သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်တွေ မြွေအန္တရာယ်နဲ့ကြုံ 


MYANMAR-POLITIC-MILITARY (မှတ်တမ်းဓါတ်ပုံ)
MYANMAR-POLITIC-MILITARY (မှတ်တမ်းဓါတ်ပုံ)

စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် မြောက်ပိုင်း စစ်ဘေးရှောင်တွေထဲမှာ တောတောင်တွေထဲ မြွေကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။စစ်ကိုင်းတိုင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါလိမ့်မယ်။

ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်တွေ မြွေအန္တရာယ်နဲ့ကြုံ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် မြောက်ပိုင်း စစ်ဘေးရှောင်တွေထဲမှာ တောတောင်တွေထဲ မြွေကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လနဲ့ချီကြာလာတာနဲ့အမျှ ဒေသခံတွေအတွက် နေရပ်ပြန် စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်တော့သလို၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေလည်း များလာပြီး ဆေးကုသဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။ စစ်ကိုင်းတိုင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါလိမ့်မယ်။

မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်ဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ် နဲ့ ချပ်သင်းတိုက်နယ်တို့က တောတောင်တွေထဲ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေကြား မြွေကိုက်ခံရသူတွေရှိနေတာကြောင့် မြွေဆိပ်ဖြေဆေး လိုအပ်နေတာလို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“ ၂၄ ရက်နေ့က အလယ်ခုံ ကျေးရွာက ၂ ယောက်ရယ်၊ ရှားချောင်းကျေးရွာက တယောက်ရယ် စုစုပေါင်း ၃ ယောက်ပေါ့နော်။ အခုက မြွေဆိပ်ဖြေဆေးက တလုံးမှ မရှိတော့ဘူး။ စစ်ဘေးရှောင်တဲတွေမှာ နေ့တဓူဝ သွားလာနေထိုင်တဲ့ အနေအထား ရှိတယ်။ အဲ့ဒါ ရေချိုးတာတို့ ထင်းခွေတာမျိုး ထမင်းချက်ဖို့ပေါ့နော်။ အဲ့လိုအနေအထားမျိုးလေးတွေရှိတယ်။ အဲ့လိုသွားရင်းလာရင်းနဲ့ တချို့ကလည်း ကျွဲနွားလေးတွေကို ဘေးလွတ်ရာကို မောင်းသွားတယ်။ အဲ့ကျွဲနွားလေးတွေရွှေ့ရင်း အဲ့လို အနေအထားမျိုးကနေ ကိုက်ခံရတာ။”

အများစုက မြွေပွေးအကိုက်ခံရတာဖြစ်ပြီး အကိုက်ခံရသူအအနေနဲ့ မြွေဆိပ်ဖြေဆေး ၄ လုံးအထိ ထိုးရတယ်လို့ ကူညီစောင့်ရှောက်တဲ့သူတွေက ပြောပါတယ်။ ဘီပီအိုင်ကထုတ်တဲ့ မြွေဆိပ်ဖြေဆေး ၁ လုံးကို ကျပ်ငွေ ၈၅၀၀၀ အထိ ပေးရပြီး အရင်က အလွယ်တကူဝယ်ရပေမယ့် နောက်ပိုင်း သွားလာရေး အခက်အခဲနဲ့ ကန့်သတ်ချက်တွေကြောင့် ဝယ်ယူဖို့ ခက်ခဲလာပြီး ဖြေဆေးပြတ်လပ်လာတဲ့အထိ ဖြစ်လာတာပါ။

ကန့်ဘလူမြို့နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာ ၄ လလောက် ရှိပြီဖြစ်ပြီး အဲ့ဒီ ၄ လတွင်း စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၂၀ လောက်ရှိသလို သေဆုံးသူ ၂ ဦးအထိရှိတယ်လို့ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ မြွေကိုက်ခံရသူတွေအနေနဲ့ မြို့ပေါ်တက် ဆေးဝါးကုသဖို့လည်း အခက်အခဲရှိတာကြောင့် နီးစပ်ရာ ကျန်းမာရေးသူနာပြုတွေနဲ့ ကုသနေရပါတယ်။

ဒီအတောအတွင်း ကန့်ဘလူမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နေအိမ်တွေ မီးရှို့ခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့ကဆိုရင် အင်အား ၂၀၀ လောက်နဲ့ ကိုးတောင်ဘို့ရဲ့ အရှေ့ဘက်ခြမ်းကိုထိုးတယ်။ ဒီကနေ့ အိမ်မီးရှို့တယ်။ ချောင်းကွေ့အလယ်ခုံးမှာရှို့တယ်။ လျှော်ဖြူကုန်းရှို့တယ်။ ဇီးဖြူကုန်းမှာရှို့တယ်။ ဘယ်နအိမ် ပါသွားပြီလဲဆိုတာ ကျွန်တော်တို့ ဖုန်းအဆက်အသွယ်လည်း မရဘူးခင်ဗျ။”

မြန်မာစစ်ကောင်စီဘက်ကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒေသခံ PDF တပ်တွေ ခှိုလှုံပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့အတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်နေရတာလို့ ပြောနေပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ဒေသခံတွေကတော့ ဧပြီလထဲကစလို့ မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်မှုတွေအတွင်း လေကြောင်းက တိုက်ခိုက်တာ၊ ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေ မကြာခန ကြုံရတယ်လို့ ပြောဆိုလေ့ရှိပါတယ်။

စစ်ဘေးတိမ်းရှောင်ရတာ ၄ လခန့် ကြာမြင့်လာပြီဖြစ်တဲ့အတွက် ဒေသခံတွေအဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့သလို ကျန်းမာရေး စောင့်ရှောက်ဖို့ လိုအပ်ချက်တွေ ဆေးကုသဖို့ အခက်အခဲတွေလည်း ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................

ကန့ျဘလူမွို့နယျ စဈဘေးရှောငျတှေ မွှအေန်တရာယျနဲ့ကွုံ

{{Zawgyi/Unicode}}









XS
SM
MD
LG