သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္း တိုက္ခိုက္မႈေတြေၾကာင့္ အရပ္သားတခ်ဳိ႕ ထိခိုက္ေသဆုံး


ယင္းမာပင္ ေလေၾကာင္းတိုက္ခိုက္မႈ / ရဟတ္ယာဥ္

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ယင္းမာပင္ၿမိဳ႕အစပ္က ရင္ေပါင္တိုင္ေက်း႐ြာမွာ ျမန္မာစစ္တပ္က ကုန္းေၾကာင္း၊ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ အရပ္သားတခ်ိဳ႕ ထိခိုက္ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မီးဖြားကာနီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၆၀ ေက်ာ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားတာလို႔ ေျပာပါတယ္။

Zawgyi

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ယင္းမာပင္ၿမိဳ႕အစပ္က ရင္ေပါင္တိုင္ေက်း႐ြာမွာ ဒီသီတင္းပတ္ထဲ ျမန္မာစစ္တပ္က ကုန္းေၾကာင္း၊ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ အရပ္သားတခ်ဳိ႕ ထိခိုက္ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မီးဖြားကာနီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၆၀ ေက်ာ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားၿပီး၊ ေနာက္ထပ္ ေဒသခံ ၂ဦး ဒဏ္ရာရရွိတာလို႔ ႐ြာခံေတြက ေျပာပါတယ္။ ရင္ေပါင္တိုင္ ေက်း႐ြာက တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုရဲမြန္က တင္ျပေပးထားပါတယ္။

ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာ၊ ပ်ားအိုေက်း႐ြာတဝိုက္ ေအာက္တိုဘာ ၁၉ ရက္ မေန႔ မနက္ ၁၀ နာရီေက်ာ္ေလာက္မွာ ျမန္မာစစ္တပ္ဘက္က စစ္ရဟတ္ယာဥ္ ၆ စင္းနဲ႔ ႐ုတ္တရက္ တိုက္ခိုက္ခဲ့ပါတယ္၊ ေက်း႐ြာပတ္ပတ္လည္မွာ စစ္တပ္ေတြတပ္ျဖန႔္ ခ်ထားၿပီးစစ္ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တိုခိုက္ေနတဲ့ အၾကာင္း ေဒသခံေတြက ေျပပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ အရပ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရတဲ့အေၾကာင္း ရင္ေပါင္တိုင္႐ြာခံ ကိုဘိုဝင္းက VOA ကို ေျပာပါတယ္။

“ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၆၀ ေက်ာ္ ဒီအဖြားႀကီးတစ္ဦးေပါ့ လက္နက္ငယ္ထိမွန္းၿပီးေတာ့ ေသဆုံးသြားတာ၊ ဒဏ္ရာရတာကေလာေလာ က်ေနာ္ၾကားတာ ႏွစ္ေယာက္အိမ္ႏွစ္လုံးမီးရႈိ႕သြားတယ္။”

ရင္ေဘာင္တိုင္႐ြာကို ထိုးစစ္ဆင္တဲ့ နယ္ေျမရွင္းလင္းေရး ထိုးစစ္ဆင္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ဒီေဒသေတြမွာ ေဒသခံ PDF တပ္ေတြ ေျခကုတ္ယူၿပီးအၾကမ္းဖက္လုပ္ရပ္ေတြ က်ဳးလြန္ေနတယ္လို႔ စစ္ေကာင္စီဘက္က စြပ္စြဲေလ့ရွိပါတယ္။
အရပ္သားေတြ ထိခိုက္ဒဏ္ရာရတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။စစ္တပ္ေတြ ရင္ေတာင္တိုင္႐ြာထဲ ႐ုတ္တရက္ဝင္လာခ်ိန္မွာ ႐ြာသူ႐ြာသားေတြ ႀကိဳတင္ေရွာင္တိမ္းခ်ိန္မရခဲ့ဘူးလို႔ ႐ြာခံ ကိုဘိုဝင္းက ေျပာပါတယ္။

“ရဟတ္ယာဥ္ေနာက္ထပ္ ၂စင္းတက္လာတယ္။ တက္လာၿပီးေတာ့ အဲ့မွာ ႐ြာေပၚမွာဝဲၿပီးေတာ့ ေနာက္ ၂စင္းက လူခ်သြားတယ္။ ေနာက္ထပ္ ေနာက္တစ္ေခါက္ျပန္လာတယ္ ၆စင္းေျပာမွာေပါ့ ၄စင္းၿပိဳင္တက္လာၿပီးမွ ေနာက္တပ္လူ ခ်ၿပီးမွ ေနာက္ထပ္ ၂စင္းျပန္လာၿပီမွ အဲ့ဒီမွာ ျပန္ၿပီးေတာ့လူခ်ထားခဲ့တယ္ ခ်ထားခဲ့ၿပီးမွအဲ့ဒီမွာ ႐ြာပတ္ပတ္လည္ကို ခ်တယ္၊ ခ်တာကိုမွ႐ြာရဲ႕ ေျမာက္ဖက္ကိုလည္းခ်သလို အေနာက္ဖက္ကိုလည္းခ်တယ္ အေရွ႕ဖက္ကိုလည္း ခ်တယ္ ပတ္ပတ္လည္႐ြာကို ဝိုင္းလိုက္တဲ့ သေဘာပါပဲ ႐ြာသူ႐ြာသားအားလုံးက ထြက္ေျပးတိမ္းေရွာင္ခ်ိန္မရေလာက္ေအာင္ က်ေနာ္တို႔အဲ့ဒါမ်ိဳးထိေရာက္သြားတယ္။”

ျမန္မာစစ္တပ္ေတြ မေန႔ညက ရင္ေပါင္တိုင္ေက်း႐ြာမွာ တပ္စြဲၿပီး ဒီကေန႔ ပုထိုးသာေက်း႐ြာကို ထြက္ခြာသြားတယ္လို႔ ေျပာပါတယ္။
ဒီတိုက္ခိုက္မႈေတြေၾကာင့္ ရင္ေပါင္တိုင္ေက်း႐ြာ၊ ပ်ားအိုေက်း႐ြ၊ ႏုံးတန္းေက်း႐ြာ ထီလင္ကုန္းေက်း႐ြာ၊ ပုထိုးသာ၊ ေအးကုန္းစတဲ့ ေက်း႐ြာေတြ ေသာင္းနဲ႔ ခ်ီးတဲ့ ႐ြာသူ႐ြာသားေတြ ခုခ်ိန္ထိ ေဘးလြတ္ရာကို ထြက္ေျပးတိမ္း ေရွာင္ေနၾကရပါတယ္။ ရင္ေပါင္တိုင္ေက်း႐ြာနဲ႔ ၁၂ မိုင္ေလာက္ေဝတဲ့ ကပိုင္ေက်း႐ြာအပါအဝင္ ပတ္ဝန္းက်င္႐ြာေတြ ေဘးလြတ္ရာ ေရွာင္တိမ္းေနတဲ့အေၾကာင္း ေဒသခံတေယာက္က အခုလို ေျပာပါတယ္။

Act 3 “က်ေနာ္တို႔လည္း ေရွာင္ေနရတာဗ်။ ေဒသခံေတြ ဒီ ကပိုင္ဘက္ကေတာ့ အကုန္လုံးေရွာင္ေနပါၿပီး ႐ြာထဲကေတာ့ မရွိေတာ့ဘူး တစ္ေယာက္မွ။ ဒီဖက္ကို လာမွစိုးတာနဲ႔ ေရွာင္ရတာေလ ခါတိုင္းက အဲ့ရင္ေပါင္တိုင္ကေနၿပီးရင္ ဒီဖက္ေတြ ျပန္ခ်ိဳးခ်ိဳးလာတယ္ဆိုေတာ့။”
ဒီေန႔မနက္ပိုင္းကေတာ့ ရင္ေပါင္တိုင္ေက်း႐ြာအနီးတဝိုက္မွာ ေဒသခံ PDF တပ္ဖြဲ႕နဲ႔ စစ္တပ္အၾကား တိုက္ပြဲယ္တခ်ိဳ႕ ျဖစ္ပြားခဲ့တဲ့အေၾကာင္း ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တာဝန္ခံ ကိုခန႔္က ခုလို ေျပာပါတယ္။

“ဒီေန႔မနက္မွာေတာ့ က်ေနာ္တို႔ ခုခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီနဲ႔ စစ္ေရးတင္းမာေနတဲ့ အေျခအေနကေနၿပီးေတာ့ ပစ္ခတ္တိုက္ခိုက္မႈအနည္းငယ္ျဖစ္ခဲ့တာရွိပါတယ္။ က်ေနာ္တို႔ဘက္ကို က်ေနာ္တို႔ သတ္မွတ္ထားတဲ့ ကုန္းဘက္ကိုစစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကြၽံလာတဲ့အခါမွာ ဒီက်ေနာ္တို႔ ကာကြယ္ေရးတပ္ဖြဲ႕ ဝင္အဖြဲ႕တခုကေပ့ါေနာ္ မိုင္းေထာင္ၿပီးေတာ့ ဒီလာတဲ့စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို မိုင္းေထာင္ၿပီးေတာ့ ခြဲလိုက္ႏိုင္တယ္လို႔ က်ေနာ္တို႔သတင္းရပါတယ္ အဲ့ဒါကေတာ့ ထိခိုက္ေသဆုံးမႈ က်ဆုံးမႈကိုေတာ့ က်ေနာ္တို႔ ေလာေလာဆယ္မွာေတာ့ အတည္ျပဳလို႔မရေသးဘူး။”

ၿပီးတဲ့ၾသဂုတ္လ ၁၁ ရက္တုန္းကလည္း ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာမွာ ေဒသခံ PDF တပ္ဖြဲ႕ေတြ ေျခကုတ္ယူေနတယ္ဆိုၿပီး စစ္တပ္ဘက္က ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ ေလေၾကာင္းကေန ပစ္ခတ္ခဲ့ခ်ိန္မွာ ေဒသခံကာကြယ္ေရး PDF တပ္ဖြဲ႕ဝင္ေတြ အပါအဝင္ အရပ္သားေတြ တဒါဇင္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာဆိုပါတယ္။ ထိခိုက္ေသဆုံးတာေတြနဲ႔ ပတ္သက္လို၌ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိသလို သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ယင်းမာပင်မြို့အစပ်က ရင်ပေါင်တိုင်ကျေးရွာမှာ ဒီသီတင်းပတ်ထဲ မြန်မာစစ်တပ်က ကုန်းကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးဖွားကာနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး၊ နောက်ထပ် ဒေသခံ ၂ဦး ဒဏ်ရာရရှိတာလို့ ရွာခံတွေက ပြောပါတယ်။ ရင်ပေါင်တိုင် ကျေးရွာက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ၊ ပျားအိုကျေးရွာတဝိုက် အောက်တိုဘာ ၁၉ ရက် မနေ့ မနက် ၁၀ နာရီကျော်လောက်မှာ မြန်မာစစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၆ စင်းနဲ့ ရုတ်တရက် တိုက်ခိုက်ခဲ့ပါတယ်၊ ကျေးရွာပတ်ပတ်လည်မှာ စစ်တပ်တွေတပ်ဖြန့် ချထားပြီးစစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုခိုက်နေတဲ့ အကြာင်း ဒေသခံတွေက ပြေပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ရင်ပေါင်တိုင်ရွာခံ ကိုဘိုဝင်းက VOA ကို ပြောပါတယ်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၀ ကျော် ဒီအဖွားကြီးတစ်ဦးပေါ့ လက်နက်ငယ်ထိမှန်းပြီးတော့ သေဆုံးသွားတာ၊ ဒဏ်ရာရတာကလောလော ကျနော်ကြားတာ နှစ်ယောက်အိမ်နှစ်လုံးမီးရှို့သွားတယ်။”

ရင်ဘောင်တိုင်ရွာကို ထိုးစစ်ဆင်တဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီဒေသတွေမှာ ဒေသခံ PDF တပ်တွေ ခြေကုတ်ယူပြီးအကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲလေ့ရှိပါတယ်။
အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။စစ်တပ်တွေ ရင်တောင်တိုင်ရွာထဲ ရုတ်တရက်ဝင်လာချိန်မှာ ရွာသူရွာသားတွေ ကြိုတင်ရှောင်တိမ်းချိန်မရခဲ့ဘူးလို့ ရွာခံ ကိုဘိုဝင်းက ပြောပါတယ်။

“ရဟတ်ယာဉ်နောက်ထပ် ၂စင်းတက်လာတယ်။ တက်လာပြီးတော့ အဲ့မှာ ရွာပေါ်မှာဝဲပြီးတော့ နောက် ၂စင်းက လူချသွားတယ်။ နောက်ထပ် နောက်တစ်ခေါက်ပြန်လာတယ် ၆စင်းပြောမှာပေါ့ ၄စင်းပြိုင်တက်လာပြီးမှ နောက်တပ်လူ ချပြီးမှ နောက်ထပ် ၂စင်းပြန်လာပြီမှ အဲ့ဒီမှာ ပြန်ပြီးတော့လူချထားခဲ့တယ် ချထားခဲ့ပြီးမှအဲ့ဒီမှာ ရွာပတ်ပတ်လည်ကို ချတယ်၊ ချတာကိုမှရွာရဲ့ မြောက်ဖက်ကိုလည်းချသလို အနောက်ဖက်ကိုလည်းချတယ် အရှေ့ဖက်ကိုလည်း ချတယ် ပတ်ပတ်လည်ရွာကို ဝိုင်းလိုက်တဲ့ သဘောပါပဲ ရွာသူရွာသားအားလုံးက ထွက်ပြေးတိမ်းရှောင်ချိန်မရလောက်အောင် ကျနော်တို့အဲ့ဒါမျိုးထိရောက်သွားတယ်။”

မြန်မာစစ်တပ်တွေ မနေ့ညက ရင်ပေါင်တိုင်ကျေးရွာမှာ တပ်စွဲပြီး ဒီကနေ့ ပုထိုးသာကျေးရွာကို ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ရင်ပေါင်တိုင်ကျေးရွာ၊ ပျားအိုကျေးရွ၊ နုံးတန်းကျေးရွာ ထီလင်ကုန်းကျေးရွာ၊ ပုထိုးသာ၊ အေးကုန်းစတဲ့ ကျေးရွာတွေ သောင်းနဲ့ ချီးတဲ့ ရွာသူရွာသားတွေ ခုချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ ရင်ပေါင်တိုင်ကျေးရွာနဲ့ ၁၂ မိုင်လောက်ဝေတဲ့ ကပိုင်ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရွာတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေတဲ့အကြောင်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

Act 3 “ကျနော်တို့လည်း ရှောင်နေရတာဗျ။ ဒေသခံတွေ ဒီ ကပိုင်ဘက်ကတော့ အကုန်လုံးရှောင်နေပါပြီး ရွာထဲကတော့ မရှိတော့ဘူး တစ်ယောက်မှ။ ဒီဖက်ကို လာမှစိုးတာနဲ့ ရှောင်ရတာလေ ခါတိုင်းက အဲ့ရင်ပေါင်တိုင်ကနေပြီးရင် ဒီဖက်တွေ ပြန်ချိုးချိုးလာတယ်ဆိုတော့။”
ဒီနေ့မနက်ပိုင်းကတော့ ရင်ပေါင်တိုင်ကျေးရွာအနီးတဝိုက်မှာ ဒေသခံ PDF တပ်ဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲယ်တချို့ ဖြစ်ပွားခဲ့တဲ့အကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုခန့်က ခုလို ပြောပါတယ်။

“ဒီနေ့မနက်မှာတော့ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေကနေပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ဖြစ်ခဲ့တာရှိပါတယ်။ ကျနော်တို့ဘက်ကို ကျနော်တို့ သတ်မှတ်ထားတဲ့ ကုန်းဘက်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွံလာတဲ့အခါမှာ ဒီကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်အဖွဲ့တခုကပေ့ါနော် မိုင်းထောင်ပြီးတော့ ဒီလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းထောင်ပြီးတော့ ခွဲလိုက်နိုင်တယ်လို့ ကျနော်တို့သတင်းရပါတယ် အဲ့ဒါကတော့ ထိခိုက်သေဆုံးမှု ကျဆုံးမှုကိုတော့ ကျနော်တို့ လောလောဆယ်မှာတော့ အတည်ပြုလို့မရသေးဘူး။”

ပြီးတဲ့သြဂုတ်လ ၁၁ ရက်တုန်းကလည်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှာ ဒေသခံ PDF တပ်ဖွဲ့တွေ ခြေကုတ်ယူနေတယ်ဆိုပြီး စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းကနေ ပစ်ခတ်ခဲ့ချိန်မှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားတွေ တဒါဇင်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောဆိုပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်လို၌ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြားအတည်ပြုချက်တော့ မရရှိခဲ့ပါဘူး။

XS
SM
MD
LG