{Zawgyi}
စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္အတြင္း ျမန္မာစစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ေက်း႐ြာေပါင္း ၂၀ ေက်ာ္ေလာက္က ေဒသခံ ေသာင္းနဲ႔ခ်ီၿပီး ထြက္ေျပးေနၾကရပါတယ္။ ေက်း႐ြာတြင္း ေနအိမ္အေတာ္မ်ားမ်ားမီးရႈိ႕ဖ်က္ဆီးခံရလို႔ မျပန္ႏိုင္ၾကသလို၊ စစ္ေျပးဒုကၡသည္ေတြမွာ စားဝတ္ေနေရးလည္း ခက္ခဲေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားပါတယ္။
စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္အတြင္းက အေရွ႕ျခမ္းနဲ႔ ေျမာက္ျခမ္းနယ္ေျမေတြမွာ စစ္ေကာင္စီတပ္က နယ္ေျမရွင္းလင္းေရးလုပ္ၿပီး ေက်း႐ြာေတြကို မီးရႈိ႕ေနတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ေဒသခံ တဦးက ေျပာပါတယ္။
"စစ္ေရွာင္ေတြက ၂၄ ရက္ေန႔ကေန ေျပးရတာဗ်။ ယင္းမာပင္နယ္တခြင္မွာ စစ္ေၾကာင္းထိုးရင္း မေန႔က ျမရိပ္႐ြာကို အိမ္ေျခ ၂၇၀ ေလာက္ရွိတာက တစ္ဝက္ေက်ာ္ေလာက္ကို မီးရႈိ႕ဖ်က္ဆီးလိုက္တာဗ်။ အခုေလာေလာဆယ္မွာ သူတို႔(စစ္ေရွာင္)က နီးစပ္ရာေတြမွာ ပုန္းခို ေတာေတြထဲမွာ ပုန္းခို။ ၿပီးက်ေတာ့ ဒီဖက္က စစ္ေၾကာင္းထိုးၿပီဆိုရင္ ေဘးနားက ႐ြာေတြက ႐ြာထဲမွာ လုံးဝ မေနရဲၾကေတာ့ ေတာေတြထဲမွာ ေနရတယ္။ ဒီပရဟိတ အဖြဲ႕အစည္းေတြ အကုန္လုံးက ထမင္းထုပ္ေတြဘာေတြကို ခ်က္၊ ခ်က္ၿပီးမွ သူတို႔ စစ္ေရွာင္ေတြေနတဲ့ ေတာေတြတို႔ ယာေတြထဲသို႔ လိုက္ၿပီးေတာ့ ပို႔ေပးရပါတယ္။"
ျမန္မာစစ္တပ္ဟာ ဇန္နဝါရီ ၂၃ရက္ေန႔က ေက်ာက္ေမွာ္ေက်း႐ြာအုပ္စုထဲက ေက်ာက္ေမွာ္အပါအဝင္ ေက်း႐ြာ ၇ ႐ြာက အိမ္ေျခ ၁၀၀ ေက်ာ္ကိုမီးရႈိ႕ခဲ့သလို၊ ဇန္နဝါရီ ၂၅ ရက္ မေန႔က ျမရိပ္ေက်း႐ြာကို မီးရႈိ႕ခဲ့ၾကတာပါ။ ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာ ၂၀ ဝန္းက်င္ေလာက္က ေဒသခံ ၂ ေသာင္းေက်ာ္ေလာက္ဟာ ဇန္နဝါရီ ၂၄ ရက္ေန႔စလို႔ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြေၾကာင့္ ထြက္ေျပးေနၾကရတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာပါတယ္။ စစ္ေျပးဒုကၡသည္ေတြအတြက္ ေနထိုင္ေရးနဲ႔ ရိကၡာေတြ လိုအပ္ေနသလို ေဆးဝါးလည္း လိုေနတယ္လို႔ စစ္ေရွာင္ ကူညီေပးသူက ေျပာပါတယ္။
"အခု အခ်ိန္ထိ ကြၽန္ေတာ္တို႔ ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ ရွိၾကတဲ့ ေက်း႐ြာေပါင္းကေတာ့ ေျမာက္ျခမ္းေရာ အေရွ႕ျခမ္းေရာဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ၂၀ ခန႔္ေလာက္ ရွိႏိုင္တယ္ေပါ့ေလေနာ။ ဒီေန႔ ေရွာင္ေနတဲ့ ေက်း႐ြာေတြ အပါဆိုရင္ေတာ့ ၂၀ ခန႔္ရွိႏိုင္ပါတယ္။ မေန႔က ယင္းမာပင္ အေရွ႕ျခမ္းက ေရွာင္ရတဲ့ ေက်း႐ြာေတြကို ဆားလင္းႀကီး ေျမာက္ျခမ္းက ေက်း႐ြာေတြက ကူၿပီးေတာ့ စားေသာက္ဖို႔အတြက္ ခ်က္ျပဳတ္ေက်း႐ြာေတြ ကူၿပီး လုပ္ေပးခဲ့ၾကတာ ရွိပါတယ္ဗ်။ (စစ္ေရွာင္) ကြၽန္ေတာ္တို႔ ခန႔္မွန္းတာက ၂ ေသာင္း ေက်ာ္ေလာက္ေတာ့ ကြၽန္ေတာ္တို႔ ခန႔္မွန္းထားပါတယ္ဗ်။ ဒါက ကြၽန္ေတာ့္ရဲ႕ ခန႔္မွန္းခ်က္ေပါ့ေလ။ တိတိက်က် စာရင္းေကာက္ရတာေတာ့ မဟုတ္ေတာ့ ဒီလိုပဲ ခန႔္မွန္းရတာပါ။ ေဆးဝါးကေတာ့ လိုတယ္ဗ်၊ ကြၽန္ေတာ္တို႔က ႐ြာေပါင္းစုံသပိတ္ပူးေပါင္းေကာ္မတီအေနနဲ႔ကတာ့ စစ္ေရွာင္ စားနပ္ရိကၡာ ေက်ာင္းက်န္းမာေရးကအစေပါ့ေလ၊ ေဆးဝါးနဲ႔ လူထု က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေဆာင္႐ြက္ေနတယ္။ ေဆးဝါးကေတာ ကြၽန္ေတာ္တို႔ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ ကမျပည့္စုံဘူးေပါ့ဗ်ာ။ ေဆးဝယ္ရတာလည္း ခက္ခဲတဲ့ အေျခအေနေတာ့ ရွိပါတယ္ဗ်။"
ေဆာင္းရာသီအတြင္းမွာ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနၾကရတဲ့အတြက္ အဝတ္အထည္နဲ႔ ေစာင္ေတြ မလုံေလာက္ၾကတာေၾကာင့္ ဖ်ားနာတာေတြလည္း ရွိေနၾကတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာ စစ္ေဘးေရွာင္ေတြအတြက္ ေစာင္၊ အဝတ္အထည္ေတြနဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနပါတယ္။
စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။
{Unicode}
ယင်းမာပင်မြို့နယ်တွင်း ဒေသခံသောင်းဂဏန်းအိုးအိမ်စွန့်ခွာပြေးနေရ
ဇန်နဝါရီ ၂၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း မြန်မာစစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက်က ဒေသခံ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရပါတယ်။ ကျေးရွာတွင်း နေအိမ်အတော်များများမီးရှို့ဖျက်ဆီးခံရလို့ မပြန်နိုင်ကြသလို၊ စစ်ပြေးဒုက္ခသည်တွေမှာ စားဝတ်နေရေးလည်း ခက်ခဲနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက အရှေ့ခြမ်းနဲ့ မြောက်ခြမ်းနယ်မြေတွေမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဒေသခံ တဦးက ပြောပါတယ်။
"စစ်ရှောင်တွေက ၂၄ ရက်နေ့ကနေ ပြေးရတာဗျ။ ယင်းမာပင်နယ်တခွင်မှာ စစ်ကြောင်းထိုးရင်း မနေ့က မြရိပ်ရွာကို အိမ်ခြေ ၂၇၀ လောက်ရှိတာက တစ်ဝက်ကျော်လောက်ကို မီးရှို့ဖျက်ဆီးလိုက်တာဗျ။ အခုလောလောဆယ်မှာ သူတို့(စစ်ရှောင်)က နီးစပ်ရာတွေမှာ ပုန်းခို တောတွေထဲမှာ ပုန်းခို။ ပြီးကျတော့ ဒီဖက်က စစ်ကြောင်းထိုးပြီဆိုရင် ဘေးနားက ရွာတွေက ရွာထဲမှာ လုံးဝ မနေရဲကြတော့ တောတွေထဲမှာ နေရတယ်။ ဒီပရဟိတ အဖွဲ့အစည်းတွေ အကုန်လုံးက ထမင်းထုပ်တွေဘာတွေကို ချက်၊ ချက်ပြီးမှ သူတို့ စစ်ရှောင်တွေနေတဲ့ တောတွေတို့ ယာတွေထဲသို့ လိုက်ပြီးတော့ ပို့ပေးရပါတယ်။"
မြန်မာစစ်တပ်ဟာ ဇန်နဝါရီ ၂၃ရက်နေ့က ကျောက်မှော်ကျေးရွာအုပ်စုထဲက ကျောက်မှော်အပါအဝင် ကျေးရွာ ၇ ရွာက အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှို့ခဲ့သလို၊ ဇန်နဝါရီ ၂၅ ရက် မနေ့က မြရိပ်ကျေးရွာကို မီးရှို့ခဲ့ကြတာပါ။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ ၂၀ ဝန်းကျင်လောက်က ဒေသခံ ၂ သောင်းကျော်လောက်ဟာ ဇန်နဝါရီ ၂၄ ရက်နေ့စလို့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် နေထိုင်ရေးနဲ့ ရိက္ခာတွေ လိုအပ်နေသလို ဆေးဝါးလည်း လိုနေတယ်လို့ စစ်ရှောင် ကူညီပေးသူက ပြောပါတယ်။
"အခု အချိန်ထိ ကျွန်တော်တို့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းမှာ ရှိကြတဲ့ ကျေးရွာပေါင်းကတော့ မြောက်ခြမ်းရော အရှေ့ခြမ်းရောဆိုရင်တော့ ကျွန်တော်တို့ ၂၀ ခန့်လောက် ရှိနိုင်တယ်ပေါ့လေနော။ ဒီနေ့ ရှောင်နေတဲ့ ကျေးရွာတွေ အပါဆိုရင်တော့ ၂၀ ခန့်ရှိနိုင်ပါတယ်။ မနေ့က ယင်းမာပင် အရှေ့ခြမ်းက ရှောင်ရတဲ့ ကျေးရွာတွေကို ဆားလင်းကြီး မြောက်ခြမ်းက ကျေးရွာတွေက ကူပြီးတော့ စားသောက်ဖို့အတွက် ချက်ပြုတ်ကျေးရွာတွေ ကူပြီး လုပ်ပေးခဲ့ကြတာ ရှိပါတယ်ဗျ။ (စစ်ရှောင်) ကျွန်တော်တို့ ခန့်မှန်းတာက ၂ သောင်း ကျော်လောက်တော့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်ဗျ။ ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပေါ့လေ။ တိတိကျကျ စာရင်းကောက်ရတာတော့ မဟုတ်တော့ ဒီလိုပဲ ခန့်မှန်းရတာပါ။ ဆေးဝါးကတော့ လိုတယ်ဗျ၊ ကျွန်တော်တို့က ရွာပေါင်းစုံသပိတ်ပူးပေါင်းကော်မတီအနေနဲ့ကတာ့ စစ်ရှောင် စားနပ်ရိက္ခာ ကျောင်းကျန်းမာရေးကအစပေါ့လေ၊ ဆေးဝါးနဲ့ လူထု ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်နေတယ်။ ဆေးဝါးကတော ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ ကမပြည့်စုံဘူးပေါ့ဗျာ။ ဆေးဝယ်ရတာလည်း ခက်ခဲတဲ့ အခြေအနေတော့ ရှိပါတယ်ဗျ။"
ဆောင်းရာသီအတွင်းမှာ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရတဲ့အတွက် အဝတ်အထည်နဲ့ စောင်တွေ မလုံလောက်ကြတာကြောင့် ဖျားနာတာတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စောင်၊ အဝတ်အထည်တွေနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။