သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း မေကြးနယ္ဘက္ တိုက္ပဲြျပင္းထန္ဆဲ


တမူး PDF ( photo: People's Spring )

[[ ZAWGYI / UNICODE ]]

စစ္ကိုင္း မေကြးနယ္ဘက္ တိုက္ပဲြျပင္းထန္ဆဲ

စစ္ကိုင္းတိုင္း တမူးၿမိဳ႕အနီးမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ စစ္ေရးတင္းမာၿပီး တုိက္ပြဲေတြ ရွိေနသလို ေနအိမ္ေတြ မီးရိႈ႕ခံေနရတာေတြလည္းရွိပါတယ္။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ အရပ္သား ေသဆံုးတာေတြရွိေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ စစ္ကိုင္းနဲ႔ မေကြးက အေျခအေနေတြကို ကိုရဲမြန္က ေျပာျပထားပါတယ္။

စစ္ကိုင္းတိုင္းအထက္ပိုင္း တမူးၿမိဳ႕နဲ႔ ၈ မိုင္ေလာက္သာေ၀းတဲ့ ပန္းသာရြာအနီးမွာ စစ္ေကာင္စီနဲ႔ တမူး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဇြန္လ ၂၂ ရက္ မနက္ပိုင္းကစၿပီး ညေနအထိ တေနကုန္နီးပါး တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီေနာက္ ဇြန္လ ၂၃ ရက္ မွာေတာ့ ရန္လင္းဖိုင္ေက်းရြာက ေနအိမ္ေတြကို စစ္ေကာင္စီက မီးရိႈ႕ဖ်က္ဆီးလိုက္တယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ေနအိမ္ေတြမီးေလာင္တာနဲ႔ ပတ္သက္လို႔ တမူးေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း ၄ က တာ၀န္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“မေန႔ကေတာ့ မနက္ပိုင္းကေနစတာေပါ့ေနာ္။ ၈ နာရီေလာက္ကေန ညေနပိုင္းေလာက္အထိပါပဲ။ ရြာကေတာ့ ပန္းသာရြာေပါ့။ အျပန္အလွန္ေပါ့ေလ။ အဲ့ပန္းသာရြာဘက္ကမွာက တပ္ရင္း ၁၂၃ နဲ႔ခ်တယ္။ ၿပီးေတာ့ ကြ်န္ေတာ္တို႔ တပ္ရင္း ၄ ကက်ေတာ့ ၿမိဳ႕နဲ႔ အနီးဆံုးေနတာမို႔လို႔ အဲ့စကစ ဘက္ကေနမွာ စစ္ေကာင္စီ အေယာက္ ၅၀ ေလာက္ တက္လာတယ္ေပါ့။ ကြ်န္ေတာ္တို႔တပ္ရင္းဘက္ကို ဒါေၾကာင့္သူတို႔နဲ႔ေတာ့ ကြ်န္ေတာ္တို႔ အႀကိတ္အနယ္ ျဖစ္ခဲ့တယ္။ ၿပီးေတာ့ ပန္းသာရြာ ျမစ္ရဲ႕ ဟိုဘက္ျခမ္းက ရန္လင္းဖိုင္ရြာမွာဆိုရင္ မီးရိႈ႕လိုက္ၾကၿပီေပါ့ေနာ္။ စကစ အဖြဲ႕ေတြကေနမွ ရြာေတြကိုမီးရႈိ႕ၾကတယ္ေပါ့။ အဲ့မွာဆိုရင္ ျပည္သူေတြ တေယာက္မွ မေနရဲေတာ့ဘူးေလေပါ့ေနာ္ရြာမွၾကေတာ့။ ဒါေပမယ့္ အိမ္ေျခေတာ့ ကြ်န္ေတာ္တို႔ဘက္က အတိအက်ေတာ့ မသိရေသးဘူးေပါ့ေနာ္။”

မေန႔က ပန္းသာရြာအနီးမွာ တမူးေဒသခံကာကြယ္ေရး တပ္ဖြဲ႕ တပ္ရင္း (၁)/ (၂)/ (၃) တို႔ အျပင္ တမူး Special Task Force တို႔နဲ႔ တိုက္ပြဲျဖစ္ပြားၿပီး တမူးၿမိဳ႕ထဲက ထြက္လာတဲ့ စစ္ေကာင္စီတပ္ေတြကို တမူး တပ္ရင္း ၄ အဖြဲ႕က တိုက္ခိုက္ခဲ့တာပါ။ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ၂၀ ေက်ာ္ က်ဆံုးတယ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာၿပီး က်ဆံုးတာနဲ႔ ပတ္သက္လို႔ေတာ့ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္သလို စစ္ေကာင္စီကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာဆိုရင္လည္း စစ္ေကာင္စီက ဇြန္လ ၇ ရက္က စၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ေနတာပါ။ ဇြန္လ ၂၂ ရက္က ရွင္လွေက်းရြာသားတဦးကို စစ္ေကာင္စီက သတ္ျဖတ္ခဲ့ၿပီး ဇြန္လ ၂၃ ရက္မွာ ရုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေပါက္ေဒသခံတဦး ေျပာတာက -

“အဲ့ဒါက လူက ရွင္လွ(ေက်းရြာ) သား နယ္ေျမက ေတာင္ခ်ိဳနယ္ေျမ အဲ့လိုျဖစ္ေနတာ။ အဲ့အေလာင္းက ေတာင္ခ်ိဳနယ္ေျမထဲက ေက်ာင္ေျမာင္းခြဲမွာေတြ႕တာ။ အေလာင္းေတြ႕တာ ဒီကေန႔ မနက္မွေတြ႕တာ။ ရြာသားတေယာက္ေသသြားတယ္။ ေနာက္တခုက ကင္းမေလ ကင္းမက တေယာက္ေပ်ာက္ေနတာ။ ဖမ္းၿပီးမွ လက္ျပန္ႀကိဳးတုပ္ၿပီးမွ အိမ္ေပၚကိုတင္သြားတာပဲျမင္လိုက္ရတယ္။ အဲ့ဒါၿပီးေတာ့ ကင္းမသားတေယာက္ အသက္ ၃၉ ႏွစ္အရြယ္ အဲ့ေကာင္တေယာက္ ဒီကေန႔အထိေအာင္ ရွာလို႔မေတြ႕ေသးဘူး။ ရွာေနၾကတယ္ ကြ်န္ေတာ္တို႔ေတာ့။”

ဒါအျပင္ ေပါက္ေတာင္ပိုင္းက အရပ္သားတဦးကိုလည္း ဇြန္လ ၁၈ ရက္က ရဲစခန္းကို ဖမ္းဆီးေခၚေဆာင္ခ်ဳပ္ေႏွာင္ထားၿပီး ထိုးႏွက္ ႏွိပ္စက္ထားတာေတြ ရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းကို စစ္ေကာင္စီက မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားသလို ေထာင္နဲ႔ခ်ီတဲ့အရပ္သားေတြဟာ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရပါတယ္။

==================

{{ UNICODE }}

စစ်ကိုင်း မကွေးနယ်ဘက် တိုက်ပွဲပြင်းထန်ဆဲ

စစ်ကိုင်းတိုင်း တမူးမြို့အနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ရှိနေသလို နေအိမ်တွေ မီးရှို့ခံနေရတာတွေလည်းရှိပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ပေါက်မြို့နယ် တောင်ပိုင်းမှာ အရပ်သား သေဆုံးတာတွေရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းနဲ့ မကွေးက အခြေအနေတွေကို ကိုရဲမွန်က ပြောပြထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နဲ့ ၈ မိုင်လောက်သာဝေးတဲ့ ပန်းသာရွာအနီးမှာ စစ်ကောင်စီနဲ့ တမူး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၂၂ ရက် မနက်ပိုင်းကစပြီး ညနေအထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် ဇွန်လ ၂၃ ရက် မှာတော့ ရန်လင်းဖိုင်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ နေအိမ်တွေမီးလောင်တာနဲ့ ပတ်သက်လို့ တမူးဒေသခံကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ က တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“မနေ့ကတော့ မနက်ပိုင်းကနေစတာပေါ့နော်။ ၈ နာရီလောက်ကနေ ညနေပိုင်းလောက်အထိပါပဲ။ ရွာကတော့ ပန်းသာရွာပေါ့။ အပြန်အလှန်ပေါ့လေ။ အဲ့ပန်းသာရွာဘက်ကမှာက တပ်ရင်း ၁၂၃ နဲ့ချတယ်။ ပြီးတော့ ကျွန်တော်တို့ တပ်ရင်း ၄ ကကျတော့ မြို့နဲ့ အနီးဆုံးနေတာမို့လို့ အဲ့စကစ ဘက်ကနေမှာ စစ်ကောင်စီ အယောက် ၅၀ လောက် တက်လာတယ်ပေါ့။ ကျွန်တော်တို့တပ်ရင်းဘက်ကို ဒါကြောင့်သူတို့နဲ့တော့ ကျွန်တော်တို့ အကြိတ်အနယ် ဖြစ်ခဲ့တယ်။ ပြီးတော့ ပန်းသာရွာ မြစ်ရဲ့ ဟိုဘက်ခြမ်းက ရန်လင်းဖိုင်ရွာမှာဆိုရင် မီးရှို့လိုက်ကြပြီပေါ့နော်။ စကစ အဖွဲ့တွေကနေမှ ရွာတွေကိုမီးရှို့ကြတယ်ပေါ့။ အဲ့မှာဆိုရင် ပြည်သူတွေ တယောက်မှ မနေရဲတော့ဘူးလေပေါ့နော်ရွာမှကြတော့။ ဒါပေမယ့် အိမ်ခြေတော့ ကျွန်တော်တို့ဘက်က အတိအကျတော့ မသိရသေးဘူးပေါ့နော်။”

မနေ့က ပန်းသာရွာအနီးမှာ တမူးဒေသခံကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁ - ၂ - ၃ တို့ အပြင် တမူး Special Task Force တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီး တမူးမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို တမူး တပ်ရင်း ၄ အဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် ကျဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပြီး ကျဆုံးတာနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီက ဇွန်လ ၇ ရက်က စပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတာပါ။ ဇွန်လ ၂၂ ရက်က ရှင်လှကျေးရွာသားတဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ဇွန်လ ၂၃ ရက်မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပေါက်ဒေသခံတဦး ပြောတာက -

“အဲ့ဒါက လူက ရှင်လှ(ကျေးရွာ) သား နယ်မြေက တောင်ချိုနယ်မြေ အဲ့လိုဖြစ်နေတာ။ အဲ့အလောင်းက တောင်ချိုနယ်မြေထဲက ကျောင်မြောင်းခွဲမှာတွေ့တာ။ အလောင်းတွေ့တာ ဒီကနေ့ မနက်မှတွေ့တာ။ ရွာသားတယောက်သေသွားတယ်။ နောက်တခုက ကင်းမလေ ကင်းမက တယောက်ပျောက်နေတာ။ ဖမ်းပြီးမှ လက်ပြန်ကြိုးတုပ်ပြီးမှ အိမ်ပေါ်ကိုတင်သွားတာပဲမြင်လိုက်ရတယ်။ အဲ့ဒါပြီးတော့ ကင်းမသားတယောက် အသက် ၃၉ နှစ်အရွယ် အဲ့ကောင်တယောက် ဒီကနေ့အထိအောင် ရှာလို့မတွေ့သေးဘူး။ ရှာနေကြတယ် ကျွန်တော်တို့တော့။”

ဒါအပြင် ပေါက်တောင်ပိုင်းက အရပ်သားတဦးကိုလည်း ဇွန်လ ၁၈ ရက်က ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ချုပ်နှောင်ထားပြီး ထိုးနှက် နှိပ်စက်ထားတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားသလို ထောင်နဲ့ချီတဲ့အရပ်သားတွေဟာ တောတောင်တွေထဲ ပုန်းအောင်းနေရပါတယ်။

XS
SM
MD
LG