သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နယ္က ဒုကၡသည္ေတြ စားနပ္ရိကၡာ အခက္ႀကံဳ 


kalay city ကေလးျမဳိ႕

စစ္ကိုင္းတိုင္း ၊ ကေလးၿမိဳ႕နယ္ မွာ ႐ြာလုံးကြၽတ္မီးရႈိ႕ခံထားရတဲ့ ေရရွင္႐ြာသားေတြဟာ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ တႏွစ္ခြဲလာက္ရွိ​​ေနပါၿပီ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ ကိုရဲမြန္ က ေျပာျပမွာပါ။

ကေလးၿမိဳ႕နယ္က ဒုကၡသည္ေတြ စားနပ္ရိကၡာ အခက္ႀကံဳ

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္း ၊ ကေလးၿမိဳ႕နယ္ မွာ ႐ြာလုံးကြၽတ္မီးရႈိ႕ခံထားရတဲ့ ေရရွင္႐ြာသားေတြဟာ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ တႏွစ္ခြဲလာက္ရွိေနပါၿပီ။ စစ္ေကာင္စီတပ္ေတြအျပင္ ပတ္ဝန္းက်င္ အနီးအနားက ပ်ဴေစာထီး အမာခံေက်း႐ြာေတြေၾကာင့္ လုံၿခဳံေရးအရ စိုးရိမ္ၿပီး သူတို႔ရပ္႐ြာကို မျပန္ႏိုင္ၾကေသးတာပါ။ တႏွစ္ေက်ာ္လာတာနဲ႔အတူ စားဝတ္ေနေရးအျပင္ ေသာက္သုံးဖို႔ေရရွားပါးမႈပါ ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ ကိုရဲမြန္ က ေျပာျပမွာပါ။

ကေလးၿမိဳ႕နယ္ထဲက အိမ္ေျခ ၄၀၀ ဝန္းက်င္ရွိတဲ့ ေရရွင္႐ြာ ဟာ ၂၀၂၂ ဇန္နဝါရီလမွာ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံရၿပီးေနာက္ပိုင္း ေတာေတာင္ထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ တႏွစ္ေလာက္ ရွိေနၾကပါၿပီ။ စစ္ေဘးေရွာင္ေတြဟာ လက္ရွိမွာ ေသာက္သုံးေရ မလုံေလာက္ျဖစ္ေနၿပီး ေတာင္ေပၚက ေရကို ပိုက္ေတြနဲ႔ ခက္ခက္ခဲခဲ သြယ္ယူေနရတယ္လို႔ စစ္ေရွာင္ေတြရဲ႕ ေရအခက္အခဲကို ကူညီေပးေနတဲ့ ‌ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕ဝင္ ဦးေမာင္စိုးက ခုလိုေျပာပါတယ္။

"​ေရအခက္အခဲကေတာ့ မိုးဦးက်ေတြက်ေတာ့ ကြၽန္ေတာ္တို႔ ေျမာင္းေတြကေနမွ ကြၽန္ေတာ္တို႔ အမွီျပဳၿပီးေတာ့မွ ကြၽန္ေတာ္တို႔ သုံးစြဲရတယ္ဗ်။ အခုက်ေတာ့ အဲ့ဒီေျမာင္းေရကလဲ မိုးတြင္းမဟုတ္တဲ့ခါက်ေတာ့ ေရကမစီးတဲ့ခါက်ေတာ့ အဲ့ဒီမွာ ကြၽဲႏြားေတြအတြက္ေရာ လူေတြအတြက္ေရာ ေတာ္ေတာ္ကို ခက္သြားတာဗ်။ ခုက ကြၽန္ေတာ္တို႔ေရသုံးစြဲတာကေတာ့ ကြၽန္ေတာ္တို႔ ဒီေရရွင္နဲ႔ ၂ မိုင္ေလာက္ ကြာတဲ့ေနရာကေနမွ ဒီစစ္ေဘးေရွာင္ေတြဆီကို ကြၽန္ေတာ္တို႔က ပိုက္အလႈရွင္ေတြနဲ႔ ပိုက္အလႈခံၿပီးေတာ့မွ ကြၽနေတာ္တို႔က ပိုက္နဲ႔သြယ္ေပးရတယ္ဗ်။ အဲ့ဒီမွာ ပိုက္လိုအပ္ခ်က္ရွိတာဗ်။ အခုလို ကြၽန္ေတာ္တို႔ ပိုက္ေတြ အလႈခံရတဲ့အခါမွာ မေလာက္မငွ ျဖစ္တယ္၊ တခ်ိဳ႕ေနရာေလးေတြမွာ ေတာ္ေတာ္ေလး ေရျပတ္ေနတာ၊ ၄ ၊ ၅ ေနရာေလာက္က်န္ေနေသးတယ္ဗ်။"

ေသာက္သုံးေရ ရွားပါးျပတ္လပ္တာေၾကာင့္ ကေလးငယ္ေတြမွာ ဝမ္းေလ်ာဝမ္းပ်က္ ျဖစ္တာေတြရွိၿပီး ေဆာင္းရာသီ အေအးဒဏ္ေၾကာင့္ ဖ်ားနာတာေတြလည္း ရွိၾကတယ္လို႔ ဦးေမာင္စိုးက ေျပာပါတယ္။ လက္ရွိမွာ စစ္ေရွာင္ေတြအတြက္ ေဆးဝါးေတြလည္း လုံးဝ ျပတ္လပ္ေနၿပီ ျဖစ္တယ္လို႔ ဦးေမာင္စိုးက ေျပာျပပါတယ္။

"ကြၽန္ေတာ္တို႔ အခက္အခဲ ျဖစ္တာကေတာ့ ကေလးေတြ ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္တာေလးေတြ၊ လူႀကီးေတြ သြက္ခ်ာပါဒ လိုက္တာတို႔၊ ဖ်ားတာတို႔ အဲ့ဒါမ်ိဳးေလးေတြရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ေရပိုက္နဲ႔ ေဆးဝါးပစၥည္းပဲ အဓိက လိုပါတယ္ဗ်။ ေလာေလာဆယ္ကေတာ့ ကြၽန္ေတာ့ရင္း(တပ္ရင္း)မွာ medical ေလးေတြမွာ ေဆးကိုလုံးလုံး မရွိေတာ့တာ။ ေသြးတိုးေရာဂါ၊ ေသြးက်ေဆးလးေတြကိုက ေတာင္းမရဘဲျဖစ္ေနတယ္။ ကြၽန္ေတာ္ ဒီမနက္ကမွ ေဆးခန္းကိုသြားခဲ့တာဗ်။"

ေရရွင္႐ြာဟာ စစ္ေကာင္စီတပ္ေတြက ၂၀၂၁ ခုႏွစ္ ဇြန္လေလာက္ကတစ္ႀကိမ္၊ ၂၀၂၂ ဇန္နဝါရီလမွာ တစ္ႀကိမ္ မီးရႈိ႕ခံခဲ့ရၿပီး တ႐ြာလုံး မီးေလာင္ကြၽမ္းခဲ့တာေၾကာင့္ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ ခုဆိုရင္ ၁ ႏွစ္ခြဲ တိတိ ရွိေနၿပီျဖစ္တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ ေရရွင္ေက်း႐ြာရဲ႕ပတ္ပတ္လည္မွာ စစ္ေကာင္စီ တပ္စခန္းနဲ႔ ပ်ဴေစာထီးတပ္ဖြဲ႕စည္းထားတဲ့ေက်း႐ြာေတြရွိေနၿပီး၊ ႐ြာထဲ ျပန္ဝင္သူေတြကို ဖမ္းဆီး စစ္ေဆးတာေတြ လုပ္တာေၾကာင့္ ေဒသခံေတြ ႐ြာထဲကို ျပန္မဝင္ႏိုင္ၾကတာျဖစ္တယ္လို႔ စစ္ေရွာင္ေတြကိုကူညီေပးေနသူက ေျပာပါတယ္။

"စစ္ေကာင္စီဖက္ ကြၽန္ေတာ္တို႔ ေရရွင္ကိုဆိုရင္ ​ေနာက္ဖက္မွာ ဆိုရင္ ပ်ဴ႐ြာေတြေပါ့၊ ဟံသာဝတီတို႔ ကုကၠားတို႔ စသည္ျဖင့္ ႐ြာေတြအားလုံးက ပ်ဴေစာထီး႐ြာေတြ ျဖစ္ေနတယ္။ စစ္ေကာင္စီနဲ႔ ေပါင္းသင္းၿပီးေတာ့ သူတို႔က အဲ့လိုေနက်တဲ့ ႐ြာေတြ ဆိုတဲ့ခါက်ေတာ့ ကြၽန္ေတာ္တို႔႐ြာက ၾကားထဲကခံေနရတယ္ဗ်။ ဝင္လို႔မရဘူး သူတို႔က အခ်ိန္မေ႐ြးဖမ္းဆီးတာ၊ ႐ြာကို လက္နက္ႀကီးေတြနဲ႔ ထုတာေတြ၊ရွိတယ္။ အဲ့ဒါနဲ႔ ကြၽန္ေတာ္တို႔ ၂၀၂၁ ၊၉ လပိုင္းကတည္းက စစ္ေဘးေရွာင္ေနရပါတယ္ဗ်။ တစ္႐ြာလုံး ေရွာင္ေနၾကရတာဆိုေတာ့ ခုအခ်ိန္ကေတာ့ ႐ြာေတာ၊ ေတာက ႐ြာျဖစ္ေနရတာေပါ့။"

ေရရွင္႐ြာဟာ အိမ္ေျခ ၄၀၀ ဝန္းက်င္နဲ႔ လူဦးေရ ၁၅၀၀ နီးပါးရွိပါတယ္။ ေရရွင္႐ြာနည္းတူပဲ ကေလးၿမိဳ႕နယ္ထဲက ေအာင္သာ႐ြာကလည္း ႐ြာထဲကို ျပန္မဝင္ႏိုင္ဘဲ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ တစ္ႏွစ္ ရွိေနပါၿပီ။

ေရရွင္႐ြာကေန စစ္ေရွာင္ၿပီး လက္ရွိ ေတာထဲမွာ ေနထိုင္ေနရတဲ့ စစ္ေဘးေရွာင္အမ်ိဳးသမီး တစ္ဦးက လက္ရွိေရသုံးစြဲေနရတဲ့ အေျခအေနကို ခုလိုေျပာျပပါတယ္။

"လုံးဝ ဒုကၡေရာက္တာ၊ ေရကေတာင္ေပၚကေလ ဒီက အမ်ားစုဆိုေတာ့ တစ္ဆင့္ တစိဆင္ဆိုေတာ့ လာတဲ့ေန႔မွ လာတာေလ၊ မလုံေလာက္ေတာ့ဘူးေလ သုံးတဲ့ခါက်​ေတာ့​။ ခုက က်မတို႔ဆီက နည္းနည္းလာေသးတယ္။ လူေတြသ သိပ္ၿပီးေတာ့ မ်ားတယ္ဆိုေတာ့ ကန္ေတြက ၄၊ ၅ တဲကို တစ္ကန္၊ တစ္ကန္ အဲ့လိုေလးေတြ ထားတာကိုး။"

ေဆာင္းရာသီအတြင္းမွာ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနၾကရတဲ့အတြက္ အဝတ္အထည္နဲ႔ ေစာင္ေတြ မလုံေလာက္ၾကတာေၾကာင့္ ဖ်ားနာတာေတြလည္း ရွိေနၾကတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာ စစ္ေဘးေရွာင္ေတြအတြက္ ေသာက္သုံးေရ၊ ေစာင္၊ အဝတ္အထည္ေတြနဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနပါတယ္။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတာေတြလည္းရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကလေးမြို့နယ်က ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် မှာ ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရေရှင်ရွာသားတွေဟာ တောထဲမှာ စစ်ဘေးရှောင်နေကြရတာ တနှစ်ခွဲလာက်ရှိနေပါပြီ။ စစ်ကောင်စီတပ်တွေအပြင် ပတ်ဝန်းကျင် အနီးအနားက ပျူစောထီး အမာခံကျေးရွာတွေကြောင့် လုံခြုံရေးအရ စိုးရိမ်ပြီး သူတို့ရပ်ရွာကို မပြန်နိုင်ကြသေးတာပါ။ တနှစ်ကျော်လာတာနဲ့အတူ စားဝတ်နေရေးအပြင် သောက်သုံးဖို့ရေရှားပါးမှုပါ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုရဲမွန် က ပြောပြမှာပါ။

ကလေးမြို့နယ်ထဲက အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ ရေရှင်ရွာ ဟာ ၂၀၂၂ ဇန်နဝါရီလမှာ ရွာလုံးကျွတ် မီးရှို့ခံရပြီးနောက်ပိုင်း တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာ တနှစ်လောက် ရှိနေကြပါပြီ။ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ သောက်သုံးရေ မလုံလောက်ဖြစ်နေပြီး တောင်ပေါ်က ရေကို ပိုက်တွေနဲ့ ခက်ခက်ခဲခဲ သွယ်ယူနေရတယ်လို့ စစ်ရှောင်တွေရဲ့ ရေအခက်အခဲကို ကူညီပေးနေတဲ့ ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင် ဦးမောင်စိုးက ခုလိုပြောပါတယ်။

"ရေအခက်အခဲကတော့ မိုးဦးကျတွေကျတော့ ကျွန်တော်တို့ မြောင်းတွေကနေမှ ကျွန်တော်တို့ အမှီပြုပြီးတော့မှ ကျွန်တော်တို့ သုံးစွဲရတယ်ဗျ။ အခုကျတော့ အဲ့ဒီမြောင်းရေကလဲ မိုးတွင်းမဟုတ်တဲ့ခါကျတော့ ရေကမစီးတဲ့ခါကျတော့ အဲ့ဒီမှာ ကျွဲနွားတွေအတွက်ရော လူတွေအတွက်ရော တော်တော်ကို ခက်သွားတာဗျ။ ခုက ကျွန်တော်တို့ရေသုံးစွဲတာကတော့ ကျွန်တော်တို့ ဒီရေရှင်နဲ့ ၂ မိုင်လောက် ကွာတဲ့နေရာကနေမှ ဒီစစ်ဘေးရှောင်တွေဆီကို ကျွန်တော်တို့က ပိုက်အလှုရှင်တွေနဲ့ ပိုက်အလှုခံပြီးတော့မှ ကျွနတော်တို့က ပိုက်နဲ့သွယ်ပေးရတယ်ဗျ။ အဲ့ဒီမှာ ပိုက်လိုအပ်ချက်ရှိတာဗျ။ အခုလို ကျွန်တော်တို့ ပိုက်တွေ အလှုခံရတဲ့အခါမှာ မလောက်မငှ ဖြစ်တယ်၊ တချို့နေရာလေးတွေမှာ တော်တော်လေး ရေပြတ်နေတာ၊ ၄ ၊ ၅ နေရာလောက်ကျန်နေသေးတယ်ဗျ။"

သောက်သုံးရေ ရှားပါးပြတ်လပ်တာကြောင့် ကလေးငယ်တွေမှာ ဝမ်းလျောဝမ်းပျက် ဖြစ်တာတွေရှိပြီး ဆောင်းရာသီ အအေးဒဏ်ကြောင့် ဖျားနာတာတွေလည်း ရှိကြတယ်လို့ ဦးမောင်စိုးက ပြောပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် ဆေးဝါးတွေလည်း လုံးဝ ပြတ်လပ်နေပြီ ဖြစ်တယ်လို့ ဦးမောင်စိုးက ပြောပြပါတယ်။

"ကျွန်တော်တို့ အခက်အခဲ ဖြစ်တာကတော့ ကလေးတွေ ဝမ်းပျက် ဝမ်းလျောဖြစ်တာလေးတွေ၊ လူကြီးတွေ သွက်ချာပါဒ လိုက်တာတို့၊ ဖျားတာတို့ အဲ့ဒါမျိုးလေးတွေရှိတယ်။ ကျွန်တော်တို့ကတော့ ရေပိုက်နဲ့ ဆေးဝါးပစ္စည်းပဲ အဓိက လိုပါတယ်ဗျ။ လောလောဆယ်ကတော့ ကျွန်တော့ရင်း(တပ်ရင်း)မှာ medical လေးတွေမှာ ဆေးကိုလုံးလုံး မရှိတော့တာ။ သွေးတိုးရောဂါ၊ သွေးကျဆေးလးတွေကိုက တောင်းမရဘဲဖြစ်နေတယ်။ ကျွန်တော် ဒီမနက်ကမှ ဆေးခန်းကိုသွားခဲ့တာဗျ။"

ရေရှင်ရွာဟာ စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် ဇွန်လလောက်ကတစ်ကြိမ်၊ ၂၀၂၂ ဇန်နဝါရီလမှာ တစ်ကြိမ် မီးရှို့ခံခဲ့ရပြီး တရွာလုံး မီးလောင်ကျွမ်းခဲ့တာကြောင့် တောထဲမှာ စစ်ဘေးရှောင်နေကြရတာ ခုဆိုရင် ၁ နှစ်ခွဲ တိတိ ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ရေရှင်ကျေးရွာရဲ့ပတ်ပတ်လည်မှာ စစ်ကောင်စီ တပ်စခန်းနဲ့ ပျူစောထီးတပ်ဖွဲ့စည်းထားတဲ့ကျေးရွာတွေရှိနေပြီး၊ ရွာထဲ ပြန်ဝင်သူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်တာကြောင့် ဒေသခံတွေ ရွာထဲကို ပြန်မဝင်နိုင်ကြတာဖြစ်တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူက ပြောပါတယ်။

"စစ်ကောင်စီဖက် ကျွန်တော်တို့ ရေရှင်ကိုဆိုရင် နောက်ဖက်မှာ ဆိုရင် ပျူရွာတွေပေါ့၊ ဟံသာဝတီတို့ ကုက္ကားတို့ စသည်ဖြင့် ရွာတွေအားလုံးက ပျူစောထီးရွာတွေ ဖြစ်နေတယ်။ စစ်ကောင်စီနဲ့ ပေါင်းသင်းပြီးတော့ သူတို့က အဲ့လိုနေကျတဲ့ ရွာတွေ ဆိုတဲ့ခါကျတော့ ကျွန်တော်တို့ရွာက ကြားထဲကခံနေရတယ်ဗျ။ ဝင်လို့မရဘူး သူတို့က အချိန်မရွေးဖမ်းဆီးတာ၊ ရွာကို လက်နက်ကြီးတွေနဲ့ ထုတာတွေ၊ရှိတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ ၂၀၂၁ ၊၉ လပိုင်းကတည်းက စစ်ဘေးရှောင်နေရပါတယ်ဗျ။ တစ်ရွာလုံး ရှောင်နေကြရတာဆိုတော့ ခုအချိန်ကတော့ ရွာတော၊ တောက ရွာဖြစ်နေရတာပေါ့။"

ရေရှင်ရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်နဲ့ လူဦးရေ ၁၅၀၀ နီးပါးရှိပါတယ်။ ရေရှင်ရွာနည်းတူပဲ ကလေးမြို့နယ်ထဲက အောင်သာရွာကလည်း ရွာထဲကို ပြန်မဝင်နိုင်ဘဲ တောထဲမှာ စစ်ဘေးရှောင်နေကြရတာ တစ်နှစ် ရှိနေပါပြီ။

ရေရှင်ရွာကနေ စစ်ရှောင်ပြီး လက်ရှိ တောထဲမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက လက်ရှိရေသုံးစွဲနေရတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

"လုံးဝ ဒုက္ခရောက်တာ၊ ရေကတောင်ပေါ်ကလေ ဒီက အများစုဆိုတော့ တစ်ဆင့် တစိဆင်ဆိုတော့ လာတဲ့နေ့မှ လာတာလေ၊ မလုံလောက်တော့ဘူးလေ သုံးတဲ့ခါကျတော့။ ခုက ကျမတို့ဆီက နည်းနည်းလာသေးတယ်။ လူတွေသ သိပ်ပြီးတော့ များတယ်ဆိုတော့ ကန်တွေက ၄၊ ၅ တဲကို တစ်ကန်၊ တစ်ကန် အဲ့လိုလေးတွေ ထားတာကိုး။"

ဆောင်းရာသီအတွင်းမှာ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရတဲ့အတွက် အဝတ်အထည်နဲ့ စောင်တွေ မလုံလောက်ကြတာကြောင့် ဖျားနာတာတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေ၊ စောင်၊ အဝတ်အထည်တွေနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

XS
SM
MD
LG