သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင်မှာ ဒေသခံတွေ တိမ်းရှောင်နေရ 


တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင်မှာ ဒေသခံတွေ တိမ်းရှောင်နေရ
တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင်မှာ ဒေသခံတွေ တိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒုက္ခသည်တွေ သေကြေတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။  

တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင်မှာ ဒေသခံတွေ တိမ်းရှောင်နေရ


{{Zawgyi/Unicode}}
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃) ထိန်းချုပ်ရာ နယ်မြေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒုက္ခသည်တွေ သေကြေတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ထိမ်းချုပ်ရာ တပ်မဟာ အသီးသီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေ တိုက်ပွဲတွေဖြစ်နေပွားသလို ကေအန်ယူ တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်မှာလည်း စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ ရွာတွေထဲ ပစ်ခတ်တာတွေကြောင့် ဒီရက်ထဲမှာ ကျေးရွားသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတဦး ကပြောပါတယ်။

" ခမရ ၆၀၃တပ်ရင်းက ဘုန်းကြီးအင်းကျေးရွာ ရွာတန်းရှည်ကျေးရွာ ၊ ကရင်မြက်ရဲကျေးရွာတွေထဲကို လက်နက်ကြီး ၂၅လောက် ပစ်ထည့်တယ်။ နောက်တနေ့ကျတော့ သူတို့အထိုင် သစ်ချဆိပ်ရွာပေါ့ အဲဒီကနေ ထွက်တော့ တောင်စုကျေးရွာရှိတယ်။ အဲဒီရွာက နဂိုက ရွာသာတွေ မနေရဘူးဆိုလို့ တရွာလုံး ထွက်ပြေးနေရတယ်။ အဲဒီမှာ စားစရာမရှိလို့ ဆိုပြီး စားစရာ လာဝင်ယူတဲ့ ရွာသားတယောက်က လက်နက်ကြီးတွေ ၉လုံးပစ်ချလို့ ထိသွားတယ်။ တောင်စုကျေးရွာက ပြည်သူတဦး သေတာပေါ့။ အဲဒီမှာက ကေအန်ယူတွေလည်း ရှိတာမဟုတ်ဘူး။ ပြည်သူတွေ ရွာသားတွေပဲရှိကြတာ။ လက်နက်ကိုင်တွေလည်း ရှိတာမဟုတ်ဘူး။ အဲဒါ ရွာသားတွေကိုပဲပစ်မှတ်ထားတယ်"

ဒီရက်ပိုင်းမှာပဲ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲက ရွာသားတချို့ဟာ တောထဲမှာ စားစရာမရှိတာကြောင့် သူအိမ်ကိုပြန်လာပြီး ဆန်လာယူရာမှာ ဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။

" ၅၉၀တပ်ရင်းက မုန်းမြို့နယ်ထဲက ဆန်လာသယ်တဲ့ ရေတွင်းဖြူရွာသားကိုလည်း ဖမ်းလိုက်တယ်။ ညနေဘက်မှာပဲ ခမရ ၆၀၃တပ်ရင်းနဲ့ ခမရ ၅၉၉တပ်ရင်းတို့ကလဲ ဆန်လာသယ်တဲ့ အောလောဆီရွာသားတွေကိုဖမ်းပြီး သူ့အိမ်ကို မီရှို့သွားတယ်။ လူအခွင့်ရေးက တအားချိုးဖောက်ခံနေတာပဲ။ စားစရာမရှိလို့ ပတ်ပြေးနေရ။ ရိက္ခာမရှိလို့ အိမ်လာပြန်ယူတော့လည်း ဖမ်းခံရတယ်။ အိမ်တွေမီးရှို့ကြတယ်"

အခုဆိုရင် ပြီးခဲ့တဲလတုန်းက ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင် ဦးရေ ၉သောင်းကျော်ရှိရာကနေ ၂ဆတိုးပြီး စစ်ဘေးရှောင် ၂သောင်းကျော်သွားပြီလို့လည်း သူကဆက်ပြောပြပါတယ်။

" ဒုက္ခသည်ကတော့ ၂သောင်းကျော်သွားပြီ။ ညောင်လေးပင်ခရိုင် တခုတည်းမှာပဲ ရွာသား ၂သောင်းကျော်က တောထဲမှာနေတယ်။ ရွာသားတွေက လွတ်လပ်မဲ့နေရာတွေကိုနေရတယ်။ တောင်ခြေကိုအမှီပြုပြီးနေရတယ်။ ကေအန်ယူစခန်းနဲ့လည်း ဝေးတဲ့နေရာတွေမှာလိုက်နေတယ်။ တောမှာနေရတယ် ။ ရွာသားတွေရှိမယ့်နေရာတွေကို စစ်ကောင်စီက လိုက်ပစ်ထည့်နေတယ်။ စားစရာမရှိလို့ရွာထဲ ပြန်လာယူသူတွေကို ဖမ်းတယ်ဆီးတယ်။ သူတို့ကလိုက်ပစ်ထည့်နေတယ်။ ရွာသားတွေကို ဒုက္ခပေးနေတယ်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲက ကျေရွာတွေမှာ စစ်ဘေးရှောင်ဦးရေ ၂၀၉၀၀ကျော် ရှိသွားပြီလို့လည်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက တနင်္လာနေ့ကထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာလ၁၁ ရက်နေ့ နေ စက်တင်ဘာလ၁၉ရက်နေ့ အထိ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တောင်စုကျေးရွာထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး ၅ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ် ။ကေအန်ယူဘက်က ထုတ်ပြန်ချက် နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှတုံပြန်ထားတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

...................................................



{{Zawgyi/Unicode}}








XS
SM
MD
LG