သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း လက္ယက္ကုန္းေက်း႐ြာ ေလေၾကာင္းပစ္ခတ္မႈ ၁၃ ဦးထက္မနည္း ေသဆုံး


စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာကို စစ္ေကာင္စီရဲ႕ ေလေၾကာင္း ပစ္ခတ္လို႔ ကေလးငယ္တခ်ိဳ႕အပါအဝင္ ေသဆုံးသူ ၁၃ ဦးထက္မနည္းရွိတဲ့အေၾကာင္း ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔က ေျပာပါတယ္။ ေလေၾကာင္းပစ္ခတ္မႈေတြေၾကာင့္ လက္ယက္ကုန္းေက်း႐ြာအျပင္ အနီးအနားက ေက်း႐ြာက ႐ြာသားေတြ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ လက္ယက္ကုန္း ေက်း႐ြာအေျခအေနကို ကိုရန္ႏိုင္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာကို စက္တင္ဘာ (၁၆) ရက္ ေန႔လည္ပိုင္းမွာ စစ္ေကာင္စီက ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ လက္ယက္ကုန္းေက်း႐ြာ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းမြာ စာသင္ၾကားေနတဲ့ ကေလးငယ္ေတြ၊ ေဒသခံ ေက်း႐ြာသားေတြအျပင္ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ စုစုေပါင္း (၁၃) ဦးေလာက္ ေသဆံုးခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕က ေျပာပါတယ္။ ပစ္ခတ္မႈအတြင္း ေျမျပင္မွာ ေသဆုံးတာ (၇) ဦးရွိၿပီး စစ္ေကာင္စီက ေခၚေဆာင္သြားတဲ့အထဲကမွ ကေလးငယ္ (၆) ဦး ထပ္မံေသဆုံးတာေၾကာင့္ ေသဆုံးသူ (၁၃) ဦးအထိ ရွိခဲ့တာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“မေန႔က သူတို႔ေတြ ျပန္ထြက္သြားၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ ရွာႏိုင္တဲ့အခ်ိန္မွာ တစတစနဲ႔ေ တြ႕လာတာ။ ကြၽန္ေတာ့္အေရွ႕တင္ သၿဂိဳလ္တာက အမ်ိဳးသမီး (၂) ေယာက္ အမ်ိဳးသား (၁) ေယာက္ သာမန္ျပည္သူ အဲ့ (၃) ေယာက္ကို သရဏဂုံတင္တုန္းမွာ ကြၽန္ေတာ္တို႔ရဲေဘာ္ေတြအတြက္ ေစာင့္ေနတုန္း ရဲေဘာ္ေတြ မသၿဂိဳလ္ေသးဘူး။ ရဲေဘာ္ (၂) ေယာက္ကို အမိန႔္ျပန္ၿပီးအခ်ိန္မွာ ေနာက္ထပ္ (၁) ေလာင္းထပ္ေတြ႕တယ္။ အဲ့ေတာ့ (၆) ေယာက္ (၆) ေလာင္း အဲ့ (၆) ေလာင္းထဲမွာ (၇) တန္း ေက်ာင္းသား ကေလးတေယာက္ပါတယ္။ မေန႔က ေတြ႔တဲ့ ကေလး (၁) ေယာက္နဲ႔ ဆို ၇ ေလာင္း။ အဲ့ဒါ့အျပင္ သူတို႔ကားနဲ႔တင္သြားတဲ့ထဲမွာ ေရဦးကေန အေလာင္းျပန္လာယူလွည့္လို႔ ေခၚတဲ့အခ်ိန္မွာ ဒီက သြားမယူေတာ့ဘူး။ ယူလည္း မယူရဲဘူး။ ေရဦးသုသာန္မွာ သၿဂိဳလ္တာ ကေလး (၆) ေလာင္း အဲ့ဒါဆိုရင္ စုစုေပါင္း (၁၃) ေလာင္း။ ေနာက္ထပ္လည္းရွိႏိုင္ေသးတယ္။ ေနာက္ထပ္လည္း သူတို႔လက္ထဲမွာ ကေလးေတြရွိေသးတယ္။”

ေသဆုံးတဲ့ အေရအတြက္ကို ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေပမဲ့ ပစ္ခတ္မႈအၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ရာမွာေတာ့ အၾကမ္းဖက္သမားေတြ လက္ယက္ကုန္း ေက်း႐ြာအနီးကေန လက္နက္ေတြ သယ္ေဆာင္ဖို႔နဲ႔ ေက်း႐ြာဘုန္းႀကီးေက်ာင္းမွာ ခိုေအာင္းၿပီး အဖ်က္အေမွာင့္ေတြ လုပ္ေဆာင္ေနတဲ့အတြက္ လုံၿခဳံေရး တပ္ဖြဲ႔ဝင္ေတြကို ရဟတ္ယာဥ္ေတြနဲ႔ ပို႔ေဆာင္ၿပီး ဝင္ေရာက္ စစ္ေဆးခဲ့တယ္လို႔ သတင္းထုတ္ျပန္ ထားပါတယ္။

အဲ့ဒီေနာက္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး ေဒသခံအခ်ိဳ႕ ေသဆုံး ဒဏ္ရာရရွိခဲ့တဲ့အတြက္ ေဆး႐ုံကို ပို႔ေဆာင္ကုသဖို႔ ေဆာင္႐ြက္ခဲ့တယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တဲ့အေၾကာင္းေတာ့ ေဖာ္ျပမထားသလို၊ ကေလးငယ္ေတြ ေသဆုံးတာေတြအျပင္ ေသဆုံးတဲ့ အေရအတြက္ကို တိတိက်က် ေဖာ္ျပမထားပါဘူး။

ေသဆုံးတဲ့ ကေလးငယ္ေတြဟာ လုပ္အားေပး ဆရာဆရာမေတြနဲ႔ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ရဲ႕ ၾကားကာလ ပညာေရးကို သင္ၾကားေနတာျဖစ္ၿပီး ပစ္ခတ္ခ်ိန္မွာ ကေလးငယ္ (၁) ဦးေသဆုံးခဲ့ၿပီး စစ္ေကာင္စီက ဒဏ္ရာရတဲ့ ကေလးငယ္ေတြကို ကုသဖို႔ ေခၚေဆာင္သြားခ်ိန္မွာ ေနာက္ထပ္ (၆) ဦး ေသဆုံးခဲ့တာလည္း ေဒသခံေတြကတဆင့္ သိရပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG က တစုံ တရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

စက္တင္ဘာ (၁၇) ရက္ မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီရဲ႕ ရဟတ္ယာဥ္တစီးဟာ ေက်း႐ြာအေပၚမွာ ပ်ံသန္းတာေတြ ျပဳလုပ္ခဲ့ေပမယ့္ ပစ္ခတ္တာမ်ိဳးမရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို ေလေၾကာင္းကေန ပစ္ခတ္တာေၾကာင့္ လက္ယက္ကုန္းေက်း႐ြာက ေဒသခံေတြဟာ ေက်း႐ြာကို မျပန္ရဲၾကေသးဘဲ အနီးနားက ေက်း႐ြာေတြကပါ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။ လက္ရွိ အေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မေန႔ကဆိုရင္ ႐ြာထဲက ျပည္သူေတြ ထြက္လို႔မရဘူး။ ဘယ္လိုမွ ထြက္မရတဲ့အဆုံး ႐ြာထဲမွာပဲ ကပ္ေနတဲ့အခါ သူတို႔လာတာျမင္ေတာ့ ျပည္သူဆိုေတာ့ သိတဲ့အတိုင္းပဲ ေၾကာက္တဲ့အခါက်ေတာ့ ဟိုေ႐ႊ႕ဒီေ႐ႊ႕ ေ႐ႊ႕ေတာ့ ျမင္ေတာ့ပစ္မွာပဲ။ ပစ္ေတာ့ က်ေတာ့တာေပါ့။ အဲ့လိုေတာ့ ေျပာလို႔ရမယ္။ နမခကေန ပ်ံလာၿပီးေတာ့ ေရာက္တဲ့အေနအထားမွာ အလြန္ဆုံးၾကာရင္ (၁၀) မိနစ္ပဲ။ အဲ့ေလာက္ေလးပဲၾကာၿပီး လာပစ္သြားတာဆိုေတာ့ ဘယ္လိုမွ ေရွာင္ခ်ိန္မရဘူး။ ရဟတ္ယာဥ္က ဘယ္ကိုဦးတည္ၿပီး လာမယ္ဆိုတာ မသိရတဲ့အခါက်ေတာ့ ဘယ္သူမွ ႀကိဳတင္ျပင္ဆင္ၿပီး ေရွာင္ထားတာ မရွိဘူးေပါ့။ မေန႔က ပစ္ခတ္မႈေၾကာင့္ အဲ့႐ြာက ရွိတဲ့ ျပည္သူေတြက ေၾကာက္ေၾကာက္လန႔္လန႔္ျဖစ္ေနတယ္။ ႐ြာနားကို သိပ္မကပ္ရဲတဲ့အေနအထားျဖစ္ေနတယ္။ အဲ့နားအနီး ႐ြာေပါင္း (၇) ႐ြာေလာက္ရွိမယ္ သူတို႔ တိမ္းေရွာင္ေနရတဲ့ အေနအထားက။”

စစ္ေကာင္စီဟာ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးေတြလုပ္ၿပီး ေလေၾကာင္းကေန မၾကာခဏ ပစ္ခတ္တိုက္ခိုက္တာေတြ ျပဳလုပ္ေပမယ့္ ေသဆုံးတဲ့အေရအတြက္ဟာ ဒီတႀကိမ္က အမ်ားဆုံးျဖစ္ပါတယ္။ ေက်း႐ြာေတြကို ေလေၾကာင္းကေန ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ တႀကိမ္တခါမွ ဝန္ခံမေျပာၾကားသလို ဒီတႀကိမ္ သတင္းထုတ္ျပန္ခ်က္မွာလည္း ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တဲ့အေၾကာင္း ေဖာ္ျပမထားပါဘူး။

=== Unicode ====

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်လို့ ကလေးငယ်တချို့အပါအဝင် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိတဲ့အကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ယက်ကုန်းကျေးရွာအပြင် အနီးအနားက ကျေးရွာက ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ လက်ယက်ကုန်း ကျေးရွာအခြေအနေကို ကိုရန်နိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို စက်တင်ဘာ (၁၆) ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာကြောင့် လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမွာ စာသင်ကြားနေတဲ့ ကလေးငယ်တွေ၊ ဒေသခံ ကျေးရွာသားတွေအပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စုစုပေါင်း (၁၃) ဦးလောက် သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအတွင်း မြေပြင်မှာ သေဆုံးတာ (၇) ဦးရှိပြီး စစ်ကောင်စီက ခေါ်ဆောင်သွားတဲ့အထဲကမှ ကလေးငယ် (၆) ဦး ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ (၁၃) ဦးအထိ ရှိခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“မနေ့က သူတို့တွေ ပြန်ထွက်သွားပြီးတော့ ကျွန်တော်တို့တွေ ရှာနိုင်တဲ့အချိန်မှာ တစတစနဲ့ေ တွ့လာတာ။ ကျွန်တော့်အရှေ့တင် သဂြိုလ်တာက အမျိုးသမီး (၂) ယောက် အမျိုးသား (၁) ယောက် သာမန်ပြည်သူ အဲ့ (၃) ယောက်ကို သရဏဂုံတင်တုန်းမှာ ကျွန်တော်တို့ရဲဘော်တွေအတွက် စောင့်နေတုန်း ရဲဘော်တွေ မသဂြိုလ်သေးဘူး။ ရဲဘော် (၂) ယောက်ကို အမိန့်ပြန်ပြီးအချိန်မှာ နောက်ထပ် (၁) လောင်းထပ်တွေ့တယ်။ အဲ့တော့ (၆) ယောက် (၆) လောင်း အဲ့ (၆) လောင်းထဲမှာ (၇) တန်း ကျောင်းသား ကလေးတယောက်ပါတယ်။ မနေ့က တွေ့တဲ့ ကလေး (၁) ယောက်နဲ့ ဆို ၇ လောင်း။ အဲ့ဒါ့အပြင် သူတို့ကားနဲ့တင်သွားတဲ့ထဲမှာ ရေဦးကနေ အလောင်းပြန်လာယူလှည့်လို့ ခေါ်တဲ့အချိန်မှာ ဒီက သွားမယူတော့ဘူး။ ယူလည်း မယူရဲဘူး။ ရေဦးသုသာန်မှာ သဂြိုလ်တာ ကလေး (၆) လောင်း အဲ့ဒါဆိုရင် စုစုပေါင်း (၁၃) လောင်း။ နောက်ထပ်လည်းရှိနိုင်သေးတယ်။ နောက်ထပ်လည်း သူတို့လက်ထဲမှာ ကလေးတွေရှိသေးတယ်။”

သေဆုံးတဲ့ အရေအတွက်ကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပေမဲ့ ပစ်ခတ်မှုအပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ အကြမ်းဖက်သမားတွေ လက်ယက်ကုန်း ကျေးရွာအနီးကနေ လက်နက်တွေ သယ်ဆောင်ဖို့နဲ့ ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုအောင်းပြီး အဖျက်အမှောင့်တွေ လုပ်ဆောင်နေတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပြီး ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

အဲ့ဒီနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအချို့ သေဆုံး ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံကို ပို့ဆောင်ကုသဖို့ ဆောင်ရွက်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တဲ့အကြောင်းတော့ ဖော်ပြမထားသလို၊ ကလေးငယ်တွေ သေဆုံးတာတွေအပြင် သေဆုံးတဲ့ အရေအတွက်ကို တိတိကျကျ ဖော်ပြမထားပါဘူး။

သေဆုံးတဲ့ ကလေးငယ်တွေဟာ လုပ်အားပေး ဆရာဆရာမတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကြားကာလ ပညာရေးကို သင်ကြားနေတာဖြစ်ပြီး ပစ်ခတ်ချိန်မှာ ကလေးငယ် (၁) ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီက ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ကုသဖို့ ခေါ်ဆောင်သွားချိန်မှာ နောက်ထပ် (၆) ဦး သေဆုံးခဲ့တာလည်း ဒေသခံတွေကတဆင့် သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တစုံ တရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စက်တင်ဘာ (၁၇) ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစီးဟာ ကျေးရွာအပေါ်မှာ ပျံသန်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ပစ်ခတ်တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လေကြောင်းကနေ ပစ်ခတ်တာကြောင့် လက်ယက်ကုန်းကျေးရွာက ဒေသခံတွေဟာ ကျေးရွာကို မပြန်ရဲကြသေးဘဲ အနီးနားက ကျေးရွာတွေကပါ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ကဆိုရင် ရွာထဲက ပြည်သူတွေ ထွက်လို့မရဘူး။ ဘယ်လိုမှ ထွက်မရတဲ့အဆုံး ရွာထဲမှာပဲ ကပ်နေတဲ့အခါ သူတို့လာတာမြင်တော့ ပြည်သူဆိုတော့ သိတဲ့အတိုင်းပဲ ကြောက်တဲ့အခါကျတော့ ဟိုရွှေ့ဒီရွှေ့ ရွှေ့တော့ မြင်တော့ပစ်မှာပဲ။ ပစ်တော့ ကျတော့တာပေါ့။ အဲ့လိုတော့ ပြောလို့ရမယ်။ နမခကနေ ပျံလာပြီးတော့ ရောက်တဲ့အနေအထားမှာ အလွန်ဆုံးကြာရင် (၁၀) မိနစ်ပဲ။ အဲ့လောက်လေးပဲကြာပြီး လာပစ်သွားတာဆိုတော့ ဘယ်လိုမှ ရှောင်ချိန်မရဘူး။ ရဟတ်ယာဉ်က ဘယ်ကိုဦးတည်ပြီး လာမယ်ဆိုတာ မသိရတဲ့အခါကျတော့ ဘယ်သူမှ ကြိုတင်ပြင်ဆင်ပြီး ရှောင်ထားတာ မရှိဘူးပေါ့။ မနေ့က ပစ်ခတ်မှုကြောင့် အဲ့ရွာက ရှိတဲ့ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်ဖြစ်နေတယ်။ ရွာနားကို သိပ်မကပ်ရဲတဲ့အနေအထားဖြစ်နေတယ်။ အဲ့နားအနီး ရွာပေါင်း (၇) ရွာလောက်ရှိမယ် သူတို့ တိမ်းရှောင်နေရတဲ့ အနေအထားက။”

စစ်ကောင်စီဟာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး လေကြောင်းကနေ မကြာခဏ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ပေမယ့် သေဆုံးတဲ့အရေအတွက်ဟာ ဒီတကြိမ်က အများဆုံးဖြစ်ပါတယ်။ ကျေးရွာတွေကို လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမယ့် စစ်ကောင်စီဘက်ကတော့ တကြိမ်တခါမှ ဝန်ခံမပြောကြားသလို ဒီတကြိမ် သတင်းထုတ်ပြန်ချက်မှာလည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တဲ့အကြောင်း ဖော်ပြမထားပါဘူး။

XS
SM
MD
LG