သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း နယ်မြေရှင်းလင်းရေး ကျေးရွာတချို့မီးရှို့ခံရ


စစ်ကိုင်းတိုင်း အတွင်းက ကျေးရွာတရွာ မီးရှို့ခံခဲ့ရစဉ် (မှတ်တမ်းဓါတ်ပုံ)
စစ်ကိုင်းတိုင်း အတွင်းက ကျေးရွာတရွာ မီးရှို့ခံခဲ့ရစဉ် (မှတ်တမ်းဓါတ်ပုံ)

စစ်ကိုင်းတိုင်း နယ်မြေရှင်းလင်းရေး ကျေးရွာတချို့မီးရှို့ခံရ

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲက စည်သာမြေကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြောင်မြို့နယ်မှာဆိုရင်လည်း မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းနေတဲ့ ၅ ရက်အတွင်း နေအိမ် တော်တော်များများ မီးလောင် ကျွမ်းခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ် အခြေအနေ သတင်ပေးပို့ချက်ကို ကိုရဲမွန် က ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲက စည်သာမြေကျေးရွာကို နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စည်သာမြေကျေးရွာအပါအဝင် အနီးအနားက ကျေးရွာက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲရယ်လို့တော့မဟုတ်ဘူး စကစ ဘက်ကနေ ဝင်ပစ်တာ အဓိက ဝင်ပစ်တာကတော့ စည်သာမြေပေါ့ ။ တည်ကြက်အနေနဲ့ ပစ်တယ်။ ပစ်ပြီးတော့ ကျန်တဲ့ဘေးပတ်ပတ်လည်ရွာတွေကိုတော့ အကုန်ခဏလေးတော့ ဝင်ပစ်သွားတယ်ပေါ့။ Mi35 လို့ခေါ်တဲ့ သူတို့ စစ်သုံး ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်တာ။ ပြေးနေရတာက ကျွန်တော်တို့ ဘေးနားက ကျေးရွာ ၇ ရွာ ၈ ရွာလောက်က ပတ်ပြေးနေရတယ်။ ခန့်မှန်းကတော့ ဒေသခံ ၈၀၀ နဲ့ ၁ ထောင်ကြားလောက်မှာ ရှိမယ်။”

စည်သာမြေကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။ မြန်မာစစ်တပ်က ကျေးရွာထဲမှာ ရှိနေသေးတဲ့အတွက် ကျေးရွာသားတွေဟာ ရွာမပြန်နိုင်သေးဘူးလို့ ပြောပါတယ်။ အရင်ကလည်း စည်သာမြေကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်ဖူးသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြောင်မြို့နယ်ထဲမှာဆိုရင်လည်း နိုဝင်ဘာ ၇ ရက်ကစပြီး မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်နေပြီး ကျေးရွာ ၆ ရွာက နေအိမ် ၄၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“၇ ရက်နေ့က နနွင်းကိုင်း ။ ၈ ရက်နေ့က ဆူးလေကုန်း။ ဆူးလေကုန်းက အိမ်ခြေ ၁၀၀လောက် ၉ ရက်နေ့မှာ ရွှေတချောင်းရယ် သုခဒီပရယ် မြစ်သာရယ်ဆိုပြီးတော့ ၃ ရွာရှို့တာဆိုတော့ ကျေးရွာပေါင်းအနေနဲ့ ၅ ရွာ ဆင်လောင်မှာ ရှို့သွားတဲ့ အိမ်ခြေက မသိရသေးဘူး။”

နေအိမ်တွေ မီးရှို့ခံရတဲ့အထဲမှာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ နနွင်းကိုင်းကျေးရွာဟာ အိမ်ခြေ ၂၅၀ နီးပါး မီးလောင်ကျွမ်းသွားပြီး ဆူးလေကုန်းကျေးရွာဟာ နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေအိမ်တွေမီးရှို့ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ စစ်ဆင်ရေးတွေအတွင်း အရပ်သားနေအိမ်တွေကို မီးရှို့တာ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။ စစ်ဆင်ရေးတွေအတွင်း ဒေသခံ အရပ်သားတွေရဲ့ အိုးအိမ်တွေ မီးလောင်တဲ့ သတင်းတွေကတော့ မကြာခန ထွက်ပေါ်နေပါတယ်။ ရာနဲ့ချီတဲ့ အိုးအိမ်တွေ ထပ်မံ မီးလောင်တဲ့သတင်းကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သလို သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

.......................................


{{Zawgyi/Unicode}}








XS
SM
MD
LG