သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး နဲ့ စစ်ကိုင်း စစ်ကောင်စီ နဲ့ PDF တိုက်ပွဲ အထိအခိုက်များ


kin ma village, Pauk Township, Middle Burma (မှတ်တမ်းဓါတ်ပုံ)
kin ma village, Pauk Township, Middle Burma (မှတ်တမ်းဓါတ်ပုံ)

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က ကိုင်းလယ်ရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၂ ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲတပ်သား တဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအေနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

မကွေး နဲ့ စစ်ကိုင်း စစ်ကောင်စီ နဲ့ PDF တိုက်ပွဲ အထိအခိုက်များ

{{Zawgyi/Unicode}}
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က ကိုင်းလယ်ရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၂ ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲတပ်သား တဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာဆိုရင်လည်း စစ်ကောင်စီက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအေနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ်နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ ကိုင်းလယ် ရဲစခန်းကို ဇွန်လ ၇ ရက် မနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ မနက် ၆ နာရီကနေ မွန်းတည့်အချိန်ထိ ၂ ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းအတွင်းက ရဲဝန်ထမ်းတွေဟာ စခန်းကို စွန့်ခွါထွက်ပြေးသွားပြီး မပြေးဘဲ ကျန်ရှိတဲ့ ရဲတပ်သား တဦးကို လက်ရဖမ်းမိခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီက လေကြောင်းအကူအညီနဲ့ အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက တိုက်ပွဲအခြေအနေကို အခုလိုပြောပါတယ်။

“မနေ့ကတုန်းက ဖြစ်တယ်ဆိုတာက မနေ့က ၆ နာရီထိုးကနေစဖြစ်တာ။ ၁၀ နာရီထိုးမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကို သိရတာပေါ့။ PDF နဲ့ စခန်းနဲ့ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ သူတို့က လေယာဉ်နဲ့ စစ်တပ်ပေါ့။ စစ်တပ်က လေယာဉ်နဲ့ စစ်သားတွေကို လေယာဉ်ပေါ်ကနေ ချပေးတယ်ပေါ့။ ဝဲတယ်ပေါ့။ ဝဲပြီးတော့ PDF ဘက်က ၂ ယောက်ကျတယ်ပေါ့။ ရဲဘက်ကကျတော့ စခန်းမှူး ရာဇူးမောင်ဆိုတဲ့ လူက ထိခိုက်ဒဏ်ရာရတယ်။ ပစ်ကြခတ်ကြရင်းနဲ့ ထွက်ပြေးသွားကြတယ်။ စခန်းထဲမှာက လူကမရှိဘူး။ လူကမရှိဘဲနဲ့ ဒီတိုင်း အဆက်အသွယ်ပဲလား အင်တာနက်လိုင်း နဲ့ပဲဆက်သွယ်တာလား လေယာဉ်ဝဲတယ်။ လေယာဉ်ဝဲပြီး စစ်သားချတယ်။ ၂ ခါဝဲတယ် ၂ စီးနဲ့။”

ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်တာတွေ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲကြောင့် စခန်းမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွါသွားပြီး ဇွန် ၈ ရက်မှာတော့ စခန်းနဲ့ မိုင်ဝက်ဝေးတဲ့ ရွာရဲ့ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရယ် စစ်ကောင်စီ ထောက်ခံတဲ့ ပျူစောထီးတွေဟာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါက မကွေးတိုင်း က အခြေအနေပါ။ စစ်ကိုင်းတိုင်းမှာ ဆိုရင်လည်း ဇွန်လ ၇ ရက်က စစ်ကောင်စီ ထောက်ခံသူတွေ တပ်စွဲထားတဲ့ ကံကြီးကုန်း ကျေးရွာ တောလမ်းထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး သတ်ဖြတ်ခံရပြီး အရပ်သားတွေ ဖမ်းဆီးနှိပ်စက်ခံရတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ကတ္တရာလမ်းက အဲ့ထဲက ဖြတ်သွားရတာကို သူတို့ ပျူရွာဖြစ်တဲ့အတွက် ဟိုဘက်ဒီဘက်ရွာတွေက တောလမ်းလိုက်ပြီး သွားနေရတာပေါ့။ သူတို့က ကင်းပုန်းဝပ်လိုက်တယ်ပေါ့။ အစတော့ ပြည်သူတွေ အသွားအလာတွေကို ဖမ်းတယ်ပေါ့။ နောက်ပိုင်းဒီထဲမှာ တော်လှန်ရေးရဲဘော်တွေလည်း ပါသွားတယ်ပေါ့လေ။ ကလေး အပါအဝင် ၁၆ ယောက်ပေါ့နော်။ ပြည်သူ ၇ ယောက် ကိုတော့ ညနေကျတော့ ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့ Local Defence Force က ၂ ယောက်က ကျည်တွေ့လို့ဆိုပြီး ထပ်ဖမ်းတယ်။ ဖမ်းပြီးတော့ တယောက်က ထွက်ပြေးတဲ့အခါမှာ ရဲဘော်တယောက်ကို ပစ်သတ်လိုက်တယ်ပေါ့လေ။ ထွက်ပြေးလို့ဆိုပြီး။ ကျန်တဲ့ရဲဘော်တွေကိုတော့ ညကျတော့ သူတို့ ဒီမှာ တိုက်ပွဲဖြစ်သယောင်တင်ပြီးတော့ တိုက်ပွဲဖြစ်ပြီး ကျသွားတဲ့ ပုံစံမျိုးနဲ့ပေါ့။ ကျွန်တော်တို့ အကုန်လုံး နေရာတင်မှာပစ်တာကောဆို ၈ ယောက်သေသွားတယ်။”

ဖမ်းဆီးခံရချိန် အသက် မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် မိန်းကလေး တဦး ပါဝင်ပြီး ပြန်လွတ်လာချိန်မှာ ထိုးကြိတ်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ညိုမဲစွဲနေတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီက ချောင်းဦးမြို့နယ်ထဲမှာ မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပါတယ်။

ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေက ရာနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................


{{Zawgyi/Unicode}}









XS
SM
MD
LG