သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးတိုက္ပြဲမွာ စစ္ေကာင္စီ ေလေၾကာင္းက တိုက္ခိုက္ေန


Google Earth ၿဂိဳဟ္တုက ေတြ႔ျမင္ရတဲ့ ဆားလင္းႀကီးၿမိဳ႕နဲ႔ အနီးတဝိုက္ေနရာမ်ား (ဇန္နဝါရီ ၁၇၊ ၂၀၂၃)

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲေတြ ျဖစ္ပြားၿပီး ျမန္မာစစ္တပ္ဘက္က ေလေၾကာင္းအသုံးျပဳ တိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။ စစ္ေရးတင္းမာေနတဲ့ မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာဆိုရင္လည္း ကုန္ေဈးႏႈန္းျမင့္တက္လို႔ ေဒသခံေတြအခက္ႀကဳံေနရပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ အေရွ႕ျခမ္းကို နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဇန္နဝါရီ ၁၆ ရက္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ျမန္မာစစ္တပ္ဘက္က ေလေၾကာင္းကေန ပစ္ခတ္တာေတြလုပ္ခဲ့တာပါ။

ဇန္နဝါရီ ၄ ရက္ကစလို႔ ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္စစ္ေၾကာင္းဝင္ေရာက္ၿပီး၊ ဆားထုံးႀကီးေက်း႐ြာနဲ႔ လက္ပံကြၽန္း ေက်း႐ြာအနီး ေရာက္ခ်ိန္မွာေတာ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ အျပန္အလွန္တိုက္ပြဲျဖစ္ခဲ့တာပါ။ စစ္ေကာင္စီဘက္က ရဟတ္ယာဥ္နဲ႔ ပစ္ကူေပးရတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ဆားလင္းႀကီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“ဒီစစ္ေၾကာင္းက ၿမိဳ႕ကေနထြက္လာၿပီး ဆားလင္းႀကီးကိုပတ္တယ္ ဆားလင္းႀကီးေျမာက္ျခမ္းကိုပတ္ၿပီး ႐ြာစဥ္ပတ္မီးရႈိ႕တာ ၁၁ ႐ြာရွိသြားၿပီ။ ဆားထုံးေက်း႐ြာနဲ႔ လက္ပံကြၽန္းေက်း႐ြာနားမွာျဖစ္တာ။ တိုက္ပြဲက ေတာ္ေတာ္ၾကာတယ္။ အျပန္အလွန္ပစ္တာ ပထမဆုံး မိုင္းဆြဲတယ္ လက္နက္ႀကီးေတြနဲ႔ပစ္တယ္ လက္နက္ငယ္ေတြနဲ႔ အျပန္အလွန္ပစ္တယ္။ ရဟတ္ယာဥ္ေတြနဲ႔ပတ္ပစ္တာ ေလေၾကာင္းပစ္ကူေပးတာေပါ့။ ေလေၾကာင္းပစ္ကူက နာရီဝက္နီးပါးၾကာတယ္။”

တိုက္ပြဲအတြင္း ဆားလင္းႀကီး Special Task Force က တပ္ဖြဲ႕ဝင္တဦး က်ဆုံးခဲ့ၿပီး ျမန္မာစစ္တပ္ဘက္ကလည္း အက်အဆုံး ရွိတယ္လို႔ သူက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

စစ္ေကာင္စီနယ္ေျမရွင္းလင္းမႈအတြင္း ဒူးေထာက္ (ေက်း႐ြာ)၊ ပိုင္းေထာင့္ႀကီး၊ ေက်ာက္ျဖဴတိုင္၊ ဆည္တဲစတဲ့ ေက်း႐ြာက ေနအိမ္ ရာနဲ႔ခ်ီမီးေလာင္ပ်က္စီးခဲ့ရၿပီး ေဒသခံအမ်ားအျပား စစ္ေဘးေရွာင္ေနရပါတယ္။

ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္တို႔ မၾကာခဏ တိုက္ပြဲျဖစ္ပြားေလ့ရွိတဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာဆိုရင္လည္း ေပါက္ၿမိဳ႕ကေန ကုန္စည္ေတြ သယ္ေဆာင္ဖို႔ ကန႔္သတ္တာေတြရွိတဲ့အတြက္ ကုန္ေဈးႏႈန္း ျမင့္မားမႈေတြကို ႀကဳံေတြ႕ေနရပါတယ္။

အရင္က ေပါက္ၿမိဳ႕ေပၚကေန ရိကၡာအျပင္ အသုံးအေဆာင္ေတြကို ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို သယ္ေဆာင္ခြင့္ ရခဲ့ေပမယ့္ ၂၀၂၂ ႏွစ္ အလယ္ေလာက္ကစလို႔ ေပါက္ၿမိဳ႕ေပၚကို အသြားအလာ ကန႔္သတ္လိုက္တာပါ။ သြားလာသူေတြကိုလည္း ဖမ္းဆီးတာေတြ ျပဳလုပ္တဲ့အတြက္ ေဒသခံေတြဟာ မသြားမလာရဲျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္။ ကုန္ေဈးႏႈန္းႀကီးလာတာနဲ႔ ပတ္သက္လို႔ ေပါက္ေတာင္ပိုင္း ေဒသခံတဦးက ႀကဳံေတြ႕ေနရတဲ့အေျခအေနကို အခုလို ရွင္းျပပါတယ္။

“ေပါက္အဝင္ဂိတ္မွာကို သူတို႔ကစစ္တာ ဒီဘက္ေတြက PDF နယ္ေျမေတြဆိုၿပီးေတာ့မွ အဲ့လိုေတြေၾကာင့္ မသကၤာရင္ ဖမ္းထားလိုက္ေတာ့တာ ေတာ္ယုံတန္ယုံစစ္ေဆးၿပီးလို႔ ဘာမွ မလုပ္ဘူးဆိုရင္ ႐ိုက္ႏွက္လႊတ္တာဆိုေတာ့ ေတာ္ယုံလူေတြက မသြားရဲၾကေတာ့ဘူး။ ေပါက္ဘက္ကဆို လုံးလုံးကို လာလို႔မရဘူး။ သူတို႔ကလည္း ေဈးေရာင္းလို႔မရဘူး ဒီကလည္း သြားလို႔မရဘူး။ ဆန္ေဈးကေတာ့ ေဈးႏႈန္းက အကုန္လုံးက တက္သြားတာ။ ကုန္ေျခာက္ေတြက အကုန္တက္တာေပါ့ အရင္းထက္စာရင္ ေပါက္ကေဈးထက္စာရင္ ကားခကေဈးတက္သြားေတာ့ ကုန္ေဈးႏႈန္းအေပၚ တင္ပစ္ေတာ့တာေပါ့။”

အရင္က ႐ိုး႐ိုးဆန္ၾကမ္း တအိတ္ကို က်ပ္ ၄ ေသာင္းေက်ာ္ရွိရာကေန က်ပ္ ၆ ေသာင္းေက်ာ္အထိ တက္သြားၿပီး အျခား ကုန္ေျခာက္ေဈးႏႈန္းေတြလည္း တက္သြားတာပါ။ ဒါကိုလည္း အျခား ၿမိဳ႕နယ္ေတြကတဆင့္ ဝယ္ယူစားေသာက္ေနရတာျဖစ္ၿပီး အလြယ္တကူ ဝယ္ယူခြင့္မရဘဲ အကန႔္အသတ္နဲ႔သာ သယ္ေဆာင္ခြင့္ရေနပါတယ္။

ဒါ့အျပင္ ဓာတ္ဆီနဲ႔ ဓာတ္ေျမၾသဇာေတြကို လက္နက္ထုတ္လုပ္ရာမွာ အသုံးျပဳတယ္လို႔ ယူဆၿပီး ျမန္မာစစ္တပ္က သယ္ယူခြင့္လုံး၀ ပိတ္ပင္ထားတဲ့အတြက္ ေတာင္သူအမ်ားစုျဖစ္တဲ့ ေဒသခံေတြဟာ စိုက္ပ်ိဳးေျမေတြမွာ လယ္ယာလုပ္ငန္း လုပ္ကိုင္ႏိုင္တဲ့ အေျခအေနမွာ မရွိေတာ့ပါဘူး။

ျမန္မာစစ္တပ္ၿမိဳ႕အဝင္အထြက္ေတြမွာ ဂိတ္ေတြနဲ႔ စစ္ေဆးၿပီး တင္းၾကပ္တားျမစ္တာေတြလုပ္တဲ့အတြက္ ေဒသခံေတြဟာ ၿမိဳ႕ေပၚတက္ ေဆးဝါးကုသဖို႔ ခက္ခဲေနၿပီး ေဆးကုသခြင့္ အလုံအေလာက္မရရွိတဲ့ အေျခအေနေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း ကုန်ဈေးနှုန်းမြင့်တက်လို့ ဒေသခံတွေအခက်ကြုံနေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၁၆ ရက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်ခဲ့တာပါ။

ဇန်နဝါရီ ၄ ရက်ကစလို့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ပြီး၊ ဆားထုံးကြီးကျေးရွာနဲ့ လက်ပံကျွန်း ကျေးရွာအနီး ရောက်ချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆားလင်းကြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီစစ်ကြောင်းက မြို့ကနေထွက်လာပြီး ဆားလင်းကြီးကိုပတ်တယ် ဆားလင်းကြီးမြောက်ခြမ်းကိုပတ်ပြီး ရွာစဉ်ပတ်မီးရှို့တာ ၁၁ ရွာရှိသွားပြီ။ ဆားထုံးကျေးရွာနဲ့ လက်ပံကျွန်းကျေးရွာနားမှာဖြစ်တာ။ တိုက်ပွဲက တော်တော်ကြာတယ်။ အပြန်အလှန်ပစ်တာ ပထမဆုံး မိုင်းဆွဲတယ် လက်နက်ကြီးတွေနဲ့ပစ်တယ် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်တယ်။ ရဟတ်ယာဉ်တွေနဲ့ပတ်ပစ်တာ လေကြောင်းပစ်ကူပေးတာပေါ့။ လေကြောင်းပစ်ကူက နာရီဝက်နီးပါးကြာတယ်။”

တိုက်ပွဲအတွင်း ဆားလင်းကြီး Special Task Force က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီနယ်မြေရှင်းလင်းမှုအတွင်း ဒူးထောက် (ကျေးရွာ)၊ ပိုင်းထောင့်ကြီး၊ ကျောက်ဖြူတိုင်၊ ဆည်တဲစတဲ့ ကျေးရွာက နေအိမ် ရာနဲ့ချီမီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း ပေါက်မြို့ကနေ ကုန်စည်တွေ သယ်ဆောင်ဖို့ ကန့်သတ်တာတွေရှိတဲ့အတွက် ကုန်ဈေးနှုန်း မြင့်မားမှုတွေကို ကြုံတွေ့နေရပါတယ်။

အရင်က ပေါက်မြို့ပေါ်ကနေ ရိက္ခာအပြင် အသုံးအဆောင်တွေကို ပေါက်မြို့နယ်တောင်ပိုင်းကို သယ်ဆောင်ခွင့် ရခဲ့ပေမယ့် ၂၀၂၂ နှစ် အလယ်လောက်ကစလို့ ပေါက်မြို့ပေါ်ကို အသွားအလာ ကန့်သတ်လိုက်တာပါ။ သွားလာသူတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်တဲ့အတွက် ဒေသခံတွေဟာ မသွားမလာရဲဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းကြီးလာတာနဲ့ ပတ်သက်လို့ ပေါက်တောင်ပိုင်း ဒေသခံတဦးက ကြုံတွေ့နေရတဲ့အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ပေါက်အဝင်ဂိတ်မှာကို သူတို့ကစစ်တာ ဒီဘက်တွေက PDF နယ်မြေတွေဆိုပြီးတော့မှ အဲ့လိုတွေကြောင့် မသင်္ကာရင် ဖမ်းထားလိုက်တော့တာ တော်ယုံတန်ယုံစစ်ဆေးပြီးလို့ ဘာမှ မလုပ်ဘူးဆိုရင် ရိုက်နှက်လွှတ်တာဆိုတော့ တော်ယုံလူတွေက မသွားရဲကြတော့ဘူး။ ပေါက်ဘက်ကဆို လုံးလုံးကို လာလို့မရဘူး။ သူတို့ကလည်း ဈေးရောင်းလို့မရဘူး ဒီကလည်း သွားလို့မရဘူး။ ဆန်ဈေးကတော့ ဈေးနှုန်းက အကုန်လုံးက တက်သွားတာ။ ကုန်ခြောက်တွေက အကုန်တက်တာပေါ့ အရင်းထက်စာရင် ပေါက်ကဈေးထက်စာရင် ကားခကဈေးတက်သွားတော့ ကုန်ဈေးနှုန်းအပေါ် တင်ပစ်တော့တာပေါ့။”

အရင်က ရိုးရိုးဆန်ကြမ်း တအိတ်ကို ကျပ် ၄ သောင်းကျော်ရှိရာကနေ ကျပ် ၆ သောင်းကျော်အထိ တက်သွားပြီး အခြား ကုန်ခြောက်ဈေးနှုန်းတွေလည်း တက်သွားတာပါ။ ဒါကိုလည်း အခြား မြို့နယ်တွေကတဆင့် ဝယ်ယူစားသောက်နေရတာဖြစ်ပြီး အလွယ်တကူ ဝယ်ယူခွင့်မရဘဲ အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ရနေပါတယ်။

ဒါ့အပြင် ဓာတ်ဆီနဲ့ ဓာတ်မြေသြဇာတွေကို လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတယ်လို့ ယူဆပြီး မြန်မာစစ်တပ်က သယ်ယူခွင့်လုံး၀ ပိတ်ပင်ထားတဲ့အတွက် တောင်သူအများစုဖြစ်တဲ့ ဒေသခံတွေဟာ စိုက်ပျိုးမြေတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။

မြန်မာစစ်တပ်မြို့အဝင်အထွက်တွေမှာ ဂိတ်တွေနဲ့ စစ်ဆေးပြီး တင်းကြပ်တားမြစ်တာတွေလုပ်တဲ့အတွက် ဒေသခံတွေဟာ မြို့ပေါ်တက် ဆေးဝါးကုသဖို့ ခက်ခဲနေပြီး ဆေးကုသခွင့် အလုံအလောက်မရရှိတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG