သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူနဲ႔ ေ႐ႊဘိုမွာ စစ္ေကာင္စီတပ္ေတြက ေဒသခံေတြကို သတ္ျဖတ္၊ ဖမ္းဆီးမႈေတြ ျပဳလုပ္ေန


Google Earth က ျမင္ရတဲ့ စစ္ကိုင္းတိုင္း ေက်ာင္ေျမာင္းၿမိဳ႕ ေဝဟင္ျမင္ကြင္း

စစ္ကိုင္းတိုင္း ကန႔္ဘလူနယ္နဲ႔ ေ႐ႊဘိုနယ္အတြင္းမွာ စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္းေတြက ေဒသခံတခ်ိဳ႕ကို သတ္ျဖတ္ၿပီး၊ တခ်ိဳ႕ကို ဖမ္းဆီး ႏွိပ္စက္တာေတြလုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုဝင္းခန္႔ေမာင္က ေျပာျပပါမယ္။

ဇန္နဝါရီ ၁၄ ရက္ေန႔က ကန႔္ဘလူၿမိဳ႕နယ္ ‌ေညာင္ကုန္း႐ြာကို စစ္ေကာင္စီရဲ႕ ေျချမန္တပ္ရင္း ၃၆၈ နဲ႔ စစ္ေကာင္စီကဖြဲ႕ထားတဲ့ ပ်ဴေစာထီးအဖြဲ႕ဝင္ အင္အား၁၀၀ ဝန္းက်င္ေလာက္ ဝင္ေရာက္ၿပီး၊ ေညာင္ကုန္း႐ြာကို ဒုတိယတစ္ႀကိမ္ မီးထပ္ရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေညာင္ကုန္း႐ြာနဲ႔ ပလူသာ႐ြာက ေဒသခံ ၅ ဦးကို ဖမ္းဆီးၿပီး ၂ ဦးကို သတ္ျဖတ္ၿပီးေတာ့ က်န္ ၃ ဦးကို ဖမ္းဆီး ႏွိပ္စက္တာေတြ လုပ္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

"ပလူသာကေန ေညာင္ကုန္းကို ဝင္တဲ့အခါမွာ ဒီေဒသခံ ပကဖ အဖြဲ႕ေတြ ဝင္ၿပီးေတာ့ ရွင္းတဲ့အခါမွာ ဦးသန္းလြင္ရဲ႕ အေလာင္းကိုေတြ႕ရတယ္ေပါ့။ (‌ေညာင္တုန္း႐ြာမွာ) ဦးႏြားတင္နဲ႔ ေဒၚမႏုကို ဖမ္းဆီးတယ္ေပါ့။ ၿပီးရင္ သူ႔သမီးနဲ႔ သားမက္ကို ဖမ္းဆီးျပန္တယ္ေပါ့။ ဖမ္းဆီးၿပီးေတာ့ ဦးႏြားတင္နဲ႔ ေဒၚႏုတို႔ကို ခင္မ်ားတို႔တဲမွာ ဓားရွည္တစ္ေခ်ာင္းေတြ႕တယ္ေပါ့၊ ခင္ဗ်ားတို႔ဒါ ဘာလုပ္တာလဲ ဆိုၿပီး စစ္ေဆးၿပီးတဲ့ခါက်ေတာ့ ဦးႏြားတင္ကို လည္ပင္းကို ဓားနဲ႔လွီးၿပီးေတာ့မွ သတ္ပစ္လိုက္တယ္ဗ်။ ၿပီးေတာ့ ေဒၚႏုကိုလည္း ယာဖက္ ရင္အုံကို ဓားနဲ႔ ၂ ခ်က္ထိုးတယ္။ ၿပီးေတာ့မွ လည္ပင္းကို လွီးတဲ့အခါ လည္ပင္းက ေခါင္းေပါင္း တဘက္စပတ္ထားတဲ့အခါက်ေတာ့ လည္ပင္းကို မလွီးမိလိုက္တာ။ ကြၽန္ေတာ္တို႔ ၾကည့္လိုက္တာ လည္ပင္းမွာ ျပတ္ရွရာေလးေတြေတာ့ ရွိတယ္။ သူတို႔က မီးရႈိ႕ရေအာင္ျပင္တာ ထင္ပါတယ္။ အဲ့တဲကေန ‌ေနာက္တတဲကို ကူးတဲ့အခ်ိန္မွာထြက္ေျပးလြတ္ေျမာက္လာတာဗ်။ သူ႔သမီးနဲ႔ သားမက္ကို ဖမ္းထားတာက ၁၅ ရက္ေန႔ မနက္မွာ ျပန္လြတ္ေျမာက္လာခဲ့တယ္ဗ်။ သူတို႔မွာ လက္မွာ ဓားနဲ႔ လွီးထားတဲ့ ဒဏ္ရာေတြ ရွိတယ္ဗ်။ ေနာက္တေယာက္ကိုက်ေတာ့ ရင္ဘတ္ကို ဓားနဲ႔ ၂ ခ်က္ထိုးထားခဲ့တာ။ တစ္ခ်က္က အဆုတ္ကိုထိသြားတယ္တဲ့။ ကြၽန္ေတာ္တို႔အခု သူ႔ကို ကုသေပးေနတဲ့ ဆရာဝန္ကို ဖုန္းဆက္ေမးၾကည့္တာကေတာ့ ဒဏ္ရာက စိုးရိမ္ရတယ္လို႔ေတာ့ ေျပာထားတာ ရွိတယ္။"

ဇန္နဝါရီ ၁၃ ရက္ေန႔ကလည္း ေ႐ႊဘိုၿမိဳ႕ ေက်ာက္ေျမာင္းတိုက္နယ္အတြင္းက ေက်း႐ြာေတြကို ျမန္မာစစ္တပ္က ပစ္ခတ္ ဝင္ေရာက္ၿပီး စစ္ေၾကာင္းထိုးလာတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရသလို စစ္တပ္က ေဒသခံ ၃၀ ဝန္းက်င္ကို ဖမ္းဆီးထားတဲ့အေၾကာင္းကို ေဒသခံ တစ္ဦးက ခုလိုေျပာျပပါတယ္။

"ေ႐ႊဘိုခ႐ိုင္ ေက်ာက္ေျမာင္းၿမိဳ႕နားတဝိုက္ေပါ့၊ အုန္းေမာက္ ေမာင္းတဲ ေဂြးပင္ကုန္း ေ႐ႊက်င္ေပါ့ ေဒသခံေတြအကုန္လုံး တိမ္းေရွာင္ေနရတာ အခု အခ်ိန္ထိ။ တပ္ရင္း ၃၃ ေခၚမလား မသိဘူးဗ်။ ၃၀ ေလာက္ အဖမ္းခံထားရတယ္။ တျမန္မေန႔မနက္က‌အေစာႀကီးပဲ သူတို႔ဝင္လာေတာ့ ျပည္သူေတြက မ်က္ႏွာသစ္ေလာက္တုန္းပဲ ရွိအုန္းမွာ အဲ့အခ်ိန္ကို တဒိုင္းဒိုင္းနဲ႔ ပစ္ဝင္လာတာပဲ။"

စစ္ေကာင္စီတပ္ေတြ ဝင္လာတာကို သိရဖို႔ သြားၾကည့္တဲ့ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က လူငယ္ ၂ ဦးကို စစ္ေကာင္စီရဲ႕ ကင္းပုန္းေတြက ပစ္ခတ္သတ္ျဖတ္ခဲ့သလို ဖမ္းဆီးခံရတဲ့ ေဒသခံ ၃၀ ဝန္းက်င္ထဲက ျပည္သူ႔ကာကြယ္‌ေရး တပ္ဖြဲ႕ဝင္လို႔ သံသယရွိတဲ့ ျပည္သူ ၃ ဦးကိုလည္း စစ္ေကာင္စီတပ္ေတြက သတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံ တစ္ဦးက ခုလိုေျပာပါတယ္။

"အုန္းေမာက္က ေဒသခံ ျပည္သူ ၃ ေယာက္ကေတာ့ အသတ္ကို ခံလိုက္ရတယ္။ သူတို႔ ဖမ္းေခၚသြားၿပီးေတာ့ မသက္ာဖြယ္ရာ ေတြ႕လို႔ေနမွာေပါ့ဗ်ာ၊ ေဒသခံ ကာကြယ္ေရး တပ္က ၂ ဦးပါပုံ ရေလာက္ပါတယ္။ သူတို႔ အဲ့ဒီဟာ ေတြ႕သြားလို႔မို႔လို႔ ဖမ္းၿပီးေတာ့ သတ္ခံရတာ။ ျပန္ေတြ႕တဲ့ အခ်ိန္က်မွ ကြၽန္ေတာ္တို႔လည္း ေကာင္းေကာင္းသိရတာကိုး အေလာင္းျပန္ေတြ႕မွ။ ေသနတ္နဲ႔ ပစ္သတ္သြားတာ။ ကြၽန္ေတာ္တို႔ ေဂြးပင္ကုန္းက အေကာက္တက္တဲ့(စကစ တပ္ေတြ လာတဲ့ လမ္းေၾကာင္းၾကည့္တဲ့သူ) ကေလး ၂ ေယာက္ သူတို႔ ကင္းပုန္းနဲ႔ ေတြ႕သြားလို႔ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရတာကေတာ့ ဒါလက္ေတြ႕ပဲဗ်။ (စုစုေပါင္း) ၅ ေယာက္ကေတာ့ အသတ္ခံရတယ္။"

ကန႔္ဘလူနဲ႔ ေ႐ႊဘိုနယ္က အခုလို ျမန္မာစစ္တပ္ေတြလုပ္ရပ္နဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဖက္က တစုံတရာ ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။ စစ္ေကာင္စီဖက္ကေတာ့ PDF ေတြဟာ အဲဒီေဒသေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္လို႔ စြပ္စြဲထားသလို၊ နယ္ေျမတည္ၿငိမ္ေရးအတြက္ စစ္တပ္က နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ေနတယ္ဆိုတာကိုလည္း ေျပာထားပါတယ္။ ဒါေပမယ့္လည္း စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္းေတြကို စိုးရိမ္ၿပီး ေဒသခံေတြ ေနအိမ္က စြန႔္ခြာတိမ္းေရွာင္မႈေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္း အိုးအိမ္စြန႔္ခြာရတဲ့ စစ္ေျပးဒုကၡသည္အေရအတြက္ကလည္း တစနဲ႔တစ တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန့်ဘလူနဲ့ ရွှေဘိုမှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို သတ်ဖြတ်၊ ဖမ်းဆီးမှုတွေ ပြုလုပ်နေ

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်နဲ့ ရွှေဘိုနယ်အတွင်းမှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေက ဒေသခံတချို့ကို သတ်ဖြတ်ပြီး၊ တချို့ကို ဖမ်းဆီး နှိပ်စက်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က ကန့်ဘလူမြို့နယ် ‌ညောင်ကုန်းရွာကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ စစ်ကောင်စီကဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား၁၀၀ ဝန်းကျင်လောက် ဝင်ရောက်ပြီး၊ ညောင်ကုန်းရွာကို ဒုတိယတစ်ကြိမ် မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ကုန်းရွာနဲ့ ပလူသာရွာက ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို သတ်ဖြတ်ပြီးတော့ ကျန် ၃ ဦးကို ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

"ပလူသာကနေ ညောင်ကုန်းကို ဝင်တဲ့အခါမှာ ဒီဒေသခံ ပကဖအဖွဲ့တွေ ဝင်ပြီးတော့ ရှင်းတဲ့အခါမှာ ဦးသန်းလွင်ရဲ့ အလောင်းကိုတွေ့ရတယ်ပေါ့။ (‌ညောင်တုန်းရွာမှာ) ဦးနွားတင်နဲ့ ဒေါ်မနုကို ဖမ်းဆီးတယ်ပေါ့။ ပြီးရင် သူ့သမီးနဲ့ သားမက်ကို ဖမ်းဆီးပြန်တယ်ပေါ့။ ဖမ်းဆီးပြီးတော့ ဦးနွားတင်နဲ့ ဒေါ်နုတို့ကို ခင်များတို့တဲမှာ ဓားရှည်တစ်ချောင်းတွေ့တယ်ပေါ့၊ ခင်ဗျားတို့ဒါ ဘာလုပ်တာလဲ ဆိုပြီး စစ်ဆေးပြီးတဲ့ခါကျတော့ ဦးနွားတင်ကို လည်ပင်းကို ဓားနဲ့လှီးပြီးတော့မှ သတ်ပစ်လိုက်တယ်ဗျ။ ပြီးတော့ ဒေါ်နုကိုလည်း ယာဖက် ရင်အုံကို ဓားနဲ့ ၂ ချက်ထိုးတယ်။ ပြီးတော့မှ လည်ပင်းကို လှီးတဲ့အခါ လည်ပင်းက ခေါင်းပေါင်း တဘက်စပတ်ထားတဲ့အခါကျတော့ လည်ပင်းကို မလှီးမိလိုက်တာ။ ကျွန်တော်တို့ ကြည့်လိုက်တာ လည်ပင်းမှာ ပြတ်ရှရာလေးတွေတော့ ရှိတယ်။ သူတို့က မီးရှို့ရအောင်ပြင်တာ ထင်ပါတယ်။ အဲ့တဲကနေ ‌နောက်တတဲကို ကူးတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်လာတာဗျ။ သူ့သမီးနဲ့ သားမက်ကို ဖမ်းထားတာက ၁၅ ရက်နေ့ မနက်မှာ ပြန်လွတ်မြောက်လာခဲ့တယ်ဗျ။ သူတို့မှာ လက်မှာ ဓားနဲ့ လှီးထားတဲ့ ဒဏ်ရာတွေ ရှိတယ်ဗျ။ နောက်တယောက်ကိုကျတော့ ရင်ဘတ်ကို ဓားနဲ့ ၂ ချက်ထိုးထားခဲ့တာ။ တစ်ချက်က အဆုတ်ကိုထိသွားတယ်တဲ့။ ကျွန်တော်တို့အခု သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ကို ဖုန်းဆက်မေးကြည့်တာကတော့ ဒဏ်ရာက စိုးရိမ်ရတယ်လို့တော့ ပြောထားတာ ရှိတယ်။"

ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ရွှေဘိုမြို့ ကျောက်မြောင်းတိုက်နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရသလို စစ်တပ်က ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားတဲ့အကြောင်းကို ဒေသခံ တစ်ဦးက ခုလိုပြောပြပါတယ်။

"ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နားတဝိုက်ပေါ့၊ အုန်းမောက် မောင်းတဲ ဂွေးပင်ကုန်း ရွှေကျင်ပေါ့ ဒေသခံတွေအကုန်လုံး တိမ်းရှောင်နေရတာ အခု အချိန်ထိ။ တပ်ရင်း ၃၃ ခေါ်မလား မသိဘူးဗျ။ ၃၀ လောက် အဖမ်းခံထားရတယ်။ တမြန်မနေ့မနက်က‌အစောကြီးပဲ သူတို့ဝင်လာတော့ ပြည်သူတွေက မျက်နှာသစ်လောက်တုန်းပဲ ရှိအုန်းမှာ အဲ့အချိန်ကို တဒိုင်းဒိုင်းနဲ့ ပစ်ဝင်လာတာပဲ။"

စစ်ကောင်စီတပ်တွေ ဝင်လာတာကို သိရဖို့ သွားကြည့်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူငယ် ၂ ဦးကို စစ်ကောင်စီရဲ့ ကင်းပုန်းတွေက ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဖမ်းဆီးခံရတဲ့ ဒေသခံ ၃၀ ဝန်းကျင်ထဲက ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ဝင်လို့ သံသယရှိတဲ့ ပြည်သူ ၃ ဦးကိုလည်း စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။

"အုန်းမောက်က ဒေသခံ ပြည်သူ ၃ ယောက်ကတော့ အသတ်ကို ခံလိုက်ရတယ်။ သူတို့ ဖမ်းခေါ်သွားပြီးတော့ မသက်ာဖွယ်ရာ တွေ့လို့နေမှာပေါ့ဗျာ၊ ဒေသခံ ကာကွယ်ရေး တပ်က ၂ ဦးပါပုံ ရလောက်ပါတယ်။ သူတို့ အဲ့ဒီဟာ တွေ့သွားလို့မို့လို့ ဖမ်းပြီးတော့ သတ်ခံရတာ။ ပြန်တွေ့တဲ့ အချိန်ကျမှ ကျွန်တော်တို့လည်း ကောင်းကောင်းသိရတာကိုး အလောင်းပြန်တွေ့မှ။ သေနတ်နဲ့ ပစ်သတ်သွားတာ။ ကျွန်တော်တို့ ဂွေးပင်ကုန်းက အကောက်တက်တဲ့(စကစ တပ်တွေ လာတဲ့ လမ်းကြောင်းကြည့်တဲ့သူ) ကလေး ၂ ယောက် သူတို့ ကင်းပုန်းနဲ့ တွေ့သွားလို့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာကတော့ ဒါလက်တွေ့ပဲဗျ။ (စုစုပေါင်း) ၅ ယောက်ကတော့ အသတ်ခံရတယ်။"

ကန့်ဘလူနဲ့ ရွှေဘိုနယ်က အခုလို မြန်မာစစ်တပ်တွေလုပ်ရပ်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ စစ်ကောင်စီဖက်ကတော့ PDF တွေဟာ အဲဒီဒေသကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်လို့ စွပ်စွဲထားသလို၊ နယ်မြေတည်ငြိမ်ရေးအတွက် စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြောထားပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေကို စိုးရိမ်ပြီး ဒေသခံတွေ နေအိမ်က စွန့်ခွာတိမ်းရှောင်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ကလည်း တစနဲ့တစ တိုးလာနေပါတယ်။

XS
SM
MD
LG