သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုလဲၿမိဳ႕ ရဲစခန္းနဲ႔ ေထြအုပ္႐ုံးကို ေဒသခံကာကြယ္ေရးအဖြဲ႔ေတြ တိုက္ခိုက္


စစ္ကိုင္းတိုင္းအတြင္းက စစ္အာဏာသိမ္းဆန္႔က်င္ေရး ေဒသခံကာကြယ္ေရးတပ္တခ်ိဳ႕ကို ေတြ႔ရစဥ္ (ၾသဂုတ္ ၁၀၊ ၂၀၂၂)

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္က ရဲစခန္းနဲ႔ ေထြအုပ္႐ုံးကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဒီကေန႔ မနက္ပိုင္း ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက ကန႔္ေဒါင့္ေက်း႐ြာမွာ ကန႔္ေဒါင့္ရဲစခန္းကိုလည္း တိုက္ခိုက္ခဲ့လို႔ စစ္ေကာင္စီက ေလေၾကာင္းသုံး ပစ္ခတ္တာေတြရွိခဲ့ပါတယ္။ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ထဲက အေျခအေနသတင္းေပးပို႔ခ်က္ကို ကိုေဇာ္၀င္းလႈိင္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ရတနာေအာင္ေျမ ရပ္ကြက္မွာရွိတဲ့ ပုလဲၿမိဳ႕မရဲစခန္းနဲ႔ ၿမိဳ႕ဦးရပ္ကြက္မွာရွိတဲ့ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ဇန္နဝါရီ ၉ ရက္ မနက္အေစာပိုင္းအခ်ိန္မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ တိုက္ပြဲၾကာခ်ိန္ ၁ နာရီေက်ာ္ၾကာျမင့္ၿပီး တိုက္ပြဲၿပီးေနာက္ ပုလဲ ၿမိဳ႕ေပၚမွာ လုံၿခဳံေရးတင္းၾကပ္ထားတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ၿမိဳ႕ေပၚရဲစခန္းနဲ႔ ၿမိဳ႕နယ္ေထြအုပ္႐ုံးကို ဝင္တိုက္တယ္။ မနက္ကတိုက္တာ ၃ နာရီခြဲေလာက္က တိုက္တာ ၅ နာရီ မတ္တင္းေလာက္မွာ ၿပီးသြားတယ္။ သူတို႔ဘက္ကလည္း တရစပ္ပစ္တယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ရသေလာက္ လုပ္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ပြိဳင့္ေတာ့ေရာက္တယ္။ ၿမိဳ႕ေပၚမွာ ဒီေကာင္ေတြ စစ္ေဆးေရးကေတာ့ ဝင္လာတဲ့သူေတြကို စစ္ေဆးေနတယ္ေပါ့။ လုံၿခဳံေရးတင္းၾကပ္ထားတယ္ေပါ့။”

ဒါကေတာ့ ၿမိဳ႕ေပၚအေျခအေနပါ။ ပုလဲၿမိဳ႕နယ္ထဲက ကန႔္ေဒါင့္ေက်း႐ြာက ရဲစခန္းကိုလည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဇန္နဝါရီ ၇ ရက္နဲ႔ ၈ ရက္တို႔မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က ၂ ရက္ ဆက္တိုက္ ေလေၾကာင္းကေန ပစ္ခတ္တာေတြ လုပ္ခဲ့ရတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ ကန႔္ေဒါင့္ရဲစခန္း အေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူက အခုလို ဆက္ေျပာျပပါတယ္။

“ပုလဲၿမိဳ႕နယ္ ကန႔္ေဒါင့္ရဲစခန္းကို ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာရွိတဲ့ တပ္ေပါင္းစုေတြက တိုက္ခိုက္ခဲ့တာေပါ့။ ေန႔လည္ပိုင္း စခန္းသိမ္းလုသိမ္းဆဲမွာ ေလယာဥ္နဲ႔ လာၿပီးေတာ့ ပစ္ခံရတယ္။ ေလယာဥ္ ၂ စီးနဲ႔လာပစ္တယ္။ ေနာက္တခါ ေလယာဥ္ ၁ စီးနဲ႔ ေလယာဥ္ ၃ စီးနဲ႔ ေနာက္တစီးကက်ေတာ့ အင္အား ထပ္ခ်သြားတယ္။ ၇ ရက္ေန႔ကလည္း တခါတိုက္တယ္ ေလေၾကာင္းနဲ႔အပစ္ခံရတယ္။ မေန႔ကလည္း တခါတိုက္တယ္ ေလေၾကာင္းနဲ႔ထပ္အပစ္ခံရတယ္။”

ပုလဲၿမိဳ႕နယ္ထဲက ရဲစခန္းေတြ တိုက္ခိုက္ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းတစုံတရာ ထုတ္ျပန္တာမရွိေသးသလို စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္ မရခဲ့ပါဘူး။

ပုလဲၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ စစ္ေရးတင္းမာေနၿပီး မၾကာခဏဆိုသလိုလည္း တိုက္ပြဲေတြျဖစ္ပြားေနတာပါ။ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ရင္ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ပစ္ခတ္တာေတြ ျပဳလုပ္ေလ့ရွိသလို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြရဲ႕ စခန္းေတြကို ေလေၾကာင္းအသုံးျပဳ ဝင္ေရာက္ စီးနင္းတာေတြလည္း ျပဳလုပ္တာေတြ ရွိခဲ့ပါတယ္။

===============================================

[Unicode]

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဒေါင့်ကျေးရွာမှာ ကန့်ဒေါင့်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီက လေကြောင်းသုံး ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက အခြေအနေသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရတနာအောင်မြေ ရပ်ကွက်မှာရှိတဲ့ ပုလဲမြို့မရဲစခန်းနဲ့ မြို့ဦး ရပ်ကွက်မှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁ နာရီကျော်ကြာမြင့်ပြီး တိုက်ပွဲပြီးနောက် ပုလဲ မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြို့ပေါ်ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို ဝင်တိုက်တယ်။ မနက်ကတိုက်တာ ၃ နာရီခွဲလောက်က တိုက်တာ ၅ နာရီ မတ်တင်းလောက်မှာ ပြီးသွားတယ်။ သူတို့ဘက်ကလည်း တရစပ်ပစ်တယ်။ ကျွန်တော်တို့ဘက်ကလည်း ရသလောက် လုပ်ခဲ့ရတယ်။ ကျွန်တော်တို့လိုချင်တဲ့ ပွိုင့်တော့ရောက်တယ်။ မြို့ပေါ်မှာ ဒီကောင်တွေ စစ်ဆေးရေးကတော့ ဝင်လာတဲ့သူတွေကို စစ်ဆေးနေတယ်ပေါ့။ လုံခြုံရေးတင်းကြပ်ထားတယ်ပေါ့။”

ဒါကတော့ မြို့ပေါ်အခြေအနေပါ။ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ရက် ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ကန့်ဒေါင့်ရဲစခန်း အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အခုလို ဆက်ပြောပြပါတယ်။

“ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာပေါ့။ နေ့လည်ပိုင်း စခန်းသိမ်းလုသိမ်းဆဲမှာ လေယာဉ်နဲ့ လာပြီးတော့ ပစ်ခံရတယ်။ လေယာဉ် ၂ စီးနဲ့လာပစ်တယ်။ နောက်တခါ လေယာဉ် ၁ စီးနဲ့ လေယာဉ် ၃ စီးနဲ့ နောက်တစီးကကျတော့ အင်အား ထပ်ချသွားတယ်။ ၇ ရက်နေ့ကလည်း တခါတိုက်တယ် လေကြောင်းနဲ့အပစ်ခံရတယ်။ မနေ့ကလည်း တခါတိုက်တယ် လေကြောင်းနဲ့ထပ်အပစ်ခံရတယ်။”

ပုလဲမြို့နယ်ထဲက ရဲစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလိုလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို လေကြောင်းအသုံးပြု ဝင်ရောက် စီးနင်းတာတွေလည်း ပြုလုပ်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG