သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးနဲ ့စစ္ကိုင္းဘက္ PDF- စစ္ေကာင္စီ တိုက္ပဲြဆက္


စစ္ကိုင္းတိုင္းက ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး အရပ္သားေတြ ေသဆံုးတာရွိသလို ေနအိမ္ ၁၀၀ နီးပါး မီးေလာင္ကြ်မ္းခဲ့တဲ့အတြက္ေၾကာင့္ ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက အေျခအေနကို  နန္းေလာဝ္ ကေျပာျပပါမယ္။

မေကြးနဲ ့စစ္ကိုင္းဘက္ PDF စစ္ေကာင္စီ တိုက္ပဲြဆက္

{{Zawgyi/Unicode}}
မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္း အစပ္ျဖစ္တဲ့ ၿမိဳင္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး အရပ္သားေတြ ေသဆံုးတာရွိသလို ေနအိမ္ ၁၀၀ နီးပါး မီးေလာင္ကြ်မ္းခဲ့တဲ့အတြက္ေၾကာင့္ ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ေဘးမွာ စစ္ေကာင္စီ ေရယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြလည္းရွိေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက အေျခအေနကို ကိုရန္ႏိုင္ ကေျပာျပပါမယ္။

မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ ေျမာက္ဖက္က ေက်ာက္ကန္ေက်းရြာကို ဇူလိုင္ ၂၃ ရက္က စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာၿပီးေနအိမ္ေတြမီးရိႈ႕ခဲ့လို႔ ေနအိမ္ ၇၀ နီးပါး ေလာင္ကြ်မ္းခဲ့သလို အရပ္သား ၁ ဦးလည္း မီးေလာင္ကြ်မ္းၿပီး ေသဆံုးခဲ့ပါတယ္။ ဇူလိုင္ ၂၄ ရက္မွာေတာ့ ဓမၼသာရ ဘန္႔ဘိုး စတဲ့ေက်းရြာေတြက ေနအိမ္ေတြကို မီးရိႈ႕တာေတြ လုပ္ခဲ့ပါတယ္။ ဇူလိုင္ ၂၅ ညေနပိုင္းမွာေတာ့ စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ေနလို႔ အရပ္သားေတြဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လုိ႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မေန႔ မနက္ခင္းက ဓမၼသာရကို ၁၀ အိမ္ေလာက္ရိႈ႕တယ္။ ဘန္႔ဘိုးရြာကို ၇ အိမ္ေလာက္ရိႈ႕တယ္။ ၁၅၀ ေလာက္ပါတဲ့ စစ္ေၾကာင္းက ဓမၼသာရကို ရိႈ႕တယ္။ အင္အား ၂၀၀ ေလာက္ပါတဲ့ စစ္ေၾကာင္းက မနက္ခင္းမွာ ဘန္႔ဘိုးကိုရိႈ႕တယ္။ ၂၃ ရက္ေန႔ မနက္ခင္းပိုင္းပဲေျပာပါေတာ့ ေက်ာက္ကန္ရြာကို အိမ္ေျခ ၇၀ ေလာက္မီးရိႈ႕တယ္။ စိတ္မႏွံ႔တဲ့ အမ်ိဳးသားတဦးကိုလည္း PDF ၀တ္စံုေတြ၀တ္ၿပီးေတာ့ လည္ျဖတ္သတ္သြားတယ္ ေျခေတြလက္ေတြျဖတ္ၿပီးေတာ့ မီးရိႈ႕ခဲ့တယ္။ အိမ္ထဲမွာပစ္ခဲ့ေသးတယ္။ အဲ့ ၃ ရြာေပါင္း အိမ္ေျခ ၁၀၀ ေလာက္ပါသြားတယ္လို႔ သတင္းရတယ္။ ကြ်န္ေတာ္တို႔လည္း အနားမကပ္ရဲေသးဘူး။ အခုပဲ ေက်ာက္ကန္ရြာဘက္ကို လက္နက္ႀကီးေတြနဲ႔ပစ္ေနတယ္။ အခုကိုပစ္ေနတာ။”

စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေၾကာင့္ အနည္းဆံုး ေက်းရြာ ၆ ရြာက ေဒသခံေတြဟာ ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။ ေက်ာင္းကန္ ဓမၼသာရ ၊ ဘန္႔ဘိုး စတဲ့ေက်းရြာေတြဟာ ၿမိဳင္ၿမိဳ႕နယ္ ေျမာက္ဖက္မွ စစ္ကိုင္းတုိင္းက ပုလဲ ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ထိစပ္ေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဒါက မေကြးတိုင္းကအေျခအေနပါ။ စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ထဲမွာ ဆိုရင္လည္း ဇူလိုင္ ၂၅ ရက္ တနလၤာေန႔ က ကနီၿမိဳ႕ ခ်င္းတြင္းျမစ္ရိုးေအာက္ဘက္ ကင္းရြာမွာ ဆိုက္ကပ္ထားတဲ့ စစ္ေကာင္စီေရယာဥ္ေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့တာပါ။ စစ္ေကာင္စီစက္ေလွအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ၿပီး စစ္ေကာင္စီဘက္က ဒဏ္ရာရတာေတြရွိတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက ေျပာပါတယ္။

“ဖလက္ေတြေပါ့ေနာ္ ကင္းရြာရဲ႕ေအာက္ဖက္ အိပ္ၿပီးေတာ့ ၆ နာရီေက်ာ္ေက်ာ္ေလာက္မွာ တက္လာတယ္။ တက္လာတဲ့အခ်ိန္မွာ ျမင္းစီးေၾကာင္း ပြိဳင့္ကုန္း(အရပ္အေခၚ) မွာ ျဖစ္တာေပါ့ေနာ္။ ကမ္းစပ္ကေနမွ ကာကြယ္ေရးအဖြဲ႕ေတြက ေစာင့္ၿပီးတိုက္တယ္။ တိုက္တဲ့အခ်ိန္မွာ အင္ဂ်င္ပ်က္စီးတယ္။ ဖလက္ေမာင္းတဲ့သူအပါအ၀င္ အမ်ားအျပား ဒဏ္ရာရတယ္ခင္ဗ်။ အင္ဂ်င္ေတြခ်ိဳ႕ယြင္းတဲ့အတြက္ေၾကာင့္ အေနာက္ေတာရြာကို ကမ္းကပ္သြားရတယ္ခင္ဗ်။ ကနီရဲ႕အဆံုး မင္းကင္းၿမိဳ႕နယ္ထဲကို ေရာက္သြားၿပီခင္ဗ်။ အေျခအေနကေတာ့ သူတို႔ဖလက္ေတြလာၿပီဆိုတာနဲ႔ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ေၾကာင့္ သူတို႔လာတယ္ဆိုတဲ့ သတင္းရကတည္းက ျပည္သူေတြက ေရွာင္ေနရပါတယ္ ေျပးေနရပါတယ္။”

ဇူလိုင္ ၁၈ ရက္ကစလို႔ မံုရြာ အလံုမင္းေဒါင့္ ဆိပ္ကမ္းကေန စစ္ေကာင္စီ ေရယာဥ္ ၁၀ စီးေက်ာ္ဟာ အထက္ကို ဆန္တက္လာတာျဖစ္ၿပီး ဒီကေန႔အထိ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တုိက္ပြဲ ၅ ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ ေရယာဥ္ေတြ ထိခုိက္တာရွိၿပီး ေရယာဥ္ေတြကေန ေမ်ာပါလာတဲ့ လက္နက္ေတြနဲ႔ ရိကၡာေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ဆယ္ယူရခဲ့ပါေသးတယ္။

ဇူလိုင္ ၂၃ ရက္က ခ်င္းတြင္းျမစ္ေဘးမွာရွိတဲ့ ငါးဖ်က္ေက်းရြာက ေနအိမ္အခ်ိဳ႕ကိုလည္း မီးရိႈ႕ဖ်က္ဆီးတာေတြလုပ္ခဲ့ပါေသးတယ္။

စစ္ေကာင္စီဟာ ေရယာဥ္ေတြအသံုးျပဳၿပီး ခ်င္းတြင္းျမစ္ကမ္းေဘးမွာရွိတဲ့ စစ္ေကာင္စီကို ေထာက္ခံတဲ့ ရြာေတြကို ရိကၡာ လက္နက္ေတြ သယ္ေဆာင္ေထာက္ပံ့ေနတာျဖစ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ မၾကာခဏဆိုသလို တိုက္ပြဲေတြျဖစ္ပြားေနတာပါ။

တိုက္႐ိုက္ လင့္ခ္

......................................

မကွေးနဲ ့စစ်ကိုင်းဘက် PDF စစ်ကောင်စီ တိုက်ပွဲဆက်

{{Zawgyi/Unicode}}
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်ဖြစ်တဲ့ မြိုင်မြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး အရပ်သားတွေ သေဆုံးတာရှိသလို နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးမှာ စစ်ကောင်စီ ရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေလည်းရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအနေကို ကိုရန်နိုင် ကပြောပြပါမယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် မြောက်ဖက်က ကျောက်ကန်ကျေးရွာကို ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနေအိမ်တွေမီးရှို့ခဲ့လို့ နေအိမ် ၇၀ နီးပါး လောင်ကျွမ်းခဲ့သလို အရပ်သား ၁ ဦးလည်း မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်မှာတော့ ဓမ္မသာရ ဘန့်ဘိုး စတဲ့ကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။ ဇူလိုင် ၂၅ ညနေပိုင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေလို့ အရပ်သားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ မနက်ခင်းက ဓမ္မသာရကို ၁၀ အိမ်လောက်ရှို့တယ်။ ဘန့်ဘိုးရွာကို ၇ အိမ်လောက်ရှို့တယ်။ ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက ဓမ္မသာရကို ရှို့တယ်။ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက မနက်ခင်းမှာ ဘန့်ဘိုးကိုရှို့တယ်။ ၂၃ ရက်နေ့ မနက်ခင်းပိုင်းပဲပြောပါတော့ ကျောက်ကန်ရွာကို အိမ်ခြေ ၇၀ လောက်မီးရှို့တယ်။ စိတ်မနှံ့တဲ့ အမျိုးသားတဦးကိုလည်း PDF ဝတ်စုံတွေဝတ်ပြီးတော့ လည်ဖြတ်သတ်သွားတယ် ခြေတွေလက်တွေဖြတ်ပြီးတော့ မီးရှို့ခဲ့တယ်။ အိမ်ထဲမှာပစ်ခဲ့သေးတယ်။ အဲ့ ၃ ရွာပေါင်း အိမ်ခြေ ၁၀၀ လောက်ပါသွားတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့လည်း အနားမကပ်ရဲသေးဘူး။ အခုပဲ ကျောက်ကန်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ အခုကိုပစ်နေတာ။”

စစ်ကောင်စီက နယ်မြေရှင်းလင်းတာကြောင့် အနည်းဆုံး ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ကျောင်းကန် ဓမ္မသာရ ၊ ဘန့်ဘိုး စတဲ့ကျေးရွာတွေဟာ မြိုင်မြို့နယ် မြောက်ဖက်မှ စစ်ကိုင်းတိုင်းက ပုလဲ ဆားလင်းကြီးမြို့နယ်နဲ့ ထိစပ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါက မကွေးတိုင်းကအခြေအနေပါ။ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ဆိုရင်လည်း ဇူလိုင် ၂၅ ရက် တနင်္လာနေ့ က ကနီမြို့ ချင်းတွင်းမြစ်ရိုးအောက်ဘက် ကင်းရွာမှာ ဆိုက်ကပ်ထားတဲ့ စစ်ကောင်စီရေယာဉ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီစက်လှေအချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဖလက်တွေပေါ့နော် ကင်းရွာရဲ့အောက်ဖက် အိပ်ပြီးတော့ ၆ နာရီကျော်ကျော်လောက်မှာ တက်လာတယ်။ တက်လာတဲ့အချိန်မှာ မြင်းစီးကြောင်း ပွိုင့်ကုန်း(အရပ်အခေါ်) မှာ ဖြစ်တာပေါ့နော်။ ကမ်းစပ်ကနေမှ ကာကွယ်ရေးအဖွဲ့တွေက စောင့်ပြီးတိုက်တယ်။ တိုက်တဲ့အချိန်မှာ အင်ဂျင်ပျက်စီးတယ်။ ဖလက်မောင်းတဲ့သူအပါအဝင် အများအပြား ဒဏ်ရာရတယ်ခင်ဗျ။ အင်ဂျင်တွေချို့ယွင်းတဲ့အတွက်ကြောင့် အနောက်တောရွာကို ကမ်းကပ်သွားရတယ်ခင်ဗျ။ ကနီရဲ့အဆုံး မင်းကင်းမြို့နယ်ထဲကို ရောက်သွားပြီခင်ဗျ။ အခြေအနေကတော့ သူတို့ဖလက်တွေလာပြီဆိုတာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် သူတို့လာတယ်ဆိုတဲ့ သတင်းရကတည်းက ပြည်သူတွေက ရှောင်နေရပါတယ် ပြေးနေရပါတယ်။”

ဇူလိုင် ၁၈ ရက်ကစလို့ မုံရွာ အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ စစ်ကောင်စီ ရေယာဉ် ၁၀ စီးကျော်ဟာ အထက်ကို ဆန်တက်လာတာဖြစ်ပြီး ဒီကနေ့အထိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရေယာဉ်တွေ ထိခိုက်တာရှိပြီး ရေယာဉ်တွေကနေ မျောပါလာတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဆယ်ယူရခဲ့ပါသေးတယ်။

ဇူလိုင် ၂၃ ရက်က ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ငါးဖျက်ကျေးရွာက နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ရေယာဉ်တွေအသုံးပြုပြီး ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ရွာတွေကို ရိက္ခာ လက်နက်တွေ သယ်ဆောင်ထောက်ပံ့နေတာဖြစ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

XS
SM
MD
LG