သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾကာအင္းဆိပ္ႀကီးမွာ စစ္ေကာင္စီနဲ႔ KNU ပူးေပါင္းတပ္ေတြ တိုက္ပဲြျပင္းထန္


စစ္ေကာင္စီနဲ႔ တိုက္ပြဲ ျဖစ္ေနတဲ့ KNU ပူးေပါင္းတပ္ဖြဲ႔ (Photo : KNU)

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ ဒီရက္ပိုင္း စစ္ေကာင္စီတပ္နဲ႔ KNU ပူးေပါင္းတပ္ဖြဲ႕ေတြ အျပင္းအထန္ တိုက္ပြဲျဖစ္ခဲ့ေၾကာင္း ပူးေပါင္းတပ္ဖြဲ႕ တာဝန္ရွိသူ တေယာက္က ေျပာပါတယ္။ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ တခ်ိဳ႕ကို ဖမ္းဆီးရမိေၾကာင္းလည္း ေျပာဆိုပါတယ္။ မေအးေအးမာက သတင္းေပးပု႔ိ့ထားပါတယ္။

Zawgyi

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ၊ ျကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲမွာ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ တပ္ရင္း၁၇န့ဲ့ PDF ပူးေပါင္းတပ္ဖဲြ ေတြဟာ စစ္ေကာင္စီရဲ့ ခမရ ၃၅၈နဲ့ ေအာက္တိုဘာ လ ၁၆ရက္ေန့က တုိက္ပဲြအျပင္းအထန္ျဖစ္ခဲ့ျပီး လက္နက္ခဲယမ္းေတြနဲ့ သုံပန္း ၁၆ဦးကိုဖမ္းမိခဲ့တယ္လိ့ု ျပည့္သူကာကြယ္ေရးတပ္ဖဲြ့ကကုိေစာမြန္က အခုလိုေျပာပါတယ္။
“တပ္ရင္း၁၇နဲ့ PDF ပူးေပါင္းတပ္ဖဲြ ့ေတြေပါ့ ဒီစစ္ေႀကာင္းက ခမရ ၃၅၈ ပါ တုိက္ပဲြျဖစ္ေတာ့ က်ေနာ္တို့ ဒီဘက္ကေန ျခံုခိုတိုက္တယ္ ဖမ္းမိတာက ၁၆ေယာက္ရွိတယ္ သူတုိ့ကုိ စစ္သံု့ပန့္းအေနနဲ့ပဲေဆာင္ရြက္ထားတယ္ လက္နက္ေတြလည္း၁၇လက္ရတယ္ လက္နက္ခဲယမ္းမီးေက်ာက္ေတြလည္းအမ်ားႀကီးရတယ္”

စစ္ေကာင္စီဘက္ကေတာ့ တိုက္ပဲြအတြင္း တပ္သားေတြအဖမ္းခံရတာနဲ႔ စစ္လက္နက္ဆံုးရွ့ုွံးမူ့ေတြအေၾကာင္း ထုတ္ေဖာ္ေျပာဆိုတာမရိွေသးပါဘူး။ ဒဏ္ရာရတဲ့စစ္ေကာင္စီတပ္သားစစ္သံု့ပန္ေတြကိုေတာ့ ပူးေပါင္းတပ္ဖဲြ႔ ေတြဘက္ကေဆး၀ါးကုသမူေတြလုပ္ေပးေနတယ္လုိ့လည္းေျပာျပပါတယ္။
“စစ္သံုပန္းအျဖစ္သူတို့ကုိဘာမွမလုပ္ဘူး ဒဏ္ရာရတဲ့ သူတို့ရဲေဘာ္ေတြကိုလည္းေဆး၀ါးကုသေပးပါတယ္”

ႀကားအင္းဆိပ္ႀကီးျမိဳ့နယ္ထဲက ႀကာအင္းရြာနဲ့တေဂးရြာေတြမွာ ေအာက္တိုဘာလ ၁၆ရက္ေန့တေန့လံုးနီးပါးတိုက္ပဲြ ေတြျဖစ္ခဲ့ျပီး ဖမ္းမိသူေတြထဲမွာ စစ္ေႀကာင္းမွာအေရးပါတဲ့ စစ္ေႀကာင္းမူ့း တပ္ခဲြမူး ဒုအရာခံဗိုလ္စတဲ့တာ ၀န္ႀကီးႀကီးယူ ထားတဲ့သူေတြအပါအ၀င္စစ္ေကာင္စီတပ္သား၁၆ဦးကိုဖမ္းမိခဲ့တယ္လုိ့ ကရင္အမ်ိုးသားလြတ္ေျမာက္ေရး တပ္ဖဲြ႕ပါ၀င္တဲ့ ပူးေပါင္းတပ္ဖဲြ ့ဘက္ကေျပာပါတယ္။

အလားတူ ေအာက္တိုဘာလ၁၆ရက္ေန့မွာပဲ ခလရ ၃၂တပ္ရင္းနဲ့ KNLA PDF ပူးေပါင္းထားတဲ့နဂါးနီစစ္ေႀကာင္းဟာ တိုက္ပဲြျဖစ္ခဲ့ျပီးစစ္ေကာင္စီတပ္ရင္းဘက္ကတာ၀န္ရွိသူ၂ဦးက်ဆံုးသြားခဲ့တယ္လို့ပူးေပါင္းတပ္ဖဲြေတြဘက္ကေျပာပါတယ္ အခုတိုက္ပဲြမွာလည္း စစ္ေကာင္စီတပ္သား၆ဦးက်ဆံုးတယ္လို့ေျပာပါတယ္က်ဆံုးဒဏ္ရာရသူေတြနဲ့ပတ္သက္လို့ေတာ့ VOA ကေတာ့သီးျခားအတည္မျပဳနုိင္ေသးပါဘူး ကရင္ျပည္နယ္ထဲမွာစစ္ေကာင္စီဘက္ကတပ္သားေတြ ကုိကရင္အမ်ိဳး သားလြတ္ေျမာက္ေရးတပ္ကမႀကာခန ဖမ္းမိတာရွိသလို့ ပူးေပါင္းတပ္ဖဲြေတြထံကို အညံ့ခံပူးေပါင္းလာတာေတြရွိတာ ေႀကာင့္ေကအန္ယူဘက္ကေတာ့သူတို့ကိုေကာင္းမြန္စြာထားေႀကာင္းေတြကို ေျပာဆုိခဲ့ပါတယ္။

Unicode

တိုက္႐ိုက္ လင့္ခ္

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း၁၇နဲ့ PDF ပူးပေါင်းတပ်ဖွဲ တွေဟာ စစ်ကောင်စီရဲ့ ခမရ ၃၅၈နဲ့ အောက်တိုဘာ လ ၁၆ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ သုံပန်း ၁၆ဦးကိုဖမ်းမိခဲ့တယ်လိ့ု ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ကကိုစောမွန်က အခုလိုပြောပါတယ်။
“တပ်ရင်း၁၇နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေပေါ့ ဒီစစ်ကြောင်းက ခမရ ၃၅၈ ပါ တိုက်ပွဲဖြစ်တော့ ကျနော်တို့ ဒီဘက်ကနေ ခြုံခိုတိုက်တယ် ဖမ်းမိတာက ၁၆ယောက်ရှိတယ် သူတို့ကို စစ်သုံ့ပန့်းအနေနဲ့ပဲဆောင်ရွက်ထားတယ် လက်နက်တွေလည်း၁၇လက်ရတယ် လက်နက်ခဲယမ်းမီးကျောက်တွေလည်းအများကြီးရတယ်”

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်း တပ်သားတွေအဖမ်းခံရတာနဲ့ စစ်လက်နက်ဆုံးရှ့ုှံးမူ့တွေအကြောင်း ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားစစ်သုံ့ပန်တွေကိုတော့ ပူးပေါင်းတပ်ဖွဲ့ တွေဘက်ကဆေးဝါးကုသမူတွေလုပ်ပေးနေတယ်လို့လည်းပြောပြပါတယ်။
“စစ်သုံပန်းအဖြစ်သူတို့ကိုဘာမှမလုပ်ဘူး ဒဏ်ရာရတဲ့ သူတို့ရဲဘော်တွေကိုလည်းဆေးဝါးကုသပေးပါတယ်”

ကြားအင်းဆိပ်ကြီးမြို့နယ်ထဲက ကြာအင်းရွာနဲ့တဂေးရွာတွေမှာ အောက်တိုဘာလ ၁၆ရက်နေ့တနေ့လုံးနီးပါးတိုက်ပွဲ တွေဖြစ်ခဲ့ပြီး ဖမ်းမိသူတွေထဲမှာ စစ်ကြောင်းမှာအရေးပါတဲ့ စစ်ကြောင်းမူ့း တပ်ခွဲမူး ဒုအရာခံဗိုလ်စတဲ့တာ ဝန်ကြီးကြီးယူ ထားတဲ့သူတွေအပါအဝင်စစ်ကောင်စီတပ်သား၁၆ဦးကိုဖမ်းမိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကပြောပါတယ်။

အလားတူ အောက်တိုဘာလ၁၆ရက်နေ့မှာပဲ ခလရ ၃၂တပ်ရင်းနဲ့ KNLA PDF ပူးပေါင်းထားတဲ့နဂါးနီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ရင်းဘက်ကတာဝန်ရှိသူ၂ဦးကျဆုံးသွားခဲ့တယ်လို့ပူးပေါင်းတပ်ဖွဲတွေဘက်ကပြောပါတယ် အခုတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား၆ဦးကျဆုံးတယ်လို့ပြောပါတယ်ကျဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်လို့တော့ VOA ကတော့သီးခြားအတည်မပြုနိုင်သေးပါဘူး ကရင်ပြည်နယ်ထဲမှာစစ်ကောင်စီဘက်ကတပ်သားတွေ ကိုကရင်အမျိုး သားလွတ်မြောက်ရေးတပ်ကမကြာခန ဖမ်းမိတာရှိသလို့ ပူးပေါင်းတပ်ဖွဲတွေထံကို အညံ့ခံပူးပေါင်းလာတာတွေရှိတာ ကြောင့်ကေအန်ယူဘက်ကတော့သူတို့ကိုကောင်းမွန်စွာထားကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG