သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အရွိန္ျမင့္လာတဲ့ စစ္ေကာင္စီ-KNU တိုက္ပြဲ ဒုကၡသည္ ဦးေရတိုး


စစ္ေကာင္စီနဲ႔ တိုက္ပြဲ ျဖစ္ေနတဲ့ KNU ပူးေပါင္းတပ္ဖြဲ႔ (Photo : KNU)

[[ ZAWGYI / UNICODE ]]

အရွိန္ျမင့္လာတဲ့ စစ္ေကာင္စီ-KNU တိုက္ပြဲ ဒုကၡသည္ ဦးေရတိုး

ျမန္မာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)၊ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕(KNDO) စတဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြၾကား လေပါင္း၂၀ ၾကာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ခဲ့ၿပီး တိုက္ပြဲေပါင္း ၆ ေထာင္ေက်ာ္ျဖစ္ခဲ့သလို ၊ စစ္ေကာင္စီရဲ႕စခန္းႀကီး ၉ ခုကို တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။


ျမန္မာစစ္ေကာင္စီ တပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ KNLA ၊ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ KNDO စတဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး တိုက္ပြဲေပါင္း ၆ ေထာင္ေက်ာ္ ျဖစ္ခဲ့သလို႔ စစ္ေကာင္စီဖက္က လက္နက္ႀကီး အလုံးေပါင္း ၄ ေထာင္ေက်ာ္ ပစ္ခတ္ခဲ့တယ္လို႔ ေကအန္ယူဘက္က ေျပာပါတယ္။

ႏွစ္ဖက္ တိုက္ပြဲေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ေလေၾကာင္းကေန ဗုံးႀကဲ တိုက္ခိုက္မႈေပါင္း အႀကိမ္ ၁၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ ေကအန္ယူ သတင္းနဲ႔ျပန္ၾကားေရးဌာန ဒုတိယတာဝန္ခံ ေစာယြာခြီဒူးက ေျပာပါတယ္။

" ေကအန္ယူ အုပ္ခ်ဳပ္မႈ နယ္ေျမအတြင္းမွာေပါ့ လေပါင္း ၂၀ အတြင္း တိုက္ပြဲေပါင္း ၆၃၅၆ ႀကိမ္ ျဖစ္တာေပါ့ေနာ္။ လေပါင္း ၂၀ အတြင္းမွာ တိတိက်က် ေျပာရရင္ လက္နက္ႀကီး အလုံးေရေပါ့ စစ္ေကာင္စီတပ္ေတြက ျပည္သူလူထုရဲ႕ ေက်း႐ြာေတြအတြင္း ျပည္သူလူထု လုပ္ငန္းခြင္အတြင္း လက္နက္ႀကီး ပစ္ခ်တာကေတာ့ အလုံးေပါင္း ၄၄၄၆ လုံး ရွိတာေပါ့ေနာ္။ အဲဒါ က်ေနာ္တို႔ တြက္လို႔ရတာပဲရွိတယ္ ၊ တြက္လို႔ မရတာေတြလည္း အမ်ားႀကီးရွိတာေပါ့ေနာ္။ တိုက္ပြဲ အေျခအေနေၾကာင့္ ေလယာဥ္နဲ႔ ဗုံးလာႀကဲတာကေတာ့ ႏွစ္မ်ိဳးႏွစ္စားရွိတယ္။ တိုက္ပြဲ ျပင္းထန္တဲ့ေနရာမွာ ေလေၾကာင္းပစ္ကူတာ ရွိတယ္။ ျပည္သူလူထု ေနထိုင္တဲ့ေနရာေတြ ေက်း႐ြာေတြမွာ ရည္႐ြယ္ခ်က္ရွိရွိ ပစ္တာရွိတယ္ စုစုေပါင္း ၁၁၇ ႀကိမ္ရွိတာေပါ့ေနာ္။ "

ျမန္မာႏိုင္ငံမွ ာစစ္တပ္က အာဏာသိမ္းမႈ ျဖစ္ပြားၿပီးသည့္ေနာက္ပိုင္းမွာ ထိေတြ႕တိုက္ပြဲမ်ား ေထာင္ခ်ီ ျဖစ္ခဲ့႐ုံသာမက စစ္ေကာင္စီရဲ႕ စခန္းေတြကို တိုက္ခိုက္ရာမွာ စခန္းေပါင္း ၉ ခုေလာက္ကို တိုက္ခိုက္ ရွင္းလင္းႏိုင္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

" တိုက္ခိုက္ ရွင္းလင္းေရး လုပ္တာေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တို႔ သတ္မွတ္ထားတဲ့ စခန္းႀကီးေတြေပါ့ ၊ စခန္းငယ္ေတြကေတာ့ က်ေနာ္တို႔ ထည္ၿပီး မတြက္ဘူး။ အထူးသျဖင့္ ျပည္သူ႔စစ္ ေနထိုင္တဲ့စခန္း ျပည္သူ႔စစ္နဲ႔ စစ္ေကာင္စီစခန္းေတြ စစ္ေကာင္စီနဲ႔ နယ္ျခားေစာင့္ေနတဲ့စခန္းေတြ အမ်ားႀကီးရွိပါတယ္။ စခန္းႀကီးေတြကေတာ့ ၉ ခု ေလာက္ရွိပါတယ္။"

စစ္ေကာင္စီဘက္က ေထာင္နဲ႔ခ်ီၿပီး ေသဆုံး ဒဏ္ရာရတာေတြ ရွိေၾကာင္း ေကအန္ယူဖက္က သတင္းထုတ္ျပန္ခဲ့ေပမယ့္ အေရအတြက္ အတိအက်ကို စစ္ေကာင္စီဖက္က ထုတ္ျပန္တာ မရွိတာေၾကာင့္ သီးျခား အတည္ျပဳလို႔ေတာ့ မရေသးပါဘူး။

အခုဆိုရင္ ကရင္ျပည္နယ္အတြင္းက တပ္မဟာအသီးသီးမွာ တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ ဒုကၡသည္ေပါင္း ၃ သိန္း ၇ ေသာင္းေက်ာ္ ရွိလာၿပီလို႔လည္း ေျပာပါတယ္။

" ၃၇၁,၉၅၈ ေယာက္ ရွိပါတယ္။ က်ေနာ္တို႔ စာရင္းအတိအက် ေကာက္ထားတာပါ ၊ ဒါေပမဲ့ ဒုကၡသည္ စစ္ေဘးေရွာင္ ဦးေရေတြလည္း ရွိေသးတာေပါ့။ "

ေကအန္ယူဘက္ကေတာ့ တိုက္ပြဲ လခ်ဳပ္သတင္းေတြ ထုတ္ျပန္ခဲ့သလို အခုလို စစ္အာဏာသိမ္းၿပီး တႏွစ္ခြဲေက်ာ္ ကာလ လေပါင္း၂၀ အတြင္း ေသခ်ာ စာရင္းျပဳစုၿပီး ထုတ္ျပန္ခဲ့တာလို႔ ေျပာပါတယ္။ ေကအန္ယူဖက္က အခုလို ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ဘာမွ တုန႔္ျပန္တာေတာ့ မရွိေသးပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

==============

{{ UNICODE }}

အရှိန်မြင့်လာတဲ့ စစ်ကောင်စီ-KNU တိုက်ပွဲ ဒုက္ခသည် ဦးရေတိုး

မြန်မာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား လပေါင်း၂၀ ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တိုက်ပွဲပေါင်း ၆ ထောင်ကျော်ဖြစ်ခဲ့သလို ၊ စစ်ကောင်စီရဲ့စခန်းကြီး ၉ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


မြန်မာစစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲပေါင်း ၆ ထောင်ကျော် ဖြစ်ခဲ့သလို့ စစ်ကောင်စီဖက်က လက်နက်ကြီး အလုံးပေါင်း ၄ ထောင်ကျော် ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုပေါင်း အကြိမ် ၁၀၀ ကျော် ရှိခဲ့တယ်လို့ ကေအန်ယူ သတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ စောယွာခွီဒူးက ပြောပါတယ်။

" ကေအန်ယူ အုပ်ချုပ်မှု နယ်မြေအတွင်းမှာပေါ့ လပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၆၃၅၆ ကြိမ် ဖြစ်တာပေါ့နော်။ လပေါင်း ၂၀ အတွင်းမှာ တိတိကျကျ ပြောရရင် လက်နက်ကြီး အလုံးရေပေါ့ စစ်ကောင်စီတပ်တွေက ပြည်သူလူထုရဲ့ ကျေးရွာတွေအတွင်း ပြည်သူလူထု လုပ်ငန်းခွင်အတွင်း လက်နက်ကြီး ပစ်ချတာကတော့ အလုံးပေါင်း ၄၄၄၆ လုံး ရှိတာပေါ့နော်။ အဲဒါ ကျနော်တို့ တွက်လို့ရတာပဲရှိတယ် ၊ တွက်လို့ မရတာတွေလည်း အများကြီးရှိတာပေါ့နော်။ တိုက်ပွဲ အခြေအနေကြောင့် လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ နှစ်မျိုးနှစ်စားရှိတယ်။ တိုက်ပွဲ ပြင်းထန်တဲ့နေရာမှာ လေကြောင်းပစ်ကူတာ ရှိတယ်။ ပြည်သူလူထု နေထိုင်တဲ့နေရာတွေ ကျေးရွာတွေမှာ ရည်ရွယ်ချက်ရှိရှိ ပစ်တာရှိတယ် စုစုပေါင်း ၁၁၇ ကြိမ်ရှိတာပေါ့နော်။ "

မြန်မာနိုင်ငံမှ ာစစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးသည့်နောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲများ ထောင်ချီ ဖြစ်ခဲ့ရုံသာမက စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်ရာမှာ စခန်းပေါင်း ၉ ခုလောက်ကို တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

" တိုက်ခိုက် ရှင်းလင်းရေး လုပ်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ သတ်မှတ်ထားတဲ့ စခန်းကြီးတွေပေါ့ ၊ စခန်းငယ်တွေကတော့ ကျနော်တို့ ထည်ပြီး မတွက်ဘူး။ အထူးသဖြင့် ပြည်သူ့စစ် နေထိုင်တဲ့စခန်း ပြည်သူ့စစ်နဲ့ စစ်ကောင်စီစခန်းတွေ စစ်ကောင်စီနဲ့ နယ်ခြားစောင့်နေတဲ့စခန်းတွေ အများကြီးရှိပါတယ်။ စခန်းကြီးတွေကတော့ ၉ ခု လောက်ရှိပါတယ်။"

စစ်ကောင်စီဘက်က ထောင်နဲ့ချီပြီး သေဆုံး ဒဏ်ရာရတာတွေ ရှိကြောင်း ကေအန်ယူဖက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အရေအတွက် အတိအကျကို စစ်ကောင်စီဖက်က ထုတ်ပြန်တာ မရှိတာကြောင့် သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

အခုဆိုရင် ကရင်ပြည်နယ်အတွင်းက တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒုက္ခသည်ပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိလာပြီလို့လည်း ပြောပါတယ်။

" ၃၇၁,၉၅၈ ယောက် ရှိပါတယ်။ ကျနော်တို့ စာရင်းအတိအကျ ကောက်ထားတာပါ ၊ ဒါပေမဲ့ ဒုက္ခသည် စစ်ဘေးရှောင် ဦးရေတွေလည်း ရှိသေးတာပေါ့။ "

ကေအန်ယူဘက်ကတော့ တိုက်ပွဲ လချုပ်သတင်းတွေ ထုတ်ပြန်ခဲ့သလို အခုလို စစ်အာဏာသိမ်းပြီး တနှစ်ခွဲကျော် ကာလ လပေါင်း၂၀ အတွင်း သေချာ စာရင်းပြုစုပြီး ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။ ကေအန်ယူဖက်က အခုလို ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှ တုန့်ပြန်တာတော့ မရှိသေးပါဘူးရှင်။

XS
SM
MD
LG