သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္႔ဘလူၿမိဳ႕နယ္မွာ ဒုကၡသည္ေတြ စားဝတ္ေနေရးနဲ႔ က်န္းမာေရး အခက္ၾကံဳ 


MYANMAR-POLITIC-MILITARY

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ခ်ပ္သင္းတိုက္နယ္နဲ႔ ကိုးေတာင္ဘို႔တိုက္နယ္အတြင္း ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြ ေတာေတာင္ေတြထဲမွာ လနဲ႔ခ်ီ စစ္ေဘးေရွာင္ေနရၿပီး လုံေလာက္တဲ့ေဆးဝါး ကုသမႈေတြမရွိတဲ့အျပင္ ေဆးဝါးေတြရွားပါးလာၿပီး အကူအညီေတြလည္း လိုအပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ နန္းေလာဝ္ က တင္ျပပါ႕မယ္။

ကန္႔ဘလူၿမိဳ႕နယ္မွာ ဒုကၡသည္ေတြ စားဝတ္ေနေရးနဲ႔ က်န္းမာေရး အခက္ၾကံဳ

{{Zawgyi/Unicode}}
ျမန္မာစစ္တပ္ တပ္စြဲထားၿပီး မၾကာခဏ နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ကိုင္းတိုင္း ေဒသႀကီး ကန႔္ဘလူၿမိဳ႕နယ္ ခ်ပ္သင္းတိုက္နယ္နဲ႔ ကိုးေတာင္ဘို႔တိုက္နယ္အတြင္း ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြ ေတာေတာင္ေတြထဲမွာ လနဲ႔ခ်ီ စစ္ေဘးေရွာင္ေနရၿပီး လုံေလာက္တဲ့ေဆးဝါး ကုသမႈေတြမရွိတဲ့အျပင္ ေဆးဝါးေတြရွားပါးလာၿပီး အကူအညီေတြလည္း လိုအပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အဲဒီတိုက္နယ္ ၂ ခုမွာရွိတဲ့ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားဟာ ေနရပ္ေက်း႐ြာေတြကို စြန႔္ခြာၿပီး ေတာေတာင္ေတြထဲမွာ အမိုးအကာမရွိ ျဖစ္သလို ေနထိုင္ေနၾကရတဲ့အတြက္ ေမြကိုက္ခံရတဲ့ ရြာသူရြာသားေတြ ရွိသလို၊ ဖ်ားနာေနသူေတြလည္း ရွိေနတဲ့အေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕ေတြ႕ ေျပာပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက စစ္ေဘးေရွာင္ေတြရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို နန္းေလာဝ္ က တင္ျပပါ႕မယ္။

ကန႔္ဘလူၿမိဳ႕နယ္ ခ်ပ္သင္းတိုက္နယ္နဲ႔ ကိုးေတာင္ဘို႔တိုက္နယ္အတြင္းမွာ ျမန္မာစစ္တပ္က တပ္အထိုင္ခ်ၿပီး ပတ္၀န္းက်င္ ေက်း႐ြာေတြဘက္ နယ္ေျမရွင္းလင္းေရး ထိုးစစ္လုပ္ေနတဲ့အတြက္ ေဒသခံေတြဟာ ေနရပ္ကို စြန႔္ခြာေနၾကတာပါ။ ေတာင္ေတာင္ေတြထဲမွာ ေနထိုင္ရတာ အခ်ိန္ၾကာျမင့္လာတဲ့အတြက္ စိုက္ပ်ိဳးလုပ္ငန္းေတြ မလုပ္ကိုင္ႏိုင္ေတာ့သလို စားဝတ္ေနေရး အခက္အခဲေတြလည္း ပိုၿပီး ႀကီးမားလာပါတယ္။ စစ္ေဘးေရွာင္တဦး သူတို႔ႀကဳံေနရတဲ့ အခက္အခဲတခ်ိဳ႕ကို အခုလိုေျပာျပပါတယ္။

“ကြၽန္ေတာ္တို႔ဘက္မွာ စစ္ေၾကာင္းေတြထိုး သြားလိုက္ လာလိုက္ဆိုေတာ့ လူေတြေခၚတာ(ဖမ္း) ျပဳတာလုပ္ေတာ့ ကြၽန္ေတာ္တို႔က ေၾကာက္လို႔ အဲ့လိုတိမ္းေနရတာပါ။ ႐ြာကိုလည္း ၾကာၾကာမျပန္ရပါဘူး။ ခဏတျဖဳတ္ပဲ ျပန္ရတာေပါ့။ ေတာဘက္ေတြတိမ္းေရွာင္ၿပီးေနေနရတာ ၈ လ ၉ လေလာက္ရွိၿပီ။ စားဝတ္ေနေရးေတြလည္း အလုပ္ေတြလည္း အဆင္မေျပေတာ့ စားဝတ္ေနေရးလည္း ခက္ခဲတာပါ။”

ေဒသခံေတြဟာ သူတို႔ ေနရပ္ ေက်းရြာေတြမွာ ေနထိုင္ခဲ့တဲ့အခ်ိန္၊ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးကို အဓိက အားထားၿပီး ရပ္တည္ အသက္ေမြးခဲ့ၾကသူေတြပါ။

အမိုးအကာမရွိတဲ့ ေတာေတာင္ထဲမွာ လွည့္လွည္သြားလာေနတဲ့အတြက္ ေျမကိုက္ခံရတဲ့ ဒုကၡသည္ေတြလည္း ရွိေနတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူတဦးကေ ျပာပါတယ္။

“ေႁမြဆိပ္ေျဖေဆးလည္း မလုံေလာက္ဘူး။ စားနပ္ရိကၡာလည္း မလုံေလာက္ဘူး။ အဓိက က မိုးကာ မိုးရာသီျဖစ္ေပမယ့္ မိုးကာက မရွိဘူး။ ေဒသခံ ေက်းလက္က်န္းမာေရးေလးေတြေပါ့။ ႏိုင္တဲ့သူက အဲ့ဒါဝိုင္းဝန္းကု႔သၾကတာေပါ့။ ဟိုဘက္က ေဆးေလးတလုံးရခဲ့လိုက္ စုလိုက္ထိုးလိုက္ ျပန္ရွာလိုက္နဲ႔ ေဆးရွာရတာလည္း ခက္ခဲပါတယ္။”

စက္တင္ဘာ ၂၄ ရက္ကေန ေအာက္တိုဘာ ၁၀ ရက္အထိ ေတာေတာင္ေတြထဲ တိမ္းေရွာင္ရင္း ေႁမြကိုက္ခံရသူ ၆ ဦးအထိ ရွိၿပီး လက္ရွိအခ်ိန္ထိ ေႁမြကိုက္ ခံရသူ ၂၀ ေက်ာ္ရွိတယ္လို႔ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။ ေသဆုံးသူ ၃ ဦးရွိတယ္လို႔လည္း ေျပာပါတယ္။ ေဆးဝါး လုံေလာကတာ အခ်ိန္မွီ မကုသႏိုင္တဲ့အတြက္ စိုးရိမ္ရတဲ့ ဖ်ားနာေနသူေတြလည္း ရွိေနပါတယ္။

နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရး ကာလအတြင္း ရာနဲ႔ခ်ီတဲ့ေနအိမ္ေတြလည္း မီးရႈိ႕ဖ်က္စီးခံရၿပီး အရပ္သား ေသဆုံးမႈေတြလည္းရွိသလို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ေထာက္ပ့ံေပးေနတယ္ဆိုၿပီး ဖမ္းဆီးတာခံရတဲ့ ရြာသူရြာသားေတြလည္း ရွိတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီေဒသေတြမွာ PDF လက္နက္ကိုင္အဖြဲ႕ေတြ ေျခကုတ္ယူၿပီး အၾကမ္းဖက္လုပ္ရပ္ေတြ က်ဳးလြန္ေနတယ္လို႔ စြပ္စြဲသလို အရပ္သားေနအိမ္ေတြကို မီးရိႈ႕တာ စစ္တပ္က မလုပ္တဲ့အေၾကာင္း ျငင္းဆိုသလို အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး PDF အဖြဲ႕ေတြနဲ႔ အျပန္အလွန္စြပ္စြဲေနပါတယ္။

ေထာင္နဲ႔ခ်ီတဲ့ ေဒသခံ ရြာသူရြာသားေတြကေတာ့ ေနရပ္မျပန္ႏိုင္ဘဲ ေတာေတာင္ေတြထဲမွာ စစ္ေဘးေရွာင္ရင္း ေျပးလႊားေနၾကရဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

ကန့်ဘလူမြို့နယ်မှာ ဒုက္ခသည်တွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်ကြုံ

{{Zawgyi/Unicode}}
မြန်မာစစ်တပ် တပ်စွဲထားပြီး မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေ တောတောင်တွေထဲမှာ လနဲ့ချီ စစ်ဘေးရှောင်နေရပြီး လုံလောက်တဲ့ဆေးဝါး ကုသမှုတွေမရှိတဲ့အပြင် ဆေးဝါးတွေရှားပါးလာပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်နယ် ၂ ခုမှာရှိတဲ့ ကျေးရွာတော်တော်များများဟာ နေရပ်ကျေးရွာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ အမိုးအကာမရှိ ဖြစ်သလို နေထိုင်နေကြရတဲ့အတွက် မွေကိုက်ခံရတဲ့ ရွာသူရွာသားတွေ ရှိသလို၊ ဖျားနာနေသူတွေလည်း ရှိနေတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ် က တင်ပြပါ့မယ်။

ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ မြန်မာစစ်တပ်က တပ်အထိုင်ချပြီး ပတ်ဝန်းကျင် ကျေးရွာတွေဘက် နယ်မြေရှင်းလင်းရေး ထိုးစစ်လုပ်နေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာနေကြတာပါ။ တောင်တောင်တွေထဲမှာ နေထိုင်ရတာ အချိန်ကြာမြင့်လာတဲ့အတွက် စိုက်ပျိုးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့သလို စားဝတ်နေရေး အခက်အခဲတွေလည်း ပိုပြီး ကြီးမားလာပါတယ်။ စစ်ဘေးရှောင်တဦး သူတို့ကြုံနေရတဲ့ အခက်အခဲတချို့ကို အခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းတွေထိုး သွားလိုက် လာလိုက်ဆိုတော့ လူတွေခေါ်တာ(ဖမ်း) ပြုတာလုပ်တော့ ကျွန်တော်တို့က ကြောက်လို့ အဲ့လိုတိမ်းနေရတာပါ။ ရွာကိုလည်း ကြာကြာမပြန်ရပါဘူး။ ခဏတဖြုတ်ပဲ ပြန်ရတာပေါ့။ တောဘက်တွေတိမ်းရှောင်ပြီးနေနေရတာ ၈ လ ၉ လလောက်ရှိပြီ။ စားဝတ်နေရေးတွေလည်း အလုပ်တွေလည်း အဆင်မပြေတော့ စားဝတ်နေရေးလည်း ခက်ခဲတာပါ။”

ဒေသခံတွေဟာ သူတို့ နေရပ် ကျေးရွာတွေမှာ နေထိုင်ခဲ့တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက အားထားပြီး ရပ်တည် အသက်မွေးခဲ့ကြသူတွေပါ။

အမိုးအကာမရှိတဲ့ တောတောင်ထဲမှာ လှည့်လှည်သွားလာနေတဲ့အတွက် မြေကိုက်ခံရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးကေ ပြာပါတယ်။

“မြွေဆိပ်ဖြေဆေးလည်း မလုံလောက်ဘူး။ စားနပ်ရိက္ခာလည်း မလုံလောက်ဘူး။ အဓိက က မိုးကာ မိုးရာသီဖြစ်ပေမယ့် မိုးကာက မရှိဘူး။ ဒေသခံ ကျေးလက်ကျန်းမာရေးလေးတွေပေါ့။ နိုင်တဲ့သူက အဲ့ဒါဝိုင်းဝန်းကု့သကြတာပေါ့။ ဟိုဘက်က ဆေးလေးတလုံးရခဲ့လိုက် စုလိုက်ထိုးလိုက် ပြန်ရှာလိုက်နဲ့ ဆေးရှာရတာလည်း ခက်ခဲပါတယ်။”

စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ တောတောင်တွေထဲ တိမ်းရှောင်ရင်း မြွေကိုက်ခံရသူ ၆ ဦးအထိ ရှိပြီး လက်ရှိအချိန်ထိ မြွေကိုက် ခံရသူ ၂၀ ကျော်ရှိတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ သေဆုံးသူ ၃ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဆေးဝါး လုံလောကတာ အချိန်မှီ မကုသနိုင်တဲ့အတွက် စိုးရိမ်ရတဲ့ ဖျားနာနေသူတွေလည်း ရှိနေပါတယ်။

နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး ကာလအတွင်း ရာနဲ့ချီတဲ့နေအိမ်တွေလည်း မီးရှို့ဖျက်စီးခံရပြီး အရပ်သား သေဆုံးမှုတွေလည်းရှိသလို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးတာခံရတဲ့ ရွာသူရွာသားတွေလည်း ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဒေသတွေမှာ PDF လက်နက်ကိုင်အဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ စွပ်စွဲသလို အရပ်သားနေအိမ်တွေကို မီးရှို့တာ စစ်တပ်က မလုပ်တဲ့အကြောင်း ငြင်းဆိုသလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး PDF အဖွဲ့တွေနဲ့ အပြန်အလှန်စွပ်စွဲနေပါတယ်။

ထောင်နဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေကတော့ နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ စစ်ဘေးရှောင်ရင်း ပြေးလွှားနေကြရဆဲဖြစ်ပါတယ်။

XS
SM
MD
LG