သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တပ္မေတာ္ စစ္စခန္းတခု KNLA သိမ္းပိုက္ (KNU ျပန္ၾကားေရး)


ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြက ခမရ- ၅၅၇ ႀကိတ္စခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့ (Photo: KNU)

[[ ZAWGYI / UNICODE ]]

တပ္မေတာ္ စစ္စခန္းတခု KNLA သိမ္းပိုက္ (KNU ျပန္ၾကားေရး)

ကရင္ျပည္နယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြက ေကအန္ယူတပ္မဟာ(၆) နယ္ေျမ ေကာ့ကရိတ္ၿမိဳ႕နယ္ ထဲမွာ တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီရဲ႕စခန္းႀကီးတခုျဖစ္တဲ့ ခမရ- ၅၅၇ ႀကိတ္စခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့ပါတယ္ ။ ေကအန္ယူ တပ္မဟာ(၃) ထိမ္းခ်ဳပ္ရာ ေညာင္ေလးပင္ခ႐ိုင္မွာေတာ့ စက္တင္ဘာလ၂၁ ရက္ေန႔က စစ္ေကာင္စီက ဗုံးႀကဲ တိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္ အတြင္းမွာ စစ္ေကာင္စီတပ္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ ေဒါန စစ္ေၾကာင္း-SOG ပူးေပါင္းတပ္ဖြဲ႕တို႔က ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီရဲ႕စခန္းႀကီးတခုျဖစ္တဲ့ ခမရ- ၅၅၇ ႀကိတ္စခန္းကို သိမ္းပိုက္ခဲ့ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး သတင္းနဲ႔ျပန္ၾကားေရးဌာန ဒုတိယ တာဝန္ခံ ေစာယြာခြီဒူးက အခုလိုေျပာျပပါတယ္။

" ၂၁ ရက္ေန႔က ေကာ့ကရိပ္ၿမိဳနယ္ထဲမွာရွိတဲ့ စစ္ေကာင္စီ တပ္စခန္းတခုေပါ့ ႀကိတ္စခန္းလို႔ေခၚတယ္ ေကအန္အယ္လ္ေအ တပ္ရင္း ၁၈ နဲ႔ ေက်ာင္းသားစစ္ေၾကာင္းေတြ ေပါင္းၿပီး တိုက္ခိုက္သိမ္းယူခဲ့ပါတယ္။ စခန္းတခုလုံးကို သိမ္းပိုက္ႏိုင္ပါတယ္။ စခန္းႀကီးေတြကေတာ့ ၁၀ ခုေလာက္ရွိၿပီ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေပါ့။"

စစ္လက္နက္ေတြနဲ႔ လက္နက္ႀကီး က်ည္ဆံေတြလည္း သိမ္းဆည္းခဲ့လို႔ စခန္းသိမ္းတိုက္ပြဲမွာ စစ္ေကာင္စီတပ္သား ၇ ေယာက္ က်ဆုံးၿပီး ဒဏ္ရာနဲ႔ဖမ္းမိခဲ့သူ ၂ ဦး ရွိတယ္လို႔ ေကအန္ယူကေျပာပါတယ္ ။

ဒီႀကိတ္စခန္းကို ၾသဂုတ္လ (၈)ရက္ေန႔ကစၿပီး ပိတ္ဆို႔ရိကၡာျဖတ္ၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ စခန္းတစ္ခုလုံးကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးက သတင္းထုတ္ျပန္ ခဲ့ပါတယ္ ။ ဒီသတင္းနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဖက္က တုံ႔ျပန္တာ မရွိေသးပါဘူး။

စက္တင္ဘာလ၂၁ ရက္ေန႔မွာပဲ ေကအန္ယူ တပ္မဟာ(၃) နယ္ေျမမွာေတာ့ စစ္ေကာင္စီဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္သြားတယ္လို႔လည္း ေျပာပါတယ္။

" ၂၁ ရက္ေန႔မွာပဲ ေလယာဥ္ ၂ စီး တက္လာတယ္ တစီးကေတာ့ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္သြားတယ္။ အခုေလာေလာဆည္မွာ စစ္ေကာင္စီ တပ္စြဲထားတဲ့ေနရာေတြမွာ စစ္ေကာင္စီက ေလေၾကာင္းကို အသုံးျပဳၿပီးေတာ့ စစ္သားေတြနဲ႔ သူတို႔ စားနပ္ရိကၡာေတြပို႔တာေတြလည္း ရွိတယ္။"

စက္တင္ဘာလ ၂၀ ရက္ေန႔တုန္းကလည္း ေက်ာက္ႀကီးၿမိဳ႕နယ္ထဲကို ေလယာဥ္ ၂ စင္းနဲ႔ ေက်း႐ြာေတြကို ေလယာဥ္နဲ႔ ၃ ႀကိမ္ လာေရာက္ ပစ္ခတ္ခဲ့ပါတယ္။ တပ္မဟာ ၃ နယ္ေျမ ေညာင္ေလးပင္ခ႐ိုင္ထဲမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြ ေန႔စဥ္နီးပါး လုပ္ေနတဲ့အတြက္ ေဒသခံ၂ ေသာင္းေက်ာ္ ေတာေတာင္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ဒုကၡသည္ေတြကို အကူညီေပးေနသူေတြက ေျပာျပၾကပါတယ္ရွင္။

တပ္မေတာ္ စစ္စခန္းတခု KNLA သိမ္းပိုက္
please wait

No media source currently available

0:00 0:02:45 0:00
တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

တပ်မတော် စစ်စခန်းတခု KNLA သိမ်းပိုက် (KNU ပြန်ကြားရေး)

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကေအန်ယူတပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ် ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့စခန်းကြီးတခုဖြစ်တဲ့ ခမရ- ၅၅၇ ကြိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ။ ကေအန်ယူ တပ်မဟာ(၃) ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင်မှာတော့ စက်တင်ဘာလ၂၁ ရက်နေ့က စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် အတွင်းမှာ စစ်ကောင်စီတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ဒေါန စစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့စခန်းကြီးတခုဖြစ်တဲ့ ခမရ- ၅၅၇ ကြိတ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယ တာဝန်ခံ စောယွာခွီဒူးက အခုလိုပြောပြပါတယ်။

" ၂၁ ရက်နေ့က ကော့ကရိပ်မြိုနယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတခုပေါ့ ကြိတ်စခန်းလို့ခေါ်တယ် ကေအန်အယ်လ်အေ တပ်ရင်း ၁၈ နဲ့ ကျောင်းသားစစ်ကြောင်းတွေ ပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ စခန်းတခုလုံးကို သိမ်းပိုက်နိုင်ပါတယ်။ စခန်းကြီးတွေကတော့ ၁၀ ခုလောက်ရှိပြီ အာဏာသိမ်းပြီး နောက်ပိုင်းမှာပေါ့။"

စစ်လက်နက်တွေနဲ့ လက်နက်ကြီး ကျည်ဆံတွေလည်း သိမ်းဆည်းခဲ့လို့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇ ယောက် ကျဆုံးပြီး ဒဏ်ရာနဲ့ဖမ်းမိခဲ့သူ ၂ ဦး ရှိတယ်လို့ ကေအန်ယူကပြောပါတယ် ။

ဒီကြိတ်စခန်းကို သြဂုတ်လ (၈)ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန် ခဲ့ပါတယ် ။ ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တုံ့ပြန်တာ မရှိသေးပါဘူး။

စက်တင်ဘာလ၂၁ ရက်နေ့မှာပဲ ကေအန်ယူ တပ်မဟာ(၃) နယ်မြေမှာတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတယ်လို့လည်း ပြောပါတယ်။

" ၂၁ ရက်နေ့မှာပဲ လေယာဉ် ၂ စီး တက်လာတယ် တစီးကတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတယ်။ အခုလောလောဆည်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေမှာ စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီးတော့ စစ်သားတွေနဲ့ သူတို့ စားနပ်ရိက္ခာတွေပို့တာတွေလည်း ရှိတယ်။"

စက်တင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း ကျောက်ကြီးမြို့နယ်ထဲကို လေယာဉ် ၂ စင်းနဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ ၃ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပါတယ်။ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်နေတဲ့အတွက် ဒေသခံ၂ သောင်းကျော် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတွေက ပြောပြကြပါတယ်ရှင်။

XS
SM
MD
LG