆက္ၿပီးေတာ့ အားစိုက္ၿမဲေပါ့ေလ။ သူတို႔ဘက္က လႈပ္ရွားမႈကလည္း ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္၊ ပုလဲၿမိဳ႕နယ္။ ၃ ၿမိဳ႕နယ္လုံးမွာလည္း အရင္ကထက္ ထူးျခားတဲ့ စစ္ေရးလႈပ္ရွားမႈေပါ့၊ နယ္ေျမစိုးမိုးမႈရေအာင္ ခပ္စိပ္စိပ္လုပ္လာတယ္ ဆိုတာေတာ့ က်ေနာ္တို႔ ေတြ႕ရတယ္ေပါ့ေနာ္။"
စစ္ကိုင္းတိုင္းထဲက အင္းေတာ္၊ ဗန္းေမာက္၊ ေကာလင္း၊ ပင္လည္ဘူး၊ ေျမာင္၊ ဆားလင္းႀကီး၊ ပုလဲ၊ ယင္းမာပင္၊ ခင္ဦး၊ တန႔္ဆည္နဲ႔ ေရဦးၿမိဳ႕နယ္တို႔ကို စစ္အုပ္ခ်ဳပ္ေရးအာဏာ ထုတ္ျပန္ထားတာပါ။ အဲဒီထဲမွာ မပါတဲ့ ကနီၿမိဳ႕နယ္မွာေတာ့ ျမစ္ကမ္းေဘး႐ြာ အေတာ္မ်ားမ်ားက ႐ြာေတြ မီးရႈိ႕ခံလိုက္ရလို႔ ေနအိမ္ေတြ မရွိသေလာက္ ျဖစ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြလည္း အဲဒီဘက္ေတြမွာ စတည္းခ် ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
{Unicode}
ဆားလင်းကြီးမှာ စစ်တပ်လှုပ်ရှားမှု ပိုများလာ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညမထွက်ရအမိန့်နဲ့ လူစီတန်းလှည့်လည်မှုတွေ မလုပ်ဖို့ သတိပေးထားမြစ်ထားပေမယ့်၊ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကလည်း ဆက်ပြီးရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
စစ်ကိုင်းတိုင်းထဲ စစ်အုပ်ချုပ်ရေး Martial Law အာဏာ ကျင့်သုံးဖို့ ထုတ်ပြန်ထားတဲ့ မြို့နယ် ၁၁ ခုထဲ ဆားလင်းကြီးမြို့နယ်လည်း ပါဝင်ပါတယ်။ အခုလို စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီးတဲ့နောက် ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု ပိုများလာသလို၊ ပစ်ခတ်သံတွေကိုလည်း အရင်ထက်ပိုပြီး ကြားလာတယ်လို့ အဲဒီနယ်မြေမှာ ရှိနေတဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
"အခု အခြေအနေက တော်တော်ဆိုးနေတာပေါ့နော်။ မနေ့ကလည်း စစ်ကြောင်းတွေထိုးတယ်။ ဆားလင်းကြီးက Martial Law ထုတ်လိုက်တော့ ပိုဆိုးသွားတာပေါ့။ စစ်ကြောင်းက ဖိမယ့်ပုံစံမျိုး ဖြစ်နေတယ်။ မနေ့ညကလည်း ပစ်ကြခတ်ကြတာ ဖြစ်တယ်။ အခြေအနေကတော့ ဆိုးသွားဖို့ရှိတယ်ဗျ၊ အခု အနေအထားနဲ့ ဆိုရင်တော့။ အခုဟာက စစ်ကြောင်းတွေက ခဏခဏထိုးနေတော့ ဒေသခံတွေမှာက ဆုံးရှုံးစရာက မရှိတော့ဘူးဗျ။ သူတို့ အသက်တွေပဲ ကျန်တော့တာလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အိမ်လည်းမရှိတော့ဘူး၊ မီးရှို့ခံပြီးကြပြီ။ သူတို့အသက် မဆုံးရှုံးအောင်လို့ပဲ ဖြစ်သလို ကာကွယ်နေရတာပေါ့။"
ဆားလင်းကြီးမြို့နယ်ထဲမှာ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာပေါင်း ၁၇ ရွာရှိပြီး၊ အိမ်ခြေပေါင်းက ၈၀၀ ကျော်အထိ ရှိနေတာပါ။ မီးဘေးသင့်ရွာတွေမှာ ဒေသခံတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေ ရှိပေမယ့် တချို့ရွာတွေကိုတော့ နယ်မြေအခြေအနေကြောင့် သွားရောက်ကူညီဖို့ ခက်နေပါတယ်။ မီးဘေးသင့်သူတွေအတွက် ဆေးဝါး၊ စောင်၊ ခြင်ထောင်၊ အနွေးထည်နဲ့ စားသောက်ကုန်တွေကို ကူညီပေးနေပြီး တဲအိမ်ပြန်ဆောက် ပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ S&C တာဝန်ခံက ပြောပါတယ်။
"အဓိကတော့ စားနပ်ရိက္ခာ၊ နေအိမ်တွေလိုတယ်။ နေအိမ်ကတော့ ကျနော်တို့ကလည်း နယ်ပေါင်းစုံကို လိုက်ဆောက်နေရတာ ဆိုတော့ ကျနော်တို့ တဖွဲ့တည်းနဲ့လည်း အကုန်လုံးလိုက်လုပ် မပေးနိုင်ဘူးပေါ့နော်။ လိုက်လုပ် မပေးနိုင်ဘူးဆိုတာ ဘဏ္ဍာရေးပိုင်းပေါ့နော်။ ကျနော်တို့လည်း အများကြီး မတတ်နိုင်တော့ ရှိတာလေးနဲ့ပဲ သင့်တင့်လျောက်ပတ်အောင် ပံ့ပိုးပေးနေတာပေါ့။ အဲဒီဘက်ဆိုရင်လည်း အိမ်ဆောက် မပေးနိုင်ပေမယ့် အခုလောလောဆယ်တော့ စားသောက်ကုန်တွေတော့ ဖြန့်ဝေပေးပြီးပြီ။ ဆားလင်းကြီးထဲက ရွာ ၅ ရွာ၊ အိမ်ထောင်စု ၂၄၄ စုကို ထောက်ပံ့ပေးပြီးပြီပေါ့။"
ရွာထဲကို စစ်ကြောင်းထိုးတာနဲ့ အနီးတဝိုက်မှာ ပစ်ခတ်တာတွေ ရှိလာရင်လည်း ပြေးစရာနေရာ မရှိလို့ ဘုန်းကြီးကျောင်းနဲ့ တောစပ်တွေမှာ ရှောင်နေရသလို၊ အိမ်ပြန် မဆောက်နိုင်သေးလို့ စုပြီး ဖြစ်သလိုနေ နေရတာလည်း ရှိနေတယ်လို့ ပြောပါတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ကြားမှာပဲ ယင်းမာပင်၊ ဆားလင်းကြီးက ကျေးရွာပေါင်းစုံသပိတ် ရက်ပေါင်း ၇၀၀ ပြည့်ကိုလည်း ဒီကနေ့မှာ ပြုလုပ်နိုင်ခဲ့တယ်လို့ လူထုသပိတ် ဦးဆောင်သူ ကိုလွမ်းသူက ပြောပါတယ်။
"မြေပြင်မှာကတော့ သူတို့ Martial Law ထုတ်ထုတ်၊ မထုတ်ထုတ် လူထုတော်လှန်ရေး အင်အားစုတွေကတော့ ဆက်ပြီးတော့ အားစိုက်မြဲပေါ့လေ။ သူတို့ဘက်က လှုပ်ရှားမှုကလည်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်။ ၃ မြို့နယ်လုံးမှာလည်း အရင်ကထက် ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှုပေါ့၊ နယ်မြေစိုးမိုးမှုရအောင် ခပ်စိပ်စိပ်လုပ်လာတယ် ဆိုတာတော့ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။"
စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ထားတာပါ။ အဲဒီထဲမှာ မပါတဲ့ ကနီမြို့နယ်မှာတော့ မြစ်ကမ်းဘေးရွာ အတော်များများက ရွာတွေ မီးရှို့ခံလိုက်ရလို့ နေအိမ်တွေ မရှိသလောက် ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေလည်း အဲဒီဘက်တွေမှာ စတည်းချ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။