သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပြင္႔ျဖဴ တိုက္ပဲြ PDF တပ္ဖဲြ႕ဝင္ ၁၀ ဦးမက ေသဆံုး ( တိုက္ပဲြမွာပါဝင္သူ PDF တပ္သား)


ပြင့္ျဖဴၿမိဳ႔နယ္

မေကြးတိုင္းေဒသႀကီး ၊ မင္းဘူးခရိုင္၊ပြင့္ျဖဴၿမိဳ႕နယ္အပိုင္ မယ္ဇလီႀကိဳးတံတားထိပ္မွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ အျပန္အလွန္ ပစ္ခတ္ၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္ (၁၀) ဦးထက္ မနည္းေသဆံုးခဲ့သလို စစ္ေကာင္စီဘက္ကလည္း ၁ ဦးေသဆံုးခဲ့ပါတယ္။ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္၊ ကံသစ္ေက်းရြာအနီးမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားရာမွာ စစ္ေကာင္စီဘက္က ၁၁ ဦးေသဆံုးခဲ့ပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက အေျခအေနေတြကို ကိုရဲမြန္က ေျပာျပပါမယ္။

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္အပိုင္၊ ပုသိမ္- မံုရြာလမ္းေပၚမွာရွိတဲ့ မယ္ဇလီႀကိဳးတံတားထိပ္မွာ ဇြန္လ ၂၂ ရက္၊ ဗုဒၶဟူးေန႔ မနက္လင္းအားႀကီးအခ်ိန္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာပါ။ေ ဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ စီးနင္းလာတဲ့ကားကို စစ္ေကာင္စီက တားျမစ္စစ္ေဆးရာကေန တိုက္ပြဲစတင္ျဖစ္ပြားခဲ့တာပါ။ တိုက္ပြဲမွာေဒသခံကာကြယ္ေရးတပ္ဖြဲ႕၀င္ (၁၀) ဦးထက္မနည္း ေသဆံုးခဲ့သလို စစ္ေကာင္စီဘက္ကလည္း ၁ ဦးေသဆံုးခဲ့ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ မေကြးေဒသခံကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“ျဖစ္စဥ္က မနက္ ၄ နာရီခြဲ ၀န္းက်င္ေပါ့ေနာ္။ မေကြးတိုင္း၊ မင္းဘူးခရိုင္၊ ပြင့္ျဖဴအပိုင္နယ္ထဲက မဲဇလီႀကိဳးတံတားထိပ္မွာပဲျဖစ္သြားတာခင္ဗ်။ မနက္ ၄ ခြဲ၀န္းက်င္မွာ Faw ကားကို ဗိုလ္မွဴး မင္းပိုင္စိုးဦးစီးတဲ့ အဖြဲ႕ေပါ့ေနာ္။ အဲ့ဒါက ကားကိုရပ္ခိုင္းၿပီးေတာ့ ေရွ႕ေခါင္းခန္းထဲက ကားဆရာေကာ ေအာက္မွာဆင္း၀ပ္ဆိုၿပီးေတာ့သူတို႔က စစ္တယ္ဗ်။ ကားကိုရပ္ခိုင္းၿပီး ကားကိုတက္စစ္တဲ့အခ်ိန္မွာ ဗိုလ္မွဴးမင္းပိုင္စိုးရယ္ တပ္သား ၁ ေယာက္ရယ္က ကားေပၚကို တက္ၿပီး စစ္တဲ့အခ်ိန္မွာ ေသနတ္ေတြ႕တယ္ဗ်။ ေသနတ္ေတြျမင္တာနဲ႔ပဲ တပ္သား တေယာက္က ဗံုးသီး လက္ပစ္ဗံုးေပါ့။ အဲ့ဒါကိုျဖဳတ္ခ်ခဲ့ၿပီးေတာ့ ကားေပၚကေန ဆင္းေျပးတယ္ခင္ဗ်။ ၂ ေယာက္လံုး ဆင္းေျပးခ်ိန္မွာ ဗိုလ္မွဴးမင္းပိုင္စိုးက ဒူးျပဲ တံေတာင္ျပဲျဖစ္ၿပီးေတာ့ ဗံုးသီးခ်ၿပီးေျပးတဲ့ တပ္သားကေတာ့ မေကြး စစ္ေဆးရံုမွာ အေရးေပၚအေနနဲ႔ တက္ရတယ္ေပါ့။ ေနာက္ဆံုး ရတာေတာ့ သူေသသြားတယ္လို႔ သိရတယ္ဗ်။ အျပန္အလွန္ပစ္ခတ္တာေတြ ျဖစ္တယ္။ အဲ့ဗံုးသီးခ်ၿပီးခ်ိန္မွာ ကားေပၚမွာပါလာတဲ့ PDF ရဲေဘာ္ေတြကလည္း အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တယ္ခင္ဗ်။ ၇ ေလာင္း ၂ ႀကိမ္ သၿဂိဳလ္တာဆိုေတာ့ ၁၄ ေလာင္းေပါ့။ ၁၄ ေလာင္းကို ကားဆရာကေတာ့ ထြက္ေျပးလို႔ဆိုၿပီးေတာ့ ၅ မိုင္ေလာက္ထိေတာ့ အေနာက္ကေန လိုက္ပစ္တယ္။ ၅ မိုင္ေလာက္ အကြာအေ၀းထိ ေျပးႏိုင္ခဲ့တယ္။ သို႔ေသာ္ ေတာနင္းၿပီးရွာတဲ့အဖြဲ႕ကပဲ ရင္ဆိုင္ေတြ႕ၿပီးေတာ့ ပစ္သတ္ခံလိုက္ရတဲ့အတြက္ ေသဆံုး ၁၅ ေလာင္း သၿဂိဳလ္ျဖစ္တယ္ေပါ့။ အရွင္ ၂ ေယာက္ဖမ္းမိထားတယ္။ ၁ ေယာက္ကေတာ့ ရင္ဘတ္ကို က်ဥ္ထိထားၿပီးေတာ့ ၁ ေယာက္ကေတာ့ မ်က္ႏွာမီးဟပ္ထားတယ္ေပါ့ေနာ္။”

ပစ္ခတ္မႈေတြျဖစ္ၿပီးေနာက္ မယ္ဇလီတံတားကို ပိတ္ဆို႔တာေတြလုပ္ၿပီး ျဖတ္သန္းသြားလာခြင့္ကို ပိတ္လိုက္သလို စစ္ေဆးတာေတြလည္း တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေသဆံုးသူေတြကိုေတာ့ ပြင့္ျဖဴက ဆည္ေတာ သုသာန္မွာ မီးသၿဂိဳလ္ခဲ့ပါတယ္။ဒါက မေကြးတိုင္းက အေျခအေနပါ။
စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္မွာဆိုရင္လည္း စစ္ေကာင္စီတပ္ေတြ စီးနင္းလိုက္ပါလာတဲ့ကားကို ဇြန္ ၂၂ ရက္ မနက္ပိုင္းမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္က ၁၁ ဦးေသဆံုးခဲ့တယ္လို႔ တိုက္ပြဲမွာ ကိုယ္တိုင္ပါ၀င္ခဲ့သူ တဦးက အခုလိုေျပာပါတယ္။

“၉ နာရီခြဲကို စစ္ေကာင္စီက ကြ်န္ေတာ္တို႔ရြာကို ဒုတိယအႀကိမ္ မီးရိႈ႕မလို႔ ကြ်န္ေတာ္တို႔က သတင္းရလို႔မလို႔ ကံသစ္စံျပေက်းရြာရဲ႕ အေနာက္ဖက္ တေနရာမွာေပါ့။ ကြ်န္ေတာ္တို႔က အသင့္ေစာင့္ၿပီးေတာ့ ပစ္တာ။ ပစ္တဲ့အခါက်ေတာ့ သူတို႔က ၀ပ္လိုက္လာတာ။ ကြ်န္ေတာ္တို႔က ဦးေအာင္ခ်ထည့္လိုက္တာ။ စစ္ေကာင္စီဘက္က ကားေပၚမွာက ၉ ေယာက္ ခုန္ခ်တာက ၂ ေယာက္ ကားသမားေကာ ၁၁ ေယာက္ေသတယ္။”

အျပန္အလွန္ပစ္ခတ္မႈအတြင္း ၃ ပြင့္နဲ႔ ရဲတဦးပါ၀င္ၿပီး လက္နက္ ၁၁ လက္ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးလုပ္လာႏိုင္တဲ့အတြက္ေဒသခံေက်းရြာသားေတြဟာ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
စစ္ေကာင္စီတပ္ဟာ ကံသစ္ေက်းရြာကို ပထမအႀကိမ္ မီးရိႈ႕တုန္းက ေနအိမ္ ၅၀ ေက်ာ္နဲ႔ စက္ပစၥည္းေတြ မီးေလာင္ကြ်မ္းသြားၿပီး လက္ရွိအခ်ိန္ထိ ကံသစ္ေက်းရြာသား ၂၀ ေက်ာ္ အဖမ္းခံခဲ့ရၿပီး ၁၀ ေယာက္ကေတာ့ စစ္ေကာင္စီသတ္ျဖတ္တာ ခံေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အပိုင် မယ်ဇလီကြိုးတံတားထိပ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် (၁၀) ဦးထက် မနည်းသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ၁ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအနေတွေကို ကိုရဲမွန်က ပြောပြပါမယ်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အပိုင်၊ ပုသိမ်- မုံရွာလမ်းပေါ်မှာရှိတဲ့ မယ်ဇလီကြိုးတံတားထိပ်မှာ ဇွန်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်လင်းအားကြီးအချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ေ ဒသခံကာကွယ်ရေးတပ်ဖွဲ့တွေ စီးနင်းလာတဲ့ကားကို စစ်ကောင်စီက တားမြစ်စစ်ဆေးရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲမှာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်း သေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ၁ ဦးသေဆုံးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မကွေးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဖြစ်စဉ်က မနက် ၄ နာရီခွဲ ဝန်းကျင်ပေါ့နော်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူအပိုင်နယ်ထဲက မဲဇလီကြိုးတံတားထိပ်မှာပဲဖြစ်သွားတာခင်ဗျ။ မနက် ၄ ခွဲဝန်းကျင်မှာ Faw ကားကို ဗိုလ်မှူး မင်းပိုင်စိုးဦးစီးတဲ့ အဖွဲ့ပေါ့နော်။ အဲ့ဒါက ကားကိုရပ်ခိုင်းပြီးတော့ ရှေ့ခေါင်းခန်းထဲက ကားဆရာကော အောက်မှာဆင်းဝပ်ဆိုပြီးတော့သူတို့က စစ်တယ်ဗျ။ ကားကိုရပ်ခိုင်းပြီး ကားကိုတက်စစ်တဲ့အချိန်မှာ ဗိုလ်မှူးမင်းပိုင်စိုးရယ် တပ်သား ၁ ယောက်ရယ်က ကားပေါ်ကို တက်ပြီး စစ်တဲ့အချိန်မှာ သေနတ်တွေ့တယ်ဗျ။ သေနတ်တွေမြင်တာနဲ့ပဲ တပ်သား တယောက်က ဗုံးသီး လက်ပစ်ဗုံးပေါ့။ အဲ့ဒါကိုဖြုတ်ချခဲ့ပြီးတော့ ကားပေါ်ကနေ ဆင်းပြေးတယ်ခင်ဗျ။ ၂ ယောက်လုံး ဆင်းပြေးချိန်မှာ ဗိုလ်မှူးမင်းပိုင်စိုးက ဒူးပြဲ တံတောင်ပြဲဖြစ်ပြီးတော့ ဗုံးသီးချပြီးပြေးတဲ့ တပ်သားကတော့ မကွေး စစ်ဆေးရုံမှာ အရေးပေါ်အနေနဲ့ တက်ရတယ်ပေါ့။ နောက်ဆုံး ရတာတော့ သူသေသွားတယ်လို့ သိရတယ်ဗျ။ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်တယ်။ အဲ့ဗုံးသီးချပြီးချိန်မှာ ကားပေါ်မှာပါလာတဲ့ PDF ရဲဘော်တွေကလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ခင်ဗျ။ ၇ လောင်း ၂ ကြိမ် သဂြိုလ်တာဆိုတော့ ၁၄ လောင်းပေါ့။ ၁၄ လောင်းကို ကားဆရာကတော့ ထွက်ပြေးလို့ဆိုပြီးတော့ ၅ မိုင်လောက်ထိတော့ အနောက်ကနေ လိုက်ပစ်တယ်။ ၅ မိုင်လောက် အကွာအဝေးထိ ပြေးနိုင်ခဲ့တယ်။ သို့သော် တောနင်းပြီးရှာတဲ့အဖွဲ့ကပဲ ရင်ဆိုင်တွေ့ပြီးတော့ ပစ်သတ်ခံလိုက်ရတဲ့အတွက် သေဆုံး ၁၅ လောင်း သဂြိုလ်ဖြစ်တယ်ပေါ့။ အရှင် ၂ ယောက်ဖမ်းမိထားတယ်။ ၁ ယောက်ကတော့ ရင်ဘတ်ကို ကျဉ်ထိထားပြီးတော့ ၁ ယောက်ကတော့ မျက်နှာမီးဟပ်ထားတယ်ပေါ့နော်။”

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မယ်ဇလီတံတားကို ပိတ်ဆို့တာတွေလုပ်ပြီး ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်သလို စစ်ဆေးတာတွေလည်း တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေကိုတော့ ပွင့်ဖြူက ဆည်တော သုသာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။ဒါက မကွေးတိုင်းက အခြေအနေပါ။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို ဇွန် ၂၂ ရက် မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက အခုလိုပြောပါတယ်။

“၉ နာရီခွဲကို စစ်ကောင်စီက ကျွန်တော်တို့ရွာကို ဒုတိယအကြိမ် မီးရှို့မလို့ ကျွန်တော်တို့က သတင်းရလို့မလို့ ကံသစ်စံပြကျေးရွာရဲ့ အနောက်ဖက် တနေရာမှာပေါ့။ ကျွန်တော်တို့က အသင့်စောင့်ပြီးတော့ ပစ်တာ။ ပစ်တဲ့အခါကျတော့ သူတို့က ဝပ်လိုက်လာတာ။ ကျွန်တော်တို့က ဦးအောင်ချထည့်လိုက်တာ။ စစ်ကောင်စီဘက်က ကားပေါ်မှာက ၉ ယောက် ခုန်ချတာက ၂ ယောက် ကားသမားကော ၁၁ ယောက်သေတယ်။”

အပြန်အလှန်ပစ်ခတ်မှုအတွင်း ၃ ပွင့်နဲ့ ရဲတဦးပါဝင်ပြီး လက်နက် ၁၁ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်လာနိုင်တဲ့အတွက်ဒေသခံကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကံသစ်ကျေးရွာကို ပထမအကြိမ် မီးရှို့တုန်းက နေအိမ် ၅၀ ကျော်နဲ့ စက်ပစ္စည်းတွေ မီးလောင်ကျွမ်းသွားပြီး လက်ရှိအချိန်ထိ ကံသစ်ကျေးရွာသား ၂၀ ကျော် အဖမ်းခံခဲ့ရပြီး ၁၀ ယောက်ကတော့ စစ်ကောင်စီသတ်ဖြတ်တာ ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG