သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ကတိုက္ပဲြ ကရင္ရြာသားေတြ ထိုင္းကိုေျပး


ကရင္ျပည္နယ္ကတိုက္ပဲြ ကရင္ရြာသားေတြ ထိုင္းကိုေျပး

ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ DKBA ဌာနခ်ဳပ္ ရွိရာ ဆံုဆည္းျမိဳင္ရြာ အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္၊ ျပည္သူကာကြယ္ေရးတပ္ေတြ တိုက္ပဲြေတြျဖစ္ေနပါတယ္ ။  ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ကရင္ျပည္နယ္ကတိုက္ပဲြ ကရင္ရြာသားေတြ ထိုင္းကိုေျပး

{{Zawgyi/Unicode}}
ကရင္ျပည္နယ္ ျမ၀တီခရိုင္ ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ DKBA ဌာနခ်ဳပ္ ရွိရာ ဆံုဆည္းျမိဳင္ရြာ အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္၊ ျပည္သူကာကြယ္ေရးတပ္ေတြ တိုက္ပဲြေတြျဖစ္ေနျပီး လက္နက္ႀကီး က်ည္ဆံေတြက်ေရာက္တဲ့အတြက္ ဒုကၡသည္ ၃၅၀ေလာက္ဟာ ထုိင္းဘက္ျခမ္း နဲ႔ အနီးဆံုး ဘုန္းေတာ္ႀကီးေက်ာင္းအနီးမွာ ခိုလွံုေနရပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ကရင္ျပည္နယ္ ျမ၀တီခရိုင္ ထဲက ဒီမိုကေရစီ ကရင္အက်ိဳးျပဳတပ္မေတာ္ DKBA ဌာနခ်ဳပ္ရွိရာေနရာျဖစ္တဲ့ ဆံုဆည္းျမိဳင္ရြာအနီးတ၀ိုက္ကုိ စစ္ေကာင္စီတပ္ေတြ စက္တင္ဘာလ ၈ရက္ေန႔ ကစျပီး ၀င္ေရာက္လာျပီးတဲ့ေနာက္ စက္တင္ဘာလ၁၃ရက္ေန႔ ေလာက္ကစျပီး တိုက္ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။ ႏွစ္ဖက္တိုက္ပဲြေတြအတြင္း စစ္ေကာင္စီဘက္ က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သလို႔ KNLA / PDF ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က ဒရုန္းနဲ႔ ပစ္ခတ္ခဲ့တာပါ။ စက္တင္ဘာလ ၁၅ရက္ေန႔ ကေတာ့ အရပ္သားတခ်ဳိ႔ ထိခိုက္ဒဏ္ရာ ရမူေတြလည္း ရွိေနပါတယ္။

လက္ရွိမွာေတာ့ ႏွစ္ဖက္တိုက္ပဲြေတြအတြင္း စစ္ေကာင္စီဘက္ကလည္း ၁၂၀ မမလက္နက္ႀကီးေတြ ပစ္ခတ္တဲ့အတြက္ ေလးေ၀ၚ ေက်းရြာမွာတပ္စဲြေနရာယူတဲ့အတြက္ တရြာလံုး ထြက္ေျပး တိမ္းေရွာင္ႀကရပါတယ္။

လက္ရွိမွာေတာ့ ဆံုဆည္းျမိဳင္၊ ေလးေ၀ၚ နဲ႔ အနီးတ၀ုိက္က ေက်းရြာသား ၃၅၀ေလာက္ဟာ ထုိင္းဘက္ကို ထြက္ေျပးဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမယ့္ထုိင္းဘက္ကုိလည္း ၀င္ခြင့္မရတာေႀကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းမွ ာခိုလွံုေနရတယ္လို႔ ဆံုဆည္းျမိဳင္ ေက်းရြာက ေဒသခံတဦးကေျပာျပပါတယ္။

" လက္ရိွ ဒုကၡသည္ေတြက ဆံုဆည္းျမိဳင္၊ သက်၀ံသ ဘုန္းႀကီးေက်ာင္းမွာ လူ ၃၅၀ ေလာက္ရွိတယ္။ ရြာသားေတြေကာ ရြာအနီးတ၀ိုက္ ရြာနီးခ်ဳပ္စပ္ လူေတြ အကုန္လံုးက သက်၀ံသဘုန္းႀကီးေက်ာင္းမွာ ခင္ဗ်။ ဟုိဘက္ ထုိင္းႏိုင္ငံဘက္ကိုလည္း ကူးလို့မရတဲ့အတြက္ ဒီဘုန္းႀကီးေက်ာင္းမွာပဲ ရင္တမမနဲ႔ ေစာင့္ေနရပါတယ္။ တိုက္ပဲြေတြျဖစ္ေနဆဲပါခင္ဗ်"

လက္ရိွမွာ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေနတယ္လို့လည္း ေဒသခံကေျပာပါတယ္။

" ၁၃ရက္ညကစျပီး PDF ေတြ KNU ေတြနဲ႔ သူတို႔တုိက္ပဲြေတြျဖစ္ေနႀကတယ္။ အခု တိုက္ပဲြေတြျဖစ္ေနတာက သူတို႔ လက္ခံလိုက္တဲ့ စကစ က အင္အား ၁၀၀ေက်ာ္ရွိတယ္။ ဆံုဆည္းျမိိဳင္ေတာင္ကုန္းေပၚမွာရွိတယ္။ ေတာင္ေျခမွာရွိတယ္။ ဆံုဆည္းျမိဳင္ သခ်ိုင္းကုန္းဘက္၊ ေဘေဘာ့ဘုိးဘက္မွာ သူတို့က တပ္ျဖန္႔ထားတယ္။ ေဘာလံုးကြင္းမွာလည္ းတပ္ျဖန္႔ထားတယ္"

လက္ရွိမွာေတာ့ DKBA စစ္ဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီး ဟာ စစ္ေကာင္စီအႀကီးအကဲ မင္းေအာင္လိွုင္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ေနျပည္ေတာ္ကို ေရာက္ရွိေနခိ်န္ျဖစ္ပါတယ္။ စစ္ေကာင္စီတပ္ေတြကုိ DKBA ဌာနခ်ဳပ္ဘက္ကေန ၀င္ခြင့္ျပဳလိုက္တယ္လို႔ ရြာသားေတြက ယူဆေနႀကပါတယ္။

" အဲဒီေနရာေတြကို ၀င္ဖုိ့အတြက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးလ္ (စစ္ဦးခ်ဳပ္က) လက္ခံေပးလိုက္တာ သဲျဖဴေခ်ာင္း ဘက္ကုိႏွစ္ဖက္ညွပ္တိုက္ဖုိ ့ဖလူးဘက္က တက္လာတာျဖစ္တယ္။ စစ္ဦးစီးခ်ဳပ္ တေယာက္အေနနဲ႔ စကစ ေတြကို၀င္ခြင့္ေပးလိုက္တာက က်ေနာ္တို ့ရြာသားေတြ ဒုကၡေရာက္ႀကတယ္ ခင္ဗ် "

လက္ရွိမွာေတာ့ စစ္ေဘးေရွာင္ေနရတဲ႔ ေက်းရြာသားေတြဟာ စားေသာက္ေရး ခက္ခဲေနျပီး အကူညီမဲ့ ေနတယ္လို႔ဆိုပါတယ္ ။ ဒီရက္ပိုင္းမွာပဲ ျပည္သူ့ ကာကြယ္ေရးတပ္ဖဲြ႔ေတြကေတာ့ စစ္ေဘးေရွာင္ေက်းရြာသားေတြကို အစားအေသာက္မ်ာ းလာေရာက္ေပးတယ္လို႔ ေက်းရြာသားေတြက ဆုိပါတယ္။ အခုတိုက္ပဲြေတြျဖစ္ေနတဲ့ တပ္မဟာ(၆)နယ္ေျမထဲမွာ စစ္ေဘးေရွာင္ ၉ေသာင္းေက်ာ္ရွိေနျပီး တိုက္ပဲြေတြေႀကာင့္ စစ္ေဘးေရွာင္ ဦးေရတုိးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

ကရင်ပြည်နယ်ကတိုက်ပွဲ ကရင်ရွာသားတွေ ထိုင်းကိုပြေး

{{Zawgyi/Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင် ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင်ရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီး ကျည်ဆံတွေကျရောက်တဲ့အတွက် ဒုက္ခသည် ၃၅၀လောက်ဟာ ထိုင်းဘက်ခြမ်း နဲ့ အနီးဆုံး ဘုန်းတော်ကြီးကျောင်းအနီးမှာ ခိုလှုံနေရပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် မြဝတီခရိုင် ထဲက ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA ဌာနချုပ်ရှိရာနေရာဖြစ်တဲ့ ဆုံဆည်းမြိုင်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်တွေ စက်တင်ဘာလ ၈ရက်နေ့ ကစပြီး ဝင်ရောက်လာပြီးတဲ့နောက် စက်တင်ဘာလ၁၃ရက်နေ့ လောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာပါ။ စက်တင်ဘာလ ၁၅ရက်နေ့ ကတော့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရမူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း ၁၂၀ မမလက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် လေးဝေါ် ကျေးရွာမှာတပ်စွဲနေရာယူတဲ့အတွက် တရွာလုံး ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

လက်ရှိမှာတော့ ဆုံဆည်းမြိုင်၊ လေးဝေါ် နဲ့ အနီးတဝိုက်က ကျေးရွာသား ၃၅၀လောက်ဟာ ထိုင်းဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်ထိုင်းဘက်ကိုလည်း ဝင်ခွင့်မရတာကြောင့် ဘုန်းတော်ကြီးကျောင်းမှ ာခိုလှုံနေရတယ်လို့ ဆုံဆည်းမြိုင် ကျေးရွာက ဒေသခံတဦးကပြောပြပါတယ်။

" လက်ရှိ ဒုက္ခသည်တွေက ဆုံဆည်းမြိုင်၊ သကျဝံသ ဘုန်းကြီးကျောင်းမှာ လူ ၃၅၀ လောက်ရှိတယ်။ ရွာသားတွေကော ရွာအနီးတဝိုက် ရွာနီးချုပ်စပ် လူတွေ အကုန်လုံးက သကျဝံသဘုန်းကြီးကျောင်းမှာ ခင်ဗျ။ ဟိုဘက် ထိုင်းနိုင်ငံဘက်ကိုလည်း ကူးလို့မရတဲ့အတွက် ဒီဘုန်းကြီးကျောင်းမှာပဲ ရင်တမမနဲ့ စောင့်နေရပါတယ်။ တိုက်ပွဲတွေဖြစ်နေဆဲပါခင်ဗျ"

လက်ရှိမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း ဒေသခံကပြောပါတယ်။

" ၁၃ရက်ညကစပြီး PDF တွေ KNU တွေနဲ့ သူတို့တိုက်ပွဲတွေဖြစ်နေကြတယ်။ အခု တိုက်ပွဲတွေဖြစ်နေတာက သူတို့ လက်ခံလိုက်တဲ့ စကစ က အင်အား ၁၀၀ကျော်ရှိတယ်။ ဆုံဆည်းမြိုင်တောင်ကုန်းပေါ်မှာရှိတယ်။ တောင်ခြေမှာရှိတယ်။ ဆုံဆည်းမြိုင် သချိုင်းကုန်းဘက်၊ ဘေဘော့ဘိုးဘက်မှာ သူတို့က တပ်ဖြန့်ထားတယ်။ ဘောလုံးကွင်းမှာလည် းတပ်ဖြန့်ထားတယ်"

လက်ရှိမှာတော့ DKBA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး ဟာ စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နေပြည်တော်ကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို DKBA ဌာနချုပ်ဘက်ကနေ ဝင်ခွင့်ပြုလိုက်တယ်လို့ ရွာသားတွေက ယူဆနေကြပါတယ်။

" အဲဒီနေရာတွေကို ဝင်ဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ် (စစ်ဦးချုပ်က) လက်ခံပေးလိုက်တာ သဲဖြူချောင်း ဘက်ကိုနှစ်ဖက်ညှပ်တိုက်ဖို့ဖလူးဘက်က တက်လာတာဖြစ်တယ်။ စစ်ဦးစီးချုပ် တယောက်အနေနဲ့ စကစ တွေကိုဝင်ခွင့်ပေးလိုက်တာက ကျနော်တို့ရွာသားတွေ ဒုက္ခရောက်ကြတယ် ခင်ဗျ "

လက်ရှိမှာတော့ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာသားတွေဟာ စားသောက်ရေး ခက်ခဲနေပြီး အကူညီမဲ့ နေတယ်လို့ဆိုပါတယ် ။ ဒီရက်ပိုင်းမှာပဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ဘေးရှောင်ကျေးရွာသားတွေကို အစားအသောက်မျာ းလာရောက်ပေးတယ်လို့ ကျေးရွာသားတွေက ဆိုပါတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ တပ်မဟာ(၆)နယ်မြေထဲမှာ စစ်ဘေးရှောင် ၉သောင်းကျော်ရှိနေပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေတိုးလာနေပါတယ်။

XS
SM
MD
LG