သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေက်ာက္ႀကီးၿမိဳ႕နယ္ တိုက္ပဲြအတြင္း ေဒသခံတခ်ဳိ႕ ထိခိုက္ေသဆုံး 


ေက်ာက္ႀကီးၿမိဳ႕နယ္ တိုက္ပဲြအတြင္း ေဒသခံတခ်ဳိ႕ ထိခိုက္ေသဆုံး

 ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးၿမိဳ႔နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲ႔ေတြအၾကား တုိက္ပဲြေတြဆက္တိုက္ျဖစ္ေနပါတယ္ ။ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။ 

ေက်ာက္ႀကီးၿမိဳ႕နယ္ တိုက္ပဲြအတြင္း ေဒသခံတခ်ဳိ႕ ထိခိုက္ေသဆုံး

{{Zawgyi/Unicode}}
ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးၿမိဳ႔နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲ႔ေတြအၾကား တုိက္ပဲြေတြဆက္တိုက္ျဖစ္ေနျပီး စစ္ေကာင္းစီဘက္က လက္နက္ႀကီးေတြပစ္တဲ့အတြက္ ေက်းရြာသား၂ဦးေသဆံုးျပီး ၅ဦး ျပင္းထန္တဲ့ ဒဏ္ရာေတြရခဲ့ပါတယ္ ။ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ကရင္ျပည္နယ္ ၊ ေညာင္ေလးပင္ခရိုင္ ေက်ာက္ႀကီးျမိဳ့နယ္ထဲ မွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တုိ႔ဟာ တိုက္ပဲြေတြျဖစ္တာ လခ်ီႀကာေနျပီျဖစ္ပါတယ္။ စက္တင္ဘာလကုန္ပုိင္းမွာေတာ့ စစ္ေကာင္စီရဲ႔ ေဘာကထာစခန္းကေန ေက်းရြာေတြထဲ လက္နက္ႀကီးေတြ ပစ္ခတ္တာေႀကာင့္ ေဒသခံရြာသား၂ဦးေသဆံုးခဲ့တယ္လို့ ေဒသခံ ေက်းရြာသားတဦးကေျပာပါတယ္။

" က်ေနာ္တို႔ ေညာင္ေလးပင္ခရိုင္ တပ္မဟာ(၃)နယ္ေျမ ေက်ာက္ႀကီးျမိဳနယ္အပိုင္မွာ စစ္ေကာင္စီတပ္ေတြက ၂၉ရက္ ညေန ၅နာရီေက်ာ္ေလာက္မွာ ေဘာကထားစခန္းကေန ေဘာ့ကထားေက်းရြာကို အာပီဂ်ီလက္နက္ႀကီးပစ္တာ လူ၂ေယာက္ေသတယ္။ ေသတဲ့သူရဲ႕ ေယာက္က်ားကေတာ့ ဦးေပါက္စ ၆၂နွစ္ေပါ့။ ေနာက္တေယာက္ကေတာ့ မိန္းမတေယာက္ကေတာ့ အညားမေအး က ၅၆ႏွစ္ေပါ့။ ေသတဲ့သူ၂ေယာက္ပါ။ ေနာက္ပိုင္းက်ေတာ့
ေဘာကထားေက်းရြာ ေဘာကပဒဲေကာေက်းရြာ ၊ ေကာမဘီေက်းရြာ ၊ ေကာရြာ၃ရြာက ေႀကာက္ျပီး ထြက္ေျပးတာ အိမ္ေျခေပါင္း ၈၅၀ေလာက္ရွိတယ္။ လူဦးေရကေတာ့ ၄ေထာင္ေက်ာ္ေလာက္ရွိတယ္။ အခုခ်ိန္ထိ ထြက္ေျပးေနရတာ ။ ရြာကိုမကပ္ႏိုင္ေသးဘူး။ အရင္တုန္းကလည္း ပဒဲေကာေက်းရြာကုိ ရြာမီးရွို့မယ္ဆုိလို႔ ေမာင္းထုတ္လို႔ ထြက္ေျပးရတာ။ အခုလည္ းလက္နက္ႀကီးက်လို႔ ထြက္ေျပးရတာ ရြာကိုမကပ္ႏိုင္ေတာ့ဘူး"

ေညာင္ေလးပင္ခရိုင္ ၊ မုန္းျမိဳ႔နယ္ နဲ႔ ေက်ာက္ႀကီးျမိဳ့နယ္ထဲမွာေတာ့ ႀသဂုတ္လနဲ႔ စက္တင္ဘာလထဲမွာပဲ စစ္ေဘးေရွာင္ရတဲ့ လူဦးေရ တသိန္းေက်ာ္ရွိသြားျပီျဖစ္ပါတယ္။ ေကအန္ယူ ထိမ္းခ်ဳပ္ရာ တပ္မဟာအသီးသီးမွာ တိုက္ပဲြျဖစ္တာေႀကာင္ေဒသခံ လူထုေတြဟာ အေႀကာက္တရားေတြ နဲ႔ ေနထုိင္ေနရတယ္ လို့လည္း ကရင္လူ႔အခြင့္ေရးအဖဲြ႕ ကေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူး က အခုလိုေျပာပါတယ္ ။

"တိုက္ပဲြေတြျဖစ္ေနတုန္းပဲ ၊ တပ္မဟာ(၆) ၊ တပ္မဟာ(၅) ၊ တပ္မဟာ(၁)၊ အခုလက္ရွိ တပ္မဟာ(၃)မွာေတာ့ ပစ္ေနတုန္းပဲ။ ေဒသခံေတြကေႀကာက္ေနရတယ္၊ ေျပးေနရတယ္၊ ေနာက္တခါဆိုရင္ IDPs ေတြဆိုရင္ သူတို႔အိ္မ္ေတြကိုျပန္ႀကည့္ရင္လည္း အဖမ္းခံရတာႀကံဳေနရတယ္၊ ပစ္သတ္ခံရတာမ်ိဳးေတြလည္းႀကံဳရတယ္ ၊ အခက္အခဲ ဒုကၡေတြကေတာ့ အရင္အတိုင္းပဲရိွေနတုန္းပါပဲ၊ ေဒသခံေတြကေတာ့ အေႀကာက္တရားေတြနဲ႔ ေနေနရတယ္"

ကရင္ျပည္နယ္ အတြင္းမွာေတာ့ တိုက္ပဲြေတြေႀကာင့္ျဖစ္ေစ ၊ ေလယဥ္နဲ႔ဗံုးႀကဲတုိက္ခိုက္မူေတြေႀကာင့္ျဖစ္ေစ၊ လက္နက္ႀကီး က်ည္ဆံေတြက်ေရာက္တာေႀကာင့္လည္း ဒီလပုိင္းမွာ အရပ္သားေတြ ဆယ္ဂဏန္းေလာက္ထိ ထိခိုက္ေသဆံုးမူေတြရွိေနသလို ထိခိုက္ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိေနတယ္လို႔ ကရင္လူ့အခြင့္ေရးအဖဲြ႔အစည္းေတြက ေျပာဆုိႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................................

ကျောက်ကြီးမြို့နယ် တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး

{{Zawgyi/Unicode}}
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်းစီဘက်က လက်နက်ကြီးတွေပစ်တဲ့အတွက် ကျေးရွာသား၂ဦးသေဆုံးပြီး ၅ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ် ။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲ မှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ တိုက်ပွဲတွေဖြစ်တာ လချီကြာနေပြီဖြစ်ပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဘောကထာစခန်းကနေ ကျေးရွာတွေထဲ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံရွာသား၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတဦးကပြောပါတယ်။

" ကျနော်တို့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြိုနယ်အပိုင်မှာ စစ်ကောင်စီတပ်တွေက ၂၉ရက် ညနေ ၅နာရီကျော်လောက်မှာ ဘောကထားစခန်းကနေ ဘော့ကထားကျေးရွာကို အာပီဂျီလက်နက်ကြီးပစ်တာ လူ၂ယောက်သေတယ်။ သေတဲ့သူရဲ့ ယောက်ကျားကတော့ ဦးပေါက်စ ၆၂နှစ်ပေါ့။ နောက်တယောက်ကတော့ မိန်းမတယောက်ကတော့ အညားမအေး က ၅၆နှစ်ပေါ့။ သေတဲ့သူ၂ယောက်ပါ။ နောက်ပိုင်းကျတော့
ဘောကထားကျေးရွာ ဘောကပဒဲကောကျေးရွာ ၊ ကောမဘီကျေးရွာ ၊ ကောရွာ၃ရွာက ကြောက်ပြီး ထွက်ပြေးတာ အိမ်ခြေပေါင်း ၈၅၀လောက်ရှိတယ်။ လူဦးရေကတော့ ၄ထောင်ကျော်လောက်ရှိတယ်။ အခုချိန်ထိ ထွက်ပြေးနေရတာ ။ ရွာကိုမကပ်နိုင်သေးဘူး။ အရင်တုန်းကလည်း ပဒဲကောကျေးရွာကို ရွာမီးရှို့မယ်ဆိုလို့ မောင်းထုတ်လို့ ထွက်ပြေးရတာ။ အခုလည် းလက်နက်ကြီးကျလို့ ထွက်ပြေးရတာ ရွာကိုမကပ်နိုင်တော့ဘူး"

ညောင်လေးပင်ခရိုင် ၊ မုန်းမြို့နယ် နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာပဲ စစ်ဘေးရှောင်ရတဲ့ လူဦးရေ တသိန်းကျော်ရှိသွားပြီဖြစ်ပါတယ်။ ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာအသီးသီးမှာ တိုက်ပွဲဖြစ်တာကြောင်ဒေသခံ လူထုတွေဟာ အကြောက်တရားတွေ နဲ့ နေထိုင်နေရတယ် လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး က အခုလိုပြောပါတယ် ။

"တိုက်ပွဲတွေဖြစ်နေတုန်းပဲ ၊ တပ်မဟာ(၆) ၊ တပ်မဟာ(၅) ၊ တပ်မဟာ(၁)၊ အခုလက်ရှိ တပ်မဟာ(၃)မှာတော့ ပစ်နေတုန်းပဲ။ ဒေသခံတွေကကြောက်နေရတယ်၊ ပြေးနေရတယ်၊ နောက်တခါဆိုရင် IDPs တွေဆိုရင် သူတို့အိမ်တွေကိုပြန်ကြည့်ရင်လည်း အဖမ်းခံရတာကြုံနေရတယ်၊ ပစ်သတ်ခံရတာမျိုးတွေလည်းကြုံရတယ် ၊ အခက်အခဲ ဒုက္ခတွေကတော့ အရင်အတိုင်းပဲရှိနေတုန်းပါပဲ၊ ဒေသခံတွေကတော့ အကြောက်တရားတွေနဲ့ နေနေရတယ်"

ကရင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲတွေကြောင့်ဖြစ်စေ ၊ လေယဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ဖြစ်စေ၊ လက်နက်ကြီး ကျည်ဆံတွေကျရောက်တာကြောင့်လည်း ဒီလပိုင်းမှာ အရပ်သားတွေ ဆယ်ဂဏန်းလောက်ထိ ထိခိုက်သေဆုံးမူတွေရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG