သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္မႈ KNU နယ္ေျမဘုန္းႀကီးေက်ာင္းပ်က္စီး


ျမန္္မာစစ္တပ္ ေလေၾကာင္း တုိက္ခိုက္မႈေၾကာင့္ မီးေလာင္ေနသည့္ ဘုန္းႀကီးေက်ာင္း (photo: KNU)

Zawgyi/Unicode

ထိုင္းျမန္မာနယ္စပ္ စံခဘူရီနဲ႔ ၁၂ကီလိုသာအကြာအေဝးရွိတဲ့ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဝင္းေရာ္ေဒသမွာ ရွိတဲ့ မဲကဆာကရင္ေက်း႐ြာကိုေအာက္တိုဘာလမနက္၂နာရီေက်ာ္အခ်ိန္မွာ ျမန္မာစစ္ေကာင္စီ ကေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မူလုပ္တဲ့အတြက္ မဲ့ကဆာဘုန္းေတာ္ႀကီးေက်ာင္းမီးေလာင္ပ်က္စီးသြားခဲ့ပါတယ္။ ဒီသတင္းကိုဗြီအိုေအ သတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။


ထိုင္းျမန္မာနယ္စပ္စံခဘူရီၿမိဳနဲ၁၂ကီလိုအကြာမွာရွိတဲ့ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ထဲက ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံးထိမ္းခ်ဳပ္ရာေဒသျဖစ္တဲ့မဲ့ကဆာ႐ြာထဲကိုစစ္ေကာင္စီတပ္ေတြက ေအာက္တိုဘာလ ၆ရက္ေန႔မနက္အေစာႀကီးအခ်ိန္မွာေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တာပါ ဒီဗုံးႀကဲတိုက္ခိုက္မူေၾကာင့္ သံဃာနဲ႔ကိုရင္ေတြ အပါး၅၀ေလာက္ ရွိတဲ့မဲ့ကဆာဘုန္းႀကီးေက်ာင္းဟာမီးေလာင္ပ်က္ဆီးသြား တယ္လို႔ေဒသခံတဦး ကအခုလိုေျပာျပပါတယ္အသံ

“ဘုရားသုံးဆူနဲ႔ဆိုရင္နာရီဝက္ေလာက္ဆိုင္ကယ္စီးရင္ေရာက္ၿပီ ညက၂နာရီခြဲေလာက္ပထမဗုံးမႀကဲခင္ကင္းေထာက္ ေလယာဥ္ေတြနဲ႔ဝဲတာရွိတယ္ ညက၂နာရီခြဲေလာက္ေလယာဥ္တိုက္ေလယာဥ္တစီးနဲ႔လာၿပီးဗုံးလာႀကဲတယ္ ေက်ာင္းတေက်ာင္းလုံးက မီးေလာင္သြားတယ္ ဘုန္းႀကီးေက်ာင္းကအႀကီးႀကီးဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား ေလာင္သြားတယ္ ေခါင္မိုးေတြအကုန္လုံးပြစာႀကဲၿပီးပ်က္ဆီးကုန္တယ္ ဘာမွသုံးလို႔မရေတာ့ဘူ ကိုရင္ ၂ပါးေတာ့ေပ်ာက္ေနတာေပါ့ လာၿပီးဗုံးႀကဲတဲ့အခ်ိန္ ဘုန္းႀကီးေတြက ေလယာဥ္သံၾကားတာနဲ႔ေျပးၾက တယ္ေလမနက္ကလည္တေခါက္ျပန္လာေသးတယ္”

ေကအန္ယူနဲ႔ပူးေပါင္းတပ္ဖြဲေတြကမၾကာေသးခင္တုန္းက ဘုရားသုံ႔းဆူေဒသမွာရွိတဲ့ စစ္ေကာင္စီရဲ႕ဘုရားေတာင္စခန္း ကိုဝင္ေရာက္စီးနင္းမူလုပ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ စစ္ေကာင္စီကအဲဒီေဒသကိုေလေၾကာင္းကေန တိုက္ခိုက္မူေတြ လုပ္ဖို႔အတြက္ကင္းေထာင္ေလယဥ္ေတြအၿမဲပ်ံသန္းေလ့ရွိပါတယ္ အခုအခါမွာေတာ့အရပ္သားေတြကိုပစ္မွတ္ထားၿပီး ဘုန္းႀကီးေက်ာင္းကိုဗုံးႀကဲတိုက္ခိုက္ခဲ့ေပမယ္ လူေသဆုံးမူေတာ့မရွိဘူးလို႔ကရင္အမ်ိဳးသား အစည္းအ႐ုံး သတင္းနဲ႔ျပန္ၾကားေရးဌာန ဒုတိယတာဝန္ခံေစယြာခြီဒူကအခုလိုေျပာျပပါတယ္။

"ဘုန္းႀကီးေက်ာင္းကိုပစ္ေတာ့ဘုန္းႀကီးေက်ာင္းတဝက္ေလာက္ကေတာ့ပ်က္ဆီးသြားတယ္ လူေသဆုံးမူတို႔ဘာ တို႔ေတာ့မရွိဘူး က်ေနာ္တို႔တပ္မဟာ(၆)နယ္ေျမ ဝမ္းေရးၿမိဳ႕နယ္အတြင္းမွာရွိပါတယ္”

စစ္ေကာင္စီဘက္ကေတာ့ဒီသတင္းနဲပတ္သက္လို႔တုန႔္ျပန္တာမရွိေသးပါဘူးဒဏ္ရာရသူ မရွိတာကေတာ့ ႐ြာသားေတြက ႀကိဳတင္ ထြက္ေျပးတိမ္းေရွာင္ေနၾကတာအိမ္ေတြမွာမေနရဲပဲ ေက်ာက္လႈိင္ဂူေတြထဲပုန္းေအာင္ေနထိုင္ေနၾကတယ္လို႔ လည္းေဒသခံေတြကဆိုပါတယ္

စစ္ေကာင္စီဘက္က တပ္အင္အား ရာဂဏန္းေလာက္ဟာလည္း အသိမ္းခံထားရတဲ့ သူတို႔စခန္းကိုျပန္သိမ္းဖို႔အတြက္ ျပင္ဆင္ေနတာေၾကာင့္ တိုက္ပြဲေတြျပင္းထန္လာႏိုင္တယ္လို႔ထိုင္းဘက္ကယူဆေနပါတယ္
အဲဒီေနရာဟာထိုင္းနယ္စပ္ နဲ႔၁၂ကီလိုေလာက္သာကြာေဝးတာေၾကာင့္ထိုင္းဘက္ကလည္းစိုးရိမ္မူေတြရွိေနၿပီး ထိုင္းဘက္က ေက်း႐ြာသားေတြကို ကယ္တင္ႏိုင္ဖို႔အတြက္ ထိုင္းနယ္ျခားေစာင့္ တပ္ကလည္း ျပင္ဆင္မူေတြလုပ္ ေဆာင္ေနပါတယ္ရွင္။

##

ထိုင်းမြန်မာနယ်စပ် စံခဘူရီနဲ့ ၁၂ကီလိုသာအကွာအဝေးရှိတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသမှာ ရှိတဲ့ မဲကဆာကရင်ကျေးရွာကိုအောက်တိုဘာလမနက်၂နာရီကျော်အချိန်မှာ မြန်မာစစ်ကောင်စီ ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူလုပ်တဲ့အတွက် မဲ့ကဆာဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့ပါတယ် ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်
ထိုင်းမြန်မာနယ်စပ်စံခဘူရီမြိုနဲ၁၂ကီလိုအကွာမှာရှိတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထဲက ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာဒေသဖြစ်တဲ့မဲ့ကဆာရွာထဲကိုစစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၆ရက်နေ့မနက်အစောကြီးအချိန်မှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ ဒီဗုံးကြဲတိုက်ခိုက်မူကြောင့် သံဃာနဲ့ကိုရင်တွေ အပါး၅၀လောက် ရှိတဲ့မဲ့ကဆာဘုန်းကြီးကျောင်းဟာမီးလောင်ပျက်ဆီးသွား တယ်လို့ဒေသခံတဦး ကအခုလိုပြောပြပါတယ်အသံ

“ဘုရားသုံးဆူနဲ့ဆိုရင်နာရီဝက်လောက်ဆိုင်ကယ်စီးရင်ရောက်ပြီ ညက၂နာရီခွဲလောက်ပထမဗုံးမကြဲခင်ကင်းထောက် လေယာဉ်တွေနဲ့ဝဲတာရှိတယ် ညက၂နာရီခွဲလောက်လေယာဉ်တိုက်လေယာဉ်တစီးနဲ့လာပြီးဗုံးလာကြဲတယ် ကျောင်းတကျောင်းလုံးက မီးလောင်သွားတယ် ဘုန်းကြီးကျောင်းကအကြီးကြီးဆိုတော့ တော်တော်များများ လောင်သွားတယ် ခေါင်မိုးတွေအကုန်လုံးပွစာကြဲပြီးပျက်ဆီးကုန်တယ် ဘာမှသုံးလို့မရတော့ဘူ ကိုရင် ၂ပါးတော့ပျောက်နေတာပေါ့ လာပြီးဗုံးကြဲတဲ့အချိန် ဘုန်းကြီးတွေက လေယာဉ်သံကြားတာနဲ့ပြေးကြ တယ်လေမနက်ကလည်တခေါက်ပြန်လာသေးတယ်”

ကေအန်ယူနဲ့ပူးပေါင်းတပ်ဖွဲတွေကမကြာသေးခင်တုန်းက ဘုရားသုံ့းဆူဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ဘုရားတောင်စခန်း ကိုဝင်ရောက်စီးနင်းမူလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီကအဲဒီဒေသကိုလေကြောင်းကနေ တိုက်ခိုက်မူတွေ လုပ်ဖို့အတွက်ကင်းထောင်လေယဉ်တွေအမြဲပျံသန်းလေ့ရှိပါတယ် အခုအခါမှာတော့အရပ်သားတွေကိုပစ်မှတ်ထားပြီး ဘုန်းကြီးကျောင်းကိုဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ် လူသေဆုံးမူတော့မရှိဘူးလို့ကရင်အမျိုးသား အစည်းအရုံး သတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံစေယွာခွီဒူကအခုလိုပြောပြပါတယ်။

"ဘုန်းကြီးကျောင်းကိုပစ်တော့ဘုန်းကြီးကျောင်းတဝက်လောက်ကတော့ပျက်ဆီးသွားတယ် လူသေဆုံးမူတို့ဘာ တို့တော့မရှိဘူး ကျနော်တို့တပ်မဟာ(၆)နယ်မြေ ဝမ်းရေးမြို့နယ်အတွင်းမှာရှိပါတယ်”

စစ်ကောင်စီဘက်ကတော့ဒီသတင်းနဲပတ်သက်လို့တုန့်ပြန်တာမရှိသေးပါဘူးဒဏ်ရာရသူ မရှိတာကတော့ ရွာသားတွေက ကြိုတင် ထွက်ပြေးတိမ်းရှောင်နေကြတာအိမ်တွေမှာမနေရဲပဲ ကျောက်လှိုင်ဂူတွေထဲပုန်းအောင်နေထိုင်နေကြတယ်လို့ လည်းဒေသခံတွေကဆိုပါတယ်

စစ်ကောင်စီဘက်က တပ်အင်အား ရာဂဏန်းလောက်ဟာလည်း အသိမ်းခံထားရတဲ့ သူတို့စခန်းကိုပြန်သိမ်းဖို့အတွက် ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ထိုင်းဘက်ကယူဆနေပါတယ်
အဲဒီနေရာဟာထိုင်းနယ်စပ် နဲ့၁၂ကီလိုလောက်သာကွာဝေးတာကြောင့်ထိုင်းဘက်ကလည်းစိုးရိမ်မူတွေရှိနေပြီး ထိုင်းဘက်က ကျေးရွာသားတွေကို ကယ်တင်နိုင်ဖို့အတွက် ထိုင်းနယ်ခြားစောင့် တပ်ကလည်း ပြင်ဆင်မူတွေလုပ် ဆောင်နေပါတယ်ရှင်။

XS
SM
MD
LG