သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းတြင္း ေကာ္မရွင္ရံုးတခ်ဳိ႕ တိုက္ခိုက္ခံရ 


စစ္ကိုင္းတုိင္းအတြင္းရွိ ႀကိဳဆိုေရးမုဒ္ဦးတခု

စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာ ရွိတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက မီးရႈိ႕ခဲ့ၿပီး ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ အင္းေတာ္ၿမိဳ႕မွာဆိုရင္လည္း ေကာ္မရွင္႐ုံး ဗုံးခြဲတိုက္ခိုက္ခံခဲ့ရၿပီး ပစ္ခတ္မႈေတြျဖစ္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းအတြင္း ေ႐ြးေကာက္ပြဲ႐ုံးေတြ တိုက္ခိုက္ခံရတဲ့အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။

စစ္ေကာင္စီကို လက္နက္ကိုင္ခုခံမႈေတြ အားေကာင္းတဲ့ စစ္ကိုင္းတိုင္းမွာ စစ္ေကာင္စီကလုပ္မယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြအေပၚ ဆန႔္က်င္တားဆီးတာေတြ ျပဳလုပ္လာၾကပါတယ္။ ဒီကေန႔ ဇန္နဝါရီ ၁၉ ရက္ ၾကာသပေတးေန႔ မနက္ ၁၀ နာရီခန႔္မွာေတာ့ စစ္ကိုင္းတိုင္း တမူးၿမိဳ႕ ေစာ္ဘြားအင္း ရပ္ကြက္မွာရွိတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကို တမူး ပကဖ အဖြဲ႕နဲ႔ ABSDF တပ္ရင္း (၅) တို႔က ဝင္ေရာက္ၿပီး မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ တမူးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ တာဝန္ခံ ဗိုလ္စၾကၤာက ဗီြအိုေအကို ေျပာပါတယ္။

“အတုေယာင္ေ႐ြးေကာက္ပြဲ မျဖစ္ေစခ်င္ဘူးဗ်ာ။ ေနာက္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးက ေဒတာေတြသိမ္းတာေပါ့။ အဲ့ေတာ့ ဒီေဒတာေတြကို ဖ်က္ဆီးဖို႔အတြက္ ကြၽန္ေတာ္တို႔က ဖ်က္ဆီးတာ ေ႐ြးေကာက္ပြဲကို ဟန႔္တားရမယ္ တားဆီးရမယ္ ဒါတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲမဟုတ္တဲ့အတြက္ ကြၽန္ေတာ္တို႔က ႐ုံးကိုမီးရႈိ႕တာေပါ့ အဓိက က စာ႐ြက္စာတမ္းေပါ့။ အတြင္းပိုင္းကို ကြၽန္ေတာ္တို႔ ရႈိ႕တာ။ စာ႐ြက္စာတမ္းေတြ အေဆာက္အဦးကေတာ့ လုံး၀ 100% ပ်က္စီးတာေတာ့မရွိဘူး။ သို႔ေသာ္ ကြၽန္ေတာ္တို႔ Mission စာ႐ြက္စာတမ္း အားလုံးကိုေတာ့ ဖ်က္ဆီးႏိုင္ခဲ့တယ္။”

ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး မီးရႈိ႕ခံရၿပီးေနာက္ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ႐ုံးအနီးကို ပိတ္ဆို႔စစ္ေဆးတာေတြ လုပ္ၿပီး လမ္းေတြကို ပိတ္ထားခဲ့တယ္လို႔လည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၿမိဳ႕နယ္အတြင္းလူဦးေရ သန္းေခါင္စာရင္းေတြ ေကာက္ယူတာေတြရွိတဲ့အတြက္ အခုလို မီးရႈိ႕တာျဖစ္ၿပီး ေနာင္ကိုလည္း ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္မယ္လို႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြဘက္က သတိေပးထားပါတယ္။

အင္းေတာ္ဘက္မွာဆိုရင္လည္း ဇန္နဝါရီ ၁၇ ရက္ညေနပိုင္းက အင္းေတာ္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး ဗုံးခြဲတိုက္ခိုက္ခံခဲ့ရၿပီး ျမန္မာစစ္တပ္ဘက္က ျပန္လည္ပစ္ခတ္တာေၾကာင့္ ေဒသခံ ၁ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“အဲ့ေန႔က ညေနပိုင္း မိုးခ်ဳပ္ကာနီးေပါ့ ညေနပိုင္း မိုးခ်ဳပ္ကာနီး မိုင္း ၂ လုံးနဲ႔ထုလိုက္တာ လက္လုပ္ဗုံး ၂ ခုနဲ႔။ လူအထိအခိုက္ေတာ့မရွိဘူး ေကာ္မရွင္႐ုံးမွာက ထုလိုက္ေတာ့ စစ္ေကာင္စီကုန္းေပၚကေနၿပီး ရမ္းသမ္းပစ္လိုက္တဲ့ လက္နက္ႀကီးေၾကာင့္မို႔လို႔ အရပ္သား ျပည္သူ ၁ ေယာက္ ေပါင္မွာ ထိခိုက္ဒဏ္ရာ ရသြားတာေတာ့ရွိတယ္။ စိုးရိမ္ရတဲ့အေနအထားမ်ိဳးေတာ့ မဟုတ္ေတာ့ပါဘူး။”

ဒါ့အျပင္ မေကြးတိုင္း ေရစႀကိဳၿမိဳ႕မွာဆိုရင္လည္း ဇန္နဝါရီ ၁၂ ရက္က ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရး ႐ုံးကို ေသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက မီးရႈိ႕ဖ်က္ဆီးခဲ့ပါေသးတယ္။

စစ္ေကာင္စီက ေ႐ြးေကာက္ပြဲ က်င္းပဖို႔အတြက္ အိမ္ေထာင္စု လူဦးေရ စာရင္းေကာက္ယူတာေတြကို ဇန္နဝါရီ ၉ ရက္ကေန စတင္ျပဳလုပ္ေနတာျဖစ္ပါတယ္။ လက္နက္ကိုင္ခုခံစစ္ အားေကာင္းတဲ့ စစ္ကိုင္းတိုင္းမွာေတာ့ ၿမိဳ႕ႀကီး အခ်ိဳ႕မွာပဲ၊ ေကာက္ယူတာေတြလုပ္ႏိုင္ေသးၿပီး ေက်း႐ြာေတြမွာ ကြင္းဆင္းေကာက္ယူတာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကိုင်းတိုင်းတွင်း ကော်မရှင်ရုံးတချို့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း တမူးမြို့မှာ ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ခဲ့ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ အင်းတော်မြို့မှာဆိုရင်လည်း ကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲရုံးတွေ တိုက်ခိုက်ခံရတဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေအပေါ် ဆန့်ကျင်တားဆီးတာတွေ ပြုလုပ်လာကြပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် ကြာသပတေးနေ့ မနက် ၁၀ နာရီခန့်မှာတော့ စစ်ကိုင်းတိုင်း တမူးမြို့ စော်ဘွားအင်း ရပ်ကွက်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူး ပကဖ အဖွဲ့နဲ့ ABSDF တပ်ရင်း (၅) တို့က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်စင်္ကြာက ဗွီအိုအေကို ပြောပါတယ်။

“အတုယောင်ရွေးကောက်ပွဲ မဖြစ်စေချင်ဘူးဗျာ။ နောက်ရွေးကောက်ပွဲကော်မရှင်ရုံးက ဒေတာတွေသိမ်းတာပေါ့။ အဲ့တော့ ဒီဒေတာတွေကို ဖျက်ဆီးဖို့အတွက် ကျွန်တော်တို့က ဖျက်ဆီးတာ ရွေးကောက်ပွဲကို ဟန့်တားရမယ် တားဆီးရမယ် ဒါတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အတွက် ကျွန်တော်တို့က ရုံးကိုမီးရှို့တာပေါ့ အဓိက က စာရွက်စာတမ်းပေါ့။ အတွင်းပိုင်းကို ကျွန်တော်တို့ ရှို့တာ။ စာရွက်စာတမ်းတွေ အဆောက်အဦးကတော့ လုံး၀ 100% ပျက်စီးတာတော့မရှိဘူး။ သို့သော် ကျွန်တော်တို့ Mission စာရွက်စာတမ်း အားလုံးကိုတော့ ဖျက်ဆီးနိုင်ခဲ့တယ်။”

ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရပြီးနောက် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် ရုံးအနီးကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ပြီး လမ်းတွေကို ပိတ်ထားခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ မြို့နယ်အတွင်းလူဦးရေ သန်းခေါင်စာရင်းတွေ ကောက်ယူတာတွေရှိတဲ့အတွက် အခုလို မီးရှို့တာဖြစ်ပြီး နောင်ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဘက်က သတိပေးထားပါတယ်။

အင်းတော်ဘက်မှာဆိုရင်လည်း ဇန်နဝါရီ ၁၇ ရက်ညနေပိုင်းက အင်းတော် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး မြန်မာစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲ့နေ့က ညနေပိုင်း မိုးချုပ်ကာနီးပေါ့ ညနေပိုင်း မိုးချုပ်ကာနီး မိုင်း ၂ လုံးနဲ့ထုလိုက်တာ လက်လုပ်ဗုံး ၂ ခုနဲ့။ လူအထိအခိုက်တော့မရှိဘူး ကော်မရှင်ရုံးမှာက ထုလိုက်တော့ စစ်ကောင်စီကုန်းပေါ်ကနေပြီး ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်မို့လို့ အရပ်သား ပြည်သူ ၁ ယောက် ပေါင်မှာ ထိခိုက်ဒဏ်ရာ ရသွားတာတော့ရှိတယ်။ စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မဟုတ်တော့ပါဘူး။”

ဒါ့အပြင် မကွေးတိုင်း ရေစကြိုမြို့မှာဆိုရင်လည်း ဇန်နဝါရီ ၁၂ ရက်က မြို့နယ် လူဝင်မှုကြီးကြပ်ရေး ရုံးကို သေခံကာကွယ်ရေး တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူတာတွေကို ဇန်နဝါရီ ၉ ရက်ကနေ စတင်ပြုလုပ်နေတာဖြစ်ပါတယ်။ လက်နက်ကိုင်ခုခံစစ် အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ မြို့ကြီး အချို့မှာပဲ၊ ကောက်ယူတာတွေလုပ်နိုင်သေးပြီး ကျေးရွာတွေမှာ ကွင်းဆင်းကောက်ယူတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG