သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းက စစ္ေရွာင္တို႔ အတြက္ အကူအညီေပးေရး အခက္ေတြ႕ 


စစ္ကိုင္းက စစ္ေရွာင္တို႔ အတြက္ အကူအညီေပးေရး အခက္ေတြ႕ 

စစ္ကိုင္းတိုင္းထဲမွာ မီးေဘးသင့္လို႔ ေနစရာမဲ့ ျဖစ္ေနသူေတြအတြက္ တဲအိမ္ေတြကို ျပန္လည္ တည္ေဆာက္ေပးေနၾကတာမွာ နယ္ေျမ အေျခအေန၊ ကုန္က်စာရိတ္ေတြေၾကာင့္ ကူညီေပးေနသူေတြ အခက္ေတြ႕ေနၾကပါတယ္။ မီးေဘးသင့္ ျပည္သူေတြအတြက္ တဲအိမ္ ေဆာက္လုပ္ေပးေနတဲ့ အေျခအေန သတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း ေျပာျပမွာပါ။  

စစ္ကိုင္းက စစ္ေရွာင္တို႔ အတြက္ အကူအညီေပးေရး အခက္ေတြ႕

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းထဲမွာ မီးေဘးသင့္လို႔ ေနစရာမဲ့ ျဖစ္ေနသူေတြအတြက္ တဲအိမ္ေတြကို ျပန္လည္ တည္ေဆာက္ေပးေနၾကတာမွာ နယ္ေျမ အေျခအေန၊ ကုန္က်စာရိတ္ေတြေၾကာင့္ ကူညီေပးေနသူေတြ အခက္ေတြ႕ေနၾကပါတယ္။ မီးေဘးသင့္ ျပည္သူေတြအတြက္ တဲအိမ္ ေဆာက္လုပ္ေပးေနတဲ့ အေျခအေန သတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္း ေျပာျပမွာပါ။

စစ္ကိုင္းတိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြၾကားက လက္နက္ကိုင္တိုက္ပြဲေတြေၾကာင့္ ႐ြာလုံးကြၽတ္နီးပါး ေနရပ္စြန႔္ထြက္ေျပးေနရသူေတြ တစထက္တစ ပိုမ်ားလာေနပါတယ္။ စစ္ေကာင္စီဘက္က ႐ြာေတြထဲဝင္ၿပီး ေနအိမ္ေတြကို မီးရႈိ႕တာလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေနအိမ္မီးရႈိ႕ခံရလို႔ ေနစရာလုံးဝမရွိေတာ့တဲ့ သူေတြအတြက္ အလႉရွင္ေတြရဲ႕ကိုယ္စား S&C မီးေဘး စစ္ေဘး ပညာေရး ကူညီေစာင့္ေရွာက္ေရးအဖြဲ႕က တဲအိမ္တလုံးကို က်ပ္ ၂ သိန္းဝန္းက်င္နဲ႔ ေဆာက္လုပ္ေပးေနတာပါ။ အစပိုင္းမွာ ေဆာက္လုပ္ေပးရမယ့္ တဲအိမ္ ၆၅ လုံးသာ မွန္းထားခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ရာနဲ႔ခ်ီၿပီး တဲအိမ္ေဆာက္ရမယ့္ အေနအထားေတြ ရွိေနတယ္လို႔ အဖြဲ႕တာဝန္ခံက ေျပာပါတယ္။ နယ္ေျမတြင္းက လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္လည္း အဘက္ဘက္မွာ အခက္အခဲေတြ ႀကဳံေတြ႕ရတဲ့အေၾကာင္း S&C တာဝန္ခံ ကိုစိုးမိုးေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔လည္း ေျပာရမယ္ဆို နည္းနည္းေတာ့ အႏၲရာယ္မ်ားတယ္ဗ်။ ကိုယ္က အႏၲရာယ္မ်ားေပမယ့္လို႔ အခုလက္ရွိ ႐ြာသူ႐ြာသားေတြ ခံစားေနရတာက ကိုယ့္ထက္အေျခအေန ပိုဆိုးတယ္ေလ။ က်ေနာ္တို႔ဆိုတာက ေနလို႔ရေသးတယ္။ သူတို႔မွာက ေက်ာတခင္းစာ အိပ္ဖို႔ေနရာေတာင္ မရွိတဲ့အေနအထား ျဖစ္တဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း မေနသာဘူးဗ်။ ဒီလိုႀကီး ေၾကာက္ေနလို႔ ဒါေတြက ျဖစ္လာမွာလည္း မဟုတ္ဘူး။ ပိုၿပီးေတာ့ပဲ ဒုကၡေရာက္ေနမွာ။ အဲေတာ့ က်ေနာ္တို႔ ရည္႐ြယ္ခ်က္ကေတာ့ ကူညီေပးလိုက္လို႔ သူတို႔အဆင္ေျပသြားရင္ က်ေနာ္တို႔ အဆင္ေျပတာနဲ႔ အတူတူပဲဗ်။"

တဲအိမ္ေတြကို ကူညီသူေတြက အခမဲ့ေဆာက္ေပးၾကတာပါ။ ေကြၽးေမြးစရိတ္နဲ႔ ပစၥည္းဝယ္စရိတ္၊ သယ္ယူပို႔ေဆာင္ခေတြ ေစ်းတက္လာလို႔ အရင္က တဲအိမ္တလုံးအတြက္ ကုန္က်စရိတ္ ၂ သိန္းကေန အခု ၂ သိန္း ၃ ေသာင္းအျဖစ္ ေျပာင္းလဲသတ္မွတ္ထားရပါတယ္။ အလႉရွင္ေတြရဲ႕ အကူအညီနဲ႔ ၁၀ ရက္အတြင္းမွာ တဲအိမ္ေပါင္း ၇၀ ေက်ာ္ ေဆာက္လုပ္ေပးႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ အခု တည္ေဆာက္ေပးေနတဲ့ ႐ြာေတြထဲ စစ္ေၾကာင္းေနာက္ျပန္ဆုတ္တာ ရွိေပမယ့္ ျပန္ေရာက္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကတာပါ။ ေနစရာလုံးဝမရွိသူေတြကို ဦးစားေပးေနရာခ်ထားၿပီး တခ်ိဳ႕ကလည္း ဘုန္းႀကီးေက်ာင္းနဲ႔ ေတာထဲမွာ ျဖစ္သလိုေန ေနၾကရတယ္လို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

"က်ေနာ္တို႔ အခုလုပ္ေနတဲ့ အေနအထားမွာက အားလုံးေတာ့ အဆင္မေျပၾကဘူးေပါ့ေနာ္။ တကယ္တမ္း ေျပာမယ္ဆိုရင္ လုံးဝအိမ္မရွိတာထက္စာရင္ အိမ္ရွိတဲ့သူေတြက နည္းနည္းေတာ္ေသးတာေပါ့ေနာ္။ က်ေနာ္တို႔ ၅၀၀၊ ၁,၀၀၀ ကအစ စုေပါင္းၾကမယ္ဆိုရင္ ဒါအားလုံး ခံစားေနရတဲ့ဒုကၡေတြ၊ မီးေဘးသင့္ေနရတဲ့ ျပည္သူေတြအတြက္ အနည္းဆုံးေတာ့ အေထာက္အကူေတာ့ ျပဳမွာပါဗ်။"

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းထဲက ေက်း႐ြာေပါင္း ၁၅ ႐ြာနဲ႔ ေရဦးက ေက်း႐ြာ ၅ ႐ြာမွာ ဒီဇင္ဘာလထဲ ေနအိမ္မီးရႈိ႕ခံလိုက္ရလို႔ ေနစရာေနရာမဲ့ စားေသာက္ဖို႔ အကူအညီလိုအပ္သူေတြ အေတာ္ေလးမ်ားေနေၾကာင္း ကူညီေပးေနသူေတြက ေျပာပါတယ္။ အဲဒီထဲမွာ အသက္ႀကီးသူေတြနဲ႔ က်န္းမာေရးမေကာင္းသူေတြ၊ ကေလးငယ္ေတြလည္း ပါဝင္တယ္လို႔ သူတို႔က ေျပာပါတယ္။ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္တခုမွာ ႐ြာေပါင္း ၁၅ ႐ြာေလာက္ရွိၿပီး၊ ၿမိဳ႕နယ္ကလည္း အေတာ္မ်ားေတာ့ အကူအညီလိုအပ္ေနတဲ့ ႐ြာေပါင္းက ရာဂဏန္းအထက္မွာ ရွိေနတယ္လို႔ ကူညီေပးသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

စစ်ကိုင်းက စစ်ရှောင်တို့ အတွက် အကူအညီပေးရေး အခက်တွေ့

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းထဲမှာ မီးဘေးသင့်လို့ နေစရာမဲ့ ဖြစ်နေသူတွေအတွက် တဲအိမ်တွေကို ပြန်လည် တည်ဆောက်ပေးနေကြတာမှာ နယ်မြေ အခြေအနေ၊ ကုန်ကျစာရိတ်တွေကြောင့် ကူညီပေးနေသူတွေ အခက်တွေ့နေကြပါတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် တဲအိမ် ဆောက်လုပ်ပေးနေတဲ့ အခြေအနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြားက လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ထွက်ပြေးနေရသူတွေ တစထက်တစ ပိုများလာနေပါတယ်။ စစ်ကောင်စီဘက်က ရွာတွေထဲဝင်ပြီး နေအိမ်တွေကို မီးရှို့တာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်မီးရှို့ခံရလို့ နေစရာလုံးဝမရှိတော့တဲ့ သူတွေအတွက် အလှူရှင်တွေရဲ့ကိုယ်စား S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က တဲအိမ်တလုံးကို ကျပ် ၂ သိန်းဝန်းကျင်နဲ့ ဆောက်လုပ်ပေးနေတာပါ။ အစပိုင်းမှာ ဆောက်လုပ်ပေးရမယ့် တဲအိမ် ၆၅ လုံးသာ မှန်းထားခဲ့ပေမယ့် အခုချိန်မှာတော့ ရာနဲ့ချီပြီး တဲအိမ်ဆောက်ရမယ့် အနေအထားတွေ ရှိနေတယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။ နယ်မြေတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့်လည်း အဘက်ဘက်မှာ အခက်အခဲတွေ ကြုံတွေ့ရတဲ့အကြောင်း S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

"ကျနော်တို့လည်း ပြောရမယ်ဆို နည်းနည်းတော့ အန္တရာယ်များတယ်ဗျ။ ကိုယ်က အန္တရာယ်များပေမယ့်လို့ အခုလက်ရှိ ရွာသူရွာသားတွေ ခံစားနေရတာက ကိုယ့်ထက်အခြေအနေ ပိုဆိုးတယ်လေ။ ကျနော်တို့ဆိုတာက နေလို့ရသေးတယ်။ သူတို့မှာက ကျောတခင်းစာ အိပ်ဖို့နေရာတောင် မရှိတဲ့အနေအထား ဖြစ်တဲ့အခါကျတော့ ကျနော်တို့လည်း မနေသာဘူးဗျ။ ဒီလိုကြီး ကြောက်နေလို့ ဒါတွေက ဖြစ်လာမှာလည်း မဟုတ်ဘူး။ ပိုပြီးတော့ပဲ ဒုက္ခရောက်နေမှာ။ အဲတော့ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကူညီပေးလိုက်လို့ သူတို့အဆင်ပြေသွားရင် ကျနော်တို့ အဆင်ပြေတာနဲ့ အတူတူပဲဗျ။"

တဲအိမ်တွေကို ကူညီသူတွေက အခမဲ့ဆောက်ပေးကြတာပါ။ ကျွေးမွေးစရိတ်နဲ့ ပစ္စည်းဝယ်စရိတ်၊ သယ်ယူပို့ဆောင်ခတွေ ဈေးတက်လာလို့ အရင်က တဲအိမ်တလုံးအတွက် ကုန်ကျစရိတ် ၂ သိန်းကနေ အခု ၂ သိန်း ၃ သောင်းအဖြစ် ပြောင်းလဲသတ်မှတ်ထားရပါတယ်။ အလှူရှင်တွေရဲ့ အကူအညီနဲ့ ၁၀ ရက်အတွင်းမှာ တဲအိမ်ပေါင်း ၇၀ ကျော် ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အခု တည်ဆောက်ပေးနေတဲ့ ရွာတွေထဲ စစ်ကြောင်းနောက်ပြန်ဆုတ်တာ ရှိပေမယ့် ပြန်ရောက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ နေစရာလုံးဝမရှိသူတွေကို ဦးစားပေးနေရာချထားပြီး တချို့ကလည်း ဘုန်းကြီးကျောင်းနဲ့ တောထဲမှာ ဖြစ်သလိုနေ နေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

"ကျနော်တို့ အခုလုပ်နေတဲ့ အနေအထားမှာက အားလုံးတော့ အဆင်မပြေကြဘူးပေါ့နော်။ တကယ်တမ်း ပြောမယ်ဆိုရင် လုံးဝအိမ်မရှိတာထက်စာရင် အိမ်ရှိတဲ့သူတွေက နည်းနည်းတော်သေးတာပေါ့နော်။ ကျနော်တို့ ၅၀၀၊ ၁,၀၀၀ ကအစ စုပေါင်းကြမယ်ဆိုရင် ဒါအားလုံး ခံစားနေရတဲ့ဒုက္ခတွေ၊ မီးဘေးသင့်နေရတဲ့ ပြည်သူတွေအတွက် အနည်းဆုံးတော့ အထောက်အကူတော့ ပြုမှာပါဗျ။"

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းထဲက ကျေးရွာပေါင်း ၁၅ ရွာနဲ့ ရေဦးက ကျေးရွာ ၅ ရွာမှာ ဒီဇင်ဘာလထဲ နေအိမ်မီးရှို့ခံလိုက်ရလို့ နေစရာနေရာမဲ့ စားသောက်ဖို့ အကူအညီလိုအပ်သူတွေ အတော်လေးများနေကြောင်း ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီထဲမှာ အသက်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ၊ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သူတို့က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာ ရွာပေါင်း ၁၅ ရွာလောက်ရှိပြီး၊ မြို့နယ်ကလည်း အတော်များတော့ အကူအညီလိုအပ်နေတဲ့ ရွာပေါင်းက ရာဂဏန်းအထက်မှာ ရှိနေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG