သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာင္ၿမိဳ႕နယ္မွာ ေထာင္ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြ အေရးေပၚ အကူအညီလို


မီးေဘးသင့္ေက်းရြာတခ်ိဳ ႔

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ထဲမွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး ထိုးစစ္အတြင္း ရာနဲ႔ခ်ီတဲ့ေနအိမ္ေတြ မီးေလာင္ကြၽမ္းၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ မီးေဘးသင့္ေနတဲ့အေၾကာင္း အကူအညီေပးေနသူေတြက ေျပာပါတယ္။ ေနအိမ္ေတြ မီးေလာင္ကြၽမ္းသြားတဲ့အတြက္ ေဒသခံေတြဟာ အစားအေသာက္ အဝတ္အထည္ မိုးကာ စတဲ့ အကူအညီေတြ လိုအပ္ေနပါတယ္။ ေျမာင္ၿမိဳ႕နယ္ထဲက အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္ ကေျပာျပပါမယ္။

ႏိုဝင္ဘာ ၇ ရက္ကစၿပီး စစ္ကိုင္းတိုင္းေျမာင္ၿမိဳ႕နယ္ထဲကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး ထိုးစစ္ဆင္ခဲ့တာပါ။ ၁၀ ရက္အတြင္းမွာ ေက်း႐ြာ ၁၀ ႐ြာနီးပါးက ရာနဲ႔ခ်ီတဲ့ ေနအိမ္ေတြ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတြနဲ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

မီးေဘးသင့္ ေဒသခံ စစ္ေဘးေရွာင္ ၁ ေသာင္းနီးပါးဟာ အစားအေသာက္၊ အ၀တ္အထည္အကူအညီေတြ လိုအပ္ေနတဲ့အေၾကာင္း စစ္ေဘးေရွာင္ေတြကို အကူညီေပးေနတဲ့သူ တဦးက အခုလိုေျပာပါတယ္။
“ေက်း႐ြာေပါင္းဆို ၁၀ ႐ြာေလာက္ရွိၿပီ မီးေဘးသင့္ျပည္သူေတြကာ။ စစ္ေဘးေရွာင္ျပည္သူေကာ အားလုံးေပါင္း ၉၈၀၀ ေလာက္ရွိၿပီးေတာ့ ဘာမွမယူႏိုင္ဘူးေလ။ အဲ့အခ်ိန္မွာ မီးရႈိ႕သြားတဲ့အတြက္ ေဆာင္းတြင္းအတြက္လည္း အဝတ္အထည္ေတြ ဘာမွမရွိေတာ့ဘူးေလ။ ေစာင္ျခင္ေထာင္ေခါင္းအုံးကအစ မိုးကာကအစလိုတယ္။ အကုန္လုံးလိုအပ္ေနတာ။ ဘာဆိုဘာမွ မရွိေတာ့ဘဲ မီးေလာင္ျပင္ျဖစ္သြားတာကို။”

ဒီေဒသေတြမွာ PDF လက္နက္ကိုင္အဖြဲ႕ေတြ ေျခကုတ္ယူၿပီး အၾကမ္းဖက္လုပ္ရပ္ေတြ က်ဳးလြန္ေနတယ္လို႔ စစ္တပ္က စြပ္စြဲထားပါတယ္။ ေအာက္တိုဘာ ၁၂ ရက္က မီးရႈိ႕ခံရတဲ့ ပရိမၼေက်း႐ြာက ႐ြာသားတဦးကေတာ့ သူတို႔႐ြာမွာ စစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ မီးရႈိ႕ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

“ပထမ တခ်ီက ၂ အိမ္ေလာက္ပဲပါသြားတာ။ အခုက အိမ္ေျခ ၂၄၂ အိမ္ တိုက္ပြဲမျဖစ္ဘူး ကြၽန္ေတာ္တို႔ဆီမွာ တိုက္ပြဲျဖစ္စရာလည္းမရွိဘူး။ စစ္ေၾကာင္းဝင္လာၿပီးရႈိ႕သြားတာ အဲ့ရႈိ႕တဲ့ စစ္ေၾကာင္းက ဟိုဘက္က ေတာင္လယ္ ကြၽန္းထဲမွာ နႏြင္းကိုင္းတို႔ ျမစ္သာတို႔ ေ႐ႊတေခ်ာင္းတို႔ရႈိ႕ၿပီးမွ အခုလ ၁၂ ရက္ေန႔ကို လာရႈိ႕တာ။ အကုန္ကုန္သြားၿပီ ဘာမွ မပါဘူး ။ပုဆိုးတထည္၊ ကိုယ္တခုတည္းနဲ႔ ထြက္ေျပးၾကတာ။”

မီးေလာင္ကြၽမ္းခဲ့တဲ့ အိမ္ေျခအေရအတြက္နဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳခ်က္ေတာ့ မရရွိေသးပါဘူး။ ဂပရိမၼေက်း႐ြာအျပင္ နႏြင္းကိုင္း၊ ျမစ္သာ၊ ေ႐ႊတေခ်ာင္း စတဲ့ေက်း႐ြာေတြဟာ တ႐ြာကို ေနအိမ္ ၁၀၀ နီးပါးမီးရႈိ႕ခံထားရတယ္လို႔ ေဒသခံ ႐ြာသားေတြက ေျပာပါတယ္။ မီးရႈိ႕ခံရတဲ့ ႐ြာေတြက စစ္ေဘးေရွာင္ေတြဟာ ေဘးလြတ္ရာ ေတာေတာင္ေတြထဲနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနထိုင္ေနရပါတယ္။

႐ြာေတြ မီးရႈိ႕ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ျမန္မာစစ္တပ္ဟာ အရပ္သားေနအိမ္ေတြကို မီးရႈိ႕တာမရွိေၾကာင္း စစ္ေကာင္စီဘက္က ျငင္းဆိုထားပါတယ္။ ဒါေပမဲ့ ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးရႈိ႕ခံရတဲ့ သတင္းေတြကေတာ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္း အတြင္းမွာ မၾကာခန ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်ကျွမ်းပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ မီးဘေးသင့်နေတဲ့အကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။ နေအိမ်တွေ မီးလောင်ကျွမ်းသွားတဲ့အတွက် ဒေသခံတွေဟာ အစားအသောက် အဝတ်အထည် မိုးကာ စတဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ မြောင်မြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန် ကပြောပြပါမယ်။

နိုဝင်ဘာ ၇ ရက်ကစပြီး စစ်ကိုင်းတိုင်းမြောင်မြို့နယ်ထဲကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ခဲ့တာပါ။ ၁၀ ရက်အတွင်းမှာ ကျေးရွာ ၁၀ ရွာနီးပါးက ရာနဲ့ချီတဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မီးဘေးသင့် ဒေသခံ စစ်ဘေးရှောင် ၁ သောင်းနီးပါးဟာ အစားအသောက်၊ အဝတ်အထည်အကူအညီတွေ လိုအပ်နေတဲ့အကြောင်း စစ်ဘေးရှောင်တွေကို အကူညီပေးနေတဲ့သူ တဦးက အခုလိုပြောပါတယ်။
“ကျေးရွာပေါင်းဆို ၁၀ ရွာလောက်ရှိပြီ မီးဘေးသင့်ပြည်သူတွေကာ။ စစ်ဘေးရှောင်ပြည်သူကော အားလုံးပေါင်း ၉၈၀၀ လောက်ရှိပြီးတော့ ဘာမှမယူနိုင်ဘူးလေ။ အဲ့အချိန်မှာ မီးရှို့သွားတဲ့အတွက် ဆောင်းတွင်းအတွက်လည်း အဝတ်အထည်တွေ ဘာမှမရှိတော့ဘူးလေ။ စောင်ခြင်ထောင်ခေါင်းအုံးကအစ မိုးကာကအစလိုတယ်။ အကုန်လုံးလိုအပ်နေတာ။ ဘာဆိုဘာမှ မရှိတော့ဘဲ မီးလောင်ပြင်ဖြစ်သွားတာကို။”

ဒီဒေသတွေမှာ PDF လက်နက်ကိုင်အဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ စစ်တပ်က စွပ်စွဲထားပါတယ်။ အောက်တိုဘာ ၁၂ ရက်က မီးရှို့ခံရတဲ့ ပရိမ္မကျေးရွာက ရွာသားတဦးကတော့ သူတို့ရွာမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ပထမ တချီက ၂ အိမ်လောက်ပဲပါသွားတာ။ အခုက အိမ်ခြေ ၂၄၂ အိမ် တိုက်ပွဲမဖြစ်ဘူး ကျွန်တော်တို့ဆီမှာ တိုက်ပွဲဖြစ်စရာလည်းမရှိဘူး။ စစ်ကြောင်းဝင်လာပြီးရှို့သွားတာ အဲ့ရှို့တဲ့ စစ်ကြောင်းက ဟိုဘက်က တောင်လယ် ကျွန်းထဲမှာ နနွင်းကိုင်းတို့ မြစ်သာတို့ ရွှေတချောင်းတို့ရှို့ပြီးမှ အခုလ ၁၂ ရက်နေ့ကို လာရှို့တာ။ အကုန်ကုန်သွားပြီ ဘာမှ မပါဘူး ။ပုဆိုးတထည်၊ ကိုယ်တခုတည်းနဲ့ ထွက်ပြေးကြတာ။”

မီးလောင်ကျွမ်းခဲ့တဲ့ အိမ်ခြေအရေအတွက်နဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။ ဂပရိမ္မကျေးရွာအပြင် နနွင်းကိုင်း၊ မြစ်သာ၊ ရွှေတချောင်း စတဲ့ကျေးရွာတွေဟာ တရွာကို နေအိမ် ၁၀၀ နီးပါးမီးရှို့ခံထားရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်နေရပါတယ်။

ရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မြန်မာစစ်တပ်ဟာ အရပ်သားနေအိမ်တွေကို မီးရှို့တာမရှိကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းတွေကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အတွင်းမှာ မကြာခန ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG